ဝမ်းနိုက်ဝမ်းပေါ့

ဘယ်လို ဝမ်းနိုက် လဲ ဆိုတော့ လပြည့်ည ကြီး …

ဘယ်လို လပြည့်ညကြီး လဲ ဆိုတော့ တစ်ရွာလုံး ဆူညံနေအောင် ဗြောက်တွေ ဖောက်တဲ့ ဆူဆူပူပူည …

ဘယ်နေရာတွေ ဆူပူနေလဲ ဆိုတော့ ရွာရဲ  ့အနောက်မြောက်ပိုင်းတွေ မှာ …

ကြာပါပြီလေ…မောင်ပေ တို ့ရွာ ဆူဆူပူပူညံနေခဲ့တာ တွေဟာ ။

ဒီလပြည့်ည မတိုင်ခင် ကတည်း ကို က ၊ ရွာအနောက်မြောက်ပိုင်း က လူတွေ ဗြောက်အိုး အရမ်းဖောက်နေခဲ့ကြတာမလား ။

သက်ကြီးရွယ်အိုတွေ ဆိုရင် နားပူလွန်းလို ့၊ တစ်ခြားကို ခဏပြောင်းရွှေ  ့တဲ့သူလဲ ရွှေ  ့ကုန်ကြတာပေါ့ ။

သူတို ့ဟာ တွေ က လဲ လွန်ပါတယ် ၊ မသိရင်..ဓါးပြပဲ တစ်ကယ်ဝင်တိုက်အနုကြမ်းစီးနေသလိုလို ။

နောက်ရှိသေးတယ် ၊ အဲဒီကိစ္စ က ပိုဆိုးတယ် ။ ရွာထဲက တစ်ဦးတည်းသော ခေတ်သစ် ချစ်တီး ရဲ  ့ပြဿနာ ။  အမှန်က သူ က ဗမာ ပါ ။

သူ ့အလုပ်က ငွေတိုးချေးစား တာရယ် ၊ သူ ့အသားရေ က ကပ္ပလီ နီဂရိုးလို မဲပြောင်လွန်းလို ့ရယ်  နဲ ့၊ သူ ့ကို ခေတ်သစ် ချစ်တီးလို ့ပဲ ခေါ်ကြတယ် ။

သူကလဲ ကျေနပ်ပါတယ် တဲ့ ၊ သူ ့ဆီက ပိုက်ဆံချေးသူတွေ သာ အတိုးမှန်မှန်ပေး ၊ ငွေမှန်မှန်ပြန်ဆပ် ရင် ခေါ်ချင်သလိုခေါ်ကြ ပါစေတဲ့ ။

သူက ပိုက်ဆံတော်တော်ရှိတော့ ၊ ညီမ သုံးယောက် ကို တစ်ပြိုင်တည်း ယူထားတယ် ။

အဲသူယူထားတဲ့ဟာက မှ တစ်ကယ့် ကုလားမ တွေ  ၊ ညီမသုံးယောက်လုံးကို တစ်အိမ်ထဲ အတူပေါင်းထားတယ် ။

နောက်ပြီး သူ ့အိမ် က ခြေတံရှည် အိမ်ကြီး ဆိုတော့ အောက်ထပ် မှာ ကြက်တွေ ၊ ဝက်တွေ မွေးထားသေးတယ် ။ စီးပွားရေး အကွက်မြင်တာပေါ့လေ ။

သူ ့ပြဿနာ က ဘယ်လို လဲ ဆိုတော့ ၊ တစ်ရက် မှာ သူ ့ကြက်ဝက် အကောင်ရေ ပြန်စစ် ကြည့်တော့ လျော ့နေတယ် ။

ဒါနဲ ့ သူခိုးတော့ ရှိနေပြီပေါ့လေ ၊ သူကြီးတိုင်ရင် လက်ဆောင်လေး ဘာလေး ပေးနေရမှာ စိုးတာနဲ ့၊ ကိုယ်တိုင် စောင့်ဖမ်းတယ် ။

သူမစောင့်နိုင်တဲ့ ညဆိုရင် သူ  ့မယားသုံးယောက် ကို အလှည့်ကြ ဆင်းစောင့်ခိုင်းတယ် ။

ရွာထဲက ကာလသားတွေ ထံမှာတော့ စနည်းသွားနာတယ် ။ တိုးတိုးတိတ်တိတ် သတင်းလွှင့်တယ် ။

သူတစ်ပါး ပစ္စည်းဥစ္စာ ကို ခိုးယူတာဟာ ငရဲရောက်မှာဖြစ်တဲ့အကြောင်း ၊ မကောင်းဘူး ဆိုတဲ့ အကြောင်း ပေါ့

ဒါပေမယ့် မမိပါဘူး ၊ အဲ…သူခိုးက ပိုဆိုးလာတယ် ။ ခိုးရုံတင်မက စာတောင် ပစ်ခဲ့သေးတယ် ။ ဘာလဲဆိုရင်

“ စားချင်လို ့ခိုးတာဖြစ်ကြောင်း ၊ ဘာငရဲ မှ မရှိကြောင်း ၊ ရအောင် ယူနိုင်ရင် စားရမှာ ဖြစ်ကြောင်း ၊ နောင်လည်း ဒီထက့်မက ခိုးသွားဖို ့အစီအစဉ်ရှိကြောင်း ”

စာဖတ်ပြီးတော့ ချစ်တီး တော်တော် ဒေါသထွက်သွားတယ် ။ သူခိုးပုံကြည့်ရတာ ဘာသာမဲ့ကောင် ၊ ဘာကိုးကွယ်တဲ့ကောင်မှန်းကို မသိတော့ဘူး ။

ဒါနဲ ့သူကြီးကို သွားတိုင်ရတော့တယ် ။ သူခိုးပူနေပြီ ဆိုတာ သိသွားတဲ့ သူကြီးလည်း ရွာပတ်ပတ်လည်ကို ခြံစည်းရိုး ကာလိုက်တယ် ။

ပြီးတော့ ဆယ်အိမ်မှူးတွေ ကို ခေါ်ပြီး အလှည့်ကျ ကင်းစောင့်စေတယ် ။

ချစ်တီး အိမ်မှာ အခိုးခံရတာ မရှိတော့ဘူး ၊ အခြေအနေ ပြန်ငြိမ်သွားတယ် ။  ဒါပေမယ့် ချစ်တီးကတော့ ညစဉ်  အိမ်အောက်မှာ ကင်းစောင့်နေမြဲပဲ ။

သူ စောင့်လိုက် ၊ သူ ့မိန်းမ သုံးယောက် အလှည့်ကျ  စောင့်လိုက်နဲ ့ပေါ့ ။

အဲဒီမှာ တစ်ရက်ကြ ချစ်တီးတို ့အိမ်က ဝက်တစ်ကောင် သေသွားလို ့၊ အသားပေါ် စားကြတယ် ။

စားကောင်းကောင်းနဲ ့စားလိုက်တာ ၊ ချစ်တီးတို ့လင်မယားတွေ စားပြီး အဲ့ညမှာ ပိုးစိုးပက်စက် အိပ်ပျော်ကုန်ကြတယ် ။

အငယ်ဆုံး မယားလေး ပဲ ၊ အလိုက်တသိ နဲ ့ အောက်ဆင်း ပြီး ခြံစောင့်လုပ်ရှာတယ် ။ အဲဒီမှာ သူ  အမှားကြီး မှားခံလိုက်ရရှာတော့တာပဲ ။

နောက်နေ ့မနက် ၊ ချစ်တီး အိပ်ယာနိုးတော့ ၊ အိမ်အောက်မှာ တစ်ရှုံ  ့ရှုံ  ့လေး ထိုင်ငိုနေတဲ့ သူ ့ မယားထွေးလေး ကို တွေ ့လိုက်ရတော့တယ် ။

လက်ထဲမှာ လည်း စာရွက်လေး ကိုင်ထားတယ် ။ ချစ်တီး လည်း ပြူးတူး ပြဲတဲ နဲ ့စာကို ဖတ်ကြည့်လိုက်တော့

