သဂျီးအမြန်ဆုံးပြန်လည်ဖြေကြားပေးပါ

သဂျီးခင်ဗျား ။ ကျွန်တော်နှင့်တကွ ရွာသားများရှင်းလင်းစွာသိနားလည်စေနိုင်ရင် ဂရုဏာရှေ့ထားပြီး မေတ္တာတရားနဲ့ဖြေကြားပေးပါခင်ဗျား ။ သံတွဲမြို့မှ မန်ဘာ အာရက္ခမြေသားမှ “မောင်တုတ်ကြီး က ဘယ်သူက ဘာသုံးနေပါသည်ကို ဖော်ပြပေးမည်ဆို၍ ကျေးဇူးတင်ရပါတော့မည်။အကောင့်အချို ့ကိုသိထားပြီ ဟုအကြောင်းကြားလာပါသည်။ ´´ ဟု ပြောကြားသွားပါတယ်ခင်ဗျား ။
ဒီကိစ္စအပေါ်မှာမေးချင်တာပါခင်ဗျား ။ မန်းလေးဂေဇက် မန်ဘာတစ်ဦးရဲ့ လွပ်လပ်ခွင့်ဆိုတာဘာပါလဲခင်ဗျား ။ မန်ဘာဝင်ရာမှာ နာမည်ပြောင် ပေးရပါတယ် ။ အဲဒီလိုပေးရတာဟာ ဒီဝက်ဘ်ဆိုက်ရဲ့ မန်ဘာတွေအတွက် လုံခြုံးရေးလို့ထင်ပါတယ်ခင်ဗျား ။ ခုမောင်တုတ်ကြီးလုပ်တဲ့အလုပ်က မန်ဘာဝင်တွေကို ဖေါ်ထုတ်တယ်ဆိုတာ မန်းလေးဂေဇက်ကြီးတစ်ခုလုံးရဲ့သိက္ခာကို ဘယ်နားသွားထားရမှန်းမသိဖြစ်သွားပြီလို့ထင်ပါတယ် ။ကျွန်တော်တို့သိသလောက်ကတော့ မန်းလေးဂေဇက် ဆိုတာ နိုင်ငံတော်ကခွင့်ပြုပေးထားတဲ့ သတင်းဝက်ဘ်ဆိုက်တစ်ခုလို့သိရပါတယ်ခင်ဗျား ။ မန်းလေးဂေဇက်မန်ဘာဝင်ခြင်းအားဖြင့် နိုင်ငံတော်ကိုပုန်ကန်မှုဖြစ်ပါသလားခင်ဗျား ။ နိုင်ငံတော်ကိုဆန့်ကျင်မှုဖြစ်ပါသလားခင်ဗျား ။ ရာဇဝတ်မှုမြောက်ပါသလားခင်ဗျား ။ မန်းလေးဂေဇက်ကိုချုပ်ကိုင်ထားတဲ့သဂျီးအနေနဲ့ မန်ဘာတွေရဲလွပ်လပ်ခွင့်နဲ့ ။ လုံခြုံမှုကိုမပေးနိုင်ပါဘူးလားချင်ဗျား ။ ဒီတော့ကာ မန်းလေးဂေဇက်ကိုမန်ဘာဝင်သူတစ်ယောက်ဟာ ရာဇဝတ်မှုကျူးလွန်တယ်လို့ကောက်ချက်ချလို့ရပါသလား ။ မန်းလေးဂေဇက်ရဲ့မန်ဘာတစ်ယောက်ကို ဖေါ်ထုတ်အရေးယူလို့ရပါသလား ။ မန်းလေးဂေဇက်မှာ နာမည်ရင်း ဒေတာအပြည့်အစုံဖေါ်ပြပြီးရေးတာကိုမှခွင့်ပြုပါသလား ။ သဂျီးအမြန်ဆုံးဖြေကြားပေးပါခင်ဗျား ။ ခု အာရက္ခမြေသားပြောလိုက်တဲ့စကားအရ မန်းလေးဂေဇက်ဟာ လုံခြုံမှုမရှိတဲ့ သတင်းဝက်ဆိုက်တစ်ခုအသွင်ကိုရောက်ရှီနေပါပြီ ။ မန်ဘာဝင်တွေကိုသိရှိထားတယ်ဆိုတာ မန်းလေးဂေဇက်ရဲ့ ဦးဆောင်သူ ၊ အုပ်ချုပ်သူတွေကို စိန်ခေါ်လိုက်တာမဟုတ်ပါဘူး ။ ဖြေကြားပေးစေလိုပါတယ် ။ ကျွန်တော်က ပြည့်သူ့ရင်ထဲကအသံတွေကိုထုတ်ဖေါ်တဲ့နေရာလေးတစ်ခုအဖြစ် မန်းလေးဂေဇက် ကိုဝင်ခဲ့တာပါ ။ အကယ်၍ မန်းလေးဂေဇက်မန်ဘာဝင်သူဟာ ရာဇမှုကျူးလွန်သူဆိုတဲ့အဖြေကိုသဂျီးပေးခဲ့မယ်ဆိုရင်တော့ ကျွန်တော် အဲဒီစကားကြားတာနဲ့တစ်ပြိုင်နက် မန်းလေးဂေဇက်မန်ဘာဝင်အဖြစ်ကနေ အကြွင်းမဲ့နုတ်ထွက်ပါတယ်ခင်ဗျား ။

