ကိုပေါက်လမ်းသလားနေသည်အပိုင်းကိုုး (ဟိုဘက်ရောက်ဒီဘက်ရောက်လမ်းလျှောက်တဲ့ကိုပေါက်)

“ကိုပေါက်လမ်းသလားနေသည် အပိုင်း(၉)”
(ဟိုဘက်ရောက်ဒီဘက်ရောက်လမ်းလျှောက်တဲ့ကိုပေါက်)
ကျနော်လမ်းလျှောက်ဘို့သာထွက်လာတယ် ဘယ်ဘက်ကိုသွားလို့ သွားရမှန်းမသိပါဘူး။
အဲဒါနဲ့တည်းခိုခန်းကထွက် အရှေ့ဘက်လမ်းကျယ်ကြီးလဲရှိတောင်တန်းကြီးလဲရှိတဲ့ဘက်ကိုထွက်ခဲ့ပါတယ်။
နောက်မှသိရတာကတော့ အဲဒီလမ်းမကြီးက ပင်မလမ်းမကြီးပါဘဲ။
လမ်းမကြီးကလေးလမ်းသွား ကျနော်ထွက်လာခဲ့တဲ့ နာရီစင်တည့်တည့်လမ်းက မြို့မဈေးကြီးရဲ့တောင်ဘက်ခြမ်း၊
သူ့ရှေ့တည့်တည့်မှာလဲ ထီးတိုင်တွေချထားတဲ့သစ်သီးဈေးလေးတန်းကလေး။
တစ်ယောက်ခြင်းရော သုံးလေးယောက်အုပ်စုလိုက်ရော ကျန်းမာရေးအတွက်လမ်းလျှောက်ထွက်သူတွေရှိပါတယ်။
ကြည့်လိုက်တော့ မြို့တောင်ဘက်ကို လမ်းလျှောက်ထွက်ကြတာကိုတွေ့ရပါတယ်။
သူတို့လိုဘဲတောင်ဘက်ကိုသွားမယ်ဆိုကွေ့လိုက်တော့ ခန့်ထည်တဲ့အဆောက်အဦကြီးတွေ့ရပါတယ်။
“ကမ္ဘောဇဘဏ်”ပါတဲ့ ။
အဆောက်အဦးရှေ့မှတော့ ပန်းခြံတွေနဲ့လှလှပပ။
အဲဒီတောင်ဘက်ခြမ်း ကို မသွားသေးဘဲဆန့်ကျင့်ဘက်အရပ်ဖြစ်တဲ့ မြောက်ဘက်ကိုနည်းနည်းလေးသွားလိုက်တော့ဟိုး အရှေ့ဘက်ကို တက်တဲ့လမ်းမကျယ်ကြီးတွေ့တာနဲ့ အပေါ်ဘက်ကိုတက်ပြီး ဆက်လျှောက်နှစ်ပြလောက်ရောက်တော့ မီးပွိုှုင့်လေးတွေ့ပါတယ်။
မီးပွိုင့်လေးကနေလှမ်းကြည့်တော့ ကိုယ့်ရှေ့တည့်တည့်မှာ သစ်ပင်တွေနဲ့စိမ်းမှောင်နေတဲ့တောင်ကြီး။
ဟိုး…………………အစွန်ဆုံးမှာတော့ တောင်ထွတ်အငူလေး။
ဈေးကြီးကနေလမ်းမကျော်ပြီးအရှေ့တက် မန်းလေးအခေါ် 2ပြလောက်လျှောက်လိုက်တော့ ဒီအရှေ့မြို့ပါတ်လမ်းပေါ်ရောက်သွားပါတယ်။

