မန္တလေး အစာအဆိပ်သင့်မှု

ဂ်စ္စူOctober 8, 20112min15412


(မန္တလေး ဗွိုက်ရဲ့ ဖေ့စ်ဘုတ်က ယူပါတယ်)

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ကျန်တန်းရပ်တွင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည့် အတွက် လူမှုအဖွဲ့အစည်း အသီးသီး မှ အရေးပေါ် ဆောင်ရွက်ပေးခဲ့ရပါတယ်။

ဖြစ်ပွားပုံမှာ အမရပူရမြို့နယ်၊ ကျန်တန်းရပ်ရှိ ပွဲတော်ကျောင်းတိုက်တွင် ပြုလုပ်သော အလှူတစ်ခုတွင် ထမင်း၊ ရေခဲမုန့်၊ ကြက်သားဟင်း တို့ ဖြင့် ဧည့်ခံရာ အလှူတွင် လာရောက် စားသုံးအချို့မှ စ၍ အော့အန်မှုဖြစ်ပွားခဲ့ရာ တစ်စတစ်စ များပြာလာပြီး အရေးပေါ် အခြေအနေသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်ပွားရာကျောင်းတွင် ဖွင့်လှစ်ထားသော အမရသုခ အခမဲ့ဆေးခန်း တစ်ခုဖြင့် မလုံလောက်၍ ချမ်းမြသုခ၊မြင့်မြတ်သူ၊ရဲရင့်နှလုံးသား၊ဘဝအလင်း၊သဒ္ဒါ ၊စိတ္တသုခ၊မြင့်မြတ်ဧရာဝတီ၊ နှလုံးလှဖောင်ဒေးရှင်းနှင့် စိမ်းရောင်စို အစရှိသည့် လူမှုကူညီရေး အသင်းအဖွဲ့များ ၊ပရဟိတအဖွဲ့များမှ ဝိုင်းဝန်း ဆောင်ရွက် ကုသပေးနေကြောင်းသိရပါသည်။ ထို့ပြင် အချို့လူနာများအား ကမ်းနားဆေးရုံသို့လည်းကောင်း ပို့ဆောင်ထားပြီး မန္တလေးပြည်သူ့ဆေးရုံကြီး ဖျားနာဆောင်(၃)တွင်လည်း (၅၀) ဦးခန့် တက်ရောက်ကုသနေကြောင်း အမရသုခ အဖွဲ့ဝင်တစ်ဦးမှပြောပြသည်။

ပတ်ဝန်းကျင်ရေမှာ ဖောြ်ပပါပုံအတိုင်း ညစ်ညမ်းနေပြီး အင်းအဖြစ် လေလံဆွဲထား၍ ရေထုတ်ခြင်းမရှိကြောင်း၊
သို့အတွက် အမှိုက်များနှင့်အတူ ရေပုတ်များဖြစ်နေကြောင်း၊ ထိုနေရာမှ ပေ၃ဝ ခန်မှ ဘုံဘိုင်မှ ရေကို ရယူ ချက်ပြုတ်ကြောင်းသိရှိရပြီး ဖြစ်စဉ်ကြောင့် ရေကို ဓါတ်ခွဲစမ်းသပ်ရန် သက်ဆိုင်ရာမှ ယူသွားကြောင်း ပြောပြသည်။

လတ်တaလာ တွင်မှု သက်ဆိုင်ရာ ရဲစခန်းမှ အလှူရှင် လင်မယားအား ခေါ်ယူစစ်ဆေးနေကြောင်းသိရသည်။

ညနေ၅း၃ဝ အချိန်ထိ ကောက်ခံ ရရှိသော စာရင်း အရ ၃၈ဝ -ဦး ရှိနေပြီ ဖြစ်ကြောင်းသိရသည်။

ကိုဝိုင်ဝိုင်ကေ
Photo By Yeyint Kyaw (Albums)

