ဤ တရားသူကြီးကိုပြောင်းပေးပါ။

nadymyanmarOctober 8, 20111min694

ကချင်ပြည်နယ် မိုးညှင်းခရိုင်တရားသူကြီး ဒေါ်အေးအေးသန့်သည် လာဘ်ပေးလာဘ်ယူကိစ ္စကိုတရားဝင်လုပ်ကိုင်ခွင့်သဘောထားကာ ပြောင်ပြောင်တင်းတင်းပင်ငွေတောင်းခံနေပါသည်။ အကတိတရားလေးပါးကိုလက်ကိုင်ထားသူဖြစ်ပါသည်။ ဌာနအတွင်းရှိ သက်သေ ခံပစ ္စည်းများကိုလည်း လက်မှတ်အတုဖြင့်လိမ်ထုတ်ပါသည်။ အထက်တန်းရှေ့နေများလိုင်စင်သက်တန်းတိုးသည့် ကိစ ္စတွင်လဲ ငွေများစွာတောင်းခံနေပါသည်။ပြည်သူ့လွတ်တော်တွင်တရားသူကြီးတွေလာဘ်စားတဲ့ကိစ ္စကိုထိရောက်စွာအရေးယူဘို့ဆွေးနွေးနေစဉ် မှာဒေါ်ေ အးအေးသန်းကတော့ပိုင်လို့လုပ်တာဟုပြောပြီးငွေများတောင်းခံနေပါသည်။ Aug လအတွင်းကလဲဖားကန့်မြို့နယ်အတွင်းမှ မှူးရစ်မှူ တွေအတွက်ငွေသိန်းလေးရာကျော်တောင်းသွားပါသည်။ထိုကြောင့်ဤတရားသူကြီးကိုကချင်ပြည်နယ်အတွင်းမှပြောင်ပေးစေလိုပါသည်။

4 comments

  • ပုံပြောသူ

    October 8, 2011 at 11:32 pm

    ဟင်…. သိန်းလေးရာ … ပွတာပဲ
    ဝေစုလေး နဲနဲ ရချင်သား….
    စတာပါ…
    ဒီထက်နဲနဲ ပြည့်ပြည့်စုံစုံလေး ရေးနိုင်လိုက်ရင် ပိုကောင်းမယ်လားလို့ .
    ပစ်စာ ဆန်တယ် ပြောကြလိမ့်မယ် ထင်တယ် ။

  • mgmglusoe

    October 9, 2011 at 12:37 am

    တရားသူကြီး ရော ၊ ကြံရာပါ အပေါ်ကလူရော အရေးယူလိုက်ပြီးပါပြီ ။
    သို့ပေမဲ့ ရငွေ တစ်ဝက် ကန်တော့ တာနဲ့ ..
    အများသိတဲ့ အတိုင်း.. ဟိုဒင်းလေ… ။

  • ညီလေး

    October 9, 2011 at 3:09 am

    စိတ်ချပါ…..တရားသူကြီးကိုပြောင်းပေးလိုက်ပါပြီး……. ပြည်နယ်တရားသူကြီးအဖြစ်သို ့!!!!!!!!!!

  • အာရက္ခ မြေသား

    October 9, 2011 at 9:21 am

    သံတွဲက မောင်ဟ ဟွာတွေက ကချင်ဘက်ပြောင်းသွားကြတာ ကောင်းလိုက်တာ။မင်္ဂလာရှိတယ်ဗျာ။ကိုယ့်ညီကိုတို ့ရေ. ဝေးဝေးသာသွားကြပါဗျာ။

Leave a Reply