အရှေ့မြိုပါတ်လမ်း ကမြင်ရတဲ့မြို့အရှေ့ဘက်က တောင်တန်း

ကျနော်ရောက်နေတဲ့နေရာလေးကတော့ အရှေ့မြို့ပါတ်လမ်းပါတဲ့။
မနက်စောစောမို့လားမသိဘူးဖြောင့်တန်းညီညာနေတဲ့လမ်းပေါ်မှာလူရှင်းပါတယ်။
နောက်ပြီးစီးသွားကြတဲ့ဆိုင်ကယ်တွေကလဲ အေးအေးဆေးဆေး။
မန်းလေးမှာဆိုရင်တော့ ဒီလိုလူရှင်းတဲ့လမ်းမှာ လီဗာအသားကုန်ဖြဲ တဗြဲ ဗြဲနဲ့ မိုင်ကုန်မောင်းလိုက်ကြမှာအသေအချာပါဘဲ။
မန်းလေးမှာ မနက်လမ်းလျှောက်ထွက်ရင်နောက်ကလာနေတဲ့ဆိုင်ကယ်သံကိုနားစွင့်နေရပါတယ်။
ဝင်တိုက်သွားမှာစိုးလို့ပါ၊
လမ်းဘေးမှာတော့ မဖွင့်သေးပေမယ့်ဆိုင်းဘုတ်ကလေးတွေကိုယ်စီတပ်ထားတဲ့စားသောက်ဆိုင်လေးတွေက လဲ ခပ်စိပ်စိပ်။တောင်ကြီးမြို့မနက်ခင်းရဲ့ ရာသီဥတုကလဲအေးအေး သွားလာနေတဲ့လူတွေကလဲ ခပ်ဖြည်းဖြည်း။
အဲတော့ ကျနော့်စိတ်ထဲမှာလဲ အလိုလိုအေးချမ်းလို့လာပါတယ်။

လမ်းကလေးက သာသာယာယာ လမ်းရှင်းရှင်း လေအေးအေး လူတွေကလဲ အေးဆေး မန်းလေးလိုဆူညံနေတဲ့မြို့နဲ့တော့ အေးချမ်းတာခြင်းကွာ
အဝေးမှာတော့ တောင်ထွတ်ကြီးက လှတပတ။

တိတ်ဆိငြိမ်သက်လို့ နေချင်စဖွယ်မြို့ကလေးက အရှေ့မြို့ပါတ်လမ်းမ

တောင်ဘက်ကို နှစ်ပြလောက်လျှောက်ပြီးသွားပြီး အောက်ဖက်ကိုကွေ့ဆင်းလိုက်တော့………..
အဝေးမှာတောင်ထွတ် အနီးမှာတော့ ခရမ်းရောင်နွယ်ပင်လေးက ခြံစည်းရိုးပေါ်မှာ

အဲဒီလမ်းလေးအတိုင်းသွားရင်းအောက်ဖက်ကိုကွေ့ဆင်းလို့ရတဲ့လမ်းကလေးအတိုင်းသွားလိုက်တာ
အင်မတန်လှပတဲ့ ခရစ်ယာန်ဘုရားကျောင်းကြီးကို တွေ့လိုက်ရပါတယ်။
ဘေးဘက်လှည့်ကြည်တော့ ကိုယ် ကိုးကွယ်တဲ့ဘာသာမဟုတ်ပေမယ့်လဲ ခရစ်ယာန်ချာချ်ကျောင်းကြီးမြင်ရတော့ ငယ်ငယ်ကနေခဲ့တဲ့ သာသနာပြုကျောင်းကြီးကို သတိရ
လှပခန့်ညားပါပေတယ်
ခဲရောင် တောက်ပနေတဲ့ ဘုရားကျောင်းကြီးကို တွေ့ရတော့ ငယ်ငယ်တုန်းက နေခဲ့ရတဲ့ စိန်ပီတာကျောင်းရဲ့အနောက်ဖက်
သံဝင်းထဲက ချပ်ချ်ကျောင်းတွေကို သွားသတိရလိုက်မိပါသေးတယ်။

လှပခန့်ငြားသော ချာချ်ကျောင်းတော်ဘေးတိုက်မြင်ကွင်း

ရှေ့တည့်တည့် ကဓါတ်ကြိုးတွေက အလှဖျက်နေသလို ဒါပေမယ့်လဲ ရှောင်လို့မရ
ချာချ်ကျောင်းရှေ့မြင်ကွင်းပါ

အဲဒီနေဆက်သွားလိုက်တော့နှစ်လမ်းသွားလမ်းမကျယ်ကြီးပေါ်ပြန်ရောက်သွားပါတယ်။
မနက်ခင်းကျန်းမာအရေးအတွက်လမ်းလျှောက်သူတွေလဲ အများကြီး။
သူတို့သွားတဲ့လမ်းအတိုင်းဆက်လို်က်သွားပါတယ်။
မေးကြည့်တော့ အဲဒီလမ်အတိုင်းဆက်သွားမယ်ဆိုရင်တဲ့ မြို့တောင်ဘက်မှာရှိတဲ့စူဠာမုနိလောကချမ်းသာစေတီကို
ရောက်သွားမယ်လို့ပြောပါတယ်။
ဒါနဲ့ဆက်လျှောက်သွားတော့ လမ်းဘေးမှာ ပန်းလေးတွေတွေ့ရပါတယ်။
လှတယ်လို့ ထင်မိပါရဲ့။
ထုံးစံအတိုင်းငေးရင်းမောရင်းလမ်းဘေးမှာတွေတဲ့ပန်းလေးတွေကို မှတ်တမ်းတင်မိပြန်ရော။
လမ်းဘေးက ပန်းပေမယ့် အရွက်စိမ်း ဝိုင်းဝိုင်းလေးက ချစ်စရာ

