မြားတစ်စင်း ရဲ ့ဒဏ္ဍာရီ (end)

မောင် ပေOctober 9, 20111min1198

( ရှေးဦးစွာ ကျေးဇူးတင်စကားလေး အနည်းငယ် ပြောကြားလိုပါသည် ။ မြားတစ်စင်း ၂ ကို တင်အပြီးတွင် မိတ်ဆွေဖြစ်သူ comegyi မှ စေတနာဖြင့် ကျွန်ုပ် လွဲမှားနေသော စာလုံးပေါင်းကို ထောက်ပြလာပါသည် ။ ဟုတ်ပါသည် ။ မြှား ဟု သုံးခဲ့မိပါသည် ။ ယခု မူ မြား ဟု ပြင်ပြီးသွားပါပြီ ။ ကျေးဇူးကြီးလှပါသည် ကမ်းကြီး ရေ ၊ အညာဆေးရိုး ရှဲရှဲနီ )

မန်းတလေး မြို  ့ရှိ နာမည်ကြီး အသားကင်ဆိုင် တစ်ဆိုင်တွင် ကိုရှီနို နှင့် ကမ်းကြီး တို ့အတူတကွ စားသောက်နေရင်း ကမ်းကြီးတစ်ယောက် အမူးလွန်ကာ ဇက်ကျိုးသွားခဲ့သည် ။

( စကားချပ် ။ ဇက်ကျိုးသည် ဆိုသည် မှာ အရက်သောက်သူများ အသောက်များပြီး မှောက်သွားခြင်းကို တင်စားခြင်း ဖြစ်ပါသည် ။ ဇက်ကျိုးသေခြင်း မဟုတ်ပါ )

ကိုရှီနို တစ်ယောက် အလုပ်များသွားလေတော့သည် ။

ကမ်းကြီးဆိုင်ကယ် ကို တစ်ည အပ်ထားခဲ့ဖို ့ခွင့်တောင်းရလေသည် ။

ထို ့နောက်တွင်မှ ၊ လေးဘီးကား တစ်စီးငှားကာ ကမ်းကြီး ကို တင်ပြီး ၊ ဘယ်ပို ့ပေးလို ့ပေးရမှန်းမသိ ဦးစား(အုန်းစား)သွားသည် ။

နောက်ဆုံးကြံရာမရ သည်နှင့် ကမ်းကြီးအင်းကျီ၊ဘောင်းဘီ အိတ်ကပ်တွေထဲ လိုက်နှိုက်ရှာကြည့်တော့….

ပထမဆုံး တွေ  ့ရသည် မှာ ကွန်ဒုံး တစ်ဘူး ။ စီးကရက်ဘူး တစ်ဘူး ။ မီးခြစ် တစ်လုံး နှင့် ဖုန်းတစ်လုံး ၊ ပိုက်ဆံအိတ် နှင့် လိပ်စာကဒ် များ ။

သူ  ့လိပ်စာကဒ်များထဲမှ တစ်ယောက်ချင်းစီ ကို ဖုန်းဆက်ကြည့်ပြီး ကမ်းကြီး အိမ်လိပ်စာ ကို မေးကြည့်သည် ။

သုံးယောက်မြောက် တွင်မှ ကမ်းကြီး အိမ်လိပ်စာကို သိခွင့်ရလိုက်သည် ။

ပြည်တော်သာ အိမ်ရာ  မှာ နေတာတဲ့ ။ သို ့နှင့် လေးဘီးဒရိုက်ဘာ ကို ထိုသို ့ဦးတည်ခိုင်းလိုက်သည် ။

ပြည်တော်သာ အိမ်ရာ ဆိုသည် မှာ ဝန်ထမ်းများ နေကြသော တိုက်ခန်းများ ဖြစ်သည် ။

ကိုရှီနို စိတ်ထဲတွင် ဇဝေ ဇဝါ တွေ ဖြစ်လာသည် ။

သူသိထားတာ ၊ ကမ်းကြီးကို လူကြီးသား ၊ နေတော့ ပြည်တော်သာ ဆိုတော့ ၊ ကီးကြောင် နေသလိုလို စိတ်ထဲ ဖြစ်လာသည် ။

သူမှန်းထားသည့် လူကြီးသား ဆိုသည်မှာ သည်လိုနေရာမျိုးမှာ နေတာမဟုတ် ။ ထား..

