ကိုရှီနို ကြယ်ဂေါင်ထဲမှ ဆိုင်ကယ်ငါးစီး ဝယ်လိုက်ရာ တစ်စီးကို နှစ်သောင်းကျပ် ထပ်လျှော့ပေးသဖြင့် ၊ တစ်စီးလျှင် လေးသိန်းရှစ်သောင်းကျပ်သာ ဖြစ်သွားသည် ။

ကျောက်ရောင်းရသော ငွေ မှာ စုစုပေါင်း ၃၂ သိန်း ရှိရာ ၊ ဆိုင်ကယ်ဝယ်အပြီး ၈ သိန်းကျော် လက်ထဲ ကျန်သည် ။

ထို ့နောက် ကယ်ရီသမား ရွှေဘိုသား တို ့အဖွဲ  ့ကို ကယ်ရီခ ပေး ၊ ဆိုင်ကယ် များ အပ်ကာ မန်းတလေး သို ့ပြန်ဆင်းလာခဲ့သည် ။

ကယ်ရီခ နဲ ့ သီးသန် ့ပေးတဲ့ မုန် ့ဖိုး က ခုနှစ်သောင်းရှစ်ထောင် ကျပ် ။

မန်းတလေး သို ့ရောက်ပြီး ၂ ရက်အကြာတွင် ကယ်ရီ အဖွဲ  ့များ က ဆိုင်ကယ် လေးစီး ကို လာအပ်သည် ။

အဖွဲ  ့ခေါင်းဆောင် ရွှေဘိုသား နှင့် ဆိုင်ကယ်ကော ဟု မေးရာ မည်သူထံ မှ အဖြေမရ ။

အသေအချာ စုံစမ်းကြည့်တော့မှ ၊ ရွှေဘိုသား တစ်ယောက် စစ်ဆေးရေးဂိတ်ကို မရှောင်ဘဲ ပေါ်တင်မောင်းရာမှ ဆိုင်ကယ် အသိမ်းခံလိုက်ရပြီ ဟု သိလိုက်ရသည် ။

ကယ်ရီ တို ့စည်းကမ်းအရ ဆိုလျှင် ပစ္စည်းတန်ဘိုး အတိုင်း ပြန်ပေးလျော်ရမည် ဖြစ်သည် ။

ယခုမူ ရွှေဘိုသား သည် အလျော်မပေးဘဲ ၊ ရန်ကုန်သို ့လစ်ပြေးသွားသည် ဟူသတတ် ။

အစက ကိုရှီနို စိတ်ဆိုးလွန်းသဖြင့် ရန်ကုန်အထိ လိုက်ရှင်းရန် စဉ်းစားမိသော်လည်း ၊ ပေါက်ဖော် ၏ တရားချ မှု ကြောင့် စိတ်လျှော့သွားသည် ။

“ မင်းကွာ..အခု ပိုက်ဆံကောင်းကောင်းရှာတတ်နေပြီပဲ ၊ ထားလိုက်ပါတော့ ”

ထို ့အပြင် ၊ ဆိုင်ကယ်များ ရောက်ပြီးပြီးချင်း တစ်ပါတ်အတွင်း တွင်ပင် တစ်စီး ခုနှစ်သိန်းဖြင့် သုံးစီး ရောင်းလိုက်ရတာကြောင့်လည်း ကိုရှီနို စိတ်လျှော့သွားခြင်း ဖြစ်သည် ။

တစ်စီးကို တော့ သူ သွားရေးလာရေး အတွက် ချန်ထားလိုက်သည် ။

ပေါက်ဖော် နှင့် အတူ ကျောက်ဝိုင်းအတွင်း တွင် ဆက်လက်လေ့လာဖြစ်သည် ။ အရင်တခါ လို ပန်းပု လုပ်ဖို ့က ပန်းပုတွေ ဈေးတန်ကုန်သဖြင့် ၊ လုပ်ဖို ့မစဉ်းစားတော့ ။

အရေးထဲ တရုတ်ပြည်က သူ  ့နိုင်ငံသား ကုန်သည်တွေ ကို အခွန်တိုးကောက်လိုက်သဖြင့် ၊ တရုတ်ကုန်သည်များ မှာ အရင်ကလောက် မလာကြတော့ ။

အရင်ကလို ဈေးပေးမကြမ်းတော့ ။ ဒီတော့ ကိုရှီနို တစ်ယောက် ပြည်တွင်း ဝယ်လက်များကို သာ မျက်စောင်းထိုးရတော့သည် ။

