အချိန်လွန်ငှက်ငယ်သို့တမ်းချင်း

သံယောဇဉ်တွေနဲ့နောင်ဖွဲ့ထားတဲ့ နှလုံးသား ဥယျာဉ်ထဲမှာပေါ့ မင်းကိုကိုယ်စတွေ့ခဲ့တယ်ကောင်မလေးရယ် ။ မိုးတွေကလဲသဲလိုက်တာ ။ တစ်ကိုယ်လုံးရွဲရွဲစိုလို့ ။ တစ်ကိုယ်လုံးခိုက်ခိုက်တုန် ။ ဒါပေမယ့် နှလုံးသားကတော့နွေးနေလေရဲ့ ။ ဟုတ်တယ်လေ နတ်သက်ကြွေ အလှဖုရားမလေးကိုမြင်နေရတာပဲ ။ ရွှေအိုရောင်ဆံပင်တွေနဲ့ မိပ်ကပ်ပြယ်နေတဲ့ ပါးပြင်ကလဲ ဖွေးနုဆဲပါလား ။ မိုးရေတွေရွှဲရွဲစိုနေတဲ့မင်းခန္ဓာကိုယ်ကောက်ကြောင်းကို တစ်ခြားပုရိသတွေငေးမောနေပေမယ့် ကိုယ် မကြည့်ရဲခဲ့ပါဘူး ။ ဒါပေမယ့် ထီးတော်မိုးတစ်ယောက်လာတဲ့အချိန်မှာ အလှနတ်ဖုရားမလေးက လှုပ်လီလှုပ်လဲ့နဲ့ လိုက်ပါသွားခဲ့တယ် ။ (ဒီတစ်ခါတော့ကိုယ်ရဲရဲဝံ့ဝံ့ကြည့်ဖြစ်လိုက်ပါတယ်)
အိပ်မက်တွေထဲမှာလဲ ရွှေအိုရောင်ဆံနွယ်လေးတွေ ။ ခေါက်ဆွဲကြော်ကြည့်ရင်မင်းကိုသတိရမိရဲ့ ။ ခြေရာလဲပျောက်ရေလဲနောက် ။ နောက်တစ်ခါပြန်မဆုံနိုင်တော့တဲ့ ဘဝဖြစ်ခဲ့ပြီလား ။ တမ်းတရင်းလမ်းဝမှာငေးမော အရူးလို့ပြောတဲ့သူတွေပြောကြရဲ့ ။ ဂရုမစိုက်နိုင်ပါဘူး ။ ကိုယ့်ရင်ထဲရှိတာကိုယ်လုပ်တာပဲလေ ။
ကံဇာတာတက်တယ်ပဲပြောရမလား ။ တစ်နေ့သူငယ်ချင်းတွေနဲ့လက်ဘက်ရည်ဆိုင်မှာထိုင်နေတော့ ရွယ်တူကောင်လေးနှစ်ယောက်နဲ့တူတူ မင်းဆိုင်ထဲကိုဝင်လာတယ်လေ ။ ကိုယ်တို့နောက်ကဝိုင်းမှာထိုင်တော့ မင်းနဲ့ကိုယ်ကကျောချင်းကပ်ပေါ့ ။ ကိုယ်ရင်တွေခုန်လိုက်တာ ။ မင်းဆီကရေမွှေးနံစူးစူးကကိုယ့်ကိုရူးသွားစေမတတ်ပါပဲ ။ မကြာပါဘူး မင်းတို့ထပြန်မယ်လုပ်တော့ မင်းကပြောတယ် တစ်ကယ်ဆည်းလည်းသံလေးပါပဲ ။ မင်းရှေ့ကကောင်လေးတွေကို ။ “ရှင်တို့ကတိပဲနော် ဈေးမဆစ်ရဘူး ။ တို့ဘက်ကလည်း ရှင်တို့စိတ်ကြိုက်ရောင်းပေးမှာ ရှင်တို့ကကြိုက်မှဝယ်ပေါ့ ´´ တဲ့ ။
ဒါနဲ့မင်းတို့ထပြန်သွားတော့ ဘေးကသူငယ်ချင်းကိုမေးမိတယ် ။ အဲဒါစိန်ပွဲစားလားလို့လေ ။ သူငယ်ချင်းပြောလိုက်တဲ့စကားက ကိုယ့်ငယ်ထိပ်ကိုမိုးကြိုးပစ်လိုက်သလိုပဲ ။ ကမ္ဘာကြီးအိုးထိမ်းစက်ပမာလည်တယ်ဆိုတာခုမှကြုံဖူးတော့တယ် ။ သူငယ်ချင်းပြောတာက “ဘယ်ကစိန်ရမှာလဲ ။ ကိုယ်ပိုင်ပစ္စည်းရောင်းတာလေ နာမည်ကြီးပဲကွ တို့အဆင့်နဲ့တော့မရဘူးနော် တစ်လစာပြောင်သွားမှာ´´တဲ့ ။ ကောင်မလေးရယ် ။ နင်ကတော့ဘာမှသိခဲ့မှာမဟုတ်ဘူး ။ တစ်ဖက်သတ်ကြိတ်ရူးသူမှာတော့ ကိုယ့်အပြစ်နဲ့ကိုယ်ပေါ့ ။ ကိုယ်အရမ်းတန်ဖိုးထားတဲ့မေတ္တာတရားဆိုတာ မင်းအတွက်တော့ ရောင်ကုန်မှာအဆစ်ထည့်ပေးတဲ့ မေတ္တာလက်ဆောင်ဖြစ်နေပြီလား ။ ဖွင့်မပြောဖြစ်ခဲ့တဲ့ ကိုယ့်ရင်ထဲကမေတ္တာကို ကိုယ်ပြန်ပြီးရုတ်သိမ်းပါတယ် ။ ဘယ်သူမှမသိခဲ့ပေမယ့် ကိုယ်မင်းကိုတိတ်တိတ်လေးချစ်ခဲ့မိတယ်ဆိုတာကိုတော့ ကိုယ်ကိုယ်တိုင်ဝန်ခံခဲ့ပါရစေ ။ အချိန်လွန်ငှက်ငယ်ရယ် ………… ။

