မဆုံးတဲ့…. သီချင်း–၃၃
နေဝန်းနီတို့က ရတနာဘုမ္မိနယ်မြေ လမ်း80×35 လမ်းမှာကျန်နေခဲ့တာ…။ နောက်နှစ်တော့ တူမှာပေါ့…။ ဒီနှစ် ကျောင်းက နေ့လည်ပိုင်းတက်ရတာဆိုတော့… ညနေပိုင်းမှ အမှတ်3 ဘတ်စကားစီးပြီး သွားရတာဆိုတော့ ကိုမြင့်ဇော်အဆောင်မှာပဲ အိပ်ဖြစ်တာများပါတယ်..။ ကိုမြင့်ဇော်က အစိုးရဆောင်ရတယ်လေ…..။ အဆောင်က တိုက်မဟုတ်ပါဘူး….။ အမှတ်3 ဘတ်စကားက ကျောင်းဝိုင်းထဲမှာ ဂိတ်ထိုးတာ…။ အဲဒိ ဂိတ်ကနေ အနောက်ဘက် ဆင်းလိုက်ေတော့ တောင်မြောက်စီးဆင်းနေတဲ့ ရေနီမြောင်းကလေးကိုကျော်လိုက်တော့ ဇေယျာ / မန္တလာဆောင်ကို ရောက်ပါတယ်…။ ကိုမြင့်ဇော်က အနောက်ဘက်ပိုကြတဲ့ အဆောင်မှာ ရတာပါ…။ သစ်သား နှစ်ထပ်ဆောင်ပါ..။ ဒါပေမဲ့ နှစ်ယောက်ခန်းတွေ ဆိုတော့ ပိုကောင်းတာပေါ့…။ ကျန်တဲ့ အဆောင်တွေက လေးယောက်ခန်းခြောက်ယောက်ခန်းနဲ့ ဟောလ် ခန်းတွေချည့်ပဲလေ……..။ အဲဒိတော့ သောကြာနေ့ ညနေဆိုရင် ကိုမြင့်ဇော် အဆောင် ကို သွားတာကများပါတယ်…။ အဲဒိမှာပဲအိပ်…။ အဲဒိမှာပဲ ကပ်စား အဲဒိမှာပဲ မူးလဲ ခဲ့တာပေါ့လေ……..။ တနင်းလာနေ့မနက်မှ အမှတ်3 ကားနဲ့ ပြန်လာတာပေါ့…………….။ အဆောင်ရောက်မှ ရေမိုးချိုးပြီး ထမင်းစား ကျောင်းသွားတက်တာပေါ့…။ နေ့လည်ပိုင်းတက်ရတာ ဆိုတော့ ပူတယ်..။ ချွေးတစ်လုံးလုံးနဲ့ …။ အဲဒါကိုအကြောင်းပြပြီး စာသင်ခန်းအပြင်မှာနေတာက များပါတယ်…။ စာမသင်ချင်လို့ အတန်းမတက်ရတာမဟုတ်ပါဘူး…။ ခင်ဗျားတို့ မန္တလေးက ပူတယ်လေ…။ ပန်ကာမရှိ အအေး ပေးစနစ်မရှိနဲ့…။ ပန်ကာရှိတော့လည်း မီးကမှ မလာတာ …။ ဒီတော့ အေးရာအေးကြောင်း ထိုင်စရာ မကျီးပင်ရိပ်တွေ လည်းမရှိ …။ မရှိဆို ရတနာဘုမ္မိ အနောက်ဘက် ခြမ်းက ဘောလုံးကွင်း ကွက်လပ်မှာ ကျောင်းဆောင်သစ်တွေ အပြည့်တိုးပေးလိုက်ရတယ်…။ တစ်နှစ်လေး ဆယ်တန်းအောင်ချက်မြင့်လာတယ်..