အလင်းဆက်၏ မှတ်စုစာအုပ် ( ငယ်ရွယ်သူများ..မ ဖတ်ရ ။)

alinsettOctober 9, 20111min8010

လင်း…ရဲ ့ ထိန်းချုပ်နိုူင်စွမ်းရှိမှုဟာ… ကျွန်မရဲ ့ မျှော်လင့်ချက်တွေကို အစိတ်စိတ် အမွှာမွှာ..ခွဲ ချေ လိုက်သလို ပါပဲ..။

လင်း…ဘယ်လို ခံစားနေရမယ်ဆိုတာ ..ကျွန်မ မတွေးတတ်ဘူး။ ဒါပေမယ့် လင်းကို ကျွန်မ နားမလည်ဘူး။
သေချာတာ တစ်ခုကတော့..လင်း..ကျွန်မကို မလိုအပ်ခဲ ့ဘူး..။။
*******************************

ချစ်သူရေ… ဒီတောအုပ်ကလေးမှာ အလင်းတွေ ရပ်တန် ့သွားင်္ပြီ ။

မင်းပြောခဲ ့သလို မင်းကို ကိုယ်မလိုအပ်ဘူး လို ့ပဲ..ထားလိုက်ပါတော့ကွယ်…။
ကိုယ် ့ရဲ ့ ထိန်းချုပ်နိုူင်စွမ်းရှိမှုက မင်းရဲ ့မျှော်လင့်ချက်တွေကို ဖျက်ဆီး ပစ်ခဲ ့တယ်လား…။

မင်းလေးရဲ ့ဘဝ မှာက မျှော်လင့်ချက်တွေပဲ..ပျက်သွားတာပါ။

ကိုယ်ကတော့…နှလုံးသားရဲ ့လောင်ကျွမ်းနေတဲ ့မီး..အပူကြောင့် ဘဝတစ်ခုလုံး..ပြာ ကျ သွားရတာပါ..။
*******************************

သူမ မပါဝင်သောအခါ သွားနေကျ ဥယာဉ်ကလေး မစိမ်းလန်းတော့ပါ။
ပွင့်နေ ကျ ပန်းများ မရှိ ၊ လင်းနေကျ အလင်းများ..မရှိ ။
မရှိ ၊ မရှိ …ဘာ တစ်ခုမျှ..မရှိ။

** ဖြစ်တည်မှုပျောက်ဆုံးခြင်း.**.ဆိုသော အယူအဆ ကို တိတိကျကျ နားလည် ခဲ ့ရပြီ။
ပြန်မလာတော့သော ပျော်ရွှင်မှုများကို လက်ပြ နှုတ်ဆက်ခွင့်တောင်မှ…မရခဲ ့။

အိပ်မက်တွေက အိပ်မက်ထဲ မှာ အိပ်မက် မက်နေခဲ့ပြီလား………..။

ဥဩ ဆွဲသံ ခပ်သဲ ့သဲ့ ကြားလိုက်ရသည်။
နေ ့လား…ညလား မသိ ၊ မြေပြင်မှာလား..ကောင်းကင်မှာလား..မသိ။
မသိ မသ်ိ…ဘာတစ်ခုမျှ မသိ။

အချစ်ဆိုသည်မှာ….လူ တစ်ကိုယ်လုံးထဲ မှ ရှိသမျှ အားအင်တွေကို ဆွဲ ထုတ် ယူ ငင်သွားတတ်ပါသလား။

ကျွန်တော့မှာ အင်အား မရှိပါ။

ထပ်ပြောပါရစေ။

ကျွန်တော့် မှာ….

အင်……အား……မ …ရှိ…ပါ။
**********************

ကျောပိုးအိတ်ကို ဖွင့်ပြီး…အထဲမှ အရာများ..အားလုံးကို သွန် ချ ပစ်လိုက်သည်။

ဘွဲ ့လက်မှတ်တစ်ခု၊ သင်တန်းဆင်းလက်မှတ် တစ်ခု ၊ အကောင်းစား ဖောင်တိန် တစ်ချောင်း.၊

ဒိုင်ယာရီ စာအုပ်တစ်အုပ် ၊ပို ့စ်မော်ဒန်သီအိုရီများ အကြောင်းရေးထားသော…( အင်္ဂလိပ် ဘာသာဖြင့်) စာအုပ်တစ်အုပ် ။

