“ကိုပေါက်လမ်းသလားနေသည် အပိုင်း(10)” (စူဠာမုဏိလောကချမ်းသာစေတီနဲ့ တောင်ပေါ်ရူ့ခင်း)

“ကိုပေါက်လမ်းသလားနေသည် အပိုင်း(10)”
(စူဠာမုဏိလောကချမ်းသာစေတီတော်)
ကျနော်အခန်းထဲပြန်ရောက်တော့ ရေချိုး (ရေပူပိုက်)ရှိလို့ချိုးရဲတာပါ။
မဒမ်ပေါက်လဲ ပေါင်ပေါင်တွေဘာတွေရိုက်လို့ အလှတွေလဲပြင်ပြီးရော ဗိုက်ဖြည့်ဘို့ အစီအစဉ်ဆွဲရပါတော့တယ်။
ကိုယ်မရောက်ဘူးတဲ့အရပ်ဖြစ်တော့ ဟိုတယ်က ကလေးတွေကို မေးရပါတယ် ဘယ်ဆိုင်က မုန့်ကောင်းပြီး လက်ဘက်ရည်ကောင်းသလဲပေါ့။
ကလေးတွေက ကမ္ဘောဇဘဏ်ရှေ့က “တောင်ကြီး”ကတော့ လက်ဖက်ရည်နဲ့ပေါက်စီကောင်းတယ် ခေါက်ဆွဲစားချင်ရင်တော့ဈေးထဲက “တိုကျို”ကိုသွားလို့ပြောပေးပါတယ်။
အဲဒါနဲ့သူတို့ပြောတဲ့အတိုင်းရှေ့တည့်တည့်ဆက်သွားပြီး လမ်းမကိုကျော်လိုက်ပါတယ်။
လမ်းဘေးမှာ တော့သစ်သီးဈေးတန်းလေးခင်းကျင်းထားပုံက လှတပတ။
ပန်းသီး၊စပျစ်သီး၊မက်မန်းသီးတွေက လတ်လတ်ဆတ်ဆတ်နဲ့အလုံးအထည်ထွားထွား၊
ကောက်ညှင်းပေါင်းလေးတွေကလဲ ပူပူနွေးနွေးနဲ့စားချင်စဖွယ်။
ဈေးလေးရဲ့အနောက်ဖက်ဖျားမှာဖောက်ထားတဲ့ မလွယ်ပေါက်ကလေးက ဝင်လိုက်တော့
ဖက်ထုတ်ကြော်ဆိုင်လေးတွေ့ရပါတယ်။
ဆက်ဝင်လိုက်တော့ “တိုကျို”ဆိုတဲ့ဆိုင်လေးတွေ့ပါတယ်။
သူ့နံဘေးနားက တိုဟူးနွေးဆိုင်လေးကထွက်နေတဲ့ တိုဟူးကျိုတဲ့အနံ့လေးကလဲ သွားရေကျစရာ။
ဒါနဲ့ဘဲအဆာခံအောင်ခေါက်ဆွဲစား ပြီးတော့ မှသိ်ပ်မဝေးတဲ့ ကလေးတွေပြောတဲ့ဆိုင်မှာလက်ဖက်ရက်သောက်ပါတယ်။
လက်ဖက်ရည်အရသာကတော့ ကျွန်တော့အကြိုက်ပါဘဲ။
လက်ဖက်ရည်သောက်ပြီး ဆိုင်အပြင်ထွက်တော့ မိုးဖွဲဖွဲလေးကျနေတာကို မြင်မှ ပါလာတဲ့ထီးကိုသတိရလို့ပြန်ယူ။
မန်းလေးမှထီးဆောင်တာအကျင့်မရှိတော့ ပါလာတဲ့ထီးကို မေ့ပြီး ထားခဲ့မိတာခဏခဏ။