“ လုံခြုံရေး ထူထပ်နေသဖြင့် ၊ ကြက်ဝက်များကို ခိုးရန်မလွယ်ကူသောကြောင့် ၊ ရှိသော မယားလေးကို ပဲ ကျေနပ်သွားပါကြောင်း ၊ သည်အတွက် ကျွန်တော်တို ့မှာ ဘာအပြစ်မှ ဖြစ်မှာ မဟုတ်တာကို သိရှိစေလိုကြောင်း ၊ အဘယ်ကြောင့် ဆိုသော် ကျွန်တော် တို ့အပြာသမား များမှာ သည်လို များများလုပ်လေ အကျိုးများများ ရှိလေ ဖြစ်ကြောင်း ၊ အရမ်းအရမ်းကို ကျေးဇူးတင်ပါကြောင်း ၊ နောက်ရက်များ တွင် ၊ သည်မယားကို ထပ်မစောင့်စေပဲ ၊ ကျန်မယား များ ကို အလှည့်ပြောင်း စောင့်ပေးစေလိုပါကြောင်း ”  တဲ့…

ချစ်တီး ဒီတစ်ခါ တော့ ဘယ်လို မှ သည်းမခံ နိုင်တော့ ၊ သည်ကောင်တွေ ဘယ်လိုကောင်တွေ လဲ ၊ ဘုရားတရား မရှိတာတော့ သိသည် ။

အပြာကောင်တွေ တော်တော် ဆိုးလာပြီ ဟု အရမ်းစိတ်ဆိုးသွားကာ ၊ သူကြီး ဆီသို ့ပြေးတိုင်ပြန်သည် ။

သူကြီးလည်း မဖြစ်ချေတော့ ဆိုကာ ၊ ညကင်းကို တစ်ယောက်ပဲ စောင့်စေခဲ့ရာမှ ၊ တစ်ညလျှင် ကင်း သုံးယောက် အထိ ထပ်တိုးစောင့်ရန် ညွှန်ကြားလိုက်လေတော့သည် ။

အဲဒီမှာ ကျွန်တော် မောင်ပေ အစမှာ ရေးခဲ့တဲ ၊ လပြည့်ည ကြီး ပေါ့ …

ကိုဘီလူး ရယ် ၊ ပေါက်ဖော် ရယ် ၊ မောင်ပေ ရယ် သုံးယောက် သား ကင်းစောင့်ဖို ့တာဝန်ကြ လာလို ့၊ ရွာအဝင်လမ်း ခြံစည်းရိုးနားက ကင်းစင်ပေါ်မှာ ရောက်နေကြတယ် ။

သုံးယောက်သား ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ နဲ ့စောင့်ရင်း သောက်ရင်း လုပ်နေကြတယ် ။ ပုလင်းတွေကို ပုံနေတာပဲ ။

ရွာထဲက လူတွေ က ကင်းသမား တွေ ကို ဆပ်ပလိုင်းပေးထားတယ် လေ ၊ အမြည်းကလဲ ဘာကောင်းသလဲ မပြောပါနဲ ့ ။

ရွာထဲက လယ်ကြွက်ဖမ်းရောင်းသူ ဦးကြောင်ကြီး ဆပ်ပလိုင်းထားတဲ့ လယ်ကြွက်ကြော် ကြွပ်ကြွပ်လေး ၊ ပဲဆီနံ  ့လေး မွှေးနေတယ် ။

ချစ်တီးကလဲ သူ  ့ခြံထွက် ကြက်ဥတွေ ကို အပြုတ်တွေ ရော အကြော်တွေ ပါ ဆပ်ပလိုင်းထားတယ် ။

ဒါနဲ ့မောင်ပေတို ့သုံးယောက် ၊ ကင်းစောင့်ရင်း သောက်ရင်းစားရင်း  စကားလေး တစ်ပြောပြောနဲ ့ပေါ့ ။

ဒီလိုနဲ ့…….ညသန်းခေါင်ယံ အချိန်ကို ရောက်လာတယ် ။ ဘီလူး၊မောင်ပေ၊ပေါက်ဖော် သုံးယောက် ငိုက်စတောင် ပြုနေပြီ ။

