ရခိုင်ပြည်နယ်တောင်ပိုင်းဒေသဖြစ်သော သံတွဲခရိုင်ကျောက်ဖြူနှင့် ရမ်းဗြဲခရိုင်တွင်းရှိ ခိုင်းနွားများအား ဘင်္ဂလားဒေ့ရှ်သို့တရားမဝင် မှောင်ခိုတင်ပို့ရောင်းချနေခြင်းကြောင့်ဒေသတွင်းတောင်သူလယ်သမားများခိုင်းနွားရှားပါးမူးဒဏ်ကို ခံစားနေရကြောင်းသိရှိရပါသည်။

 အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရမ်းဗြဲရှိတောင်သူလယ်သမားတစ်ဦးဖြစ်သူဦးထွန်းစံ(အမည်ပြောင်းလဲထားပါသည်)က

“အခုကျွန်တော်တို့တွေမှာ အလုပ်တွေကလဲမပြီးသေးဘူး မိုးမပြတ်သေးတော့ ကိုင်းဝင်ချိန်တွေကလဲနောက်ကျတယ်လေထွန်ဖို့ငှားထားတဲ့နွားကို နွားပိုင်ရှင်က နွားဝယ်သူတွေဆီကို ရောင်းလိုက်တော့အခက်တွေ့တော့တာပဲ..” ဒီနွားတွေကိုဘယ်ကိုရောင်းလဲဆိုတာ မေးကြည့်တော့..“ ဘင်္ဂလာ ကိုပို့တာ တရားမဝင်ပေါ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို သွားတိုင်တော့လဲ ဒါဟာ ပြည်နယ် အစိုးရအမိန့်နဲ့လုပ်တာ သူတို့လဲ ဘာမှမတတ်နှိင်ဘူးလို့ပြောတာနဲ့ ပြန်လာခဲ့ရတယ်..ခုကိုင်းချိန်ပြီးရင် ကောက်ရိတ်ချိန် တလင်းသိန်းချိန်ရောက်တော့ နွာကလိုလာပြီ ..ကုန်သည်တွေကဈေးကောင်းပေးတော့နွားရှင်တွေကလဲ ရောင်းကျတယ်လေ..နွားပိုင်မရှိတဲ့ ကျွန်တော်တို့လိုလူတွေက ဒုက္ခရောက်ရောပေါ့” ဟု စိတ်မကောင်းကြီးစွာ ပြောပြပါသည်။

ရခိုင်ပြည်နယ်သည် မြန်မာနှိင်ငံ၏ ဒုတိယဆန်ထွက်ရာ စိုက်ပျိုးရေးဒေသ ကြီး ဖြစ်ပြီး လက်မူ့လယ်ယာ အားဖြင့်သာထုပ်လုပ်နေကြခြင်ဖြစ်ပါသဖြင့် နွားများကိုသာ အားကိုးနေရပါသည်…..ပြည်နယ်ခွင့်ပြုချက်ဖြင့် မှောင်ခိုကုန်သည်များမှ နွားများအားငွေကျေး အသုံးပြုကာ ဝယ်ယူနေကြခြင်ကြောင့် ခိုင်းနွားရှားပါးမူ့ဒဏ်ကို ခ့နေကြရပြီး တောင်သူလယ်သမားများ အခက်ကြုံနေရပြီ ဖြစ်ပါသည်။

ထို့ကြောင့် လက်ရှိ ပြည်နယ် အစိုးရအနေဖြင့် အဆိုပါကိစ္စအား လက်လှူရူ့မထားပဲ ရခိုင်တောင်သူလယ်သမားများအရေးအား ထိရိုက်စွာ ကိုင်တွယ်ပေးရင်္န တောင်သူလယ်သမားများကိုစား ကျွန်တော် သီဟမှတောင်းဆို လိုက်ပါသည်ူ။ အားလုံးကိုကျေးဇူးတင်ပါတယ်..

 

About Aoewaimaungkoyu

Aoe wai maung koyu has written 5 post in this Website..