။ တက္ကသိုလ်မှာ နေရာမရှိတော့ဘူး…။ ဒီတော့ ကျောင်းဖွင့်ရက်လည်း မိန်း ထဲသွားပြီး စာကြည့်တိုက်သွားထိုင်နေတာကများတယ်..။ ကိုမျိုးနဲ့က ဘာသာလည်းမတူ သလို အဆောင်လည်း မတူတော့ သိပ်မတွဲဖြစ်ကြတော့ဘူး….။ သူက စာတွေက လည်းများလာတော့ အရက်ဆိုင်ကို သိပ်မထိုင်ဖြစ်တော့ဘူး…။ အဆောင်ကို ဝယ်သွားပြီးစာကြည့်ရင်း ပဲသောက်တယ်လို့ပြောတယ်…။ သောက်ဖော်မရှိတာလည်းပါတာပေါ့လို့ ရယ်ပြောပြောတယ်…။ သူနဲ့ တစ်ခါတစ်လေ ရာဇတ်ခမ်းမ စာကြည့်တိုက်မှာတွေ့တယ်…။ နေဝန်းနီကလည်း စာအုပ်တစ်အုပ်ဖတ်ချင်တာနဲ့ စာအုပ် ကတ်တစ်လောက်တွေ လှန်နေတုံး ကိုမျိုး နဲ့ ကိုမြင့်ဇော် ဘယ်မှာတွေ့လာတယ်မသိဘူး…။
“ အတန်းရှိတဲ့ ကျောင်းသားတွေ စာကြည့်တိုက်ထဲ မဝင်ရဘူးတဲ့ နော်…။ အတန်းပြီးမှ လာပါတဲ့….။ စာကြည့်တိုက်မှူး အမိန့်နော်”
အသံကြားလို့ လှည့်ကြည့်လိုက်တော့ ကိုမြင့်ဇော်က စပ်ဖြီးဖြီးနဲ့.. ကြည့်နေတယ်…။ ကိုမျိုးက လာ….တဲ့
လက်ပြတယ်…။ သူတို့က စာကြည့်တိုက်အပေါက်ဝကနေရပ်ပြီးခေါ်နေတာ…။ တစ်နေရာရာ သွားဖို့ ခေါ်တာဆိုတာ သိလိုက်လို့ စာအုပ်ရှာနေတာကိုရပ်လိုက်ပြီး သူတို့ဆီ သွားလိုက်တယ်..။
“ ဒီနေ့ လွယ်ဆန်စစ်မှာ သူငယ်ချင်းတစ်ယောက် က ဒကာခံမလို့တဲ့..။ မွေးနေ့ တဲ့..။ လာလိုက်ခဲ့”
နေဝန်းနီ ကိုနားရွက်ဆွဲပြီး ရှေ့က လမ်းမဆီ ခေါ်ထုတ်လာတယ်..။ နေဝန်းနီကလည်း သိတဲ့ အတိုင်းပဲလေ…။ နေဝန်းနီ ဆိုတဲ့ကောင်ကလည်း အရက်နံ့ ပေးရင် ဘယ်ထိအောင်လိုက်ရလိုက်ရ လိုက်သောက်မယ်ဆိုတဲ့ အထဲက …..။ အဖော်ကောင်းရင် ကျောက်ပန်းတောင်းရောက်ရောက် ဆိုတာ မျိုးလေ….။ သိတယ်မဟုတ်လား…။ လွယ်ဆစိဆန် ဆိုတာက 73 လမ်းမကြီးပေါ်က ရှမ်းစာသောက်ဆိုင်ပါ…။ ဆိုင်ရောက်တော့ ကိုမောင်မောင်ကို့ လှမ်းတွေ့လိုက်တာနဲ့
“ ဟာ…..မွေးနေ့ရှင်ကြီး …..။ နှစ်ပေါင်း 120 ရှည်စေသော်ပေါ့ ဗျာ”
ကိုမောင်မောင်က ဟက်ပီးဘတ်ဒေလောက်တော့ လုပ်ပါဗျာ တဲ့..။
