စစ်တွေကရဲတွေအကြောင်းကြားပြီးကြပြီလား—–

kyawkyaw11October 11, 20111min1129

စစ်တွေမြို့မှာ ရဲတွေဟာ သူခိုးပေါက်စလေးတွေနဲ့ပေါင်းပြီး ချမ်းသာတဲ့အိမ် အတော်အသင့်ပြေလည်
တဲ့အိမ်တွေကိုသွားပြီး ဒီသခိုးက ခင်ဗျားတို့ကို ခိုးရာပါပစ္စည်းရောင်းထားတယ်ဆိုပြီး
အဲ့ဒီပစ္စည်းလာသိမ်းတာပါ ဘာ ညာနဲ့ အိမ်ရှင်ကိုအမှုလုပ် သူခိုးကသူ့ကိုရောင်းပါတယ်လို့
လက်ညှိုးထိုး —– အိမ်ရှင်က ကျွန်တော်လဲဘာလဲမသိရပါလားလို့ပြောတော့
သူခိုးက မဟုတ်တာမပြောဘူးဆိုပြီး အိမ်ရှင်ကိုဖမ်း——
အိမ်ရှင်မှာ အမှုကျေအေးဖို့အတွက် ငွေသိန်းဆယ်ချီပြီးပေး–
ပြီးတော့ သူခိုးကိုဝေစုပေး–
မြို့သူတွေခဗျာ ကော့နေအောင်ခံနေရပေါ့ ———လုပ်ကြပါအုံးအမှန်တရားဥပဒေရယ်–
စစ်တွေက သူငယ်ချင်းပြောပြလို့ပါ————-
ကျွန်တော်အကြံတစ်ခုတော့ပေးချင်တယ်———
အဲ့ဒီလိုလာစွပ်စွဲရင် ဟုပ်ကဲ့ အဲ့ဒီပစ္စည်း ရဲချုပ်ဆီမှာပါလို့ပြော အဲ့ဒီခါ သူခိုးကမဟုတ်တာမပြာ
ပါဘူးဆိုတဲ့ရဲ ရဲချုပ်ကိုဖမ်းမလားကြည့်ကြသေးတာပေါ့ ဂွင်သမားတို့ရယ်———–
ရွာသားများနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ————
ဂျိတ္တောသား ငထွား——–

9 comments

  • koyinmaung

    October 11, 2011 at 9:07 am

    ရဲချုပ်ကိုအမှု့ပတ်အောင်ဘဲလုပ်အုံးမယ်တဲ့လား
    မင်းတို့ထက်လည်လို့ရဲလုပ်နေတာကွ..ဟင်းဟင်း…

  • ကြောင်ကြီး

    October 11, 2011 at 9:41 am

    အမှုဖြစ်လာရင် ရိုက်စစ်တဲ့ အလေ့အကျင့်သည် မြန်မာ့နိုင်ငံရဲ့အဖွဲ့အတွင်းမှာ အရိုးစွဲနေပြီ။ ရဲက မင်္သကာရင် ဖမ်းပြီးရိုက်နှက်စစ်တာပဲ၊ ငွေမလိုက်နိုင်၊ အဆက်သွယ်မရှိရင် သေဖို့သာပြင်ပေတော့။ ဒီနည်းနဲ့ အမှုအတော်များများကို ဖော်ထုတ်နေတာလည်း အာဏာရှင်စနစ် အုပ်ချုပ်ရေးယန္တယား လည်ပတ်ဖို့ ကောင်းစွာအထောက်အကူပြုနေဟန်ရှိပါတယ်။ ဒီလို အလွယ်နည်းသုံးခြင်း ကဏ္ဍပေါင်းများစွာမှာ ကျင့်သားရလာတဲ့အခါ တိုင်းပြည်မှာ အာဏာရှင်စနစ် အနည်ထိုင်ဖို့ ဖြစ်လာပါတယ်။
    ရဲတဦးပြောတာ မင်္သကာရင် ရိုက်သာစစ်၊ မခံနိုင်တဲ့အဆုံးမှာ ဖော်လိမ့်မယ်။ သေလုမျောပါး အနှိပ်စက်ခံရလို့မှ ဘူးခံငြင်းနေရင် အပြစ်မရှိတာ ဖြစ်နိုင်တယ်၊ ဘာလို့လည်းဆိုတော့ တကယ်ကျူးလွန်ရင် အသေခံငြင်းဖို့ ဆန္ဒမရှိကြလို့ပါ။ ဒီအတွေးအခေါ်ဟာ ရဲတပ်ဖွဲ့အတွင်းမှာ တကယ်ရှိနေတာပါ။ အစကတော့ စည်းနဲ့ကမ်းနဲ့ပေါ့လေ၊ သိပ်မသင်္ကာလွန်းမှ၊ အထောက်အထား ပြည့်ပြည့်စုံစုံရှိမှ၊ နောက်ပိုင်းမှာတော့ စီးပွားရေးကကြပ်တည်း၊ အထက်ကစစ်ဗိုလ်များက အတင်းဖိအားပေး၊ လေ့ကျင့်သင်ကြားမှု ပစ္စည်းကိရိယာများက မပြည့်စုံ၊ ဒါနဲ့ပဲ အခြားကဏ္ဍများအတိုင်း သူလည်းပျက်ပါတော့တယ်။