2 comments

  • minmahar

    October 9, 2011 at 11:55 pm

    သဂျီးရေ ..
    ရွာထဲ ဘာတွေ ဖြစ်နေတာလဲဗျို့ ..
    Comments တွေက Post ကိုခံစားဝေဖန်တာထက် ပုဂ္ဂိုလ်ရေးပိုင်းတွေ ပါနေတယ်လို့
    ထင်မိပါတယ် ..
    ပုဂ္ဂိုလ်ရေး မပြေလည်တာဆိုရင် ရွာပြင်ထွက်ရှင်းကြရင် ရွာသားတွေ စိတ်မဆင်းရဲရတော့ဘူးပေါ့ ။
    တယောက်နဲ့ တယောက် မပုတ်ခတ်ပဲ .. စာပေ ပညာချင်း အစွမ်းပြကြပါလားဗျာ ..
    ပညာရှိအမြတ် အပြင် မထွက်ကြေးပေါ့ ..
    ရွာတွင်း အေးချမ်း သာယာပါစေဗျာ ….

  • seahorse

    October 10, 2011 at 2:25 pm

    ကဲုတေဇာရဲ ့ စာလေးက. ပြည့်တန်ဆာဖြစ်သွားရတဲ့ ကောင်မလေးတစ်ယောက် အပေါ်ထားတဲ့ သံယောဇဉ်ကို ဖွင့်ပြပေးတာ ကောင်းပါတယ်။ကျေးဇူးတင်တယ် ဝေးးးးး

Leave a Reply