ရွာအပြန် ..လမ်းမှားခြင်း(၁)။။

ကျုပ်တော့ ဘာ ကားစီးစီး ဘုရားကြီးဆူးရပါစေရဲ့
ခုံခြင်းကပ်လျှက် သံဃာတော်နဲ့မကျပါစေနဲ့ သီလရှင်ဆရာကြီးတွေနဲ့ကပ်လျှက်မကျပါစေကြောင်းဆုတောင်းရတာအမောပါပဲ
နေပြည်တော်သွားလဲ ဒီတိုင်းပဲ “အိတ်စားပျက်” (“အိတ်စ်ပါတ် ဟုဖတ်ပါရန်)ကားတွေလက်မှတ်ဖြတ်လေတိုင်း သံဃာတော်နဲ့
ခုံခြင်းကပ် မပေးဖို့ အတန်တန် ကားဂိတ်ကိုသတိပေးရတာကလားဗျ  …ဒါကလဲ ကိုယ်အကြောင်းနဲကိုယ်လေသံဃာတော်
များနှင့်အတူစီးရသော် အဂါရဝ မဖြစ်ရန် အထူးဂရုပြုနေထိုင်သောကြောင့်ဖြစ်လေသည်  ဒါပေမယ့် ………….
ကောင်းမလေးချောချောများ ခုံခြင်းကပ်ရလို့ကတော့ မျက်စိလေးမှေး ပြီး တစ်စိမ့်စိမ့် အလှအပတွေအရသာခံကြည့်သွားတာများ
နေပြည်တော်ရောက်လို့ဆင်းရမယ်ဂိတ်ကျရင်တောင် စပယ်ယာက ဂုတ်ဆွဲချရမတတ်ပါပဲ..။။။။။
ဒီနေ့လဲ နေပြည်တော် သွားရမယ် မနက်တည်းကကားလက်မှတ်ဖြတ်ပြီးသား ရုံးက ည(ရးဝ၀)နာရီထဲက ကားစောစောထွက်မှာ
အကြောင်းပြပြီးလစ်လာလိုက် အိမ်ရောက်အောင်သုတ်ချေတင်ရတာပေါ့ မသွားခင်လေးတော့ အိမ်မှာနည်းနည်းလောက်အရှိန်
လေးဘာလေးတင်သွားရမှာဗျ အရှိန်တင်တယ်ဆိုလို့ တစ်မျိုးမထင်နဲ့ဗျ  အရက်သောက်ဘို့ပြောတာလေ….။။။
အရက်ဆိုလို့ ကျုပ်တို့လူမျိုးတွေကလဲ အရက်သောက်ရင်သောက်တယ်ပေါ့ဗျာ ဟိုဟာဒီဟာနဲ့ အရက်သောက်တာကို နာမည်
ဖျက်ချင်သေးတယ်လေ..
ဘာတဲ့ …အရက်သောက်တာကိုများ
““ကျားသွားဆွဲမယ်””
““ကျားထုမယ်””
““သွားချမယ်””
““နည်းနည်းသွားကောင်းရအောင်””အဲဒီလိုတွေပြောတာကလားဗျ
ကျုပ်ကတော့ သောက်သောက်တယ်ပေါ့ ကျုပ်ခရီးသွားလို့သောက်တာကတော့ ကားစီးရင် မအိပ်တတ်လို့သောက်ရတယ်လို့
ဆင်ခြေဆင်လက်ပေးရမှာပဲလေ မူးနေတော့ ဘာမှမသိ ကားပေါ်ရောက် အိပ်ပျော်သွားရော ဟိုရောက်တော့နှိုးပေါ့  ဒီလိုသွား
ခဲ့တာ ပဲလေ..။။။။။
*******************************************************************************************
ခပ်သွက်သွက်မော့၏ ယခင်က တစ်ခွက်လျှင်နှစ်နာရီသောက်ရသော(၂)ခွက်အားယခုအခါ (၁၅)မိနစ်နှင်ဖြတ်၏ အကုန်ပြတ်
သော် အတက်ကြမ်း၏ အတက်ကြမ်းသော် အတန်ငယ်မူးလေသည် မူးလေသော် ရေချိုးလေသည် ရေချိုးလျှင် မလုပ်ခြင်ဆုံး
သော အလုပ်တစ်ခုရှိ၏  အီသီယိုပီးယားမှ လာသော လူကဲ့သို့အရိုးပေါ်အရေတင်ပိန်လိမ်ရှုံတွ ဖြစ်နေသော သွားတိုက်ဆေးဘူး
အား အားစိုက်ညှစ်ရခြင်းဖြစ်၏  အဆင်သင့်သော်တစ်ပြုတ်ကြီးထွက်လာတတ်သော်လည်း အဆင်မသင့်ခြေက ဘယ်လောက်
