ကျပ်သိန်း ၅၀ဝ ဈေးပေါက်ခဲ့သည့် စက်မှု (၂) ထုတ် Myanmar Double Cab ယာဉ်များ ၃၇၅ သိန်းဖြင့် ထုတ်ရောင်း

klnMay 18, 20101min795

အမှတ်(၂) စက်မှုဝန်ကြီးဌာနက ယခင်က အကန့်အသတ်ဖြင့် ထုတ်လုပ်ရောင်းချခဲ့ပြီး တစ်စီးလျှင် ကျပ်သိန်း ၅၀ဝ ဈေးပေါက်ခဲ့သည့် Myanmar Double Cab မော်တော်ယာဉ်တစ်စီးလျှင် ၃၇၅ သိန်းဖြင့် အကန့်အသတ်မရှိထုတ် ရောင်းချပေးလျှက်ရှိကြောင်း အဆိုပါယာဉ်များ ရောင်းချသည့် အရောင်းဆို်င်များထံမှ စုံစမ်းသိရှိရသည်။ အမှတ်(၂) စက်မှုဝန်ကြီးဌာနက ဧပြီလမှ စတင်ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့တွင် စက်မှု(၂) အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေပြီ ဖြစ်ကြောင်း အရောင်းဆိုင်တာဝန်ခံတစ်ဦးက ပြောကြားသည်။ Myanmar Double Cab မော်တော်ယာဉ်တစ်စီးလျှင် ၃၇၅ သိန်းဖြင့်ရောင်းချရာတွင် ယင်းဈေးနှုန်းမှာ ယာဉ်တန်ဖိုးမျှသာဖြစ်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ယာဉ်မှတ်ပုံတင်ခြင်း၊ ပြည်တွင်းအခွန်ဦးစီးဌာနတွင် အခွန်ဆောင်ခြင်းအပါအဝင် အခြားကုန်ကျစရိတ်များ မပါဝင်ကြောင်း အဆိုပါ အရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။ အဆိုပါမော်တော်ယာဉ်များကို ရောင်းချရာတွင် ဝယ်လိုအားကိုလိုက်ကာ ထုတ်လုပ်ရောင်းချမည်ဖြစ်ပြီး အစီးရေအကန့်အသတ်မရှိရောင်းချသွားမည်ဟု အမှတ်(၂) စက်မှုဝန်ကြီးထံမှ သိရသည်။ Myanmar Double Cab မော်တော်ယာဉ်များ အကန့်အသတ်မရှိ ရောင်းချမှုအပေါ် ရန်ကုန်နှင့် မန္တလေးဒေသခံများ စိတ်ဝင်စားကြပြီး လပိုင်းအတွင်း စီးရေ ဆယ်ဂဏန်း ရောင်းချခဲ့ရကြောင်း အရောင်းဆိုင်တာဝန်ခံများက ပြောကြားသည်။ Myanmar Double Cab မော်တော်ယာဉ်များ ဝယ်ယူပြီးလျှင်လည်း ပြုပြင်ထိန်းသိမ်းသည့် ဆားဗစ်စင်တာများ ထားရှိပေးမည်ဖြစ်ကြောင်း အမှတ်(၂) စက်မှုဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။ ပြည်တွင်းတွင် ဂျပန်နိုင်ငံထုတ် မော်တော်ယာဉ်နှင့် တရုတ်နိုင်ငံထုတ် မော်တော်ယာဉ်များ အများဆုံးအသုံးပြုနေကြပြီး ဂျပန်နိုင်ငံလုပ်မော်တော်ယာဉ်များသည် အရည်အသွေးပိုင်းတွင် ကောင်းမွန်ပြီး အပျက်အစီးအထိအခိုက် နည်းကြောင်း၊ တရုတ်နည်းပညာသုံး မော်တော်ယာဉ်များသည် နည်းပညာပိုင်း၊ အရည်အသွေးပိုင်းတွင် နိမ့်ကျမှု ရှိသည့်အတွက် သုံးစွဲမှုအပိုင်းတွင် အခက်အခဲများရှိကြောင်း ကားဝပ်ရှော့တစ်ခု တည်ထောင်ထားသူ စက်မှုအင်ဂျင်နီယာတစ်ဦးက သုံးသပ်ပြောကြားကြောင်း သတင်းရရှိသည်။