ဒါနဲ့ဘဲလမ်းလျှောက်ရင်း ဟိုတယ်က ကလေးတွေမှာလိုက်တဲ့အတိုင်း ဘုရားသွားချင်ရင် မြို့ပါတ်ကားစီးသွားလို့ ဆိုတော့ ကားဂိတ်လိုက်ရှာရပါတယ်။
ဘဏ်ဘေးနားလေးမှာ ဟိုင်းလတ်ကား လေးတွေဂိတ်ထိုးထားတာတွေ့တော့ဘုရားဘက်ရောက်လားမေးတော့
“မြို့ပါတ်ကားဗျာ သိပ်ရောက်တာပေါ့တစ်ယောက်နှစ်ရာ”လို့ပြောပါတယ်။
ဒါနဲ့ဘဲ ကားခပေးလိုက်ပါတယ်။
ကားပေါ်တက်ထိုင်တာ နာရီဝက်လောက်ကြာတာတောင် တက်လာတဲ့သူက တစ်ယောက်နှစ်ယောက်။
ကားဆရာမေးကြည့်တော့ လူပြည့်မှထွက်မှာလို့ပြောတော့ အတော်လေးစိတ်လေသွားပါတယ်။
ကားကအကြာကြီးစောင့်ရမှာလားလို့ မေးတော့ “ခါတိုင်းမကြာဘူး ဒီနေ့ကျောင်းပိတ်လို့ကြာတာ”
ကောင်းကောင်းမွန်မွန်ပြောပါတယ်။အတော်လေးကြာမှနောက်ထပ်နှစ်ယောက်ထပ်တက်လာတော့
ထွက်တော့မလားလို့မေးပြန်တော့ လူပြည့်မှလို့ပြောပါတယ်။
နောက်ထပ်ဆယ်ငါးမိနစ်လောက်ထပ်စောင့်တာတောင် မထွက်တော့ ကျနော်လဲကားပေါ်ကဆင်းလိုက်ပါတယ်။
ခဏလာတဲ့ဧည့်သည်ဖြစ်နေတော့ အချိန်အကုန်မခံနိုင်တာကြောင့်ပါ။
အဲတော့မှာကားဆရာက မသွားတော့ဘူးလားလို့မေးတော့ အငှားကားနဲ့ဘဲသွားတော့မယ်လဲပြောရောကားဆရာက
အငှားကားနဲ့သွားမယ့်တူတူ ကျနော်ကို တစ်ထောင်ထပ်ပေးရင်ထွက်ပေးမယ်ပြောပါတယ်။
နောက်တော့ဆစ်လို်က်တော့မှာ 800နဲ့တည့်သွားပြီး ကားထွက်ပါတော့တယ်။
လမ်းဘေးတစ်ဖက်တစ်ချက်မှာတော့ မနက်ကမြင်ရတဲ့အတိုင်းစတိုးဆိုင်တန်းကြီး။
လမ်းအရှေ့ဘက်ခြမ်းခပ်ဝေးဝေးမှာတော့ စိမ်းစိုညို့မိူင်းပြီး မိုးငွေ့တွေဆိုင်းနေတဲ့တောင်တန်းကြီးအပေါ်မှာတော့
ရွှေရောင်ဝင်းလက်နေတဲ့ဘုရားတစ်ဆူ။
ငေးရင်းမောရင်း လတ်ဆတ်တဲ့လေအေးအေးထဲမှာပါလာတဲ့ ပန်းရနံ့မွှေးမွှေးလေးတွေကိုခံစားရင်း
ကားပြေးနေတဲ့လမ်းမရဲ့ ရှေ့တည့်တည့်ကိုကြည့်လိုက်တဲ့အခါမှာတော့ ကုန်းမြင့်လေးပေါ်မှာ
ပုဂံကအာနန္ဒာဘုရားနဲ့ဆင်တူတဲ့စေတီလေးတစ်ဆူကိုတွေ့ရပါတယ်။

ဖြောင့်ဖြူးတဲ့လမ်းကလေး အဝေးမှာစေတီ
ဆိုင်ကယ်လေးတွေနဲ့သွားကြတော့ အားကျ ကိုယ်ကတော့ အငှားကားပေါ်မှာ

