မနက်လာမှာလားဆို ညနေရောက်မှာလားဆို xxxxxxx

ba gyiOctober 10, 20111min1193

ပြီးခဲ့တဲ့ (7/8/9) လပိုင်းတွေကအပျော်လေးတွေ ကြားရ၊ မြင်ရတာနဲ့ကို သူတို့နဲ့လိုက်ပျော်မိပါတယ်၊
ခုတော့ နဲနဲ အသားကျသွားသလိုပါပဲ၊ လမ်းမှာ ဘိုးဘိုး၊ ဖွားဖွားတွေ အချင်း ချင်း တွေ့ပြီ ဆိုရင်
မိရိုးဖလာ နှုတ်ဆက်ကြမေးကြပေါ့ ———၊
ဦး—– ၊ ဒေါ်—— နေကောင်းရဲ့လား၊စခန်းဝင်ဖြစ်သေးလား ( တရားစခန်းပျောတာ )
ခုတော့ နှုတ်ဆက်ပုံပြောင်းသွားတယ် —-
— ဦး (အ ဝှာ ကြီး )—နေကောင်းရဲ့လား—-ခု—တော့်- ပင်စင်ဘယ်လောက်တိုးသွားလည်း?
အားလုံးဘယ်လောက်ရလည်း ?.ဝမ်းသာပါ့ တော် —– ကိုယ့်ဟာလေးနဲ့ကိုယ် ဆေးဘိုလေးခုသာခံသာပေါ့ ၊
ကဲ ကြားရ နားဝ ဘယ့်ဂလောက် စိတ်ချမ်းသာစရာလည်း လို့–။ ဒါတောင် ကျုပ်တို့ သမ္မတ ကြီးက
အကင်းလေးပဲ( တို့) လိုက်သေးတာ ဟဲ ဟဲ သူများနိုင်ငံတွေလို၊ ပင်စင်စား ဖိုးဖိုး/ဖွားဖွား တွေအတွက် ဆို၊
ပူစရာအတွေး မရှိ၊ နေထိုင်စရာနဲ့ ကျန်းမာရေး ဘေးမရှိအောင်ကို လုပ်ပေးအုံး မှာလို့ ယုံကြည်ပါသဗျား ZZZZZZ