ပြီးတော့ (………… ……………. ……….)တစ်ခု ။

အားလုံး…… ဝေါ ခနဲ…

ကျ
သွားးးးးးး
သည်။
************************************************

မလို.. မလို …ဘာတစ်ခုမျှ မလိုတော့ပါ။

သုည ဆိုသည်မှာ တကယ် သုည စစ်စစ် ဖြစ်သွားလျှင်…ပြစရာ သုည ပင် မရှိစေရ။

အလင်းဆက် ဆိုသော နာမည် လည်း မလို၊

အောင်မြင်ခြင်းလည်း မလို ၊

သံယောဇဉ်များ လည်း မလို ။

ဟို အရင်က လိုအပ်ခဲ ့သော အရာ မှန်သမျှ…

ဘာမျှ..မလိုတော့ပါ။

******************************************************

ယခု…

ကျွန်တော် အလိုအပ်ဆုံးသောအရာမှာ…

** ကျွန်တော်….** ပျောက်ဆုံးသွားဖို ့ သာဖြစ်ပါသည်။

**************************************

လေးစားစွာ ဖြင့်..

အလင်းဆက်

6 .10 .2011 . 16 း00 Pm

alinsett.art@gmail.com

10 comments

  • alinsett

    October 9, 2011 at 6:50 pm

    ပို ့စ်မော်ဒန် အယူဝါဒတွေ အကြောင်း ဖတ်ပြီးချိန်မှာ..ရေးဖြစ်သွားတဲ … စာမူလေးပါ။
    ကောင်းတယ် မကောင်းဘူး ဆိုတာ ထက် ကျွန်တော် ့ရဲ ့ရူးသွပ်မှုသေးသေးလေးကို…ဖော်ပြခွင့်ရတာ.ကိုပဲ..
    ကျေးဇူးတင်နေပါတယ် ။
    အချိန်ပေးပြိး ဖတ်ကြတဲ ့ မိတ်ဆွေများကိုလည်း..ကျေူးဇူး မမေ ့ပါဘူး။
    လေးစားစွာ..ဖြင့်
    အလင်းဆက်

  • windtalker

    October 9, 2011 at 7:04 pm

    ကိုအလင်းစက် ကဗျာ ကို ဖတ်ပြီးမှာ
    ဆယ်ကျော်သက် တက္ကသိုလ်ကျောင်းသား ဘဝကို
    ပြန်လွမ်းမိတယ်ဗျာ
    ကိုအလင်းစက်လို ပဲ အချစ်ကို ကျွန်တော် စာဖွဲ ့ခဲ့ဖူးတယ်

  • thit min

    October 9, 2011 at 7:29 pm

    ကျောပိုးအိတ်ကို ဖွင့်ပြီး…အထဲမှ အရာများ..အားလုံးကို သွန် ချ ပစ်လိုက်သည်။

    ဘွဲ ့လက်မှတ်တစ်ခု၊ သင်တန်းဆင်းလက်မှတ် တစ်ခု ၊ အကောင်းစား ဖောင်တိန် တစ်ချောင်း.၊

    ဒိုင်ယာရီ စာအုပ်တစ်အုပ် ၊ပို ့စ်မော်ဒန်သီအိုရီများ အကြောင်းရေးထားသော…( အင်္ဂလိပ် ဘာသာဖြင့်) စာအုပ်တစ်အုပ် ။