သို ့ဖြင့်… ပြည်တော်သာ တိုက်ခန်းသို ့ရောက်သောအခါ ၊ ကမ်းကြီး ၏ အခန်းကို လိုက်ရှာကြလေသည် ။

အခန်း နံပါတ် ၅၄ ၊ အခန်းပေါက်တွင် တပ်ထားသော ဆိုင်းဘုတ် ကို မြင်လိုက်ရသော အခါ မှ ကိုရှီနို တစ်ယောက် အမူးပြေ ကာ စိတ်ပျက်လက်ပျက် ဖြစ်သွားတော့လေသည် ။

ဆိုင်းဘုတ်တွင် ရေးထားသည်ကား  “ ဦးလူကြီး ၊ သန် ့ရှင်းရေးဌာန  ” တဲ့လေ……

လေးဘီး ဒရိုက်ဘာ နှင့် ကိုရှီနို တို ့ ကမ်းကြီးကို ပွေ  ့ချီလာပြီး ၊ အခန်းရှေ  ့တွင် ချပြီး ၊ အခန်းတံခါးကို ခေါက်လိုက်ကြသည် ။

အခန်းထဲ မှာ အသက်၅ဝကျော်အရွယ်ရှိ ယောက်ျားကြီး တစ်ဦး ထွက်လာသည် ။ ကိုရှီနို တို ့ကို မြင်သွားသော အခါ ချက်ချင်း တန်းသဘောပေါက်သွားပြီး

“ တောက်…ဒီကောင် ကမ်းကြီး ၊ ငါ အကြိမ်ကြိမ် ဆုံးမနေတဲ့ကြားက ဒီအရည်တွေ သောက်လာပြန်ပြီ..သိကြသေးတာပေါ့ကွာ ”

ဘိုးဒေါ်လည်း ဒေါသတကြီး ဖြင့် အခန်းထဲ အမြန်ပြန်ဝင်သွားပြီး ၊ ရေပုံးကြီး တစ်ပုံး ဆွဲကာ ပြန်ထွက်လာသည် ။

မူးမှောက်ကာ ပက်လက်ကလေး ဖြစ်နေသော ကမ်းကြီးအပေါ် ခေါင်းမှ လောင်းချ လိုက်လေတော့သည် ။  ဘွမ်းးး….

“ ဝူးဝါး..ဝူးဝါး..ဟေ့..ဘယ်ကောင်တုန်း ၊ ငါ့ကို ရေနဲ ့လောင်းတာ ၊ ငါလို လူကြီးသား ကို ရေနဲ ့လောင်းရဲတဲ့ကောင် နာပြီသာမှတ်..ဟမ် ”

“ အောင်မာ..အောင်မာ..လာလာချည်သေး…လူကြီးသားတဲ့…ဟုတ်လား..ဟေ့ကောင်၊အခုချက်ချင်း ထကြည့်စမ်း ၊ မင်းကို ရေနဲ ့လောင်းတာ လူကြီးဆိုတဲ့ မင်းအဖေ ပဲကွ ”

ဘိုးဒေါ် ၏ အသံကို ကြားသည်နှင့် ကမ်းကြီး တစ်ယောက် ပြူးတူး ပြဲတဲ တန်းထ လာသည် ။

“ ဟာ..အဖေ..ဘယ်လို လုပ် အဖေ ရောက်လာတာလဲ ဟင် ၊ အသားကင်ဆိုင် ကို  ”

“ ဟေ့ကောင် မူတူး..မင်းဘယ်ရောက်နေလဲ ဆိုတာ ပြန်ကြည့်လိုက်ဦး ”  ထိုအခါမှ သူ ့တိုက်ခန်းရှေ  ့သူ ပြန်ရောက်နေပြီ ဖြစ်ကြောင်း ကမ်းကြီးသိသွားသည် ။