ညှစ်ညှစ် ပြူတစ်ပြူတစ် ဖြင့်သာ  လက်လျှော့ရသည်ကများ၏ သွားတိုက်ပြီးသော် ရေချိုး၏ ဆပ်ပြာတိုက်ရန် ဆပ်ပြာခွက်
အားကြည့် လေသော် ခွက်သာရှိပြီး ဆပ်ပြာကားဘယ်ရောက်နေသည်မသိ သူကိုမရှာအား ခွက်ထဲအကပ်အသပ် ဆပ်ပြာအပျော်
အပိုင်းအစဖတ်ကလေးများ လက်ဖြင်သပ်ကာ နေရာအနှံပွတ်၏ အတန်ငယ် ပြောင်ပြီဟုထင်သော် ရေလောင်း၏….ဤတွင်ရေ
ချိုးခြင်းကိစ္စပြီး၏ ။။။
မျက်နှာသုတ်ပုဝါ (တဘက်) ရှာ၏ မတွေ့ ခါးမှ ပုဆိုးဖြင့်သုတ်၏ ရေတို့ပြောင်လေသည် ဘီရိုအတွင်းမှ အသစ်ဟုထင်သော
ဂျင်းဘောင်းဘီအားစွပ်၏  ခါးပတ်ရှာ၏ မတွေ့ ဘောင်းဘီသာဝတ်တတ်လေရာဘောင်းဘီ ဝတ်လေတိုင်း ခါးပတ်နှင့်သာ
ဝတ်တတ်၍ ခါးပတ်မတွေ့လျှင်မဖြစ် အဝတ်တန်းမှအဝတ်တို့အားဆွဲချ၏ /မရှိ ဘိရိုကိုဖွင့်၏မရှိ /ဆက်တီခုံအောက်ရှာ၏
မရှိ/ “ စိတ်ညစ်ပြီ”ကားက အချိန်နီးနေပြီ လူက နည်းနည်းလဲမူးနေသဖြင့် မည်တွန်တောက်တီး၏ ခါးပတ်အား ပါးစပ်မှ ပွစိပွစိ
ကြိမ်ဆဲ၏ ဘယ်ကိုအလေနတ်တောရောက်နေသည်မသိ အခန်းတွင်းဝင်ကာ ခြင်ထောင်လှန်ရှာ၏ မရှိ မွှေ့ရာကိုလှန်ရာ ခွေခွေ
လေး မွှေယာအောက် ပျောက်ချက်သားကောင်းသောငနဲသားခါးပတ်အားတွေ့လေရာ မှတ်မှတ်သားသားရှိစေရန် အိမ်ရှေခန်းသို့
ကိုင်ပေါက်လိုက်၏ ပြီးလျှင်ပြန်ကောက်ရ၏ ခါးတွင်ပတ်၏ ပေါ့ပေါ့ပါးပါး တီရှပ်ဆွဲစွပ်၏ ဆံပင်အားလက်ဖြင်သပ်ကာဖီး၏
အတန်ငယ် ရုပ်ထွက်လေသော် အိတ်ကိုင်ကာလစ်မည်အပြု  မွေးသဖခင်အား တိုင်တည်ရသေး၏ ““နေပြည်တော်သွားမလို့
မနက်ဖန် ညမှ ပြန်လာမယ်””ပြန်ပြောသံမကြား၍ ကြည့်မိစဉ် စောစောကတန်းပေါ်မှဆွဲချထားသော အဝတ်များအား အဝတ်လျှော်စက်အတွင်းထိုုးသွင်းရင် မျက်ထောက်နီဖြင့် ရှုစားနေသော မွေးသဖခင်အားမြင်လေသော် ခပ်သုတ်သုတ်လစ်
ရလေသည်။။။
“တက္ကစီ…ဗျို့တက္ကစီ””
““အဝေးပြေ””
“““၁၅၀၀…အဝေးပြေးဂိတ်ဝင်ကြေးအကိုပေးနော်””
ကားဂိတ်ရောက်တော့ ကားက ထွက်ရန်လိုသေးသည် နီးစပ်ရာဘီယာဆိုင်ပြေးဝင်ကာ ဘီယာတစ်ခွက်ခပ်သွက်သွက်မော့၏
ချက်ချင်းကုန်၍ နောက်တစ်ခွက်ထပ်မော့၏ မော့ထားသောဘီယာကားနောက်နာရီအနည်းငယ်တွင်အစွမ်းပြတတ်လေ၏
ဤသို့ဆိုခြင်းကားအကြောင်းရှိ၏..
****ဘီယာဆိုသည်မှာ****
********************
*ဘီယာသည် အေး၏ အပူကိုညိမ်းစေ၏
*အစာအိမ်ကိုဆူပွက်စေ၏ လေကို ခံတွင်းမှသက်စေ၏
*ဝမ်းကိုနှုးစေ၏ ဆီးရွှင်၏
*လေထိုးလေအောင့်ကိုသက်သာစေ၏