“ အော်…. ခင်ဗျားက ဟက်ပီး ဘတ်ဒေး လို့ကြားချင်လို့လား အဲဒိလိုကြီးက ဒီအတိုင်းအော်လို့ မကောင်းဖူးဗျ…။ ခံတွင်းလိက်အောင် နှစ်ခွက်လောက်သောက်ပြီးရင်တော့ အော်လို့ကောင်းပါ့ဗျာ…။”
နေဝန်းနီက အဲဒိလို ပြန်ပြောလိုက်တယ်..။
“အာရပါတယ်ဗျာ ..။မွေးနေ့ဆုတောင်အတွက် ဘယ်နှစ်ခွက်သောက်ပြီးမှ အော်အော်ပါ မောင်နေဝန်းလေး သလောပါ…။”
ကိုမောင်မောင်က မျက်မှန်ကိုပင့်တင်ရင်းပြောတယ်….။
“ ဒီကြွက်တင်းကို အနဲရအောင် နားရွက်ဆွဲခေါ်လာရတာ ကိုမောင်ရေ…။”
ကိုမျိုးကပြောရင်း စားပွဲမှာ ဝင်ထိုင်လိုက်တယ်…။
“ ကြွက်တွင်းက မလိုက်ချင်ဘူးလုပ်နေသေးလား”
ကိုမောင်မောင်ကပြန်နောက်တယ်…။
“ ဒီကောင်လား အရက်နံ့ရရင် မလိုက်ချင်တာ ဟင်း မပြောလိုက်ချင်ဘူး”
ကိုမြင့်ဇော်က ဝင်ပြောတယ်…။
“ ခင်ဗျားတို့ဘဲ အစလုပ်ပေးထားတာလေ…။ အရက်ဆိုတာ ဒီလိုသောက်ရတယ်လို့…။ ဘာလဲ မနားလိုဖြစ်နေတာလား သူများသောက်နိုင်တာ”
နေဝန်းနီကလည်း အားကျမခံ ပြန်ပြောတာပေါ့…။
“ အော်…..မအိုဆေး သောက်နေတာကို ကျွန်ုပ်က မနာဖစ်နေရမယ် ဟုတ်စ မအိုခင်လျောဘရားသား လေး”
ကိုမြင့်ဇော်က ပြန်ပက်တယ်…။
“ ကဲပါ…။ စကားနိုင်လုမနေနဲ့ မွေးနေ့ရှင်လည်းအားနာကျပါဦး”
ကိုမျိုးက ဝင်ပြောရင် စားပွဲပေါ်ထောင်ထားတဲ့ ရက်လေဘယ်လ် ပုလင်းကို မြှောက်ယူလိုက်တယ်…။ ကိုမောင်မောင်က ဖန်ခွက်တွေ ဆေးပြီးသားတဲ့..။ ကိုမျိုးက ဖန်ခွက်တွေထဲ အရက်လိုက်ငှဲ့ထည့်ပေးတယ်…။ ပြီးတော့ ကိုမောင်မောင့်ကို
“ အမြည်းမှာထားတာ ကြာလှချည့်လား”
လို့ မေးပြောပြောတယ်..။ နောက်က စားပွဲထိုး အမြည်းပန်းကန်တွေ ယူလာတာကိုမမြင်ဘူး…။
“ ဆရာတို့ မှာတာ အကုန်ရအောင်စောင့်နေရလို့ကြာသွားတာပါ…။ လူစုံပြီလား”
စားပွဲထိုးက အမြည်းပန်းကန်တွေ ချပေးရင် တောင်းပန်သလိုပြောပြီး လူစုံပြီလားလို့မေးသေးတယ်…။
“ စုံပြီ မှာထားတာ အကုန်သာချ ဒါလူကုန်ပဲ…။”
ကိုမျိုးကပြောရင်းနဲ့ အရက်ခွက်တွေကို ရှေ့ရောက်အောင်တွန်းပို့ပေးနေတယ်…။