ကမ်းကြီး တစ်ယောက် ရှက်ကိုးရှက်ကန်း နှင့် ကိုရှီနို ့ဘက် လှည့်ကာ

“ အားနာလိုက်တာ ကိုကြီး ရယ် ၊ ညီလေး နဲနဲလေး များသွားတယ်ဗျာ ”

ကိုရှီနို တစ်ယောက် စိတ်ပျက်လက်ပျက် ညည်းတွားသံဖြင့်

“ ဟေ့..သင်္ကြန်မှာ မဏ္ဍပ်တုန်းက မင်းကို လူကြီးသား ဆိုပြီး ဝိုင်းခေါ်နေကြတာ ကို မြင်လို ့ ၊ ငါ့မှာ တစ်ကယ်ကို လူကြီးသား မှတ်နေခဲ့တာကွာ ”

“ ဗျာ..မဟုတ်လို ့လား ဗျာ ၊ ဒီမှာလေ..ဒါ ကျွန်တော့် အဖေ ဦးလူကြီး ၊ ကျွန်တော် က သူ ့ရဲ  ့တစ်ဦးတည်းသော သား ၊ သူ ့ရဲ  ့အချစ်ဆုံး ပူတူတူးလေး က ကျွန်တော် ၊ ဒီတော့ ကျွန်တော်မှ လူကြီးသား မဟုတ်ရင် ဘယ်ကောင် က လူကြီးသား ဖြစ်တော့မှာလဲ ကိုကြီးရ ၊ ပြောစမ်းပါဦး ”

“ အေးပါကွာ..၊ ငါက မင်းကို တစ်ကယ့် အရာရှိကြီးသား မှတ်ပြီး မင်းနဲ ့အတူ စီးပွားရေးအတူ တွဲလုပ်မယ်လို ့ အိပ်မက်မက် စိတ်ကူးယဉ်ခဲ့တာကွ ၊  ငါ လောဘ ကြီးသွားခဲ့လို ့ အမှတ်တွေ မှားကုန်တာပါ ၊ ကဲကဲ…ငါလဲ ပြန်တော့မယ် ၊ အန်ကယ်..ခွင့်ပြုပါဦးနော် ”

“ အေးအေး..အန်ကယ့်သား ငမူးကောင် ကို အိမ်တိုင်ရာရောက် ပြန်ပို ့ပေးတာကို ကျေးဇူးတင်ပါတယ်ကွာ ၊ နောင်လည်း ရောက်ရင် ဝင်ဖို ့ဖိတ်ခေါ်ပါတယ်နော် ”

လေးဘီးဒရိုက်ဘာ နှင့် ကိုရှီနို တို ့အသားကင်ဆိုင် သို ့ပြန်လာခဲ့ပြီးနောက်

“ ဆရာ..အပိုကြေးလေးတော့ ပေးလိုက်ပါဦး ”

“ ဟာဗျာ…ပွိုင့်မှားသွားလို ့မှ စိတ်ပျက်ရတဲ့ အထဲ ၊ ခင်ဗျား က တမှောင့် ၊ ရော့ရော့ ၁၀၀ဝ ”

“ ၁၀၀ဝ ကတော့ မနဲဘူးလား ဆရာရယ် ၊ ကျွန်တော့်မှာ ဟိုငမူး ကို ကူသယ်ပေးရသေးတယ်လေ ”

“ ကဲဗျာ..ရော့  ၁၀၀ဝ ထပ်ယူ ၊ စကားထပ်မများနဲ ့တော့ ၊ ကျုပ် လဲ လစ်ပြီ ”

ထိုည က ပေါက်ဖော် အိမ်တွင် သွားအိပ်သည် ။

“ ဟားဟားဟားဟား…မိအေး နှစ်ခါ နာ ဆိုတာ မင်းလို မျိုး နေမှာ ”

