အင်္ဂလိပ်-မြန်မာစကားပုံအချို့

ကြောင်လတ်October 9, 20111min3005

(၁)    လမ်းဆုံးတော့ရွာတွေ့။

Follow the river and you will find the sea.

(၂)    ရေနစ်သူကို ဝါးကူမထိုးပါနဲ့။

Never hit a man when he is down.

(၃)    လိုလျှင်ကြံဆ နည်းလမ်းရ။

Where there is a will there is a way.

(၄)    အူမ မတောင့်လျှင်သီလမစောင့်နိုင်။

Necessity knows no law.

(၅)    လူမိုက်ကံကောင်း။

Fortune favours folls.

(၆)    တယောက်တလက်ကျောင်းသားလက်။

Many hands make quick work.

(၇)    လသာတုန်းဗိုင်းငင်၊မိုးရွာတုန်းရေခံ

Make hay while the sun shines.

(၈)    သမင်မွေးလိုက်ကျားစားလိုက်။

One sows and another reap.

(၉)    သန်းကောင်ထက်ညဉ့်မနက်။

None so deaf as those who will not hear.

(၁၀)  သူတော်ချင်းချင်းသတင်းလွေ့လွေ့ပေါင်းဖက်တွေ့၏။

Birds of feather flock together.

(၁၁)  ဟောင်တဲ့ခွေးမကိုက်တတ်။

Threatener donot  fight.

(၁၂)  အစကောင်းမှအနှောင်းသေချာ။

Good to begin well, better to end well.

(A good beginning makes a good ending.)

(၁၃)  အရိပ်လိုရင်နေပူထဲက အရင်လျှောက်(နေပူထဲကစောင့်နေလို့မသေချာပါ၊)

He that would eat the fruit must climb the tree.

(၁၄)  အဆင်းဘီးတတ်ပေးတယ်။

When a man is going down the hill everyone will give him a push.

(၁၅)  အလကားရတဲ့နွားသွားဖြဲမကြည့်ရ။

Beggars must not be chooser.

အချို့စကားပုံတွေဟာအဓိပ္ပါယ်တထပ်တည်းလိုလိုတူနေပါတယ်။မြန်မာစကားပုံတွေကိုအင်္ဂလိပ်လိုတိုက်ရိုက်ပြန်ဆိုထားတာဖြစ်နိုင်သလို၊ အင်္ဂလိပ်စကားပုံကိုမြန်မာလိုတိုက် ရိုက်ပြန်ဆိုသုံးနှုန်းကြတာလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်ငယ်ငယ်ကိုးတန်းကျောင်းသားဘဝက  မှတ်ထားတဲ့မှတ်စု  ကို ပြန်ကူးပြီးရေးတာပါ။ အမှားတွေပါနေရင် ကျွန်တော့်ထက် သိသူတတ်သူများက ထောက်ပြကြပါ။

(၁၆)  နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်းဖြစ်နိုင်မယ်။

A good servant makes a good master.

(၁၇)  အနာမခံအသာမစံရ။

No pain no gain.

(၁၈)  ကြောင်မရှိကြွက်ထ။

When the cat is away the mice will play.

(၁၉)  အချိန်နှင့်ဒီရေသည်လူကိုမစောင့်။

Time and tide wait for no man.

5 comments

  • TTNU

    October 9, 2011 at 11:46 pm

    ကိုရမ်းကက်လေးရေ
    လိုက်ပြင်ပြန်ပြီ မထင်နဲ့နော်။ သား စာလုံးပေါင်းလေး Typo ဖြစ်သွားတာ၊
    နံပါတ်(၅) လူမိုက်ကံကောင်း။ Fortune favours folls…..>fools.
    (၁၁) ဟောင်တဲ့ခွေးမကိုက်တတ်။Threatener donot fight…..> do not
    လေ့လာထားတာ အတော်ကောင်းတာပဲ။
    ဘာမှကြီးကြီးမားမားမမှားပါဘူး။ အစကမပြင်ဘဲနေမလို့။ မောင်ရင် စိတ်မဆိုးတန်ရာ လို့
    ထင်လို့ ဝင်ရေးတာနော်။ တီချာ Gazette ထဲဝင်ခါစတုန်းက သိချင်တာတစ်ခုကို အင်္ဂလိပ်လို ဝင်ရေးပြီး
    မေးမိတယ်။ တစ်ယောက်ကလေ ( အမည်မှတ်မိပေမဲ့ မဖေါ်ပြတော့ဘူးနော်) ဝင်ဟောက်တာပါ့။
    လေသံ ခပ်ကြမ်းကြမ်းနဲ့ရယ်။ In English ရေးလို့တဲ့။ မောင်ရင်လေးကတော့ မဟောက်တန်ရာပါဘူးနော်။
    ခင်မင်လျှက် တီချာ။