***အရသားကား**
***************
ခါး၏ လျှာအရင်း၌ ဖန်သောသဘောရှိ၏
လျှာ၌ ရှတတရှိ၏
****ဘီယာ၏ဆိုးကျိုးများ****
*******************************
သောက်တိုင်းဝင်၏ ငွေကုန်၏
ခွက်မပြည့်သဖြင့်ဒေါသဖြစ်ရ၏
မျိုချစဉ် ကြို့ထိုးတတ်၏
မူးသောသဘောရှိ၏
မူးလျှင်ကားမှိန်းနေတတ်၏
လေတိုက်မခံနိုင်ဖြစ်၏
အစာအိမ်ကိုအချဉ်ပေါက်စေ၏
လူကိုဝစေ၏
ဗိုက်အဆီကို ထူထဲစေ၏
ပူသောဗိုက်ကိုရတတ်၏
ဆီးမကြာခဏသွားရတတ်၏
ဆီးသွားသော် အမူးပျောက်၍ထပ်သောက်ရတတ်၏။။။။
ဤကားကျွန်ုပ်၏ လေလာချက်အပြည့်အစုံတည်း သိုသော် လိုအပ်ချက်များရှိမည်ထင်သဖြင့် ထပ်ဆင့်လေ့လာနိုင်ရန် ယခုအ
ချိန်ထိ စမ်းသပ်၍သောက်နေဆဲဖြစ်၏။။။။။။(စကားချပ်)
နေကြယ်မင်း..(၉း၃၀)ကားခရီးသည်များကားပေါ်တက်လို့ရပါပြီ..ကားဂိတ်ဘက်မှဗျို့ဟစ်သံကြားသော် ခပ်သုတ်သုတ်ငွေရှင်း
ကာ ကားဂိတ်သို့ ယိုင်တိုင်တိုင်လစ်၏ ဂိတ်ရောက်မှလက်မှတ်ဖြတ်၏ ကျွန်နုပ်အားစောင့်နေတာဖြစ်ကြောင်းနှင့် မလိုက်ဖြစ်ဖူး
ထင်၍ ယခုပင်ဖုန်းဆက်တော့မလို့ဟုပြောရာ ကားဂိတ်မှမမအားမျက်နှာချိုသွေးရ၏ ကားပေါ်တက်လေသော် ခုံခြင်းကပ်သူကား
ငမူးတစ်ယောက်နှင့် တွဲထိုင်ရလေတော့၏ ကျွန်နုပ်လဲမူး၏ ထိုသူလဲမူး၏ မူးပုံမူးနည်းခြင်မတူညီခြေတစ်ကား အသို့ကြောင့်ဆို
သော် ရှင်းလင်းပြရမည်ကား…ထိုသူကား ဇက်ကျိုး၏ ခေါင်းတစ်ဖက်သို့ လယ်၏ အသံကြားသော်အလန့်တစ်ကြားထိတ်လန့်
ဟန်ရှိ့၏ “ဘာကောင်လဲကွ”ဟုတီးတိုးဆို၏ခြေပစ်လက်ပစ် ထိုင်၏ အရက်သောက်သုံးတတ်သူများအတွက် သိက္ခာကျစေသော
အချက်များပေါ်လွင်အောင်ပြု၏ ကားစပယ်ယာအားပြဿနာရှာရန် အကြောင်းရှာ၏ ညိမ်ညိမ်လိုက်ရန် စပယ်ယာမှဟောက်သော်
“ပိုက်ဆံပေးစီးတာကွ””ဟု စောဓက တက်၏ ပိုက်ဆံပြန်အမ်းမည်ဆိုသော် အသံပျောက်လေ၏။။
ကျုပ်မူးပုံကား ဟန်ရှိ၏ မူးသော်လဲ မူးဟန်မပေါ်စေရန် ထိမ်း၏ ယိုင်သောခြေထောက်အား တည်မတ်စေရန်အားထုတ်၏ ခေါင်း
ငိုက်စိုက်မရှိစေရန် မတ်မတ်ထား၏  အရက်နံပြောက်စေရန် ကွမ်း(သို့) ပီကေစား၏ စကားပြောသော် မျက်နှာကိုလွဲထား၏ အနံရမှာစိုးသည့်အတွက် တည့်တည့်ပြောရလျှင်ကားတစ်ရှုးဖြင့် ပါးစပ်အားကာထား၏…….ဤကား ကျွန်နုပ်မောင်ဘီလူးသိ
သမျှတည်း…။။။
သို့ဖြင့် အိတ်စားပျက် ကားကြီးထွက်လေသော် ကျွန်ုပ်လဲ အိပ်ပျော်ခြင်းသို့ ရောက်လေ၏  အိပ်ပျော်လေသော် အိမ်မက် မက်လေး  တော့သတည်း……(ဆက်ပါအုံးမည်)။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