သူများတွေ ဆိုင်ကယ်ကိုယ်စီနဲ့သွားလာနေတာမြင်ရတော့ မန်းလေးမှာသာဆိုရင် ဒီလိုကားစောင့်စီးစရာမလိုဘူး ကိုယ့်ဆိုင်ကယ်လေးနဲ့ကိုယ်အေးဆေးဘဲလို့ တွေးမိပါသေးတယ်။
လမ်းဘေးမှာလူရပ်နေရင်လိုက်မလားလက်ကလေးထောင်ပြပြီးမေး၊
ကားဆရာကြီးကလဲအေးအေးဆေးဆေး၊
ကားလေးက လူတင်လိုက်ချလိုက်နဲ့ တအိအိ၊
လမ်းဆုံလေးတစ်ခုအလွန်ရောက်တော့ ဘုရားရောက်ပြီဆိုတာနဲ့ဆင်းလိုက်ပါတယ်။
လမ်းအရှေ့ဘက်မှာတော့ “စူဠာမုဏိလောကချမ်းသာစေတီတော်”ဆိုတဲ့ခန့်ထည်တဲ့မုဒ်ဦးကြီးကို မြင်ရပါတယ်။
အဝင်ဝမှာတော့ လမ်းလျှောက်လာရင်း ဘုရားဖူးပြီး လို့ပြန်တဲ့သူနဲ့အခုမှဘုရားပေါ်တက်မယ့်သူ
အသွားနဲ့အပြန် လောကကြီးရဲ့နိယာမ အတိုင်းပါဘဲ။
ဘုရားအဝင်ဝမုဒ်ဦး

(မြင်အောင်ကြည့်နော် အသွားနဲ့အပြန်ကို)
စေတီသို့ အဝင်လမ်း

(သူကလဲအပြန်ဘဲတဲ့)
အပြန်ပါတဲ့

(သူကတော့ အခုမှသွားမှာ)
အောင်မာ သူက အသွားတဲ့

(
ကြည်ညိုဘွယ်ကောင်းပေသည်
မိုးပြာပြာအောက်က စေတီ ကြည်နူးစရာ)
ဘုရားတည်ထားတဲ့နေရာလေးက နည်းနည်းလေးမြင့်တဲ့ ကုန်းလေးပေါ်မှာပါ။
ကုန်းပေါ်တက်ကြည့်လိုက်တော့ အောက်ခြေမှာက အပြာရောင်ထီးလေးတွေနဲ့စားသောက်ဆိုင်လေးတွေ၊
ဟိုးအနောက်ဘက်မှာတော့ ပြာလွင်တဲ့ကောင်းကင်အောက်က တောင်ကုန်းပေါ်မှာဆောက်ထားတဲ့အိမ်လေးတွေက
အစီအရီ။
အဝေးမှာအိမ်လေးတွေ

(အဝေးမြင်ကွင်း)
ဈေးဆိုင်တန်း တရုပ်စာတွေတောင်ရေးထားသေးတယ်

အပြာရောင်လွင်ပြင်

လမ်းအနောက်ဘက်မှာတော့ မြစိမ်းရောင် ထင်းရူးတောလေးအလွန်မှတော့ တပြန့်တပြောကြီးရှိနေတဲ့
တောင်စဉ်တန်းမှာတော့ အိမ်လေးတွေက ချစ်စရာ အနိမ့်အမြင့်စီတန်းလို့နေပါတယ်။
အဝေးကတိမ်လေးတွေနဲ့အိမ်

အဲဒီမှာစေတီအဝင်ဝနားကိုရောက်သွားလို့ အထဲကိုဝင်ဖူးလိုက်တော့ အာနန္ဒာဘုရားကနဲ့ဆင်တူပေမယ့် မတူနဲ့မုဒြာလေးမျိုးနဲ့ရပ်တော်မူ ဆင်းတုတော်က လေးဆူ။

