နိုင်ငံတော်အဆင့် စီးပွားရေးလုပ်ငန်းရှင်လေးဦးကို ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် ပြုရန် ဆွေးနွေးနေကြောင်းသိရ

klnMay 18, 20101min632

နိုင်ငံတော်အဆင့် စီးပွားရေးလုပ်ငန်းရှင်လေးဦးအား ပုဂ္ဂလိကဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း လုပ်ငန်းရှင် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။ အဆိုပါလုပ်ငန်းရှင်များမှာ ဦးတေဇ(ထူးကုမ္ပဏီအုပ်စု)၊ ဥိီးဇော်ဇော်(မက်စ်မြန်မာ)၊ ဦးနေအောင်(IGE)၊ ဦးချစ်ခိုင်(ဧဒင်အုပ်စုကုမ္ပဏီ) တို့ဖြစ်ကြောင်း သိရသည်။ “ စီးပွားရေးလုပ်ငန်းရှင်လေးဦးကို ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ပေးဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆွေးနွေးနေဆဲ အဆင့်ပဲရှိသေးတယ်လို့ သိရပါတယ်။ ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။ ယခုကဲ့သို့ ပုဂ္ဂလိကဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုရန် စီစဉ်ခြင်းမှာ ၂၀၀၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ပုဂ္ဂလိကဘဏ်လုပ်ငန်း လုပ်ကိုင်လျက်ရှိသော ဘဏ်တစ်ချို့မှာ ပထမပုဂ္ဂလိကဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အင်းဝဘဏ်၊ မြဝတီဘဏ်၊ ရိုးမဘဏ်၊ ကမော္ဘဇဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ ရန်ကုန်မြို့တော်ဘဏ် စသည်တို့ဖြစ်ကြောင်း သတင်းရရှိသည်။

2 comments

  • intro

    May 18, 2010 at 12:26 pm

    ဘာပဲဖြစ်ဖြစ်… ကောင်းတာလုပ်တာကိုတော့ အားပေးနေပါတယ်… လုပ်နိုင်တဲ့သူတွေ လုပ်ကြပေါ့

  • thantzinhtut

    May 18, 2010 at 12:49 pm

    သူတို့ ဖွင့်ပြီး မှ ဓားပြပဲတိုက်တော့မယ်။ ဆင် အကောင် ၂ သောင်းလောက်ပဲ ယူမှာ ။ 😛

Leave a Reply