“ မပြောပါနဲ ့တော့ ၊ ကိုပေါက်ဖော် ရာ…ကျွန်တော် ရှက်လွန်းလို ့ပါ ၊ နောက်များဆိုရင် ဘယ်သူ ဘယ်ဝှါ ကိုမှ အားမကိုးတော့ပါဘူး ၊ ကိုယ့်အလုပ်လေး ကို ပဲ  အာရုံတစိုက်   နဲ ့အလေးထား ဆက်လုပ်သွားပါတော့မယ် ၊ ရှင်းရှင်းပြောရရင်…ဒီအလုပ်နဲ ့ကျွန်တော် အခုလို ဖြစ်လာတာကို ကျွန်တော် မေ့နေခဲ့တာဗျ ၊ မနက်ဖန် က စပြီး ၊ ကိုပေါက်ဖော် နဲ ့ပဲ ၊  ကျောက် ဝိုင်း မှာ ဆက်ကြိုးစားတော့မယ် ဗျာ ”

“ အဲဒါ အကောင်းဆုံး ပဲပေါ့ကွာ ၊ ငါ က မင်းဘာတွေ အမှားလုပ်မလဲ လို ့တစ်ချိန်လုံး ဘေးက ကြည့်နေခဲ့ပါတယ်ကွ ၊ အခု မင်းဟာမင်း လမ်းမှားနေတာကို သိပြီ ဆိုတော့ ၊ ဘာမှ ထွေထူး မလိုတော့ဘူးပေါ့ကွာ ၊ ငါတို ့အလုပ်က လဲ သေချာ ကြိုးစားမယ် ဆိုရင် ၊ မင်းမျှော်လင့်ထားတဲ့ အတိုင်း ဖြစ်လာမှာ အနှေးနဲ ့အမြန်ပါပဲ ကွာ ၊ ဒီတော့ မနက်ဖန်က စလို ့၊ အာရုံသာ အထူးစိုက် လုပ်ပေတော့ ၊ အခုတော့ အိပ်လိုက်ဦး ၊ ဂွတ်ည ကွာ ”

“ ဟုတ်…ဂွတ်ည ပါ ကိုပေါက်ဖော် ”

များမကြာမီ ၊ ပေါက်ဖော် နှင့် ကိုရှီနို တစ်ယောက် နှစ်ယောက် ရှယ်ယာဝယ်လိုက်သော ကျောက်စိမ်းတုံး တစ်တုံးမှ သိန်းပေါင်း သိန်းချီ ပြီး ထအောင်သွားကြသည် ။

ထို နေ ့မှ စ၍ ကိုရှီနို တစ်ယောက် မန်းတလေး မှ ပျောက်သွားတော့သည် ။ သတင်းများ အရ ၊ မော်လမြိုင် ဘက်ရှိ သူ ့ရည်းစား နှင့် လက်ထပ်လိုက်ပြီး ၊ စူပါမားကပ် တစ်ခု ဖွင့်လှစ်ရောင်းချ ကြီးပွား နေသည် ဟူသတတ် ။

ပေါက်ဖော် က မူ ဘာအလုပ်မှ မလုပ်တော့ဘဲ ၊ ရသမျှ ပိုက်ဆံများ ကို ဘဏ်ထဲ ထည့်ထားပြီး ရန်ကုန်တွင် အခြေချ ကာ သူ အနုပညာ ပါသော စာရေးခြင်း အလုပ်ကို ဇောက်ချ လုပ်ကိုင်နေသည် ဟု ကြားရသည် ။ သူတစ်လ ရသော ဘဏ်တိုး မှာ သုံး၍ဘယ်လို မှ မကုန် ဟု သတင်းကြားရသည် ။

လူကြီးသား ကမ်းကြီး မှာမူ ၊ ရန်ကုန် တွင် အခြေချ ပြီး ၊ မဂ္ဂဇင်း ဂျာနယ်များ မှမကြာခဏ ဆိုသလို စာမူအတောင်းခံရသော ကလောင်စွမ်းထက်သည့် အနုပညာ ရှင် ကဗျာဆရာ၊သရော်စာရေးသူ တစ်ယောက် ဖြစ်သွားသည် ဟူသတည်း ။