ပေါက်ဖော် က တော့ ၊ ဈေးကွက်ပြန်ကောင်းလာမှာပါ ဟု ဖြေသိမ့်ပေးနေသည် ။

ကိုရှီနို က တော့ သိပ်တော့ စိတ်မပျက် ။ သူ က ပွဲဦးထွက် အောင်ပွဲဆင်ထားသည်မို ့၊ ပေါက်ဖော် နှင့်သာ လိုက်လေ့လာ ဖြစ်သည် ။

ပေါက်ဖော် ထံ မှ ထပ်ရသော ပညာရပ်က ခွက်ပုန်းသောက်ခြင်း ဖြစ်သည် ။

မကြာခဏ ဆိုသလို ရပ်ကွက်ထိပ်က ကိုဘဲလူးဆိုင်မှာ ခွက်ပုန်းသွားကစ်ကြသည် ။

ကိုဘဲလူး က လည်း သူ ၏ စီးပွားအတွေ  ့အကြုံများ ကို ပြန်ဝေမျှ သဖြင့် အသိဗဟုသုတ များစွာ ရရှိသည် ။

ကိုဘဲလူး ဆိုင်မှ အလကားကျွေးသော ကုလားပဲ သုပ်လေး ထိုင်စားရင်း ကိုရှီနို တစ်ယောက် ပဲ အကြောင်း ခေါင်းထဲ ဝင်လာသည် ။

နောက်နေ ့ကြ ၊ ကျောက်ဝိုင်းက အပြန် ကုန်စည်ဒိုင်နားမှ လဘက်ရည်ဆိုင်တွင် သွားထိုင်ဖြစ်သည် ။

လဘက်ရည်ဆိုင်ထိုင်သည်ဟု ဆိုသော်လည်း ကိုရှီနို တစ်ယောက် ရိုးရိုးမထိုင် ၊ ပဲပွဲရုံပိုင်ရှင်များ ဟု ထင်မြင်ရသူများ ထိုင်နေသော ဝိုင်းဘေး တွင် ထိုင်သည် ။

ထို ့နောက် ၊ တစ်ဘက်ဝိုင်းမှ ပြောသမျှ ကို တစ်လုံးမကျန် လိုက်နားထောင်သည် ။

“ ခင်ဗျား ဘာတွေ ကိုင်ထားသလဲ ”  “ ကျုပ်ကတော့ ကုလားပဲတွေ ပုံနေတာ ၊ အခု သိပ်မထွက်သေးလို ့ ”  “ ဟ..အဲဒါရွှေဗျ ၊ မထုတ်နဲ ့တော့ ကိုင်ထား ”

“ ဘာလို ့လဲ ” “ x@#$$%%^^&& ”

စကားစသောသူ၏ လေသံမှာ တိုးသွားသည် ။

ကိုရှီနို လည်း မသိမသာ သူတို ့ဝိုင်းဘက်သို ့ကပ်လိုက်သည် ။ ကိုရှီနို ဝမ်းသာသွားသည် ။ ဒီလဘက်ရည်ဆိုင် ကို လာထိုင်ရကျိုးနပ်ပြီ ဟု ကောက်ချက်ချမိသည် ။

ရပ်ကွက်ထဲ ပြန်ရောက်တော့ ၊ ပေါက်ဖော် ကို လိုက်ရှာပြီး ၊ သူကြားခဲ့သမျှ ကို ပြန်ပြောပြလိုက်တော့

“ ဟေ့ကောင်ရ ၊ မင်းကြားခဲ့တာ ဟုတ်ပ မလားကွ ၊ ငါက ကျောက်သမား ဆိုတော့ ပဲ ဆိုရင် မနက်လာတဲ့ ပဲသည်မပု အကြောင်းပဲ သိတယ် ”

“ ဟာဗျာ ၊ ခင်ဗျားကလဲ..ကျုပ်ကိုယ်တိုင် ကျုပ်နားနဲ ့ဆက်ဆက်ကြားခဲ့ရတာဗျ ၊ ခင်ဗျား မလုပ်ချင်နေ ၊ ကျုပ်တော့ သွားဆော်ပြီဗျို  ့ ”

“ နေပါဦးဟ ၊ ကိုယ့်လူရ ၊ မင်းလုပ်ရင် ငါလဲ ပါမှာပေါ့ ဟ ”

သို ့ဖြင့် ကိုရှီနို နှင့် ပေါက်ဖော် တို ့ နှစ်ဦးသား ရှယ်ယာစပ်ပြီး ကုလားပဲအိတ်တစ်ရာ ဝယ်လိုက်ကြလေသည် ။ သိပ်မကြာလိုက်..