  • ရွှေအိမ်စည်

    October 10, 2011 at 9:15 am

    တချို ့တော်တော်များများကိုဒီဂေဇတ်ရဲ ့Express yourselfထဲ ကဂေဇတ်စာကြည့်တိုက်ထဲ မှာတင်ထားပါတယ်လိုအပ်မယ်ထင်လို ့ကောမက်ထပ်ရေးပေးလိုက်တယ်

    စာအုပ်စဉ်-၂၀

    မြန်မာ စကားပုံ

    Adjust burden to strength, like arrow to bow.

    တန်နှင့်အားကို လေးနှင့်မြှားကဲ့သို့ ညီအောင်လုပ်ပါ။

    Although cowardly be slow to run.

    မရဲသော်လည်း ပြေးခဲစေ။

    The anger of the prudent never shows.

    ပညာရှိအမျက် အပြင်မထွက်။

    Arrows all gone before the battle begins.

    စစ်မရောက်ခင် မြှားကုန်။

    As the doe gives birth to a fawn the tiger eats it.

    သမင်မွေးရင်း ကျားစားရင်း။

    As to eating it, will it is covered with grit; but as to throwing it away, well, it is rich and luscious.

    စားရမှာလည်း သဲတရှပ်ရှပ်၊ လွှင့်ပစ်ရမှာကလည်း အဆီနဲ့ တဝင်းဝင်း။

    As you are fated to eat honey, bees swarm in your beard.

    စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲ။

    Ask when you don’t know, wash when you’re dirty.

    မသိလျှင်မေး၊ မစင်လျှင်ဆေး။

    At the sight of fresh fish away goes the roast.

    ငါးစိမ်းမြင်၊ ငါးကင်ပစ်။

    Bad children? Blame the parents.

    သားသမီးမကောင်း မိဘခေါင်း။

    The black elephant dare not look at the royal white elephant’s face.

    ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့။

    Being afraid of the tiger he takes refuge with the lork Spirit, but the lord Spirit is worse than the tiger.

    ကျားကြောက်လို့ ရုှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး။

    The bigger the tiger, the bigger the pug-marks.

    ကျားကြီးတေ့ာ ခြေရာကြီး။

    A blind fowl came upon the rice-pot .

    ကြက်ကန်း ဆန်အိုးတိုး။

    The blind man is not afraid of ghosts.

    မျက်ကန်းတစ်ဆေမကြောက်။

    The care of one daughter equals that of a thousand cattle.

    သမီးတစ်ကောင် နွားတစ်ထောင်။

    The cat jumps with joy when the forest is on fire.

    တောမီးလောင် တောကြောင် လက်ခမောင်းခတ်။

    Cheeks shinning because of gold earrings.

    ရွှေနားကပ်ရောင်ကြောင့် ပါးပြောင်။

    Clear water cannot be obtained from a well that has just been dug.

    ခု ရေတွင်းတူး၊ ခု ရေကြည်သောက်၍ မရ။

    Day will not break for a hen’s cackle; it will break only for a cock’s crow.

    ကြက်မတွန်၍ မိုးမလင်း၊ ကြက်ဖတွန်မှ မိုးလင်းသည်။

    Desire for haste is delay

    အရင်လို အနှေးဖြစ်။

    Discard only bad baskets and punnets, not bad sons and daughters.