Source:http://www.irrawaddyblog.com/2011/10/blog-post_7689.html


နောက်မှဆက်ပြောမယ်….ဂလုလိုက်ဦးမယ်..
btw:
Thank..မန္တလေး ဗွိုက်ရဲ့ ဖေ့စ်ဘုတ်‘ and Irrawaddy’s Blog

 

12 comments

  • ပုံပြောသူ

    October 8, 2011 at 10:36 pm

    ၄ စားပါဒယ်…ကိုပေါက်ဖော်..
    ရေကြောင့် ဖြစ်သွားတာပေါ့နော်
    သတိထား မှတ်သားချင်လို့ပါ။

  • အာရက္ခ မြေသား

    October 8, 2011 at 10:42 pm

    အော် စေတနာကြောင့် ဝေဒနာဖြစ်သွားရတော့မယောင် ပါလား ကိုယ့်ညီကို တို ့ရေ။

  • ပေါက်ဖော်

    October 8, 2011 at 10:47 pm

    စေတနာက ဝေဒနာ ဖြစ်တာမဟုတ်ပါဘူး..
    မျက်နှာမရ..ဘာရဆိုလားပဲ…

    အလှူရှင်တွေအဖြစ်..ကိုယ်ချင်းစာမိပါ၏ဗျာ..

  • unclegyi1974

    October 8, 2011 at 11:31 pm

    ရေကြောင့်တော့မဟုတ်လောက်ဖူးနော် ပေါက်ဖော်
    ရေကြောင့်ဆိုအလှူမတိုင်ခင်ကတည်းကဒီရေသုံးနေကြတာဖြစ်ကြရောပေါ့

  • mgmglusoe

    October 9, 2011 at 12:23 am

    ရေ ကို စစ်ဆေး မို့ ယူသွားဆဲ ထင်ပါတယ် ..၊
    ရေခဲမုန့်ရယ်၊ ကြက်သားရယ် ၊ မသန့်တဲ့ရေ ထဲက ဓါတ်တစ်ခုခုရယ်
    reaction ဖြစ်သွား တယ်လား မသိနော်…။

  • minmahar

    October 9, 2011 at 12:44 am

    အနော့ ဇာတိမွေးရပ်မြေက အဖြစ်ကလေးနဲ့တူနေလို့ ပြောရအုံးမယ်
    အနော် ငယ်ငယ်က ၊ ငယ်ငယ်ဆို ..၈ – နှစ်သားလောက်ကပေါ့ ..
    အနော့ အမ – မင်္ဂလာဆာင်မှာဗျို့..
    ရေခဲမုန့် နဲ့ မုန့်ကျွေးတယ်.. မင်္ဂလာပွဲလဲ ပြီးရော မြို့နယ် ဆေးရုံ ရောက်တော့တာပါပဲ..
    အနော့ တစ်ယောက်ထဲ မဟုတ်ဖူးနော် ..လာတဲ့လူတွေပါ ပါတယ် .. အများကြီးပါပဲ
    ၂၀ဝ – ဝန်းကျင်လောက်ရှိမယ် ..
    အန်တယ် .. ဝမ်းတွေပါ သွားတယ်ဗျို့ ..အားလုံးပဲ ဒီလိုဖြစ်တာ ..
    ဆေးရုံအခန်းတွေ ပြည့်သွားလို့ လျောက်လမ်းတွေမှာပါ ပြည့်သွားရတယ် ..
    ဆေးရုံက ကျန်တဲ့ ရေခဲမုန့် နဲ့ မုန့်တွေ လာသိမ်းပြီး စစ်တော့တာပါပဲ ..
    အနော့ အမ မင်္ဂလာဆောင်တုံးက ရေခဲမုန့်က ဖြစ်တာတဲ့ ..
    ရေခဲမုန်ထဲ ထည့်ရတဲ့ ဆေးတမျိုးကြောင့်လို့ ပြောတယ် ..
    ကံကောင်းတာက မြို့နယ် ဆရာဝန်ကြီးက အတွေ့ အကြုံလဲ ရှိ
    မြို့နယ်က ကြက်ခြေနီတွေလဲ ကူညီကြနဲ့ တော်တော့ကို အလုပ်ရှုပ်သွားကြတာ
    လူလဲ တစ်ယောက်မှ မသေဘူး .. နံမည်တော့ ကြီးသွားတာပါပဲ ..
    အဲဒီတုံးက မှတ်မိသေးတယ် .. အစားမတော် တစ်လုပ် မဟုတ်ဖူးဗျို့..
    ဖေါက်တဲ့ ရေခဲစည်တိုင်း အနော် စားတာ .. စားတာမှ မနဲဘူး
    တစ်ခွက်စားတဲ့သူတွေလဲ ဖြစ်တော့ ..
    အနော်က များများစားပြီးဖြစ်တာ တန်တယ် .. ဟဲ ဟဲ
    ကံကောင်းလို့ မသေတာ ။
    ခု ကိစ္စမှာ ရေခဲမုန့် ကလဲ …. ?