ကိုရှီနို တို ့ရပ်ကွက်ထဲ မှ ဆမူး မှာ မူ အထည်ကုမ္ပဏီ ပိုင်ရှင်ကြီး တစ်ဦး အဖြစ်လည်းကောင်း ၊ ဘုံဆိုင် ပိုင်ရှင် ကိုဘဲလူး မှာ မူ စက်ရုံပိုင်ရှင်ကြီး တစ်ဦး အဖြစ်လည်းကောင်း ဖြစ်သွားကြသည်ကို တွေ  ့ရှိကြ ပါသည် ။

xxxxxxxxxxxxxxxx  ပြီးပါပြီ xxxxxxxxxxxxxxxx

—————————- အားလုံးကို ကျေးဇူးတင်ပါသည် —————————-

 

8 comments

  • ပေါက်ဖော်

    October 9, 2011 at 9:48 pm

    ဟီး..ဟီး..
    မေပေါင်တို ့လုပ်ချလိုက်ပြီ…ပေါက်တတ်ကရ….
    ကိုဘဲလူးဘုံဆိုင်က ခွက်ပုန်း အတိုးတောင်သွားမဆပ်နိုင်သေးတာကို..ဘဏ်တိုးပဲ ထိုင်စားရဦးမယ်..
    ခွိ..ခွိ..

    လူကြီးသားက ကမ်းကြီးလား..ကိုမဲကြီးလား..မသိဘူး.
    နောက်ခါ ပေါက်ဖော်နဲ ့မသောက်နဲ ့..ကိုရှီနိုနဲ ့ပဲသောက်..
    ပေါက်ဖော်နဲ ့သောက်ရင်..လေးဘီးနဲ ့ မပြန်ပို ့ပဲ..၂ယောက်သား လေးဘက်ထောက်ပြန်ရလိမ့်မယ်..
    ဟီး..ဟီး….

    မောင်ရှီနိုကိုပြောသားပဲ အစောကြီးထဲက…ကိုမဲကြီးအဖေကလူကြီးပါဆို..ခုတော့ယုံပြီမလား..

    ညှင်း..ညှင်း..ညှင်း..

  • comegyi

    October 9, 2011 at 10:08 pm

    ဇာတ်ကတော့ ပေါင်းခဲ့လေပြီ။ ဇာတ်မှာ ပါတယ်ဆိုလို့ ဘယ်နေရာကပါရ ပါရ ဆိုပြီး ဝမ်းသာလုံးဆို့နေတာ ။ အနည်းဆုံး ဆိုက်ပါ့တ်(ဖြတ်လျှောက်)လောက်ဖြစ်ဖြစ် ပါရလည်း နည်းလားဆိုပြီး ကျေနပ်နေတာ ။ ပြီးတော့မှ လား . .လား . . ဇာတ်ကလည်း နာချက်က။ တော်သေးတယ် ဇာတ်သိမ်းမှာ တမလွန်ကိုမူးပြီးမြန်းသွားတယ် မလုပ်သွားလို့ ကိုရင်ပေရေ့………..ခွိခွိ ……။

  • blackchaw

    October 10, 2011 at 10:14 am

    သူ အနုပညာ ပါသော စာရေးခြင်း အလုပ်ကို ဇောက်ချ လုပ်ကိုင်နေသည် ဟု ကြားရသည် ။
    ကိုပေရေ။ ဒီနေ့ စာဖတ်ရင်း အကျအပေါက်တွေပဲ လိုက်ကြည့်နေမိလားမသိပါဘူး။
    သူ ဝါသနာ ပါသော စာရေးခြင်း အလုပ်ကို ဇောက်ချ လုပ်ကိုင်နေသည် ဟု ကြားရသည် လို့
    ရေးတာ ထင်ပါတယ်။

    • etone

      October 10, 2011 at 3:09 pm

      ကို ချောကလက် … အဲ ဘက်လက်ချောရေ … ရှင်ရေးပြမှပဲ … သေချာတွေ့တော့တယ် … . ကျွန်မတို့တွေ … စိတ်မှန်းနဲ့ ကိုယ့်ဘာသာကိုယ်ဖတ်သွားတာတော့ ..ဟုတ်နေတာပဲ … 😀
      ကိုယ့်အတွေးနဲ့ က ိုယ်ဆိုတာ .. တကယ်မှန်တာကိုး 🙂