သည်အကြောင်းအရာလေးနဲ့ဆက်စပ်ပြီး နောက်ဝမ်းသာစရာလေး ဖေါက်သည်ချပါအုန်းမယ် —– ၊
ပြီးခဲ့တဲ့ (2010) လောက်ကတည်းကစခဲ့တာပါပဲ ၊ ခုထပ်ပြီးသေခြာမေးပြီး လုပ်နေပါတယ်ဆိုလို့ သေခြာသလောက်
ရှိတန်ရာ၏ ဟု သုံးသပ်ပြီး post တင်ပေးလိုက်ပါသည်။ အကြောင်းကဘယ်ကစသလည်းဆိုရင် လူမှုဖူလုံရေးအဖွဲ့က
စတာပါ၊ စပုံကသည်လို———————————————————————။
တစ်နေ့သဍ် — ကျွန်ုပ် ၏ရုံးသို့ တစ်ခါ ဘူးမှ စာပို့လေ့ ပို့ထမရှိသော အထက်ဖေါ်ပြခဲ့သည့် ရုံးတော်ကြီးမှ
တာဝန်ခံ အင်စပက်တာ မှ (စာတိုက်တံဆိပ်ခေါင်းဘိုးကုန်မည်ဆိုးလို့လားမသိ) ရုံးစာ တစ်ဆောင်ပေးရန်ရှိသဖြင့် ယ္ခု
ပင် သင့်ရုံးမှ တာဝန်ရှိသူတစ်ဦးအား အမြန်မနှေး စေလွှတ်ရန် အကြောင်းကြားပါကြောင်းဟု- သူတို့ ရုံးမှအလကား
ပြောရသော တယ်လီဖုံးဖြင့်ဆက်လာပါသည်။
ကျွန်ုပ် လည်း အစိုးရမင်း၏ ရုံးတော်များနှင့်ပါတ်သက်ပါက အပေါင်းသင်းဆံ့သူတစ်ယောက်ဖြစ်လေရကား
ကျန်ုပ် ကိုယ်တိုင်မသွားပဲ ရှေ့ပြေးအနေဖြင့် ရုံးမှ စကားနှိုက်ကောင်းသော (စကားနှိုက်ဆိုသည်မှာစကားနှိုက်သူ)
ကိုဆိုလိုသည်၊ အဲ အဲ သည် မယ်မင်းကြီးမ မယ်စပ်စုကို အနှီ ရုံးတော်သို့လွှတ်လိုက်ပါ၏ ။ ထိုရုံးတော်၏ခေါ်ဆိုရ
ခြင်းအကြောင်းအရင်း နှင့် လိုအပ်သော သတင်းပုလင်း (သတင်းဆိုသည်မှာ = သတင်းဖြစ်ပြီး။ ပုလင်း=တစ်ပုလင်း
နှစ်ပုလင်း—— သုံးပုလင်း) အယ်- —— ဘေးချော်ကုန်ပြီ ပြန်တည်.လေမှ တော်တော့မည်။
သည်လိုနှင့် မယ်စပ်စု ပြန်ရောက်သောအခါ၊ ရုံးတော်သို့ ကျွန်ုပ် ကိုယ်တိုင်သွားရမည့်အရေးဖြစ်ကြောင်း
သဘောပေါက်မိသည်ဖြစ်သဖြင့်၊ နောက်တစ်နေ့တွင်ကျန်ုပ်၏ ညာလက်ရုံး စီမံဌာနမန်နေဂျာကြီးနှင့်သွားရောက်ခဲ့
ပေသည်တကား —–၊ ရုံးသို့ရောက်လတ်ပြီး၊ အင်စပက်တာကြီး၏ အခန်းသို့ဝင်လိုက်သည်နှင့် ထိုင်ပါ ဟု
ပြောပြီး ရှု တည်တည်သူ၏ မျက်နှာသည်ကား၊ ငါရို့ ရုံးသို့ ခဏခဏ ဝင်လာသော မျက်နှာ မဟုတ်လေရော့ပါလားဟု
ထင်မြင်ကာ၊ ဘေးမှ ညာလက်ရုံးတော်ကြီးပေါင်ကို သူမမြင်အောင်လက်ကုတ်အချက်ပြလျှက်၊ အစွမ်းကုန်ပြုံးဖြီးဖြီး နေရ
လေတော့သတည်း။ ထို့နောက် သူထံတင်ပြရန် အလုပ်သ္မား ရှိရှိသမျှတို့၏ ၊ ရုံးတက်/ဆင်း လက်မှတ်ထိုး စာအုပ်ရှိရှီသမျှ
နှင့်တစ်ကွ၊ သူရို့ထံ တင်ပြမှတ်ပုံတင်ထားသော လူမှုဖူလုံရေးဝင်အင်အားစာရင်းတို့ကိုတိုက်ဆိုင်ကာစစ်ဆေးပါတော့သည်။
အများသိသည့်အတိုင်းပင်- မြန်မာပြည်ကလူမှုဖူလုံရေးသည်၊( အများသိသည့်အတိုင်းပင်ဖြစ်သဖြင့် ) အများသိသလို
ဆိုင်ရာ အင်စပက်တာများနှင့်ညှိနှိုင်း ပြီး အလုပ်သ္မားဦးရေကိုတိတိကျကျ စာရင်းဝင်လေ့မရှိ၊ ဝင်သမျှ ဖူလုံကျေး ထည့်ဝင်ငွေ
သည်၊ ထည့်ဝင်ငွေသာဖြစ်ပြီး။ ငါတို့ အတွက် ပြန်ထွက်ငွေမဟုတ်၊ (တောင်းရခက်သည်ကိုဆိုလိုသည်။) ဟု နားလည်သည့်
အားလျှော်စွာသဘောသာဆောင်သောဦးရေသာ စာရင်းရှိကြသည်။ သည်တစ်ခါတော့ခံရပြီ ၊ အင်စပက်တာကြီး ကယ်ဘာ လုပ်
ရတော့သည်၊ (ကယ်ဘာဆိုသည်မှာ= ကယ်ဘာပင်ဖြစ်သည်။) ၊ အင်စပက်တာကြီးလမ်းပြမှုဖြင့် — သူရို့ဌာန ဂျာကြီးထံ
အသနားဝင်ခံ ရပြီ၊ အင်စပက်တာကြီး၏အကွက်လှ မှုကြောင့် ဂျာကြီး ကသဘောကောင်းပါသည်။ ( အနီကဒ် )ပြလျှင်ရကြောင်း။
သို့သော် ကန်ချက်က ဟိုဘက် သည်ဘက် မျှ နေသဖြင့် ရိုးရိုး ပြစ်ဒါဏ် သာသတ်မှတ်ပါကြောင်း၊ ပြောဆိုရင်း၊စစ်ဆေးရသောအ
ကြောင်းအရင်းကိုအေါက်ပါအတိုင်းရှင်းလင်းပြောကြားခဲ့ပါသည်။