6 comments

  • ပေါက်ဖော်

    October 9, 2011 at 10:05 pm

    အောင်မငှီး..ဘာရာဇဝတ်မှုတုန်း….
    မဟုတ်တာတွေရေးနေကြတာမှမဟုတ်ဒါ..ဟုတ်ဒါတွေရေးနေကြဒါဘဲ..
    ဘယ်က ရာဇဝတ်က လာမှုရမှာတုန်း..ဟင်…

    သဂျီးတစ်ယောက်လုံး ကာကွယ်ပေးထားတယ်..ဘာမှစိုးရိမ်နဲ ့..
    မောင်တုုတ်ကြီး လစ်မစ် မပြည့်သေးလို ့..ဂယောင်ဂတမ်း လျှောက်ပြောနေတာ..
    ယုံနဲ ့….အလဂါး..
    🙄

  • pyinlepyaw

    October 9, 2011 at 10:18 pm

    နို့ သူတို့တွေပြောနေတာက ဘာရယ်
    user name နဲ့ passward ကိုဖေါ်ပြပေးမယ် ကြေ ငြာနေတာ
    ဟုတ်နေရင်တော့ ဒွတ်ခ
    ဟိုတစ်ယောက်ပြောသလို ဟက်ကာ ပေလား
    … ဟက်ချီး ပေလား

  • mgmglusoe

    October 9, 2011 at 10:26 pm

    မန်းလေး ဂေဇက်ရဲ့ ထိပ်တန်းလုံးခြုံမှု တိုက်ခိုက်ခံရပြီ ဆိုပါလား..။
    သူတို့ က ဘယ်လို လုပ်ကြ မလဲ passward ကဘယ်လို ရသွားနိုင်မလဲ ..။
    စိတ်ညစ်စရာ တွေ ပါလား ….။

  • အာရက္ခ မြေသား

    October 9, 2011 at 10:29 pm

    မပူလေနဲ ့ကိုယ့်ညီကိုတို ့ရေ…သူများမကောင်းကြောင်းတွင်တွင်ကြီးပြောခဲ့ပြီးမှ ကိုယ့်အလှည့်ကျတော့ မနွဲ ့စတမ်းပေါ့ဗျာ။မှန်ထဲကိုကြည့်တဲ့အခါပြုံးပြရင် ပြန်ပြုံးမှာပါ၊မဲ့ရင်တော့ ပြန်မဲ ့ပြမှာပေါ့။အဲလိုပါဘဲ MGမှာ ကိုကျော်ကျော်အကြောင်း၊ဖိုးသီးချိုအကြောင်း၊အိမ်ကို ခဲနဲ ့ထုဖို ့ပြောခဲ့ကြတာ ဘယ်သူတွေလဲဗျာ။
    ခုမှ မသိချင်ယောင်ဆောင် အရူးလုပ်မနေကြပါနဲ ့။ယောကျာ်းတွေ လုပ်ပြီး ထမီသာ ဝတ်လိုက်တော့ဗျာ။ကိုယ့်ညီကို တို ့အစားရှက်တယ်ဗျာ။

  • မောင်တုတ် ကြီး

    October 9, 2011 at 11:28 pm

    ဟုတ်တာပေါ့ အကိုတော်ရေ….မောင်တုတ်ကြီးအိပ်ပျော်သွားလို ့ခုမှနိုးတယ်ဗျာ။မောင်ရဲတေဇာ(ခ)ရဲတေဇာကျော် ရေ သိပ်လဲမခြောက်ခြားပါနဲ ့ဗျာ။အေးအေးဆေးဆေးပေါ့။မကြာမီမှာ ဘယ်သူက ဘယ်လောက်ပိုင်ဆိုင်ထားသလဲ သိရမှာပါ။လောလောဆယ်မှာ ထုတ်ပြောလိုက်ရင် စောနေသေးတယ်လေဗျာ။နောက်နှစ်ရက်လောက်ပေါ့။လက်စသတ်လိုက်ပါအုံးမယ်။

  • kai

    October 10, 2011 at 12:13 am


    အခုပို့စ်တင်သူရော.. ကောမန့်ရေးတင်ထားသူတွေရောကို.. သတိပေးလိုပါတယ်.။
    ဝက်ဘ်ဆိုက်ရဲ့ လုံခြုံရေးနဲ့..တာဝန်ယူမှုအပိုင်းကို.. လွန်ပြီးတော့လည်းမရေးစေလိုပါ။ လျှော့ပြီးလည်း မတွက်စေလိုပါ…။
    လုံခြုံရေးအပိုင်းကို..ထိခိုက်ပြောဆိုတာတွေဟာ မန်ဘာတယောက်ရဲ့ရရှိထားတဲ့.. အခွင့်အရေးကို ကျော်နေပါတယ်..။

    ဆိုတော့..
    နောက်တခါ.. ဒီလိုရေးတင်ရင်.. မင်ဘာအဖြစ်က အပြီးသတ် ထုတ်ပယ်မှာဖြစ်ပါကြောင်း နဲ့.. သတိပေးတာတွေကို အကြိမ်ကြိမ်လည်း ဖေါက်ဖျက်နေတဲ့… အောက်ပါ မင်ဘာတွေကို.. ၁ဝရက် Block လုပ်လိုက်ပါကြောင်း…။

    အာရက္ခ မြေသား
    မောင်တုတ် ကြီး
    ဝေးလွင့်တိမ်
    pyinlepyaw
    mgmglusoe

Comments are closed.