၁ဝရက်ခန် ့နေတော့ ၊ ၁၂၀၀ဝ ခန် ့ဈေးခုန်တက်သွားသဖြင့် တစ်ယောက်ကို ခြောက်သိန်းကျပ် စီ စားလိုက်ရသည် ။

ထိုအခါ ပေါက်ဖော် က ကိုရှီနို ကို ဆရာပြန်ခေါ်သည်  ဟူသတည်း ။

ကိုရှီနို တစ်ယောက် လက်ထဲတွင် ပိုက်ဆံ ၃၄ သိန်းကျော်   ကိုင်ထားရင်း ၊ ငွေဘယ်လို ရှာရမလဲ စဉ်းစားနေသည် ။

ကျောက်ဝိုင်းထဲမှာ စိတ်ကြိုက်ကျောက်ကလည်း သိပ်မတွေ  ့၊ သို ့နှင့် မြန်မာ ဟက်ပီးနယူးရီးယား သင်္ကြန်ပွဲတော် အနားသို ့ရောက်လာသည် ။

ကိုရှီနို တို ့မန်းတလေးမြို  ့ကျုံးပတ်ပတ်လည် တွင် မဏ္ဍပ်များ စဆောက်နေကြပြီ ။

ထိုင်နေကြ ကိုဘဲလူး ဆီ ရောက်တော့ ၊ သင်္ကြန်မဏ္ဍပ်များ တွင် ဈေးရောင်းပါက လွန်စွာ တွက်ခြေကိုက်ကြောင်း ကိုဘဲလူးပြောသံကို ကြားလိုက်ရသည် ။

သို ့နှင့် မဏ္ဍပ် များသို ့ကိုရှီနို မဝင့်မရဲ ဖြင့် သွားရောက် မေးမြန်းစုံစမ်းကြည့်ရာ Crystal ဆိုသော မဏ္ဍပ်တွင် သင်္ကြန်အတွင်း ဈေးဆိုင်ဖွင့်ဖို ့ အပေးအယူတည့်ခဲ့သည် ။

မဏ္ဍပ်တွင် အရက်ဘီယာနှင့်အစားအသောက်များ ရောင်းချခွင့်ရရန် ၅ သိန်းကျပ် ပေးရသည် ။

ဈေးရောင်းဖို ့အရက်၊ဘီယာ၊ဆန်၊ဆီ၊ အချိုရည် ၊ ရေသန် ့ စသည်များ ဝယ်စု ရာ သိန်း၂ဝ ကျော်ကျော် ကျသွားသဖြင့် မျက်ခုံးတစ်ချက်လှုပ်မိသေးသည် ။

သို ့ဖြင့် ရပ်ကွက်ထဲက ချာတိတ်နှစ်ယောက် ကို ကူဖော်အဖြစ် ငှားလိုက်သည် ။

Crystal မဏ္ဍပ်၏ သင်္ကြန် ရက်များ အတွင်း ကိုရှီနို တစ်ယောက် အသေးစား စားသောက်ဆိုင် ပိုင်ရှင်ဖြစ်လာသည် ။ အမြတ်က သိပ်မကြမ်း ရှာပါဘူး ။

ဘီယာတစ်လုံး ၁၂၀ဝ ခန် ့အရင်းရှိတာ ကို တစ်လုံး ၂၀၀ဝကျပ် ၊ ဝီစကီတစ်ပြား ၆၀ဝ ကျပ် တန် သည် ၁၅၀ဝ ကျပ်ဖြစ်သွားသည် ။

၆ဘူးပါရေသန် ့တစ်တွဲ ၁၀၀ဝ ကျပ် သည် တစ်ဘူးလျှင် ၅၀ဝကျပ်ဖြင့် ပြန်ရောင်းရသည် ။

ဝက်အူချောင်း ၊ ကြက်အူချောင်း ၊ ကြက်သားကြော် ၊ ငါးဖယ်ကြော် ၊ ကြက်ဥကြော် ၊ ထမင်း၊ခေါက်ဆွဲကြော် စသည်များက လည်း ပိုးစိုးပက်စက်မြတ်သည် ။

သင်္ကြန်ပွဲတော်တွင် ပျော်ရွှင်သူများ မှာ ယုတ်လတ်ချမ်းသာ မရွေး ငွေသုံးကြမ်းကြသည် ကို ကိုရှီနို တစ်ယောက် ပျော်ပျော်ကြီး ဈေးရောင်းရင်း သိရှိလိုက်ရသည် ။