လူမှုဖူလုံရေး နှင့် ပါတ်သက်ပြီး၊ အစိုးရမဟုတ်သော၊ အလုပ်ဌာနများ၊ကုမ္ပဏီ ဝန်ထမ်းများသည်၊အကျိုးခံစားခွင့်အပြည့်အဝ
ရစေရန်၊နိုင်ငံတစ်ကာစံချိန်အတိုင်းဆောင်ရွက်တော့မည်ဖြစ်ကြောင်း၊ ထည့်ဝင်ငွေအချိုးအတိုင်း နာမကျန်းမှု၊ အလုပ်ခွင်ထိခိုက်မှု၊သေဆုံးမှု
သားသ္မီးပညာထောက်ပံ့မှု များ၊ ကိုထိထိရောက်ရောက် ဆောင်ရွက်ပေ၊ထောက်ပံ့ပေးတော့မည်ဖြစ်သည့်အပြင်၊ လူမှုဖူလုံရေးငွေထည့်ဝင်
ငွေအကျိုးဖြင့် နောင်အသက်ကြီးလို့ အလုပ်မှအနားယူလျှင်လည်း အစိုးရ ဝန်ထမ်းများကဲ့သို့ ပင်စင် ခံစားခွင့်ကို (အနှီ) အဖွဲ့မှလစဉ်ထုတ်
ပေးမှာဖြစ်ကြောင်း၊ ဆေးပင်စင်၊ လုပ်သက်ပင်စင် စသဖြင့်ပါဝင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါသဖြင့်၊ မိမိ ဝန်ထမ်းအားလုံးစာရင်းသွင်းပြီးလူ
မှုဖူလုံရေးစရိတ်ထည့်ဝင်ရန်တိုက်တွန်းကြောင်း၊ အလုပ်သ္မားတိုင်းလူမှုဖူလုံရေး ကဒ်ပြားများလုပ်ထားစေလိုကြောင်း၊ပြောပီး သကာလ
အလုပ်ရှိလူကုန်စာရင်းပြုစုပြီး ထည့်ဝင်ကြေးပါလုပ်ထားလိုက်ရလေသတည်း။
သို့သော် (2011)ရောက်ခဲ့လေပြီ ( အနှီ) ဥပဒေကား—– မကြားမိသေး၊ယ္ခင်လက၊ ထိုတရားဟောကောင်းသော —- လူမှုဖူလုံရေးဂျာကြီး ရုံးသို့လိုက်လာသဖြင့်၊ ထိုအကြောင်းဆွေးနွေးဖြစ်ရာ၊ ဝန်ကြီး၏ လမ်းညွှန်မှုဖြစ်ကြောင်း၊ ပင်စင်နှင့် အခြားခံစားခွင့်များ
အတွက်အသေးစိတ် ဥပဒေတစ်ရပ်ရေးဆွဲနေပါကြောင်း၊ လက်ရှိမှာကို ပင်၊ အလုပ်ခွင်ထိခိုက်သူ/သေဆုံးသူများကိုလျှော်ကြေးကိုအိမ်တိုင်အ
ရောက်လိုက်ပေးနေပါကြောင်း၊ လူမှုဖူလုံရေးစာရင်းပါ အလုပ်သ္မား/ဝန်ထမ်းစာရင်းကို နေပြည်တော်သို့ပင်ပေးပို့ မှတ်တမ်းတင်တာတွေကို
ကွန်ပြူတာစာရင်း စသွင်းဆောင်ရွက်နေပါကြောင်း၊ထည့်ဝင်ရန် ဖူလုံရေးကြေး ကိုလည်း ဝင်ငွေ ၏ (10) ရာနှုန်းလောက်ကောက်ရန်စဉ်း
စားနေကြောင်း၊ ပြောပြီး အစိုရမဟုတ်သောပြင်ပ ပုဂ္ဂလိက နှင့် ကုမ္ပဏီ ဝန်ထမ်းများအား ခံစားခွင့် ပင်စင် ပေးတော့မည်မှာအမှန်ဖြစ်ပါ
ကြောင်းထပ်လောင်း အာမခံ သွားပါသဗျား။

ထို ဂျာကြီး၏၊ အာမခံဆောင်မှုနှင့်အတူ— ကျန်ုပ်၏ နားဝသို့ သီချင်းတစ်ပုဒ် ပျံ့လျှက်ဝင်ရောက်လာခဲ့ပါသည်၊ ထိုသီချင်းကိုတော့
ရှေ့မှီ နောက်မှီများကြားဘူးကြပါလိပ်မည် သီချင်းအစကလေးကတော့ —–( မနက်လာမှာလားဆို ညနေရောက်မှာလားဆိုxxxxxxx)
xxx နေ့လည်ချိန်လာမှာလားလို့— ဗျာများ နေစရာမလို— အခါခါ ခွန်းဆို xxxxxx လာပါလိပ်မယ် — ရွှေကျီးညို။

3 comments

  • naywoonni

    October 10, 2011 at 6:11 pm

    ဘဂျီးရေ… ဘဂျီးပြောနေတာတွေနားထောင်ရင် ကျွန်တော်လည်း သီချင်းတစ်ပုဒ်သွားသတိရတယ်..။ တစ်ချိန်က မင်းသားကြီး ကျော်ဟိန်းဆိုခဲ့တဲ့ သီချင်းလား တော့မသိဘူးအတိအကျ…။
    ” တို့ …မယုံဘူး” တဲ့……

  • kyeemite

    October 11, 2011 at 11:57 am

    ဘကြီး..ရေ
    ဖူလုံရေး လူမယုံသေး ယူရုံတွေး လူအကုန်ပြေး..ဟဲဟဲ နောက်တာပါ

  • kosharshi

    October 11, 2011 at 12:35 pm

    ပို့နဲ့ဆိုင် မဆိုင် မသိပေမဲ့.. ဖူလုံရေးတို့..ယာဉ်သူတစ်ပါးထိခိုက်မှုအာမခံ..တို့သည် ကြက်သောက်တဲ့ရေ များသာဖြစ်ပါကြောင်း…..

Leave a Reply