    တောင်းစုတ် ပလုံးစုတ်သာ ပစ်ရိုးထုံးစံ ရှိသည်။ သားဆိုးသမီးဆိုးကို ပစ်ရိုးထုံးစံမရှိ။

    Do not spare a bullock or a wife.

    မယားနဲ့နွား မသနားနဲ့။

    Do not tread on a heap of thorns because you have faith in you karma.

    ကံယုုံ၍ ဆူးပုံမနင်းနဲ့။

    Eat a section of garlic; you smell of garlic. Eat two sections; you smell the same.

    တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်းကြက်သွန်။

    Eczema comes on the teprous place.

    နူရာ ဝဲစွဲ။

    An ember about to blaze glows brightly.

    တောက်မည့်မီးခဲ တရဲရဲ။

    Empty pockets, empty promises.

    ငွေမရှိ စကားမတည်။

    An error may go on for ever, but it can be set right in a moment.

    ပျက်အစဉ် ပြင်ခဏ။

    Even if you do not love him (her), hold your breath and kiss him (her), even if yor do not kiss him (her), heave a sigh.

    မချစ်သော်လည်း အောင့်ကာနမ်း၊ နမ်းသော်လည်း ပင့်သက်ရှူ။

    Falling face downwards in the front of the tiger.

    ကျားရှေ့ မှောက်ရက်လဲ။

    Fetching water in an open wicker basket.

    ခြင်းကြားနဲ့ ရေသယ်။

    Flipping sesamum seeds into an elephant’s mouth.

    ဆင်ပါးစပ် နှမ်းပက်။

    A floor which has no binding is in disorder.

    အကွပ်မရှိကြမ်း ပရမ်းပတာ။

    Fondle a dog and it will lick your face.

    ခွေးကလေး အရောဝင်တော့ ပါးလျက် နားလျက်။

    The future price will be fixed in the future; sell it at the current price.

    နောင်ခါလာ နောင်ခါဈေး။

    Going to plough and forgetting the catte.

    လယ်ထွန်သွား နွားမေ့။

    A good beginning ensures a satisfactory ending.

    အစကောင်းမှ အနှောင်းသေချာ။

    A good tree can lodge ten thousand birds.

    သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်။

    Grass depends on the island, the island on the grass.

    ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ။

    Great desire obtains little.

    အလိုကြီးက အရနည်း။

    Guests only come to a happy house.

    အိမ်သာလို့ ဧည့်လာ။

    He asked for

    bones because he wants flesh.

    အသားလိုလို့ အရိုးတောင်း။

    He breathes through someone else’s nose.

    သူများနှာခေါင်းပေါက်နဲ့ အသက်ရှု။

    He calls her aunt only when her cucumber fruits.

    ဘူးသီးသီးလို့ အရီးတော်။

    He climbs up the pole of the morquee to show his alms-giving.

    အလှူ့ရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြ။

    He does not catch the monitor lizard and he has lost his chopper.

    ဖွတ်မရ ဓားမဆုံး။

    He dropped a fish-hook whenever the fish sent up bubbles (expecting to catch it).

    ငါးပွက်ရာ ငါးစာချ။

    He leans on a white elephant and sucks sugar-cane.

    ဆင်ဖြူတော်မှီ၍ ကြံစုပ်။

    He lives in the bushes but

    his spirits is in the heavens.

    လူနေချုံကြား စိတ်နေဘုံဖျား။

    He may be poor, however intelligent he may be, if he has no karma.

    ကံမရှိ ဉာဏ်ရှိတိုင်းမွဲ။

    He praises the pickling of his own fish.

    ကိုယ့်ငါးချဉ် ကိုယ်ချဉ်။

    He rides without knowing whether it’s a stallion or mare.

    ကိုယ်စီးတဲ့မြင်း အထီးမှန်းအမမှန်း မသိ။

    He tries to establish relationship with a person only when the person has gold.

    ရွှေရှိမှ အမျိုးတော်။

    He was all right when he was sitting; only when he got up did I realize he was lame.

    ထိုင်နေတော့ အကောင်းသား၊ ထသွားမှ အကျိုးမှန်းသိ။

    He who talks isn’t strong; he who’s

    strong doesn’t talk.