အဝင်ဝ




ဘုရားဖူးပြီးလို့ရင်ပြင်တော်ရဲ့အရှေ့ဘက်ကိုထွက်ပြီး
ကြည့်လိုက်တော့ ကျယ်ပြန့်တဲ့ရင်ပြင်တော်ကြီးရယ် ကျနော်ကိုငုံ့လို့ကြည့်နေတဲ့တောင်တန်းကြီးတစ်ခု၊
ရင်ပြင်အဆုံးမှာပေါက်နေတဲ့သစ်ပင်တွေကတော့ သက်တော်စောင့်တွေလို မတ်မတ်ရပ်။
မြောက်ဘက်ကို လှည့်ကြည့်မိတော့ သပ္ပါယ်လှတဲ့စေတီတော်နဲ့ကျောက်ဆောင်ကြီး နဲ့ ဓမ္မာရုံကြီး။
နံနက်စောစောပေမယ့်ဘုရားဘူးလာတဲ့သူတွေရဲ့ဆိုင်ကယ်တွေကားတွေက ရင်ပြင်ကျယ်ကြီးပေါ်မှာ
အခန့်သားနေရာယူထားတာကို မြင်ရပါတယ်။

ငုံ့ကြည့်နေတဲ့တောင်

(တောင်တန်းအလွမ်း)
ကျယ်ပြန့်တဲ့ရင်ပြင်

ရင်ပြင်တော်ပေါ်က ဇရပ်တစ်ဆောင်
ရင်ပြင်တော်ပေါ်က ဇရပ်တစ်ဆောင်

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(9-10-2011)
ဆက်လက်ဖော်ပြပါမည်။

9 comments

  • အစကတော့ ပုံအများကြီးနဲ့တင်ဘို့ ။
    နောက်ကော်နက်ရှင်မကောင်းရင်ဖွင့်မရမှာမို့ခွဲတင်လိုက်ရပါတယ်။

  • koyinmaung

    October 11, 2011 at 8:55 am

    ကောင်းလိုက်တဲ့ဓါတ်ပုံတွေပါဘဲ
    ဘုရားပုံတော်တွေတော့ကူးထားလိုက်ပါတယ်
    ကျေးဇူးပါဆရာပေါက်……

  • Shwe Tike Soe

    October 11, 2011 at 9:21 am

    ကိုပေါက်ကြီး ကိုတော့လေးစားသွားပြီး လက်သွက်ချက်ကတော့ လူမပြောနဲ.
    ခွေးလေး ဘုရားဖူးလာတာတောင် အသွားအပြန် ရိုက်နိုင်တယ်နော်. … မိုက်တယ်ဗျာ…
    မန်းလေးရောက်လို.အခါအခွင့်ကြုံရင် ကိုပေါက်ကြီးဆီ snap shot ပညာလေးဘာလေးသင်ချင်သား….

  • Diamond Key

    October 11, 2011 at 9:33 am

    ကိုပေါက်ရေ၊ ဘုရားဖူးလာတဲ့ ကောင်လေးကျတော့ ရိုက်ပြီး ဘုရားဖူးလာတဲ့ သူလေးတွေ ကိုလည်း မပါပါ လား။ မျှမျှတတလေးပေါ့။

  • ကိုစိန်သော့ရေ
    ကောင်မလေးတွေကရှက်လို့တဲ့ကျောပေးထားကြတယ်လေဗျာ။
    သုံးပုံတောင်ပါ ပါပါတယ်ဗျ။

  • windtalker

    October 11, 2011 at 2:34 pm

    ကောင်မလေး တွေ က ဘာလို ့ရှက်တာတဲ့လဲ ဟင်
    ကောက်ပို

  • char too lan

    October 11, 2011 at 4:37 pm

    လေးပေါက် ဂလုံးဂလုံး ဝိုင်းဘက်ရောက်သေးလားဗျ
    အဲ့နားမျက်စောင်းလေးတစ်ချက် ထိုးလိုက်ရုံပဲ … 😉

  • pooch

    October 11, 2011 at 7:54 pm

    လေးပေါက်ရေ ဘုရားလည်း ဖူးသွားတယ် ..ကောင်းကင်ကြီးကိုလည်း တဝကြီး ကြည့်သွားတယ်နော်..

Leave a Reply