    ပြီးတော့ (…………ရုပ်ဝထ္ထ ုပစ္စည်းတွေကမြေပေါ်ကိုကျ အပြီးမှာ ၊ ရင်ဘတ်ကနှစ်ခြမ်း ဗြန်းဗြန်းကွဲသွားသည်။မင်းကိုချစ်တယ်၊မင်းကိုချစ်တယ်ဟုစည်းချက်မှန် ခုန်နေသော နှလုံးသားက အကွဲအအက်များစွာမှ သွေးတို့တစက်စက်ကျရင်း၊ သူကိုယ်တိုင်လဲ တစစီ ကျေမွရင်း၊မြေသို့ ခ လေပြီ။ စိမ့်ယိုစီး ထွက် တစက်စက်သွေး တို့တွင် မင်းနဲ့စဆုံခဲ့ သည်မှ ပြီးဆုံးခဲ့သည့် နောက်ဆုံးစက္ကန့်အထိ ရှိခဲ့သောပုံရိပ် တို့ကိုတကွက် ချင်း ပေါ် လာပျောက်လိုက်ဖြစ်လေပြီ။
    မင်းက တွယ်ခဲ့သောဝိညာဉ်၊မင်းကို တွယ်ခဲ့သော ဝိညာဉ်၊သည်လည်း မင်းကိုချစ်ရင်း၊လွမ်းရင်း၊တမ်းတရင်း၊မြတ်နိုးရင်း၊စွဲလန်းရင်း၊
    တသသ ရွတ်ဆိုရင်းကိုယ်ဆီမှ တဖြေးဖြေး ထွက်ခွါမည့်ခရီးကိုစတင်နေပေပြီ။
    ဒီလိုနဲ့ငါပိုင်ဆိုင်မှုတွေရော၊ ငါနှလုံးသားရော၊ ငါဝိညာဉ်နဲ့ ငါကိုယ်တိုင်ရော ……………. ……….)

    အားလုံး…… ဝေါ ခနဲ…
    ………………………………ကျ
    ……………………………………………သွားးးးးးး
    ………………………………………………………………သည်။

    {ကွက်လပ်ဖြည့်ကြည့်တာနော်}

  • mandalarthu

    October 9, 2011 at 7:33 pm

    အိုး ….သိပ်ကောင်းတဲ ့ ပို ့မော်ဒန် ဝတ္ထ ုုု တပုဒ် ဘဲ။
    ဆက်သာရေးပါ။ အားပေးပါတယ်။

  • ဝေးလွင့်တိမ်

    October 9, 2011 at 7:44 pm

    ပိုစ့်မော်ဒန်လေးပါပဲ ။ အော်တာနေးတစ် လို့အမည်တပ်သင့်တယ် ။ ခံစားချက်ရဲ့အဆုံးစွန်ဆုံးတစ်နေရာကိုပြောပြသွားတာ ။ အရမ်းကောင်တယ် ။

  • ညီလေး

    October 9, 2011 at 8:02 pm

    ဘုရားဆီကဘာမှတောင်းလိုမရပါဘူး၊ကိုယ်ကိုယ်တိုင်လုပ်ယူမှရမှာပါ။ တောင်းတိုင်းရမယ်ဆိုရင်ကျွန်တော်အတွက်ပါ ( ?????????? )တောင်းပေးဖို ့ လူကြုံပါးပါရစေ!!!!!! အရမ်ကောင်းတဲ့ရင်တွင်းဖြစ်ကိုအနှောက်အယှက်ဖြစ်မှာဆိုလိုပါ။ တင်စားမယ်ဆိုရင်လည်းတစ်ခြားတစ်ခုခုနဲ ့ပေါ့…..အရမ်ကောင်းတဲ့ရင်တွင်းဖြစ်ကို ဆက်လက်အားပေးလျှက်…………….

  • we R one

    October 9, 2011 at 8:08 pm

    အားပေးသွားတယ် အလင်းဆက်ရယ်.. ဆက်ရေးပါ .. အားပေးနေမယ်။…..

  • blackchaw

    October 9, 2011 at 9:12 pm

    သုည ဆိုသည်မှာ တကယ် သုည စစ်စစ် ဖြစ်သွားလျှင်…ပြစရာ သုည ပင် မရှိစေရ။
    အဲဒီစာသားလေးကတော့ ကျွန်တော်ဘယ်လိုမှ ရှောင်လို့မရအောင် တည့်တည့်ထိသွားပါတယ်။
    အလင်းဆက် အလင်းတွေ ဆက်နိုင်ပါစေဗျာ။

  • မှော်ဆရာ

    October 9, 2011 at 9:24 pm

    မော်ဒန်တွေထဲ မှာ မှော်ဆရာ မဝင်ဆံ့ပါဘူးဗျာ

  • alinsett

    October 10, 2011 at 7:09 pm

    ဟုတ်ကဲ ့ အားပေးတာ သိပ်ကျေးဇူတင်ပါတယ်။
    ဆက်ရေး ဖို ့ အင်အားတွေရသွားပါပြီ။

Leave a Reply