11 comments

  • ပေါက်ဖော်

    October 10, 2011 at 8:16 pm

    သေပြီဆရာ..
    ဒင်း အိပ်မက်မက်ရင်ကြောက်ရတယ်..
    အရင်အိပ်မက်ထဲ..ပုလင်းမရလို ့..ဘောင်းဘီဆွဲချွတ်ခံရပြီးပြီ..
    ဒီတစ်ခါတော့..ချွတ်စရာ မရှိတော့ဘူး…တော်ပါသေးရဲ့..
    ညှင်း.ညှင်း.ညှင်း..
    🙄

  • ညီလေး

    October 10, 2011 at 11:47 pm

    ကိုဘီလူးကြီး………..ရေချိုးပြီးတာနဲ ့ဂျင်းဘောင်းဘီဝတ်တာဆိုတောကာ(ကန်တော့နော်) အတွင်းခံဘောင်းဘီများဝတ်ဖို ့မေ့သွားလာလို ့ပါ၊စိတ်ကလဲလောနေတယ်ဆိုတော့!!!!!!!!!!!! အကယ်လို ့မေ့ခဲ့တယ်ဆိုရင်သတိပေးပါရစေ၊ဘီယာကလည်းသောက်ထားတယ်ဆိုတော့ရှူးကတော့သွားဖြစ်မှာဘဲ။နည်းနည်းကလဲမူးနေတော့ဘောင်းဘီဇစ်ဆွဲရင်သတိထားပါ။ကျွန်တော်ကြုံဖူးလို ့ပါ၊အရမ်းခံရခက်တယ်(ဝါးရင် ့ကိုဝါးနုမပတ်ရဲပါ)

  • etone

    October 11, 2011 at 10:58 am

    ဘီယာသောက်ပြီး မမူးပါနဲ့ ဘီလူးကြီးရေ …. နည်းနည်နဲ့ မူးတဲ့ အပြင်းပဲ သောက်ပါလား … ပိုက်ဆံ ကုန်သက်သာအောင်ပြောတာ :mrgreen:

    နောက်တစ်ပိုင်းကို ဖတ်ဖို့ စောင့်နေပါတယ်နော် … 🙂

  • စုံ စုံ

    October 11, 2011 at 11:10 am

    ကိုဘီလူးကြီးပို့စ်ကိုဖတ်ပြီး ကိုဘီလူးကြီးပုံကိုကွက်ကွက်ကွင်းကွင်းမြင်ပြီးရီချင်တယ် အဟီး
    ကိုဘီလူးကြီးရဲ့ဖခမည်းတော်မျက်ထောင့်နီကြီးနဲ့ကြည့်နေတဲ့ပုံကိုလဲမြင်ယောင်မိတယ်
    နောက်တပိုင်းကိုလဲဆက်အားပေးနေမယ်နော်
    ရီရလို့ 😛 😛 😛

  • နွယ်ပင်

    October 11, 2011 at 11:20 am

    ကိုဘီလူးကြီးက ကားပေါ်မှာလဲ အိပ်မက်မက်တာပဲလား
    ဒီတစ်ခါအိပ်မက်ထဲမှာရော ဘယ်သူတွေပါဦးမှာပါလိမ့်
    နေက်အပိုင်းကို စောင့်ဖတ်နေပါတယ် ကိုဘီလူးရေ …………..

