ရပ်ကွက်ထဲမှအနိဌာရုံ ဖယ်ရှားပေးစေလို

kogyihtayOctober 10, 20111min877

အမျိုးသမီးနှင့် အမျိုးသားများ တရုန်းရုန်း၊ သီချင်းသံတဝုန်းဝုန်း အများပြည်သူ ပတ်ဝန်းကျင်ကို ဂရုမစိုက်သော
မြောက်ဥက္ကလာ၊ မေဓါဝီလမ်းပေါ်၊ (ဈ) ဈေးအနီးမှ စင်တင်တေးဂီတနှင့် တွဲဖက်ဖွင့့်ထားသောအား
စားသောက်ဆိုင်အားအမြန်ဖယ်ရှားပေးစေလို

7 comments

  • lone

    October 10, 2011 at 3:28 pm

    ဪ…ဘာများလဲလို့ အဲ့ဒါများ ရပ်ကွက်ရုံးသွားတိုင်ပါလား…ဘယ်လိုဖြစ်လို့ ရွာထဲလာတိုင်နေတာလဲ…
    အစိုးရက ဖွင့်ခွင့်ပေးထားတာလေ…သူတို့လဲ အခွန်တွေအများကြီး ပေးပြီး ဖွင့်ထားရတာဆိုတော့ …
    သည်းခံလိုက်ပါ Kogyihtay ရယ် သည်းမခံနိုင်လည်း တစ်ခြားရပ်ကွက် ပြောင်းနေလိုက်ပါ…လို့ပဲ အကြံပေး
    ပါရစေနော်….. 🙂

    • etone

      October 10, 2011 at 4:11 pm

      ဟား ဟား … လုံး ရေးတာကို ဖတ်ပြီး ရယ်ရတာ အူတောင်လှိမ့်တယ် 😀 ဒီကလေး ပြောလိုက်လျှင် ဘုဘုဘောက်ဘောက်နဲ့ … 😛
      kogyihtay ရေ.. အဲ့ဒါတွေက ရပ်ကွက်တိုင်းလိုလိုကို ရှိနေတာပါ … ပိုင်လျှင် ပိုင်သလို ပေါင်းထားတော့လည်း … ကျွန်မတို့တွေ … မကြည့်ချင်လည်း မြင် ၊ နားမထောင်ချင်လည်း ကြားနေရတာပါပဲ … ။ တစ်ခါတစ်လေ … အထဲမှာတင် ညှိပြီး အပြင်ခေါ်ထုတ်လာတာ မဟုတ်ပဲ … အပြင်ရောက်မှ … ဆွဲကြလွဲကြတွေလည်း မြင်ဖူးပါတယ် … ။ 🙂

  • taungpawthar

    October 10, 2011 at 4:00 pm

    အဲဒီ တဆိုင်ထဲလားဗျ ကျွန်တော်တို ့နားမှာတော့ အများကြီး ပဲ တိုင်လဲ မထူးတော့ လို ့ တခါတလေ ပျင်း ရင် သီချင်းတောင် သွားနားထောင်လို က်သေးတယ်

  • “ဘီလူးကြီး”ogre

    October 10, 2011 at 8:07 pm

    အနိဌာရုံလို့ ဘယ့်ကြာင့်ဆိုသနည်း
    ရှုပွားတတ်လျှင်ကားဘာဝနာမည်၏
    ကြားတတ်၍ ဆင်ခြင်နိုင်လျှင် ဒေသနာမည်၏
    ကျုပ်တော့ နေ့တိုင်းရှုပွားဆင်ခြင်နိုင်ရန်
    ထိုနေရာသို့နေ့စဉ်မှန်မှန်ချီတက်လေ၏။။။

  • မှော်ဆရာ

    October 10, 2011 at 11:10 pm

    ဘာဘာ ဘာမှ မပြောချင်ပါ …

  • ညီလေး

    October 10, 2011 at 11:25 pm

    အကိုရယ်…ကျွန်တော့်စီးပွါးပျက်အောင်တော့မလုပ်ပါနဲ ့နော်…..တစ်ခြားစီးပွါးရေးလဲမလုပ်တတ်လို ့ပါ၊ ကျွန်တော့်မှာလုပ်ငန်းလိုင်စင်လဲရှိပါတယ်၊အခွန်လဲပုံမှန်ဆောင်ပါတယ်၊ကျွန်တော့်ဆိုင်ကြောင့်အကို စိတ်အနှောက်အယှက်ဖြစ်နေတာစိတ်မကောင်းပါဘူး၊အဲဒီအတွက်ကျွန်တော်အနူးအညွတ်တောင်းပန်ပါ တယ်၊ အဆင်ပြေမယ်ဆိုရင်တော့ကျွန်တော့်ဆိုင်ကိုအလည်းတခေါက်လောက်လာခဲ့ဖို ့ဖိတ်ခေါ်ပါတယ်၊အကိုလာမယ်ဆိုရင်ကျွန်တော့်ဆိုင်ရဲ ့ပုံမှန်ဖေါက်သယ် ” ကိုဘီလူးကြီး ” နဲ ့လည်းမိတ်လိုက်(မှားလို ့)မိတ်ဆက်ပေးပါ့ မယ်၊အထူးအခွင့်ရေးအနေနဲ ့” ကိုဘီလူးကြီး ” ကိုပဲပေးတဲ့အကြွေးစနစ်၊အကို ့ကိုလည်းပေးပါ့မယ်လို ့……….. ဆိုင်ရှင်ကိုယ်တိုင်ကလာတောင်းပန်ရင်ကျေနပ်လိုက်ပါနော်။ ( မှတ်ချက်- ကိုဘီလူးကြီးသည်ဝေးပြေးသို ့Taxi ခ ၁၅၀ဝ သာပေးရသောနေရာတွင်နေသောကြောင့်ပုံမှန်ဖေါက်သယ်ဖြစ်နိုင်ကြောင်းယူဆခြင်းဖြစ်ပါသည်။)

  • windtalker

    October 11, 2011 at 9:00 pm

    ကျွန်တော်တို ့ရပ်ကွက်ထဲ မှာ ဒီလိုပဲရှိတယ်
    အနော်တို ့ရပ်ကွက်ထဲ မှာ ဒီလို ပဲ

Leave a Reply