    လူပြောမသန်၊ လူသန်မပြော။

    He would like to ride a difficult buffalo but hasn’t enough courage.

    မရဲဘဲ ကျွဲပြဲစီးချင်။

    His mouth say; “Buddha Buddha, ” but his hand acts contrariwise.

    ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယား ကားယား။

    Husband and wife are like tongue and teeth.

    လင်နဲ့မယား လျှာနဲ့သွား။

    I have no money to pay the debt and no land abscond to.

    ပေးစရာ ငွေမရှိ၊ ပြေးစရာ မြေမရှိ။

    If a needle can pierce it don’t chop with an axe.

    အပ်ဖြင့် ထွင်း၍ရလျှင်၊ ပုဆိန်ဖြင့် မခုတ်ရ။

    If the beginning is good, the end must be perfect.

    အစကောင်းလျှင် အနှောင်းသေချာမည်။

    If the cattle are scattered the tiger seizes him.

    နွားကွဲလျှင် ကျားဆွဲမည်။

    If the fire is greater the fire wins; if the water is greater the water wins.

    မီးများ မီးနိုင်၊ ရေများ ရေနိုင်။

    If the thorn falls the leaf is pierced; if the leaf falls the leaf is pierced.

    ဆူးပေါ်ဖက်ကျလျှင် ဖက်ပေါက်သည်။ ဖက်ပေါ်ဆူးကျလျှင် ဖက်ပေါက်သည်။

    If there is a question, there is also an answer.

    အမေးရှိလျှင် အဖြေရှိသည်။

    If you carry the world” No” with you, you will never be poor even in old age.

    ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ။

    If you do not know, ask; if it not clean, wash.

    မသိလျှင်မေး၊ မစင်လျှင်ဆေး။

    If you don’t believe me , ask my wife.

    မယုံရင် ငါ့မယားကိုမေး။

    If you want to go fast, go the old road.

    အလျင်လို လမ်းအိုလိုက်။

    If you desire is great you obtain little.

    အလိုကြီးက အရနည်းသည်။

    Ignorance is more troubles me than poverty.

    မရှိတာထက် မသိထာခက်သည်။

    In a basket it is the binding, in a man it is his clothes.

    တောင်းမှာအကွပ်၊ လူမှာအဝတ်။

    In a forest where there is no heart-wood the castor-oil plant rules.

    အနှစ်မရှိတဲ့တော ကြက်ဆူပင် မင်းမူ။

    In another’s eyes, but in his own eyes he sees no dirt.

    အခြားလူများ၏ မျက်ချေးကိုမြင်၍ ကိုယ့်မျက်ချေးကိုယ်မမြင်။

    In journeying at improper time, one step; in eating improper food, one mouthful is sufficient to course mishap.

    အစားမတော် တစ်လုပ်၊အသွားမတော် တစ်လှမ်း။

    It is for bird to fly and die; it is for man t5o scheme and die.

    ငှက်သည် ပျံရင်းသေသည်။ လူသည် ကြံရင်းသေသည်။

    It’s like threading a dog’s crooked tail through a joint of bamboo.

    ခွေးမြီးကောက် ကျည်တောက်စွပ်သလို။

    Just as the breeze carries the flower’s fragrance, so do men carry men’s news.

    ပန်းသတင်း လေညှင်းဆောင် လူသတင်း လူချင်းဆောင်။

    Just when he wants to cry you touch him.

    ငိုချင်လျက် လက်တို့။

    Karma is the mother and karma is the father.

    ကံသာလျှင် အမိ၊ ကံသာလျှင် အဖ။

    Karma watches over your property; your intellig- ence watches over your life.

    ဥစ္စာကံစောင့်၊ အသက်ဉာဏ်စောင့်။

    A lazy man lies flat on his back, a lazy woman stretches out her legs.

    ယောက်ျားပျင်းတော့ ကျောခင်း၊ မိန်းမပျင်းတော့ ခြေဆင်း။

    Let enmity stops short, but love lingers on.

    ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ။

    Let them know about it but not see it.

    သိတာသိစေ မမြင်စေနဲ့။

    Like father and grandfather alike.