မြေကောင်းတဲ့မြို့ဆိုတော့ပန်းပင်လေးတွေလဲ စိုလက်တောက်ပလု့ိပါ
လမ်းလျှောက်ရင်းတွေ့ရတဲစိမ်းစိမ်းစိုစိုနဲ့ပန်းလေးတွေ

ဒေစီပန်းလှလှလေးတွေ
ပုစွန်ဆီရောင် အသွေးနဲ့ဒေစီ

ပန်းရောင်အသွေး
အနီရောင်ဒေစီ
ကြက်သွေးလိုလို အနီလိုလို

အဲဒီဘက်နေ အောက်ဖက်ကိုဆင်းလာတော့ ကျနော်ပထမရောက်တဲ့လမ်းမကျယ်ကြိးပြန်ရောက် တောင်ဘက်ကိုလူတွေလမ်းလျှောက်သွားတာတွေ့လို့ သူတို့သွားတဲ့
ဘက်ကိုလိုက်သွားမိပါတယ်။
ဟိုးဝေးဝေးမှာ စေတီလေးတစ်ဆူ

လမ်းမှာတွေ့ရတာက တစ်ပင်လုံးဝါထိန်နေတဲ့မယ်ဇလီပင်ပါ။
တောင်ကြီးနေရာတော်တော်များများမှာ တပင်လုံးဝါထိန်နေတဲ့မယ်ဇလီပင်အတော်များများကိုတွေ့ရပါတယ်။
အဝါရောင်လွှမ်းနေတဲ့ တောင်ကြီးက မယ်ဇလီပင်

ဒါကလဲလမ်းမှာတွေ့တဲ့မယ်ဇယ်ပင်ပါဘဲ။
တောင်ကြီးကလူကတော့ ဒီပုံမြင်တာနဲ့ ဘယ်နားဆိုတာ တန်းသိမယ်ထင်ပါရဲ့။
ပန်းဝါဝါ မယ်ဇလီ

အဲဒါနဲ့ဘဲဘုရားကိုနောက်မှ မဒမ်ပေါက်နဲ့သွားမယ်ဆိုပြီး ပြန်လှည့်လို့လာခဲ့ပါတယ်။
မြိုအရှေ့ဘက်ကတောင်ပေါ်မှာစေတီတစ်ဆူ အနောက်ဘက်မှာလဲစေတီတစ်ဆူ။
အတော်လေးမြင့်တာကိုတွေ့ရတော့ သွားဖူးဘို့ စိတ်မကူးရဲပါဘူး။
အဲလောက်အမြင့်ကြီးမတက်နိုင်တာသေချာပါတယ်။
အပြန်လမ်းဘေးတစ်ဘက်တစ်ချက်မှာတော့ စတိုးဆိုင်တွေပိုများတယ်ထင်ပါတယ်။
လက်ဖက်ရည်ဆို်င်လေးတစ်ဆိုင်ကို လွန်လာတော့ မြို့လည်ခေါင်မှာ ကြီးမားတဲ့ဇရပ်ကြီးတစ်ဆောင်။
အထည်ဆိုင် ဖိနပ်ဆိုင် လျှပ်စစ်ပစ္စည်းဆိုင်စုံတော့အတော်လေးစုံတဲ့စတိုးဆိုင်တန်းကြီးပါဘဲ။
ဒီလိုဘဲလျှောက်ရင်းနဲ့တည်းခိုခန်းပြန်ရောက်လာပါတယ်။
တည်းခိုးခန်းကလေးထပ်ဆိုတော့ ကလေးတွေကိုမေးကြည့်မိပါတယ်။.
အပေါ်တက်ပြီးဓါတ်ပုံရိုက်လို့ရမလားဆိုတော့ ခေါင်းညိတ်ပြပြီးကလေးတစ်ယောက်က သော့လိုက်ဖွင့်ပေးပါတယ်။
မိုးကြောင့်အုံ့မိူင်းပြီး မြိူခိုး မိုးတိမ်တွေနဲ့ဝေနေတဲ့ကြားက တောင်ကြီးမြို့က အိမ်တွေကို မှတ်တမ်းတင်ခဲ့ရပါတယ်။
ရူ့ခင်းများကတော့ ရင်သပ်ရူ့မောလို့ မပြောနို်င်ပေမယ့် လှပတဲ့မြင်ကွင်းတွေကြောင့်ဓါတ်ပုံရိုက်ရင်းကို မင်သက်မိသလို
ငေးမောမိတာကတော့ အမှန်ပါဘဲ။