  • koyinmaung

    October 9, 2011 at 1:07 am

    အဖိတ်အစင်မရှိတာကိုဘဲကျေးဇူးတင်ရတော့မှာပါ…..
    ဓါတ်ပုံတွေကြည့်ရတာအကူအညီပေးနေတာတွေတွေ့ရတာ
    အားရစရာပါဘဲ………

  • kai

    October 9, 2011 at 1:36 am

    အဲဒီရေအိုင်ထဲကရေက.. တော်တော်အခြေအနေဆိုးနေတာပဲ..။
    ဓါတ်ပုံထဲက အခြေအနေကိုမြင်တာနဲ့တင်.. အထဲ..ခြင်၊ယင်၊ဗက်တီးရီးယားတွေ စံပျော်ရာ မျိုးပွားရာနေရာမှန်း.. သိသာတယ်..။
    အဲဒီပါတ်ဝန်းကျင် ပေ ၅၀-၁၀ဝလောက်က ဘယ်အဝိစိတွင်းမဆို.. မလိုလားအပ်တဲ့ဓါတ်သတ္တုတွေလည်း.. စိမ့်ဝင်ရောက်သွားမှာပဲ..။
    အဲဒီဝန်းကျင်ကသူတွေကို.. .ခြင်၊ယင်၊ဗက်တီးရီးယားနဲ့.. အဆိပ်တွေ စံနစ်တကျမွေးမြူသူ၊ ထုတ်လုပ်သူများအဖြစ်.. အသိအမှတ်ပြုပေးလိုက်ပါကြောင်း..။ 😀

  • “ဘီလူးကြီး”ogre

    October 9, 2011 at 10:20 am

    ရေကြောင့်ရယ် ရေခဲမုန့် ရက်လွန်များကြောင့်လဲဖြစ်နိုင်ပါတယ်
    ဒါမျိုးတွေ သတိထားသင်တယ် အခုက နေရာတစ်ကာရေတွေ ကြီးနေတာဆိုတော့