    ဘမျိုးဘိုးတုူ။

    Loss of good is one day spoiled; loss of a hrsband is a ruined life.

    ကုန်ရှုံးတော့ တစ်ရက်၊ လင်ရှုံးတော့ တစ်သက်။

    A man does not lose his life if the time at which he is fated to die is not arrived.

    သေနေ့မစေ့သေးလျှင် မသေ။

    The man from hell is not afraid of hot ashes.

    ငရဲကလူ ပြာပူမကြောက်။

    Mice cease to fear the cat

    when she is too old.

    ကြောင်အို ကြွက်မလေး။

    Minds together, bodies apart.

    စိတ်ပေါင်းကိုယ်ခွာ။

    Moderation is medicine, excess is peril.

    လွန်ရင်ဘေး၊ တန်ရင်ဆေး။

    The moon shinning in the hollow of the bamboo.

    ဝါးလုံးခေါင်းထဲ လသာ။

    More money always wins the cause.

    ငွေများ စကားနိုင်။

    A motherless son is a fish in low water.

    အမိမဲ့သား ရေနည်းငါး။

    Near a fisherman one is a fisherman; near a hunter a hunter.

    တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး။

    No lawyer is infallible, nor a doctor immortal.

    မမှားသော ရှေ့နေ၊ မသေသော ဆေးသမား။

    The oar broke while the boat was going.

    လှေလှော်ရင်း တက်ကျိုး။

    Offering a sword-hilt to a thief.

    သူခိုး အရိုးကမ်း။

    Old bullocks are partial to tender grass.

    နွားအို မြက်နုကြိုက်။

    Once you have died you know how to lay out the corpse.

    တစ်ခါသေဖူး ပျဉ်ဖိုးနားလည်။

    One can but fall to earth or rise to the golden umbrella.

    သေမြေကြီး ရှင်ရွှေထီး။

    One capable many and a force of ten thousand was crushed.

    တစ်ယောက်ကောင်းက တစ်သောင်းဗိုလ်ခြေ ညက်ညက်ကြေ။

    One day, six feet, where will Bagan move to ?

    တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့။

    One day to die, and one day to born.

    သေတစ်နေ့ မွေးတစ်နေ့။

    One in a thousand mothers bears such sons.

    မတစ်ထောင် တစ်ကောင်ဘွား။

    One mouthful of unsuitable food, one imprudent step may lead to peril.

    အစားမတော်တစ်လုပ်၊ အသွားမတော် တစ်လှမ်း။

    One needs a full stomach to keep the precepts.

    အူမတောင့်မှ သီလစောင့်နိုင်မည်။

    One seasum seed will not make oil.

    နှမ်းတစ်စေ့နှင့် ဆီမဖြစ်နိုင်။

    One should not open the mouth for a presentation cow and look at the teeth.

    အလကားရသည့်နွားကို သွားဖြဲမကြည့်သင့်။

    One’s bed is a throne if one thinks to be so.

    ကိုယ်ထင်လျှင် ခုတင်ရွှေနန်း။

    Only the sufferer knows how his belly aches.

    ကိုယ်ဝမ်းနာ ကိုယ်သာသိ။

    Only when the thief has run away do the tatto spots show their power.

    သူခိုးပြေးမှ ထိုးကွင်းထ။

    Picking up frogs with a perforated bag.

    ပလိုင်းပေါက်နှင့် ဖားကောက်။

    Pinning for the aunt rather than the mother.

    အမေကျော် တွေးတော်လွမ်း။

    Playing a harp before a buffalo.

    ကျွဲပါးစောင်းတီး။

    Pot against pot, the pots will touch; ropes together, the ropes will tangle.

    ကြိုးချင်းထား ကြိုးချင်းထိ၊ အိုးချင်းထား အိုးချင်းထိ။

    The price of the hook(goad) is greater than the prick of the elephant.

    ဆင်ဖိုးထက် ချွန်းဖိုးကကြီး။

    Property is guarded by luck.

    ဥစ္စာကံစောင့်။

    Rain water leaks through the roof-top.