ရွာအဝင်လမ်း ဘက် ကို ရွာအပြင် ဘက်ကနေ တစ်လျက်လျက် နဲ ့ လူတစ်ယောက် လျှောက်လာတဲ့ ခြေသံကြားလိုက်ရတယ် ။

(လျက်လျက် ကို မြန်မာစာလုံးပေါင်းမှ ယူသုံးထားပါသည် ၊ ရွာထဲ မှ လက်သစ်တစ်ဦးက စာလုံးပေါင်း လိုက်စစ်နေသည် ကို မဖြေရှင်းချင်သဖြင့်  )

ခြေသံရှင် က ရွာအဝင်တံခါး နား မရောက်ခင် မှောင်ရိပ်ထဲ တွင် ရပ်သွားသည် ။

ဘီလူး ၊ ပေါက်ဖော် ၊ မောင်ပေ တို ့လည်း သတိဝင်လာကြပြီး ၊ ဘီလူး က အော်မေး လိုက်တယ်

“ ဟေ့…ရွာဘက်ကိုလာနေတာ ဘယ်သူလဲ ဟေ့ ”

အမှောင်ထဲမှ ခြေသံရှင်ထံ မှ အသံထွက်လာတယ်

“ ကျွန်တော်..အဲလေ ယောင်လို ့..ကျွန်မ ပါ ဖြိုး ရယ်ပါ ”

မောင်ပေ က

“ ဘယ်က ဖြိုးလဲ ၊ စကားဝှက်ပြောစမ်း ”

( စကားချပ် ။ ရွာသာယာ ၏ လုံခြုံရေးစည်းကမ်းအရ စကားဝှက်များ ကို သူကြီးက သတ်မှတ်ထားသည်ကို ဂေဇက်ဝင်များ သိရှိပြီး ဖြစ်ပါသည် ။ ဂေဇက်ဝင်များ ရွာထဲသို ့ဝင်မည် ဆိုလျှင် ကိုယ့်နာမည် နှင့် password ဟု ခေါ်သော စကားဝှက်များ ကို ဖြေကြရသည် မဟုတ်ပါလော )

“ ကိုကာကိုလာ ၊ အပျိုလာ ဟိုမှာ ၊ ဆိုဗျာ လိုတာ ”

မောင်ပေ လည်း အံ့အားသင့်သွားပြီး ပေါက်ဖော် ကို တီးတိုး ပြောလိုက်သည် ။ “ သူ က စကားဝှက်တော့ မှန်အောင် ပြောနိုင်သား ဗျ ”

ပေါက်ဖော် က

“ ဟဲ့..အခြောက်မ ဖြိုး လား ၊ နင့်ကို အရမ်း ရှုပ်လွန်း၊ ရွလွန်းလို ့သူကြီးနဲ ့ရွာလူကြီးတွေ က မောင်းထုတ်ပြီးသားမလား ၊ ဘာကိစ္စနဲ ့ညကြီးအချိန်မတော် ကာမှ လာရတာလဲ ”

အမှောင်ထဲမှ ဖြိုးဆိုသူ သည် ရွာခြံစည်းရိုး အပြင်ဘက် ၊ ကင်းစင် အောက်နား သို ့ဆတ်ကော့လတ်ကော့ ဖြင့် ထွက်လာပြီး…

“ အရင်လို မဟုတ်တော့ပါဘူး တော်တို ့ရယ် ၊ ရှင်တို ့တစ်ရွာလုံး က စစ်မှ ကြိုက်ကြတယ် ဆိုလို ့၊ ကျွန်မ ရှိတာလေး တွေ ပေါင်နှံ ရောင်းချ အရင်းလုပ်ပြီး ၊ ယိုးဒယားကို သွား ၊ ဖောင်းတန်ဖောင်း ၊ ဖြတ်တန်ဖြတ် ၊ ဖောက်တန်ဖောက် ၊ ချုပ်တန်ချုပ် ပြီးခဲ့လို ့ စစ်စစ် လေး ဖြစ်လာပါပြီ ရှင်တို ့ရေ…ဟီးဟီး ”

ပြောပြောဆိုဆို ဖြင့် ဖြိုးဆိုသူ သည် ဘီလူးတို ့ဘက်ကို ၊ ရုပ်ရှင်မင်းသမီးများ လုပ်သလို ၊ တင်ပါးလေး နောက်ကော့ပြီး တစ်ပတ်လည် ပြလိုက်လေသည် ။