5 comments

  • susunosuki

    May 18, 2010 at 8:51 am

    ဆီတအားစားတဲ့ Myanmar Double Cab မော်တော်ယာဉ်ကိုပြောတာလား

  • bigcat

    October 22, 2010 at 4:43 am

    ှဆီစားများရင် ရှေ့ကနွားတပ်ဆွဲ ဒါမှမဟုတ်လဲ နောက်ကလူကတွန်းကြပေါ့။ ကျင့်သားရသွာရင် ထရစ်ပယ်ကပ်ဘ်ဆိုပြီး ပေါ်လာလိမ့်မယ်။ အဲဒီအခါကြ အပြင်ကနေ တွန်းဖို့ ဆွဲဖို့အပြင် ကားထဲမှာနင်းဖို့ စက်ဘီးဂီယာ ချိန်းကြိုးနဲ့ ခြေနင်းပါ တပ်ပေးထားလိမ့်မယ်။ အဟတ် အဟတ်..

  • Id Nay

    October 22, 2010 at 6:09 am

    ဘော်ဒီ ကလည်း ပိန်လိမ် လာပြီ
    အဆိုးဆုံးက တပ်က ကားတွေ နဲ့ဆင်နေတော့ ကျက်သရေတုံးတယ်

  • asiamasters

    October 22, 2010 at 9:33 am

    မော်တော်ကားနဲ့ ပတ်သက်ရင် မြန်မာလူမျိုးတွေရဲ့ ခံစားနေရတာ အဆိုးဆုံးပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မော်တော်ကားဈေးအကြီးဆုံး စံချိန်တင်ထားရတာဖြစ်ပါတယ်။ မော်တော်ကားရဲ့ အဓိက Purpose ကခရီးသွားခြင်းဖြစ်ပါတယ်။ မြန်မာလူမျိုးတွေဟာ ခရီးသွားခြင်းအလွန်နည်းပါးပါသေးတယ်။ ဒိအပြင် မော်တော်ကားကိုလဲ အဆင့်အတန်းပြပစ္စည်းတစ်ခုအနေနဲ့သာ သုံးစွဲနေသေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ မော်တော်ကား အတော် စောစောထုတ်လုပ်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ အခု မော်တော်ယာဉ် ထုတ်လုပ်နေတဲ့ အမှတ် (၂) စက်မှုဝန်ကြီး ဌာနမှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ထုတ်လုပ်ခဲ့တဲ့ကားတွေဟာ ဂျပန်နိုင်ငံ စစ်လျှော်ကြေးရရှိခဲ့တဲ့ Mazda Company မှ B-360, B-600 (Pickup/saloon) နဲ့ Mazda Jeep များကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ B-360 နဲ့ B-600 တွေကို Public Transportation အများပြည်သူခရီးသွားလာရေးအတွက် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Mazda Jeep တွေကို ကတော့စက်မှုနိုင်ငံထူထောင်ချိန်မှာ စက်ရုံအလုပ်ရုံ စီမံကိန်းတွေမှာ အသုံးပြုနိုင်ရန်ရည်ရွယ်ပြီးထုတ်လုပ်ခဲ့ပါတယ်။ လမ်းမရှိသေးတဲ့နေရာတွေမှာ သုံးဖို့၊ ဖုန်ထူတဲ့နေရာတွေမှာ သုံးနိုင်ဖို့အတွက် Air cleaner ကို အထူးပြောင်းလဲထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဆိုရှယ်လစ်စနစ်ကြီး ပန်းတိုင်ရောက်နိုင်ဖို့အတွက် စဉ်းစားလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုရှယ်လစ်စနစ်ကြီးဟာ ပန်းတိုင်မရောက်ပဲ သွေးထွက်သံယိုကိစ္စတွေနဲ့ ပဲ အဆုံးသတ်ခဲ့တာ အားလုံးအသိပါပဲ။ ဒါပေမဲ့ ဆိုရှယ်လစ်စနစ်မှာ အများပြည်သူအတွက် စဉ်းစားခဲ့တယ်ဆို တာ အားလုံးမြင်နိုင်မှာဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ တပ်မတော်မှ အာဏာသိမ်းခဲ့ပါတယ်။ Economy ပုံစံကို Market Oriented Economy ဆိုပြီး၊ ဆိုရှယ်လစ် Economy လဲမကျ၊ အရင်းရှင်စနစ်လို့ခေါ်တဲ့ (Capitalism) လဲမကျတဲ့ စနစ်မျိုးကိုကျင့်သုံးခဲ့ပါတယ်။ Private တွေက နိုင်ငံရပ်ခြားကို ကုန်ပစ္စည်းတွေတင်ပို့ခွင့်ပြုလိုက်တဲ့အတွက် သူတို့မှာလည်း Earning (တရားဝင်နိုင်ငံခြားဝင်ငွေ)ရလာတာဖြစ်ပါတယ်။ ဒီတော့မော်တော်ကားတင်သွင်းခွင့် ကို သင်္ဘောသားတွေသာမက၊ Earning ရှိသူအားလုံးသွင်းခွင့်တယ်ဆိုပြီးလုပ်လာပြန်ပါတယ်။ Ministry of Trade ကို Ministry of Commerce လို့အမည်ပြောင်းခဲ့ပါတယ်။ ပြည်တွင်းကိုမော်တော်ယာဉ်တင်သွင်းခွင့်ကို ဒီ Ministry ကကိုင်ပါတယ်။ အများဆုံးတင်သွင်းတာက ဂျပန်နိုင်ငံက တပတ်ရစ်ကားများဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းက Demand ကအလွန်များနေတဲ့အတွက် သက်ဆိုင်ရာ တွေရော၊ ကားသွင်းသူတွေပါ ဆွမ်းကြီးလောင်းတဲ့ခေတ်ဖြစ်လာပါတယ်။ ဒီအချိန်က ဘယ် Model တွေကို သွင်းရမယ်ဆိုပြီး ကန့်သတ်ထားတာမရှိသေးပါဘူး။ နောက်ပိုင်းမှာ တော့ စတင်ထုတ်လုပ်တဲ့နှစ်က နောက် ၁ဝ နှစ်အတွင်းသက်တမ်းရှိတဲ့ ကားတွေကိုသာသွင်းခိုင်းပါတယ်။ နောက်ပိုင်းမှာ ပါမစ်ကို အများပြည်သူတွေကို မထုတ်ပေးတော့ပဲ၊ အစိုးရ အထက်ပိုင်းတွေနဲ့ ပတ်သက်တဲ့ မိသားစုတွေကို ထုတ်ပေးတော့တဲ့ အနေအထားမျိုးဖြစ်လာတဲ့ အတွက် ပါမစ်တစ်စောင်ဟာ သိန်း ၅၀ဝ ကနေ တစ်ထောင်လောက်အထိဈေးပေါက်လာပါတယ်။ ဒီခေတ်ပျက်ကြီးထဲမှာ ချမ်းသာသွားသူတွေမနဲပါဘူး။ ဒါကြောင့်လဲ ကားတွေ ဈေးအလွန်မြင့်မားလာခဲ့တာဖြစ်ပါတယ်။ အခုနောက်ပိုင်းပြောင်းလဲလာတာတွေတော့မရေးတော့ပါဘူး။ ဒါပေမဲ့ပြောလိုတဲ့အချက်က ဒီနေ့ မော်တော်ယာဉ်နဲ့ ပတ်သက်တဲ့ ပေါ်လစီတွေဟာ အမှားမှား အယွင်းယွင်းသာဖြစ်ပါတယ်။ အများပြည်သူတွေရဲ့ ခရီးသွားလာရေးအတွက် ရည်ရွယ်ထုတ်လုပ်တာမျိုးမဟုတ်ပဲ။ ခေတ်ပျက်သူဌေးတွေအတွက်လိုဖြစ်နေပါတယ်။ အများပြည်သူခရီးသွားရေးအတွက် လုပ်တဲ့နေရာမှာ မလေးရှားနိုင်ငံက အတော်ခရီးရောက်ပါတယ်။ ဒါကိုလေ့လာသင့်ပါတယ်။ ပြည်သူတွေတန်ဘိုးနဲကားတွေကို ဘယ်လို့ရသလဲဆိုတာကိုသိထားသင့်တယ်။

Leave a Reply