    ခေါင်က မိုးယို။

    Riding on the same boat, going on the same journey.

    တစ်လှေတည်းစီး တစ်ခရီးတည်းသွား။

    Rubbing liniment on the unaffected spot.

    မရောင်ရာ ဆီလူး။

    Said to be marrying a captain, she married a sailor.

    ကျော်တော့လှေသူကြီး ညားတော့ လှေထိုးသား။

    Searching for a lime before he gets the hare.

    ယုန်မရခင် သံပရာရှာ။

    Seeing the bark you know the tree; seeing his expression you know his character.

    အပွေးမြင် အပင်သိ၊ အသွေးမြင် အသွင်သိ။

    Setting fire to the grannary because one cannot beat the mice.

    ကြွက်မနိုင် ကျီမီးနဲ့ရှို့။

    She wears the flower when it has a sweet scent, but disards it when it has lost its scent.

    မွှေးလျှင်ပန်၊ နံလျှင်ပစ်။

    Silence is worth a thousand pieces of silver.

    ဆိတ်ဆိတ်နေ ထောင်တန်။

    The snare was set to catch a hare but the cat was caught.

    ယုန်ထောင် ကြောင်မိ။

    The son is one month older than his father.

    အဖေထက် သားတစ်လကြီး။

    The stick falls on the sore.

    အနာပေါ် တုတ်ကျ။

    Store up the water while it rains.

    The strongest young bullock is only as strong as an old bullock with a broken leg.

    နွားပျိုသန်လှ နွားအိုပေါင်ကျိုးသလောက်ပဲ ဖြစ်သည်။

    Sugar-cane is sweet always, man only sometimes.

    ကြံသည် အစဉ်ချိုသော်လည်း လူသည် အစဉ် မချို။

    Taking shelter in the shade of a tree and breaking off the branches.

    အရိပ်နေနေ၊ အခက်ချိုးချိုး။

    Teaching a monk to read; showing an alligator king the water business.

    ဘုန်းကြီးစာချ၊ မိကျောင်းမင်း ရေခင်းပြ။

    Teasing eventually turns to quarrel.

    အကျီစားသန်လျှင် ရန်ဖြစ်သည်။

    Teeth that are going to chew for a long time must aviod bones.

    ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်။

    A thing floats when it gets rotten; the news, if not true will not spread.

    ပုပ်လျှင်ပေါ်၊ ဟုတ်လျှင်ကျော်။

    Those who are unaware walt over it, those who are aware unearth it and eat it.

    မသိသူကျော်သွား သိသူဖော်စား။

    Throwing sand at the meat he cannot eat.

    မစားရတဲ့အမဲ သဲနှင့်ပက်။

    The tiger who courts death moves to another jungle.

    သေချင်တဲ့ကျား တောပြောင်း။

    Timidity relieves one of responsibitity.

    ကြောက်တတ်လျှင် ဝန်ကင်းသည်။

    To be ignorant is worse than being poor.

    မရှိတာထက် မသိတာခက်။

    To dig one’s grave with one’s own hands.

    ကိုယ့်သေတွင်း ကိုယ်တူး။

    Too many doctors and the son dies.

    ဆရာများ သားသေ။

    Too much carp makes the curry in stupid.

    ငါးသိုင်းများ ဟင်းဟုံ။

    Too much talk will include errors.

    စကားများလျှင် အမှားပါမည်။

    The top of a pinnade now, firewood soon.

    မှန်ကင်းတစ်လှည့် ထင်းတစ်လှည်။

    Travelling by raft and yet thirsty.

    ဖောင်ဆီးရင်း ရေငတ်။

    Trust a slave you lose an eye; trust your childrin you lose both.

    ကျွန်ယုံတော့ တစ်လုံးကန်း၊ သားသမီးယုံတော့ စုံလုံးကန်း။

    Unitl timber is available, use bamboo as a girder.

    သစ်မရခင် ဝါးကူ။

    A village ox does not feed on village grass.

    ရွာနားကမြက် ရွာနွားမစား။

    Water falling into sand.

    သဲထဲ ရေသွန်။

    Wax will show the quality of gold.

