မိုးရွာလို့လူတွေပျော်

klnMay 18, 20101min965

မေလ ၁ရရက်နံနက် ၁ဝနာရီခွဲခန့်က ရန်ကုန်တွင် မိုးစတင်ရွာသွန်းခဲ့ရာ မိုးကိုမျှော်လင့်တမ်းတနေကြသည့် အပူဒဏ်ခံရန်ကုန်မြို့သူ၊ မြို့သားများ အထူးပျော်ရွှင်ဝမ်းမြောက်နေကြပြီး ယင်းတို့နေထိုင်ရာ တိုက်ခန်းများ၏ ဝရန်တာသို့ထွက်၍ လက်ခုပ်လက်ဝါးများတီးကာ ပျော်ရွှင်အော်ဟစ်မြူးတူးနေကြသည်ကိုတွေ့ရသည်။ ယခုကဲ့သို့ ရွာသော မိုးသည် မိုးကြိုမိုးဖြစ်ပြီး သာကေတ၊ ပုဇွန်တောင်၊ သုဝဏ္ဏ၊ ဒလနှင့် ရန်ကုန်မြို့တွင်း ၆မြို့နယ်တို့တွင် ကွက်ကျားရွာသွန်းခဲ့ကာ မုတ်သုန်မိုးသည် ယခုလ ၂၅ရက်ခန့်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း၊ သို့သော် ယခုအချိန်အထိ တနသာင်္ရီတွင် မုတ်သုန်မိုးမရွာသေးသည့် အတွက် မုတ်သုန်မိုးနောက်ကျနိုင်ကြောင်း မိုး/ဇလပညာရှင် ဒေါက်တာထွန်းလွင်ကပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

5 comments

  • Shwemannmay

    May 18, 2010 at 6:37 am

    မျှော်လိုက်ရတာမိုးရယ်

  • banban

    May 18, 2010 at 7:24 am

    ဟိုးအရင်တုန်းက မန်းတလေးမှာ မိုးရွာရင် ကားလမ်းတွေပေါ်မှာ ဒူးလောက်မြုပ်နေအောင်ကို ရွာပါတယ်။ ဆိုင်ကယ်စီးသွားရင် ခဏ ခဏ ထိုးရပ်ပေါ့…
    အဲ့ဒီတုန်းကဆိုရင် မိုးရွာတာကို အရမ်းမုန်းမိတယ်။ အခုတော့… အဲ့ဒီလိုမိုးမျိုးကိုပဲ မျှော်နေမိတော့တယ်။

  • susunosuki

    May 18, 2010 at 8:39 am

    ၁ရ ညနေက ရွာတဲ့နေရာထဲမှာ အင်းစိန်လည်းပါတယ်
    ရွဲလို့

  • susunosuki

    May 18, 2010 at 8:43 am

    မေ ၁ရ မနက်ပိုင်းရွာတဲ့ထဲမှာ အင်းစိန်လည်းပါတယ်
    ညပိုင်းရွာတော့ တောင်ဒဂုံဘက်မှာ တော်တော်သည်းတယ်
    လေပါတိုက်တယ်
    လေတော်တော်ကြမ်းလို့ အိမ်သာအားလုံးနိုးကြတယ်

  • intro

    May 18, 2010 at 12:40 pm

    ဒီနေ့မိုးရွာတော့ လူတွေ တော်တော်ပျော်နေကြတာ… မိုးရေ ထွက်ချိုးတဲ့သူကချိုး၊ ရေခံတဲ့သူက ခံနဲ့…. ခဏလေး ရွာတာကိုပဲ ဝမ်းသာနေကြတာ… မိုးရွာလိုက်တော့ ပူတာ တော်တော်သက်သာသွားတယ်…. နေလို့ထိုင်လို့လဲ ကောင်းသွားတယ်…

Leave a Reply