မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ထုတ်ပြန်ချက်

kaiOctober 9, 20111min1378

ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ ပါတ်သက်ပြီး မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ထုတ်ပြန်ချက်ကိုရလို့ တင်ပေးလိုက်တာပါ..။

အောက်ဆုံးက.. ပီဒီအက်ဖ် ကိုဒေါင်းလုပ်လုပ်ဖတ်ဖို့ပါပဲ..။
အဲဒီအထဲ..အဓိကပြောလိုရင်း၂ချက်တွေ့မိပါတယ်..။ (တကယ်ကတိုက်ရိုက်ကူးတင်ပေးမလို့ဟာ.. စာကဘာဖေါင့်နဲ့ရေးထားမန်းမသိ..ကူး တင်လို့မရတာနဲ့..။)

၁) အဲဒီမြစ်ဆုံဒေသမှာ.. National Park Land လုပ်ဖို့ကိုလွှတ်တော်က ဥပဒေပြုပေးဖို့။
၂) မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က.. အခုလိုစီမံကိန်းရပ်လိုက်လို့..ဖြစ်လာနိုင်မဲ့နိုင်ငံတကာဥပဒေဆိုင်ရာ ပြသနာတွေကို ကူညီဖြေရှင်းဖို့အသင့်ရှိကြောင်း..

အဲဒါတွေပါ..။

တင်ခိုင်းလို့.. တင်ပေးတာနော… ဒီစာကို.. သမ္မတရုံးအရောက် ပေးချင်တာပါတဲ့..။
သမ္မတကြီးဖတ်မိပါစေသတည်း…။ 😀

2011 Oct 06 Myitsone to be National Park – be ready for International Letigation-(Bur)

 

 

8 comments

  • မှော်ဆရာ

    October 9, 2011 at 5:33 pm

    မှန်၏ တောင်းဆိုချက်ကို လိုက်လျှောပေးလိုက်တယ်ဆိုရင် ကိုယ့်ဘက်ကလဲ တတ်နှိုင်သမျှ ပြန်ကူညီရမယ် … ကဲ တရုတ်ကို ဝိုင်းအော်ကျစို့ …..

  • foewa

    October 9, 2011 at 5:59 pm

    တရုတ်ကို ထပ်ပီး ဝိုင်းအော်ရဦးမှာလား
    နောက်က ထပ်ချပ်မကွာ လိုက်ပီးသား ပါ ။

  • windtalker

    October 9, 2011 at 6:56 pm

    သူကြီးရေ
    နဲနဲလေးမှ မပူနဲ ့မပူနဲ ့ဗျာ
    သေချာပေါက် ရောက်မှာပါ

  • ba gyi

    October 10, 2011 at 1:34 pm

    တစ်ဦးကမေတ္တာ၊ တစ်ဦးကစေတနာဆိုတာ တဲ့ အပြန်အလှန်သဘောပါပဲ ၊ သည်လိုသဘောတွေ
    ကြောင့် အားလုံး ချစ်ကြ၊ တစ်ဦးနဲ့တစ်ဦး ကျေးဇူးပြုနိုင်ကြရင်၊ ကျေးဇူးပြုစရာတွေသာတွေးခေါ်ကြရင်၊
    ကမ္ဘာမြေ အေးချမ်းပါတယ်၊ ပြည်သူအတွက်ရော တိုင်းပြည်အတွက်ပါအကျိုးပြုနိုင်တဲ့ သမဂ္ဂ တွေလည်း
    တရားဝင် အမြန်ပေါ်ပေါက်စေချင်ပါသည်။နိုင်ငံတစ်ကာမှအခြား၊ မြန်မာ့ အသင်းအဖွဲ့များလည်း သည်လို
    သည်ကိစ္စ တွင်အရေးကြုံ ကဖေးမပေးကြပါကုန်သော် ။

  • kai

    October 10, 2011 at 2:41 pm

    တကယ်ကတော့ ..ပြည်သစ်ညွန့်ဝေ(ခ)ဦးမောင်မောင် က..( ပြည်ပရောက်တွေထဲ.. )အရင်စစ်အစိုးရရဲ့.. ရန်သူနံပါတ်(၁)ပါ..။
    သူက..အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(အိုင်အယ်လ်အို)နဲ့လည်း အချိပ်အဆက်ကောင်းပါတယ်..။ အီးယူနဲ့.. သံတမန်ရေးအရ.. လမ်းကြောင်းကောင်းကောင်းရှိပါတယ်..။

    ကမ္ဘာကျော်ကုမ္ပဏီကြီးတခုဖြစ်တဲ့.. အမေရိကရေနံကုမ္ပဏီကို တရားစွဲပြီး.. အနိုင်ရခဲ့ဖူးပါတယ်..။
    ဂက်စ်ပိုက်လိုင်းကိစ္စနဲ့ပေါ့..။

    အခု..တရုတ်ကတရားစွဲလာရင်.. သူတို့ကူညီမယ်ဆို.. အခြေအနေကောင်းပါတယ်..။
    ဘာပဲဖြစ်ဖြစ်..
    မြစ်ဆုံရေကာတာကို.. သဘောမတူလို့..ဆန္ဒပြကြတယ်..။ရပ်ဆိုင်းလိုက်လို့… ဖြစ်လာမဲ့အကျိုုးဆက်တွေအတွက်.. တာဝန်ယူနိုင်သလောက်ပြန်ယူပေးတယ်..။
    ဒါက.. ကောင်းတဲ့.. အလုပ်လို့ထင်ပါကြောင်း…။ 🙂

  • လင်းဝေကျော်

    October 10, 2011 at 2:45 pm

    စာရိုက်ပျင်းတဲ့ သူကြီးပါလား။ ဒါလေး တစ်မျက်နှာတောင် ရိုက်တင်မပေးနိုင်ဘူး။
    စာရိုက်ရတာ ဘယ်လိုအချိန်ပေးရတယ် ဆိုတာ သိသွားပြီလား။

  • pooch

    October 10, 2011 at 3:17 pm

    အရေးကြုံလာတော့ လည်း ကိုယ့်တိုင်းပြည်ဘက်က ရပ်တည်ပြီး ဒီလိုပြောလာတာဟာ အားရှိစရာပါ။တကယ့်ကို ကောင်းစေချင်တဲ့ စိတ်တွေဟာ အားလုံးမှာ ရှိနေပါတယ်လို့ မြင်မိပါတယ်။
    တိုင်းပြည်အရေးဆိုတော့လည်း တယောက်အားနဲ့ မစွမ်းသာ စုပေါင်းအားနဲ့ ဝိုင်းကြဝန်းကြရမှာပါ။
    ဝမ်းသာပါတယ်။

Leave a Reply