  • windtalker

    October 11, 2011 at 2:23 pm

    ဒီပို ့စ်ကို
    အိမ်က မဒမ်ဘီလူး
    မဖတ်မိစေနဲ ့ဗျို ့
    တော်ကြာ
    ပေါက်ဖော် လို
    ခွက်ပုန်းဂိုဏ်းထဲ ရောက်သွားလိမ့်မယ်
    ဟီဟိ

  • manawphyulay

    October 11, 2011 at 2:45 pm

    ပေါက်ဖော်နဲ့ သောက်ဖော် ဦးဘီလူးကြီးတို့ လာဆုံဆည်းနေသည်တကား….
    ဒီကြားထဲ မောင်ပေလည်း ပါမယ်ထင်ပါရဲ့ 😛

  • chitlay

    October 11, 2011 at 3:39 pm

    ဦးဘီလူးကြီးက ရွာအပြန်မှာ လမ်းမှားမှာပေါ့ ရွာသူက ဖမ်းစားလိုက်တာကိုး … 😛

  • pan pan

    October 11, 2011 at 3:43 pm

    စကားမစပ်
    ပိုစ်နဲ့တော့ ဘာမှမဆိုင်
    စိတ်ထဲရှိတာလေးပြောချင်လို့
    ကျွန်မအပြင်သွားရင် (အထူးသဖြင့် ဘတ်စ်ကားပေါ်မှာ)
    အသားညိုညို၊ ဝ၀(ဗိုက်နည်းနည်းထွက်)၊ မျက်နှာမှာ ပသိုင်းမွှေးတွေရိတ်ထားပြီး ပြန်ပေါက်ကာစ၊ ပါးစပ်ကလည်း ကွမ်းစားတဲ့ပါးစပ်၊ အသက်က၃ဝတော်တော်ကျော်
    ရုပ်က ယောက်ျားရင့်မာကြီးရုပ်(ရုပ်တည်ကြီး)နဲ့ဆိုရင် ကိုဘီလူးများလားလို့ ထင်မိပါတယ်
    အပြင်မှာတော့ ဘယ်နှယ့်နေတယ်မသိဘူး
    စိတ်ကူးနဲ့မှန်းတဲ့ရုပ်ကလည်း နည်းနည်းလေးဆိုးသွားတယ် :mrgreen:
    နာမည်နဲ့ ကိုဘီလူးပြောတာနဲ့ တွဲကြည့်တာရယ်ပါ
    စိတ်မဆိုးကြေးနော်
    (ရွာထဲက ရွာသူားတွေရဲ့ ပုံရိပ်ကိုလည်း တစ်ဦးချင်းစီ မှန်းထားပြီးဖြစ်ပါကြောင်း၊
    စိတ်ထဲမှန်းထားတာမျိုး တွေ့ခဲ့ရင် “—-”များ ဖြစ်နေမလားလို့ တွေးမိပါကြောင်း)

    • youngcat

      October 15, 2011 at 10:16 am

      နှုတ်ခမ်းမွှေးကားကားနဲ့ အကြည့်စူးစူး လူတွေတွေ့ရင်
      ကြောင်အဖွဲ့သားတွေဖြစ်မယ်လို့ထင်နေတယ်မလား။

    • “ဘီလူးကြီး”ogre

      October 15, 2011 at 2:08 pm

      ပန်ပန်ရေ..
      အသားညိုပါတယ်
      ဗိုက်ကတော့ မသိမသာယောင်ယောင်လေးပူနေပါတယ်
      ကွမ်းကတော့ အင်း..နည်းနည်းစားပါတယ်
      အသက်လဲ မှန်းတာမဆိုးဘူးပဲ
      ပါးသိုင်းမွေးတော့ မရှိဘူး ရှိလဲ မရိတ်ဘူးအကုန်နုတ်ပစ်တာပဲ
      ဂျင်းဘောင်းဘီ ခရေစီပါ
      ရုပ်တည်ကြီးနဲ ဆိုတာလဲမှန်ပါတယ် စပ်ဖြဲဖြဲလုပ်ရင် ငပေါကြီးလို့ ထင်မှာစိုးလို့ပါ
      ငါညီမ အချက်တော်တော်များများ မှန်တဲ့အတွက် (၁)မှတ်ရပါတယ်ကွယ်..။။။

Leave a Reply