  • “ဘီလူးကြီး”ogre

    October 10, 2011 at 2:47 pm

    ခေါင်းပူ စိတ်နောက်
    ပြသနာအပုံပေါ် ရောက်သလို့
    နေ့စဉ် ခေါင်းချောက်နေရတဲ့
    အထည်ချုပ်စက်ရုံသူဌေး ဘဝတော့ မရောက်မရစေနဲရကွယ်

  • blackchaw

    October 10, 2011 at 3:47 pm

    ကိုပေရေ။
    သတ်ပုံ လိုက်စစ်တာ မဟုတ်ရပါ။
    သေသေချာချာ ဖတ်ကြောင်း သိစေချင်တဲ့ အတွက်
    ခင်မင်ရင်းနှီးစွာ ပြောမိခြင်းဖြစ်ပါသည်။

    • windtalker

      October 10, 2011 at 6:15 pm

      အိုကေဗျာ
      ကျေးဇူး ရှဲရှဲပါ
      ကျွန်တော် ရေးသမျှ စာတိုင်းမှာ
      —————————- အားလုံးကို ကျေးဇူးတင်ပါသည် —————————-
      ဆိုတာ အားလုံး အတွက်ပါ

  • etone

    October 10, 2011 at 4:39 pm

    သတ်ပုံဆိုလို့လေ … ဟိုးတစ်လောက … ဗေဒင်ဆရာမဆီ သူငယ်ချင်းတစ်ယောက်သွားတာ … သူပြောတဲ့ စကားလေးမှတ်မိနေတယ် … ကောင်မလေးကို သူ့နာမည် သူချရေးခိုင်းတာတောင် မှားရေးလို့လေ .. လူတွေအများကြီး ထိုင်နေလို့ ကောင်မလေးလည်း … ဘာမှ မဟုတ်ပဲ နည်းနည်း ဒူးတုန်မှာပေါ့ … ရေးပြီး ပြီးရောဆိုပြီး အမှတ်နဲ့ရေးပေးလိုက်တာ …. ကျွန်မတို့ နည်းနည်း စိတ်ဝင်စားကြတယ် ..အ ဲ့ဒီဗေဒင်ဆရာမကစကားပြောလျှင် နည်းနည်း တင်စီးလိုက်ရမှ ကျေနပ်တဲ့ လူလေ … ။ ဘာများပြောမလဲ မျှော်လင့်နေတုန်း …သတ်ပုံမှားလျှင် ဘဝပျက်တယ် ဘာမှတ်လဲတဲ့ .. ဟီး ရယ်ရတယ်..စာလေး မှားတာနဲ့ ဘာလို့ ဘဝပျက်ရပါလိမ့်ဆိုပြီး … ကျွန်မပါးစပ်က မရည်ရွယ်ပဲ ထွက်သွားတော့ .. ယမ်းပုံပေါ် မီးကျသလို .. ချက်ချင်း ပက်ခနဲ့ ပြန်ပြောပါတယ် .. သီချင်းတောင် ဆိုထားတယ်မဟုတ်လားတဲ့ .. သတ်ပုံမှားတဲ့ ည … ဘဝဟာ အဓိပါ္ပယ ်မဲ့.. ဆိုတာလေတဲ့.. အဲ့ဒါအလကားမဟုတ်ဘူးတဲ့ .. တဘောင်တဲ့လေ … ။
    ဟုတ်လည်း မဟုတ်ပဲ လျှောက်ပြောတယ်ဆိုပြီး… ရယ်ချင်လိုက်တာ တခွီးခွီးနဲ့.. … ဘေးက သူငယ်ချင်း ဆိတ်ဆွဲတော့မှ .. မနည်းမျက်နှာပိုးသပ်ရတယ် … :mrgreen: ဟိုးတစ်ခါ ပို့စ်ထဲမှာ ရေးဖူးတဲ့ .. အမည်းနဲ့ အနက်ငြင်းတဲ့ ဗေဒင်ဆရာမပါ 😛

Leave a Reply