ဘီလူးတို ့လည်း  “ ထွီ..ရွံတာ ၊ တော်စမ်းပါ အခြောက်မ ရယ် ၊ သွားသွား…နင် ့ကို ဒီရွာကနေ ရာသက်ပန်  နှင်ထုတ်ပြီးသား ပဲ ၊ ဘာအကြောင်းနဲ ့မှ နင် ပြန်လာစရာ မရှိဘူး ၊ လစ်တော့လစ်တော့ ”

ပေါက်ဖောက် ကပါ ဝင်ပြောသည် ။

“ ကိုဘီလူး ပြောသလို ပဲ ၊ သွားတော့နော်..ငါ ကစိတ်အရမ်းဆတ်တာနော် ၊ ဟင်းဟင်း..အခုကို ယားလာပြီ ငါ့လက်က ၊ ပုလင်းနဲ ့ဝှီးလိုက်ရမလား ၊ လေးခွ ကြိုက်လား ”

“ အဲဒီလိုတော့ ဇွတ်မလုပ်ကြပါနဲ ့အကိုတို ့ရယ် ၊ ဟောဒီမှာ အကိုတို ့အတွက် ကျွန်မ ယူလာတဲ့ လက်ဆောင်လေး တွေ ကို ကြည့်ကြပါဦး ”

ပြောပြောဆိုဆို ဖြင့် ဖြိုးသည် သူ လွယ်လာသော စလင်းဘတ်အိတ်ကြီးကို ဖွင့်ပြီး မြေကြီးပေါ် သွန်ချလိုက်သည် ။

( စကားချပ် ။ ဖြိုး လွယ်လာသော စလင်းဘတ် အိတ်ကြီးမှာ ယိုးဒယားမှ ဝယ်လာသော အယ်လ်ဗီ အမျိုးအစား ဖြစ်ကြောင်း သိရသည် )

ဘီလူးတို ့သုံးယောက်လည်း မျက်လုံးပြူးသွားကြသည် ။

“ ဟာ..ပလေးဘွိုင်း စာအုပ်တွေ ပါလား ၊ ဟောဗျာ…ဆာဒူးကြီး တို ့ကာဗိုက်တာ တို ့ဆေးကဒ်တွေ လဲ ပါတယ်ဟ ”

“ ဟိုမှာ…အခွေတွေ ဗျို  ့၊ ဆင်းရဲသား ဆင်းရဲသူ ပုံလေးတွေ နဲ ့…ဟီဟိ ”

“ ဟိုမှာ ကျမ်းစာအုပ်လိုလိုတွေ ဗျ ၊ အဖုံးက အပြာရောင်တွေ နဲ ့ ”

မောင်ပေ့စကားအဆုံးတွင် သုံးယောက်သား ကျမ်းစာအုပ်လို စာအုပ်အထူကြီးတွေ ပေါ် မျက်စေ့ကျကုန်သည် ။

“ ညှင်းညှင်းညှင်း..သိပ်အံ့ဩသွားကြလား ၊ ကျွန်မ က ရွာမှာ မရှိပေမယ့် ၊ ရွာရဲ  ့သတင်းကိုတော့ မျက်ခြေ မပျက်ပါဘူး ၊ ဒီစာအုပ်တွေ က ရှင်တို ့ရွာမှာ အခု ဖြစ်နေတဲ့ အပြာ အကြောင်း ကို အသေးစိတ်ဖော်ပြထားတဲ့ဟာတွေ ပဲ ၊ နောက်ပြီး…ရှင်တို ့သုံးယောက်သာ ကျွန်မကို ပေးဝင်ခွင့် ပြုမယ်ဆိုရင် ၊ ဟောဒီက ကျွန်မ ရဲ  ့ယိုးဒယားက မခိုးတရားပြန်လာတဲ့ အလှအပ လေးတွေ ကို လည်း ရှင်တို ့ကို အသေးစိတ် လေ့လာခွင့် ပြုဦးမှာ ….သိလား ”