သင်္ကြန်ပြီးတော့ ရောင်းရငွေများကို ကိုရှီနို တစ်ယောက် ထိုင်ရေရာ သုံးဆယ့်ငါးသိန်းကျော် ရရှိလိုက်သည် ။ ဒါတောင် သူ လုပ်တာ ဒေါင့်မစေ့ လို ့ ။

နို ့မို ့ဆို ဒီထက်မက ပိုရနိုင်သည် ဟု တွေးမိသည် ။ အဲဒါထက် ပို အဖိုးတန်သော အခွင့်အရေး တစ်ခု ကို လည်း ကိုရှီနို တစ်ယောက် ရရှိခဲ့သည် ။

သင်္ကြန်အတွင်း မဏ္ဍပ်သို ့လာပျော်သော လူကြီးသား တစ်ယောက် နှင့် မိတ်ဆွေ ဖြစ်လိုက်ခြင်းပင် ။ သူ  ့နာမည် မှာ ကမ်းကြီး ။

ယခု ဆိုလျှင် ကိုရှီနို တစ်ယောက် လက်ထဲတွင် ၄၅သိန်းနီးပါး နှင့် ဆိုင်ကယ်တစ်စီး ပိုင်ဆိုင်နေပြီ ဖြစ်သည် ။

နေတာကတော့ အမျိုးအိမ် တွင် နေလိုက် ၊ ပေါက်ဖော် ဆီတွင် ခဏနေလိုက်နှင့် လုံးချာလည် ရိုက်နေသည် ။

မန်းတလေးမြို  ့၏ နာမည်ကြီး အသားကင်ဆိုင် တစ်ဆိုင်တွင် ကိုရှီနို  နှင့် ကမ်းကြီး တို ့ဆုံဖြစ်ကြသည် ။

“ ညီလေး ကမ်းကြီး မှာလေကွာ ၊ မင်း စားချင်တာ သောက်ချင်တာ သာ မှာ ၊ ကိုယ့်ရဲ  ့သင်္ကြန်အောင်ပွဲ လို ့သာ သဘောထား ပျော်ကွာ ”

“ ကိုကြီး ရဲ  ့အောင်မြင်မှု အတွက် ချီးမြှင့်ပေးရမှာပေါ့ ဗျာ ၊ စိတ်ချ ကိုကြီး ရေ ”

အနည်းငယ် သောက်ပြီး ကြသောအခါ ကိုရှီနို က စကားစလိုက်သည် ။

“ ဒီလို..ညီလေး ရဲ  ့ ”  သူ ့ဘဝ ရုန်းကန်နေပုံများကို အတိုချုံးပြောပြ လိုက်ရင်း ၊ သူ ့လက်ထဲ တွင် သိန်း၂ဝ ခန် ့ရှိကြောင်း ၊ အလုပ် လုပ်ချင်ကြောင်း ပြောလိုက်သည် ။

လက်ရှိ ပိုက်ဆံ အမှန်ကို မပြောပြခြင်းမှာ ၊ သူ ့အနေဖြင့် ကမ်းကြီး ကို အလုံးစုံ အားကိုးရမရ မသိသေးသောကြောင့် ။

“ ဒါဆိုရင်..ကိုကြီးရှီနို ကို ညီလေး မေးမယ်နော် ၊ ကိုကြီး စွန် ့စားရဲလား ”

“ ကိုယ်က စီးပွားရှာနေတာ ဆိုတော့ ၊ ကိုယ့်အတွက် စီးပွားကိုက်မယ် ဆိုရင် စွန် ့စားရမှာပေါ့ ညီလေးရာ ”

“ ကြိုက်ပြီ ၊ ကိုကြီးလို လူမျိုးညီလေး ရှာနေတာ ၊ ညီလေး တို ့အလုပ်ဖြစ်ပြီ ၊ လာဗျာ..ချီးယားစ် ”

“ ချီးယားစ် ”  ကိုရှီနို တစ်ယောက် ဘာမှန်းလည်း မသိရပဲ ခွက်လိုက်တိုက်လိုက်ရသည် ။

သူ ့ကို မေးဖို ့ကြည့်လိုက်တော့ အမူးလွန်ပြီး ဇက်ကျိုးသွားချေပြီ ။

xxxxxxxxxxxxxxxxx ဇါတ်သိမ်းပိုင်းကို ဆက်လက်ရေးတင်ပါမည် xxxxxxxxxxxxxxxxx

—————————— အားလုံးကို ကျေးဇူးတင်ပါသည် ——————————

About မောင် ပေ

မောင် ပေ has written 396 post in this Website..