မိူးမြူမူံကြားကတောင်ကြီးမြို့
နိုးထစ တောင်ကြီးမြို့
မသဲမကွဲ မြင်ကွင်းက ရင်သပ်ရူ့မော
တောင်ကြိးရဲ ့နေ့သစ်ကို ဈေးကလေးတွေနဲ့စဖွင့်လိုက်ပါပြီ

ဓါတ်ပုံရိုက်ပြီး အောက်ပြန်ဆင်း၊ခဏနားပြီးရေချိုး မဒမ်ပေါက်ကိုနိုးပြီး
မြို့တောင်ဘက်က ဘုရားကို သွားကြဘို့ သံချောင်းခေါက်ရပါတော့တယ်။

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(9-10-2011)
ဆက်လက်ဖော်ပြပါမည်။

11 comments

  • နောက်လာမည့်အပိုင်းတွင် ဘုရားဖူးကြရင်း တောင်ကြီးမြို့ကိုအပေါ်စီးက ကြည့်ကြရအောင်လို့
    ကြော်ငြာဝင်ထားပါတယ်။

  • thit min

    October 10, 2011 at 9:38 am

    ကိုပေါက်ရေကြည်နူးစရာတွေမို့ကျေးဇူးပါဗျာ။

    တောင်ကြီးအလှ
    ရိုးမဆင့်ချယ်
    တင့်တင့်တယ်ရ
    သွယ်လျတန်းတန်း
    မြို့ပတ်လမ်းလျှောက်
    ဒီတခေါက်မှာ
    မီးခိုပြာသွေး
    ချပ်ပ်ကျောင်းကြီးလျှင်
    ထည်းထည်းထင်ရှား
    ဝင့်ဝင့်ကြွားလှ
    ငယ်ဘဝကို
    တသသဆိုတွေး
    ခဏလေးမင်သက်
    ဒီတချက်ပေါ့
    သော့သော့လေးလျှောက်
    လမ်းပေါ်ရောက်ခိုက်
    ဆိုက်ဆိုက်မြိုက်ကြို
    တောက်ပစိုလက်
    သွေးယှက်ရောင်ဆန်း
    ဖူးပွင့်ပန်းတို့
    စိတ်ကိုလန်းသည်
    ဟိုးဝေးဆီမှ
    မှိုင်းပြမှုံရီ
    မြတ်စေတီလည်း
    စိတ်ထဲဦးခိုက်
    ကြည်နူးလိုက်ရ
    ဒီခဏမှ
    လှပမယ်ဇလီ
    ဝါဝါစီသား
    ပင်လုံးကြွားတင့်
    အလှဆင့်မို့
    သွင်တင့်တောင်ကြီး
    ရှူမငြီးပြီ
    ပီတိအပြုံး
    ကျွန့်နှလုံးမှာ
    ဖုန်းလွှမ်းအထူး
    သင့်ကျေးဇူးကို
    ကဗျာဆိုမှတ်
    ဆပ်ပါကြောင်း…….။

    (^^)
    သစ်မင်း

  • ရွှေအိမ်စည်

    October 10, 2011 at 9:49 am

    အခုတော့မသိဘူး…လွန်ခဲ ့တြ ့10နှစ်လောက်က
    တောင်ကြီးတမြို ့လုံးရေချိုးဖို ့ယူတဲ ့ကန်ရှိတယ်…..
    .အဲ ့ဒိကန်ထဲ ကရေကိုယူပြီးရေချိုးရတဲ ့နေရာကိုသယ်တာ..သွားယူကြတာတွေ ့ဘူးတယ်..
    အဲ ့ဒိအရွယ်တုံးကဓါတ်ပုံရိုက်ဘာညာမသိဘူးလေ…..
    အမလေး..ကျနော်ဟော်တယ်ပြန်ရောက်တော့ရေသန် ့ဘဲနဲ နဲ နဲ ့လောက်အောင်းချိုးတော့တယ်။
    နောက်ပြီးရေကလည်းရေသန် ့ဗူးရေကဘဲမျက်နှာသစ်ရတယ်နော်..။
    ကျနော်လည်းစပ်စပ်စုစု..သိချင်လို ့လိုက်သွားမိတာကိုး
    တကယ်ဗျာ..ညစ်ပတ်လိုက်တာ..
    အဲ ့ဒိကန်ကြီးကရေ ကို ဟိုတယ်ကလည်း ရေသန် ့စက် ပြန်မသုံးတာတော့သေချာတယ်..။

    အင်းထဲ မှာလည်းရေမချိုးဘူး..(အဲ ့ဒိဒေသကအေးတာနြေ ့တော့အတော်ပါဘဲ)
    ဟာ…..ကျနော်ကပေါက်ပေါက်ရှာရှာအကုန်လိုက်ကြည့်ထားတာ
    အားလူးကြော်နဲ ့ဘဲထမင်းစားနိုင်တယ်။

    မြို ့အနေနြ ့ကတော့အရမ်းလှပါတယ်..။ကိုပေါက်ရောက်တာတော့ပိုလှနေတဲ ့အချိန်..အရမ်းတိုးတက်နေတာဘဲ…..