သွားပြီ…။ ဒီညလည်းကိုမြင့်ဇော် အဆောင်မှာပဲ အိပ်ဖြစ်ဖို့များတယ်..။ ကိုမြင့်ဇော်က မန္တလာဆောင်မှာပါ…။ နောက်ဘက်ပိ်ုကျတယ်….။ ကိုမောင်မောင်က ဇေယျာ ဆောင်မှာ ဝင်ဝင်ချင်းတန်းတွေ့တဲ့ အဆောင်…။
“ ကဲ ကောင်လေး သောက်နိုင်သလောက်သောက်ပြီးရင် ပြန်မနေနဲ့တော့ ဒီမှာပဲအိပ်လိုက်…။ ကိုမျိုးက ကျုပ်နဲ့လိုက်အိပ်…။ နေဝန်းက ကိုမြင့်ဇော်နဲ့ အိပ်”
ကိုမောင်မောင်က နေဝန်းနီတို့အတွက် အိပ်စရာနေရာခွဲတမ်းချပေးပြီး အရက်ခွက်ကို မလိုက်တော့ နေဝန်းနီ တို့အားလုံး တိုင်ပင်မထားရပဲ အရက်ခွက် ကိုစီကိုင်ပြီး ဖန်ခွက်ချင်းတိုက်လို့ ဟက်ပီး ဘတ်ဒေးလိုက်ကြပါတယ်…။ အရက်သောက်တဲ့သူက အရက်သောက်ဖို့ အကြောင်းပဲ ရှာနေတော့တာ…။ ပူရင်ဖြင့် နေပူခံလေ…။ အေးရင်ဖြင့် စောင်ခြုံသတဲ့..။ သူခြုံတဲ့စောင်က ဗိုက်ထဲထည့်ခြုံတာ..။ လူမမြင်ရဘူး..။ စောင်လပ်မှာ သူများခွာသွားမှာလည်း မစိုးရိမ်ရဘူးနော်…။ အားတော့ မကျလိုက်ပါနဲ့…။ အဲဒိလို ဗိုက်ထဲ စောင်ထည့်ခြုံတဲ့သူတွေ အဖြစ်များတာက လေဖြတ်တာ လေဖြန်းတာနဲ့ လုံးလုံးဆန့်သွား တာတွေ ဖြစ်တတ်ပါတယ်…။ အမူးလွန်ပြီး လမ်းဘေး အိပ်ပျော်သွားသူတွေ အဖြစ်များလေ့ရှိပါတယ်..။ အရက်မူးလာရင် ထင်မိထင်ရာ အိပ်မိအိပ်ရာ ကနေ လမ်းဘေးမူးလဲပြီး ပြန်မထနိုင် ပါလာတဲ့ အဖော်ကလည်းမူးပြီးမသယ်နိုင် အိပ်ပျော်နေတဲ့သူကိုထိုင်စောင့်နေရတာမျိုး အဲဒိလိုစောင့်နေရင်းနဲ့ ဆန့်နေတာမသိလိုက်တာမျိုးတွေ ဖြစ်တတ်လေရဲ့…။ ဒီတော့ သောက်ပြီးရင် ကိုယ်နေတဲ့နေရာရောက် အောင်ပြန်နိုင်ဖို့က အဓိကဖြစ်ပါတယ်..။ နေဝန်းနီတို့ ကတော့ ဘယ်လောက်မူးမူး ကိုယ့်အိပ်ယာပေါ် ကိုယ်ရောက် အောင်တော့ ပြန်တာများပါတယ်..။ ကိုယ့်အိပ်ယာပေါ် ကိုယ်ကျမှ အမူးလွန်ပြီး ရှူးရှူးပါတာတော့ရှိတာပေါ့နော်…။

နေဝန်းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010