Spoken English Patterns (9)

He was ashamed of her +verb(ing).

       သူမ ဒါလုပ်ခြင်း အတွက် သူ့ မှာ မျက်နှာ ပူခဲ့ရတယ်။

 

(1) He was ashamed of her telling lies.

သူမရဲ့  လိမ်ညာမုသား ပြောခြင်း အတွက် သူ့ မှာ မျက်နှာ ပူခဲ့ရသေးတယ်။

(2) He was ashamed of her borrowing a lump sum of money from his friends.

သူမရဲ့  သူ့ သူငယ်ချင်းတွေဆီက ပိုက်ဆံ တွေ အများကြီး ချေးယူ ခြင်းအတွက် သူ့ မှာ မျက်နှာ ပူခဲ့ရသေးတယ်။

(3) He was ashamed of her cheating at cards.

သူမရဲ့  ဖဲလိမ်ကစားခြင်းအတွက် သူ့ မှာ မျက်နှာ ပူခဲ့ရသေးတယ်။

(4) He was ashamed of her forgetting the name of her boss.

သူမရဲ့   ကိုယ့်အလုပ်ရှင်နာမည် မေ့ ခြင်းအတွက် သူ့ မှာ မျက်နှာ ပူခဲ့ရသေးတယ်။

(5) He was ashamed of her shrieking abuse at the neighbours.

သူမရဲ့    အိမ်နီးချင်းတွေကို ရိုင်းပျစကားတွေနဲ့ အာခေါင်ခြစ်အော်ဆဲ ခြင်း အတွက် သူ့ မှာ မျက်နှာ ပူခဲ့ရသေးတယ်။

(6) He was ashamed of her having an argument with the store owner.

စတိုးဆိုင်ပိုင်ရှင်နဲ့ သူမ စကားများနေခြင်းအတွက် သူ့ မှာ မျက်နှာ ပူခဲ့ရသေးတယ်။

(7) He was ashamed of her making an objection to his parents’ decision.

သူ့မိဘတွေ ဆုံးဖြတ်ချက် ကို သူမ ကန့်ကွက်နေခြင်းအတွက် သူ့ မှာ မျက်နှာ ပူခဲ့ရသေးတယ်။

(8) He was ashamed of her rejecting the ideas of the elders.

လူကြီးသူမ အယူအဆတွေ  သူမ ပယ်ချ နေခြင်းအတွက် သူ့ မှာ မျက်နှာ ပူခဲ့ရသေးတယ်။

(9) He was ashamed of her treating his friends with scorn.

သူ့သူငယ်ချင်းတွေကို သူမ မထီမဲ့မြင် ပြောဆိုဆက်ဆံခြင်းအတွက် သူ့ မှာ မျက်နှာ ပူခဲ့ရသေးတယ်။

(10) He was ashamed of her boasting her influence over him.

သူမက သူ့အပေါ်သြဇာညောင်းတယ်လို့ ကြွား နေခြင်းအတွက် သူ့ မှာ မျက်နှာ ပူခဲ့ရသေးတယ်။

 

Shame

Shame နဲ့ ပတ်သက် တဲ့ လေ့လာ စရာလေး နည်းနည်း ရေးပေးလိုက်ပါတယ်။

 

(1) Oh, what a shame!

အောင်မလေးနော်၊ ဖြစ်မှဖြစ်ရလေ။

အော် နှမြောစရာပါပဲ။

(2) Shame on you for abusing girls.

မိန်းကလေးတွေကို ပြောဆို ဆဲရေးတိုင်းထွာနေတာ မင်း ရှက်တတ်ဖို့ကောင်းတယ်။

(3) How could you do such thing? Have you no shame?

ဒီလိုဟာမျိုးတွေ ဘယ်လို လျှောက်လုပ်တာလဲ၊ မင်း အရှက် မရှိဘူးလားကွာ။

(4) After making mistakes, he returns to us with a shamefaced grin.

အမှားတွေလုပ်ပြီး ပြီဆိုရင် ရှက်ကိုး ရှက်ကန်း ပြုံးဖြီးဖြီး လုပ်ပြီး သူရောက်လာရော။

(5) Some people are work-shy.

အချို့  လူတွေက အလုပ်ကို ရှောင်ကြတယ်။

(Shy က ရှက်တတ်သော ။   be ashamed of က အရှက်ရတယ်။)

About TTNU

has written 88 post in this Website..