မျက်စိရောဂါများရှာဖွေပေးသည့် 3D ရုပ်ကြွစက်မြန်မာနိုင်ငံသို့ပထမဦးဆုံးရောက်ရှိလာ

klnMay 18, 20101min632

မျက်စိရောဂါများရှာဖွေပေးသည့် 3D ရုပ်လုံးကြွစက်မြန်မာနိုင်ငံသို့ ပထမဦးဆုံးရောက်ရှိလာကြောင်း အဆိုပါစက်ကို တင်သွင်းသည့် Concordia Int’l Co., Ltd. နှင့် Topcon South Asia Pte Ltd. မှ ၈-၅-၂၀၁ဝရက်တွင်သိရသည်။ ၎င်းစက်မှာ ရေတိမ်ရောဂါ၊ ဆီးချိုရောဂါတို့ကြောင့် မျက်စိကွယ်တတ်သည်များကို လွယ်ကူစွာရှာဖွေနိုင်သည့် OCT- 2000 Choerence Tomography) စက်ဖြစ်ပြီး မျက်စိနှင့်ပတ်သက်သော ဆေးရုံးကြီးများ၊ ဆေးခန်းကြီးများ၊ မျက်မှန်ဆိုင်ကြီးများတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ လူတစ်ယောက်ရဲ့မျက်လုံးကို ကွန်ပျူတာမှာ သရီးဒီရုပ်လုံးကြွပုံနဲ့ပတ်ပတ်လည်လှည့်ကြည့်လိုရတယ်။ ဆရာဝန်က ခွဲမယ်ဆို ဘယ်နေရာခွဲမလဲ ၊တိကျသေချာတဲ့နေရာကို အလွယ်တကူ ရှာနိုင်မှာဖြစ်ပါတယ်။ လက်ရှိကတော့ ဘယ်ဆေးရုံ ၊ ဆေးခန်းမှာမှ 3D –OCT စက်ကို အသုံးမပြုသေးပါဘူး။ ဒီနေ့မှ ရန်ကုန်ကိုရောက်တာပါ” ဟု Concoridia Int’l Co., Ltd မှတာဝန်ရှိသူတစ်ဦးကပြောသည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ ဆေးရုံ၊ ဆေးခန်းများတွင် လက်ရှိအသုံးပြုနေသော မျက်စိဆိုင်ရာစက်ကြီးများမှာ 2D ကြီးများဖြစ်ပြီး OCT နည်းပညာ ဆိုသည်မှာ နောက်ဆုံးပေါ်နည်းပညာဖြစ်ကြောင်းသိရသည်။ နိုင်ငံတကာ ဈေးကွက်တွင် ၎င်း OCT နည်းပညာဖြင့် အသုံးပြုထားသည့် 3D စက်များ ဈေးကွက်ဝေစုအများစု အများအပြားရရှိထားပြီးဂျပန်နိုင်ငံမှ ပြုလုပ်သည့် ၎င်းစက်မှာ ဂျပန်ဈေးကွက်၏ ၇ဝရာခိုင်နှုန်းကိုလည်း ရရှိထားသည်ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောပြသည်။ ဥရောပနိုင်ငံများ၊ ထိုင်း၊ စင်ကာပူနိုင်ငံများ တွင်လည်း ၎င်း OCT နည်းပညာကို အသုံးပြုမှုများကြောင့် ၊ OCT စက်ဖြင့် မျက်စိဆိုင်ရာ ပြဿနာများကို စစ်ဆေးဖြေရှင်းရာတွင် သာမန်ကျသင့်သည့် နှုန်းထားထက် ဈေးနှုန်းအနည်းငယ် မြင့်တက်မည်ဖြစ်ကာ မူလ ဈေးနှုန်းထက် ၃ဝရာခိုင်နှုန်းခန့် အထိ ပို့ကုန်ကျနိုင်ကြောင်း၊ လက်ရှိမြန်မာပြည်တွင် 2D အသုံးပြုစက်လေး၊ ငါးလုံးခန့်ရှိကြောင်း သိရှိရသည်။

2 comments

  • susunosuki

    May 18, 2010 at 7:49 am

    ကွန်ပြူတာကိုင်တာများတော့ မျက်ရိုးတွေကိုက် ဇက်ကျောတွေ တက်လို့ ဘယ်တော့ မျက်စိစမ်းသပ်ရဦးမယ်မသိဘူး
    ခုလို အဆင့်မြင့်စက်တွေ ဝင်လာတော့ စိတ်မပူတော့ပါဘူး
    ဈေးတော့များမယ် ထင်တယ်နော်

  • etone

    June 22, 2010 at 7:45 am

    ခေတ်မှီစက်တွေသုံးတာကတော့ကောင်းပါတယ် ။ ဈေးကပိုများလာမယ်ဆိုရင် လူတိုင်းတော့တတ်နိုင်မှာမဟုတ်ဘူးထင်တယ်။

Leave a Reply