    ရေစနစ်အခုတော့ပြောင်းရင်ကောင်းမှာဘဲ..။ကနော်ကတော့..တောင်ကြီးအကြောင်းတွေးရင်…
    ကျနော်ရှာရှာဖွေဖွေသွားကြည့်မိတဲ ့နေရာကိုသတိယတယ်

  • blackchaw

    October 10, 2011 at 10:00 am

    ဘုရားကျောင်းပုံတွေက နိုင်ငံခြားမှာပဲ ရိုက်ထားသလိုလို ဘာလိုလိုနဲ့။
    ဓါတ်ပုံလေးတွေကို ပိုသဘောကျမိတယ်။ မနက်စောစော အပင်ပန်းခံ
    လမ်းလျှောက်ရင်း ရိုက်ထားတာလို့ထင်တယ်။ ကိုပေါက် ကို အားကျလို့
    ကျွန်တော်လည်း ခရီးသွားဓါတ်ပုံတွေရိုက်ဘို့ ကြံနေတာ။ ကျေးဇူးပါ။

  • Diamond Key

    October 10, 2011 at 11:30 am

    ကိုပေါက်ရေ ၊ ဟိုဖက်ဒီဖက် လမ်းဆက်လျှောက်ဗျို့။
    ဒါမှ ဟိုဒီ Scenes လေးတွေ ထပ်တွ့ရတာပေါ့။

  • windtalker

    October 10, 2011 at 12:20 pm

    ကိုပေါက်တည်းခဲ့တာ
    ဧရာဝတီ ဘဏ်နား က
    ဟော်တယ် မှာ ပဲ
    ဖြစ်ရမယ်
    ဟုတ်တယ်ဟုတ်

  • ရွှေဘိုသား

    October 10, 2011 at 4:31 pm

    ကိုပေက သေချာလှချည်လား အဲဒီ ဟော်တယ်က တစ်ယောက်ထဲ တည်းလို.မရဘူးနော်လေးပေါက်
    ဘယ်သူနဲ.လည်း

  • ရွှေအိ်မ်စည်ရေ
    အခုအခါမှာတော့ တောင်ကြီးမြို့မှာရေပေါပါတယ်။
    အခက်အခဲမရှိ။
    မိုးတွင်းမို့လားတော့ မသိဘူး။
    ဘလက်ချောရေ
    ဓါတ်ပုံလေးတွေရိုက်ရင်းလျောက်တော့ မမောဘဲနဲ့ရောက်မှန်းမသိရောက်သွားပါတယ်။

    ဟုတ်ပါတယ်ကိုပေရေ ဧရာဝတီဘဏ်နဲ့မျက်စောင်းထိုးမှာပါ။
    ရွှေဘိုးသားရေ ဘယ်သူနဲ့သွားမယ်ထင်ပါသလဲ။
    တွေးကြည့်စမ်းကွာ…………..

    • windtalker

      October 10, 2011 at 6:17 pm

      ဟိုတစ်ခါ ဖတ်ရတဲ့ ပို ့စ်တစ်ခု မှာ ကြားဖူးတာကတော့
      ကားသမား ဖြစ်ဖူးတယ် ဆိုလားပဲ
      ဒီတော့က…အင်း..တွေးတော့ပါဘူး ဂျာ
      ဟီဟိ

  • naywoonni

    October 10, 2011 at 6:39 pm

    ကိုပေါက်ရေ…. ကျွန်တော်သာ ပန်းပင်ဆိုရင် ခင်ဗျားရှေ့ ပန်းမပွင့်ရဲပါဘူး..။ ဘာလို့ဆို ဓါတ်ပုံ ရိုက်ခံရမှာကြောက်လို့…….. ဟီးး နောက်တာ…… 😛 ခင်ဗျားက ပန်းမြင်ရင် လက်က တန်းနှိပ်တာကိုး ဗျ(ကင်မရာခလုပ်ကိုပြောတာ)

Leave a Reply