  • kyeemite

    October 11, 2011 at 10:39 am

    လွယ်လှချည်လားကွာ..ဟုတ်ပါ့မလား
    ခိုးရာပါပစ္စည်း..ဝယ်တယ်လို့စွတ်စွဲတာ..များသောအားဖြင့်
    ရွှေဆိုင်တွေဘဲများပါတယ်…ရိုးရိုးအိမ်တအိမ်ကိုစွတ်စွဲတာတော့
    မဟုတ်သေးဘူးထင်တယ်..

  • seahorse

    October 11, 2011 at 12:12 pm

    ရိုးးးးဝေး စစ်တွေဖက်မှာလှည့်သွားပြန်ပီလား။သူခိုးနဲ ့ပေါင်းတယ်ဆိုရင် လဲသူခိုးရော၊အမှုထမ်းရဲတွေနာမည်ပါ ပါအောင်ရေးပြီးပြောရင်ပိုကောင်းမှာပေါ့။ခုစာက တိုင်စာလား၊ပစ်စာလား ခွဲခြားဘို ့မတတ်တော့ဘူးဗျာ။

  • ပုံပြောသူ

    October 11, 2011 at 1:42 pm

    ပုံစံ ကြည့်ရတာ တစ်မျိုးပါ ၊ ရွှေဆိုင်ကိုလက်ညှိုးမထိုးပဲ ရပ်ကွက်တွင်းက အိမ်တွေကို ထိုးတယ်ဆိုတော့ ၊
    အိမ်ရှင်ကိုယ်တိုင်ကလဲ သူခိုးလက်ခံ ဖြစ်နိုင်တယ် ၊
    နောက်တစ်ခုက သူခိုးက အရိုက်အနှက်ခံရလွန်းလို့ ရမိရရာ လုပ်တာလဲ ဖြစ်နိုင်တယ် ။
    နောက်ထပ် မရိုးမဆန်းတစ်ခုက ရဲတွေ ဂွင်ရှာတာလဲ ဖြစ်နိုင်ပါ၏ ။
    နောက်ဆုံးမတော့ ဘာပဲဖြစ်ဖြစ် ပြည်သူတွေ ခံနေကြရတာပါပဲဖြစ်ပါတယ်ခင်ဗျာ ။

  • chitlay

    October 11, 2011 at 1:46 pm

    သံတွဲပြီးတော့ အခုစစ်တွေပေါ့လေ …

  • windtalker

    October 11, 2011 at 2:26 pm

    အရင်ဆုံး သိချင်တာ က
    စစ်တွေ မှာ ရဲစခန်း ဘယ်နှစ်ခု ရှိပါသလဲ ဆိုတာပါပဲ

  • etone

    October 11, 2011 at 3:31 pm

    အသေးစိတ်လေးရေးပေးလျှင် ပိုစိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ဖြစ်လာမှာပါပဲ … ။ 😛

  • avatar

    October 11, 2011 at 3:41 pm

    kyaw kyaw 11 ခင်ဗျား ….
    ပြန်လည်မေးမြန်းပြီး အသေးစိတ် ရှင်းလင်းပေးနိုင်ရင် ပိုကောင်းမယ်ထင်ပါတယ် ။
    windtalker သိချင်တဲ့ ရဲစခန်းဘယ်နှစ်ခု ရှိတယ် ဆိုတာလေးပါ ပါစေချင်တယ် ။
    လူ အမည် တွေ မထည့်ချင်ဘူးဆိုရင်လဲ ဘယ်ရပ်ကွက် ဘယ်ရဲစခန်း ဖြစ်သင့်တယ်ပေါ့နော် ။

Leave a Reply