    ရွှေအကြောင်း ဖယောင်းသက်သေတည်။

    When an elephant shrinks it’s still a buffalo.

    ဆင်ပိန်တော့ ကျွဲ။

    When diamonds are being sold, the tobacco-stalk verchant is in the way.

    စိန်ကောင်းကျောက်ကောင်း ရောင်းနေသည့် အခါ၌ ဆေးရိုးသည်က ကန့်လန့်ကန့်လန့်။

    When I work for my living the rains are sconty, when I sted for my living the dogs bark.

    လုပ်စားတော့ မိုးခေါင်၊ ခိုးစားတော့ ခွေးဟောင်။

    When in agony a mother will even deny being related to her son.

    ကိုယ်မချိ အမိသော်လည်း သားတော်ခဲ။

    When the disease is not known there is no remedy.

    အနာမသိ ဆေးမရှိ။

    When your strength is not sufficient, humble yourself.

    အားမတန် မာန်လျှော့။

    Where there is a question, there must be an answer.

    အမေးရှိလျှင် အဖြေရှိရမည်။

    While being troubled by snakes, he is harassed by centipedes.

    မြွေပူရာ ကင်းမှောင့်။

    The whole boat is putrid because of a single carp.

    ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်။

    A woman’s modesty cannot be bought with gold.

    မိန်းမတို့အိန္ဒြ ရွှေပေး၍မရ။

    You will face a hundred peoblems in your lifetime though you may not live that long.

    အသက်တစ်ရာမနေရသော်လည်း အမှုတစ်ရာတွေ့ရ။

    Sorry ဒီစကားပုံတွေက ဘယ်ဆိုဒ်ကကူးမှန်း မမှတ်မိလို့ဆိုဒ်ရှင် ကိုတောင်းပန်ပါတယ်။
    ဒီမှာလည်းမြန်မာ စကားပုံတွေ အများကြီးပဲ..စကားပုံချစ် သူများသွားရောက်ဖတ်ရှုနိုင်ပါ သည်။
    http://www.mmproverb.com/

    ဂေဇတ်စာကြည့်တိုက်ထဲ စာပေဖတ်ရှု ့ရင်ပျော်ရွှင်ပါစေ

    လေးစားခင်မင်သော

    • TTNU

      October 10, 2011 at 10:48 pm

      ရွှေရေ
      တီချာ ကူးယူပြီး ကျေးဇူးတင်နေတယ်။ Website လည်းကူးထားပေမဲ့ တစ်ခါတစ်လေ ဘာမှဝင်မရ
      တဲ့အခါ ဘာမှမလုပ်တတ်လို့လေ။

  • youngcat

    October 10, 2011 at 9:23 am

    ကျေးဇူးတင်ပါတယ်ဆရာမကြီးခင်ဗျာ၊ MG မှာ လိုင်းစုံ ကန္တ စုံက ပညာရှင်တွေရှိနေတဲ့အတွက်
    အတော်ကောင်းမွန်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့အမှားနဲ့လိုအပ်ချက်ကိုအပြုသဘောနဲ့ ဝိုင်းဝန်း
    ဆွေးနွေးလိုက်ရင် ကာယကံရှင်အပါအဝင် အခြားမသိသေးသူတွေအတွက် ဗဟုသုတတွေ
    အတော်တိုးတက်လာပါတယ်၊ သိပြီးသားလူတွေအတွက်တော့ အနှောက်အယှက်ဖြစ်တယ်လို့
    သဘောမထားကြနဲ့ပေါ့။ အမှားသိမှ အမှန်ပြင်လို့ရမှာပါ။
    စကားမစပ်၊ ဆရာမကြီး ရယ်ကျွန်တော်တို့ကို တချက်လောက်တော့လှည့်ကြည့်သင့်ပါတယ်။
    ခင်လို့စတာပါဆရာမခင်ဗျာ။

  • youngcat

    October 10, 2011 at 9:33 am

    Good တယ်ဗျာတစ်ပုံကြီးပဲ၊
    ရွှေအိမ်စည်ရေ ကျေးဇူး၊ကျေးဇူး။

Leave a Reply