ညုတုတု နှင့် ပျစ်ချွဲချွဲ လုပ်ပြနေသော ဖြိုးကို ကြည့်ကာ ဘီလူးတို ့သုံးယောက် လွန်စွာ စိတ်ပျက်သွားကြသည် ။

“ ဟိတ်..ငါတို ့ကိုများ ဘာမှတ်နေလဲ ၊ ရွာထဲမှာ အခု တလော အရမ်းရှုပ်နေလို ့မှ ၊ သူကြီးက သေချာ ကင်းစောင့်ခိုင်းထားတာ ၊ ဒီလောက် လက်ခံ စကားပြောပေးနေတာကို က နင့်အတွက် ကံကောင်းလွန်းလှပြီ ၊ ဒီတော့ အခုချက်ချင်း နင့်ဟာတွေ နင်ပြန်သိမ်းပြီး လစ်တော့ ၊ နင်လာရှုပ်တာနဲ ့ငါတို ့အသောက်ပျက်တယ် ၊ ကြာရင် အသက်ပျောက်လိမ့်မယ် ၊ ဒီတော့ လာရာလမ်း ကို သာ မြန်မြန် ပြန်လစ်ပေတော့ ၊ မဟုတ်ရင် ပေါက်ဖော် ရဲ  ့ပုလင်းပျံ ၊ လေးခွ စာ လာပြီသာ မှတ်ပေတော့ ”

“ ကြားတယ်နော် အခြောက်မ ၊ ကိုဘီလူး ပြောသလို ပဲ ၊ နင်အခု မလစ်လို ့ကတော့ ဒီမှာ ပေါက်ဖော် လက်ရာကို ကြည့်စမ်း ”

“ ဖောင်း…”

ပြောပြောဆိုဆိုဖြင့် လောက်စာလုံး တစ်လုံးကို ဖြိုး ၏ နံဘေးနားကို လျှပ်ပစ်လိုက်သည် ။ ဖြိုးလည်း အလန် ့တကြား ထခုန်လိုက်သည် ။

“ အောင်မလေး..တစ်ကယ်ကြီး ရက်စက်ကြတော့မယ်ပေါ့လေ..အဟစ်အဟစ် ၊ ကောင်းပါပြီ..အသည်းနှလုံးမရှိတဲ့ လူကြီးတွေ ၊ သွားမယ် ၊ ဟိုဘက်ရွာမှာပဲ သွားနေတော့မယ် ၊ နောက်မှ သာ ၊ ရှင်တို ့တွေ…ဖြိုးလေး ကို မကြင်နာလိုက်ရတာ ရင်နာလှပါတယ် ဆိုပြီး နောင်တမရကြစေနဲ ့…အဟစ်ဟစ် ”

“ သွားသွား..မြန်မြန်သာကြွပေတော့ ၊ မယ်မင်းကြီးမ ရေ ၊ ဝေးလေ ကောင်းလေ ပဲ ”

ဖြိုး လည်း သူ ့ပစ္စည်းများကို သူ ့စလင်းဘက် အိတ်ကြီးထဲ ပြန်ကောက်ထည့်ကာ ၊ ဆတ်ကော့လတ်ကော့ဖြင့် တစ်ကိုယ်လုံး တုန်ခါယမ်းလှုပ်ပြီး ပြန်ထွက်သွားလေတော့လေသည် ။

ဘီလူး၊ပေါက်ဖော် နှင့် မောင်ပေ တို ့လည်း သက်ပြင်းကိုယ်စီ ချ လိုက်ကြပြီး ၊ အသက်မပျောက် အသောက်မပျက်ရလေအောင် ပုလင်းလက်ကျန်လေး များ ကို မော့လိုက်ကြကာ ၊ စောင့်ရင်း သောက်ရင်း ၊ ကင်းစောင့်တာဝန်ကြီးကို ဆက်လက် ထမ်းဆောင်ကြတော့သည် ဟူသတည်း ။

——————————  ပြီးပါပြီ ——————————

——————————— အားလုံးကို ကျေးဇူးတင်ပါသည် ———————————

 

 

 

 

About မောင် ပေ

မောင် ပေ has written 396 post in this Website..