  • windtalker

    October 9, 2011 at 12:17 pm

    ကိုပေါက်ဖော် သတင်းကို ဖတ်ပြီးတော့
    ကျွန်တော့် အဖြစ်ကလေး ကို ပြောပြခွင့်ပြုပါ
    ပြီးခဲ့တဲ့ ၃ ပတ်ကျော်လောက်က ဗျ
    မန်းတလေးမြို ့မှာ သီးသန် ့ကြိုးကြားထွက်လိုက်တာဗျ
    ဝက်သားဒုတ်ထိုးတွေ မစားနဲ ့တဲ့
    အထက်လန်အောက်လျှော တွေ ဖြစ်နေတယ်တဲ့
    အသက်သေတဲ့သူ လဲ သေကုန်ပြီတဲ့
    အဲဒီအချိန်မှာပဲ မောင်ပေ တစ်ယောက် လည်း
    ဝမ်းတွေ ထလျှောတာနဲ ့တိုက်ဆိုင်ပါလေရော
    ဒါနဲ ့သတင်းလဲကြားတော့ ပြူးတူးပြဲတဲ နဲ ့
    ဆေးရုံပြေး စစ်စရာရှိတာ စစ် ပေါ့
    တော်သေးတယ် မောင်ပေ က မအန်ဘူး ဆိုတော့
    အထက်လန် အောက်လျှော မဟုတ်ဘူးတဲ့
    သို ့ပေသည့် ၃ ရက်တိတိ ပန်းခဲ့ရပါကြောင်း ဗျာ
    ဝမ်းနည်းပါသည် ဗျို ့

  • ရင်နင့်

    October 10, 2011 at 12:41 am

    ကိုပေပြောတာကျနော်လည်းကြားတယ်ဗျ ဒါပေမဲ့ကျနော်ကတော့ ညနေတိုင်း သွားသွားစားတာပဲ 🙂
    ဒီနေ့ညနေတောင်စားခဲ့သေး ဟေးဟေး ဒါပေမဲ့ ကျနော်စားရင် အချဉ်ကိုသိပ်မစားဘူး ဝက်သားဒုတ်
    ထိုးနဲ့ အချဉ်နဲ့ ထိမိတယ်ဆိုရုံလေးပဲတို့တယ် ပီးတော့ ကျနော်ကတစ်ခါစား ၁၅ ချောင်းလောက်ရယ်
    အဲ့ထက်မပိုဘူး

  • htoosan

    October 21, 2011 at 5:47 pm

    ဒီနေ့ မော်ဒန် သတင်းဂျာနယ်မှာ ဖတ်လိုက်ရတာပါ။
    ရေကြောင့် မဟုတ်ဘဲ အစားအသောက်ပြင်ဆင်ကိုင်တွယ်တဲ့သူက တစ်ဆင့် ကူးစက်တဲ့ ပိုးတစ်မျိူးကြောင့် ဖြစ်တယ်လို့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ခင်မောင်ထွန်းက ပြောပါတယ်။
    ကြက်သားဟင်းကို ကြိုတင်ချက်ပြုတ်ထားပြီး လက်ဗလာတွေနဲ့ အသားနွင်ကြတယ်။ ပြီးတော့ပြန်လည်ချက်ပြုတ် တာမျိူးမရှိဘဲ မနက်ကျ ဒီအတိုင်း ကျွေးလိုက်တယ်။ အနာရှိတဲ့သူထံက ပိုးဟာ ကြက်သားဟင်း ထဲရောက်သွားပြီး ပြန့်သွားပြီး ကြက်သားထဲမှာ toxin ဆိုတဲ့ အဆိပ်တစ်မျိုးထွက်လာပြီး ဒီအဆိပ်ပါတဲ့ ဟင်းကို စားမိကြပြီး အစာ အဆိပ်သင့်တာ လို့ ဒေါက်တာ ခင်မောင်ထွန်းက ဓာတ်ခွဲရရှိတဲ့ အဖြေကိုပြောပါတယ်။
    ပုစွန်ခြောက်ကြော်မှာလည်း တွေ့ရှိ့ခဲ့တယ်လို့ဆိုတယ်။
    အစား အသောက်ပြင်ဆင်ချိန်မကြာသင့်ဘူး၊ သန့်ရှင်းတဲ့ရေကိုသုံးသင့်တယ်၊တစ်ကိုယ်ရေသန့်ရှင်းမှု ၊ လက်အိတ်သုံးတာမျိုုး ၊လက်ကိုဆပ်ပြာနဲ့ဆေးတာမျိုးလုပ်သင့်တယ်လို့ ဆက်လက်အကြံပြုပြောဆိုပါတယ်။

Leave a Reply