မိတ္ထီလာမြို့ရဲ့…ဆိုင်ကယ်ကယ်ရီအကြောင်း

pyaephyoOctober 9, 20111min946

မိတ္ထီလာမှာ.ဆိုင်တွေကအရမ်းများပြီး စည်းကမ်းမရှိကြပါဘူးဗျာ….သူ့ထက်ငါအလုအယက်ခရီးသည်တွေကို လုလိုက်ကြတယ်..ပြီးတော့လည်း ဆိုင်ကယ်ကိုအမြန်စီးကြတယ်..
အန္တရာယ်ကို မမြင်ကြဘူးလေ….ပြီးတော့တိုက်ကြ..တိုက်ရင်လည်းတန်းသေတာပဲ…ယာဉ်စည်းကမ်းကိုလည်း နားမလည်ဘူး..ဖြစ်လိုက်ရင်လည်းသေနဲ့ ကြောက်စရာတော်တော်ကောင်းတယ်….သိလား….သက်ဆိုင်ရာကိုလည်း သတိပေးတဲ့အနေနဲ့ တင်လို်က်တာပါ…ပြီးတော့ရှိသေးတယ်…မိန်းကလေးတွေက မြို့တွင်းမှာဆို သူ့တို့ ကြောက်ရတယ်…ဆိုင်ကယ်ကို ဂျက်လေယာဉ်လိုစီးတယ်လေ…တော်တော်လေးကိုအမြန်ရောက်ချင်ကြတာလေ….ကျွန်တော်..ပြောချင်တာက..ဆိုင်ကယ်က ဆိုင်ကယ်ပါဘဲ ..ဘယ်တော့မှ လေယာဉ်ပျံဖြစ်လာမှာ မဟုတ်ဘူးဆိုတာပေါ့…ဒါပါဘဲ

6 comments

  • lone

    October 10, 2011 at 10:06 am

    ဆိုင်ကယ်ကယ်ရီ ဆိုလို့ ဂျာနယ်ထဲမှာ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို အလည်လာသူ တစ်ဦးကို ဆိုင်ကယ်
    ကယ်ရီသမားက မတရားပြုကျင့်ရင်း ဂျပန်နိုင်ငံသူ မတော်တဆ သေဆုံးသွားတယ် ဆိုတဲ့ သတင်း ရွာသူရွာ
    သားတို့ ဖတ်ပြီးကြပြီလား…ကယ်ရီသမားကို အမှုဖွင့်ထားတယ်တဲ့… ကယ်ရီသမားကတော့ ဂျပန်နိုင်ငံသူက
    သူ့ကို အရင်ဖြားယောင်းတာပါလို့ ထွက်ဆိုထားတယ်တဲ့…. ….

    • Foreign Resident

      October 10, 2011 at 11:23 am

      Lone
      “ကျောက်ပန်းတောင်း မြို့နယ် ပျဉ်းမကန် ကျေးရွာအနီး ဂျပန်အမျိုးသမီးသေဆုံးမှု့နဲ့ပတ်သတ်ပြီး” – shwebagan
      —http://myanmargazette.net/70680/arts-humanities/history-museums—

    • pyaephyo

      October 10, 2011 at 12:40 pm

      ဟုတ်လား…ကျွန်တော် မဖတ်မိလို့ မသိလိုက်ဘူး……ခုလို သိခွင့်ရတာ ကျေးဇူးတင်ပါတယ်..လုံးလေး…..ဆိုင်ကယ်သမားကို ဂျပန်မက ဖြားယောင်းတယ်ဆိုတာ..မဖြစ်နိုင်ပါဘူး…ဘာလို့လဲဆိုတော့…..ဂျပန်မက သူများနိုင်ငံထဲမှာ…ဘာမှမဟုတ်တဲ့ ကယ်ရီသမားကို..ဖြားယောင်းလို့ သူ့အတွက် ဘာဖြစ်လာမလို့လဲ..ဟုတ်တယ်မလား..သူ့အတွက် အကျိုးမရှိဘူးလေ..ဟုတ်တယ်မလား….ဂျပန်မ မှမဟုတ်ဘူး….ဘယ်သူပဲဖြစ်ဖြစ်…အကျိုးရှိမှ လုပ်တဲ့သူချည်းဘဲလေ….ဟုတ်တယ်မလား..ကဲ အဲဒီင်္အတွက်ကြောင့်..ဒါဟာလုပ်ကြံဖန်တီးမှုတစ်ခုလို့ဆိုချင်ပါတယ်…ကျွန်တော်ကတော့.ဇနပုဒ်က ကိုပြည့်ဖြိုးအောင်ပါ………ကျွန်တော် ရေးတာမှားတယ်ဆိုရင်…မှားတဲ့အကြောင်းကိုု ထောက်ပြပေးကြပါနော်

  • thit min

    October 10, 2011 at 10:16 am

    ညီမလေးလုံးပြောမှစဉ်းစားပြီးရီရတော့တယ်။မရီရတာကြာပီ။ကျေးဇူး။
    ဒီလိုစဉ်းစားမိလို့
    ဂျပန်မ ကမြှုဆွယ်၊ သူကစိတ်မပါလို့ ကိုယ်အရှက်ကိုယ် ကာကွယ်ဖို့သတ်လိုက်ရပါတယ်ပေါ့လေ။
    မြှုဆွယ်ပြီးခါမှဘာလို့ အော်တာလဲ၊ ခြေထောက်ကိုတက်နင်းလို့များလား။ဖြစ်မှဖြစ်ရလေနော်။

    • lone

      October 10, 2011 at 10:32 am

      အဲဒါတော့ lone လည်းမသိဘူးလေ…ဂျာနယ်ထဲမှာဖတ်ရတဲ့အတိုင်းပြောပြတာပဲ… ကိုယ်က ကိုယ်တိုင်မမြင်ရတော့လည်း ပြောရခက်သား…သူ့ကံသူစီရင်ပါလိမ့်မယ်…

      • ကြောင်ကြီး

        October 10, 2011 at 10:45 am

        လုံးကလေး ရှေ့မတိုးလာနဲ့နော်၊ ဦးကြောင်အော်လိုက်မှာ… ဟောဒီကပဲပြုတ်…။ 😉

Leave a Reply