“ကိုပေါက်လမ်းသလားနေသည် အပိုင်း(11)”
(တောင်ပေါ်က စေတီနဲ့ တောင်ပေါ်ရူ့ခင်း)

အရှေ့ဘက်ခြမ်းကိုသေချာကြည့်တော့ ရင်ပြင်တော်ကိုစီးမိုးထားတဲ့တောင်ကြီးရဲ့အရိပ်ကြောင့်
ပိုပြီးအေးချမ်းသွားသလိုခံစားရပါတယ်။
ရင်ပြင်တော်ကနေလက်ျာရစ် ပတ်ပြီးကြည့်ပြန်တော့ တောင်ကြီးရဲ့အောက်ခြေမှာ အိမ်ကလေးတွေ စီတန်း
အ၀ါရောင်အပွင့်တွေဖုံးနေတဲ့မယ်ဇလီပင်တွေကိုတွေ့ရပါတယ်။
အုံ့မိုင်းနေတဲ့မိုးတိမ်ကြားက အားယူလို့ထွက်လာတဲ့နေမင်းအရောင်က မပြူတပြူဆိုတော့
တတောင်လုံးကလဲ မပီမပြင် ၀ိုးတ၀ါး ၊သစ်ပင်ဝါးပင်တွေနဲ့ညို့ဆိုင်းဆိုင်း၊

အရှေ့ဘက် တောင်တန်း

သစ်ပင်လေးတွေက တန်းစီလို့နေပါတယ်။
(စေတီနဲ့တောင်ထွတ်)

စေတီနဲ့တောင်ထွတ်

စိမ်းရိပ်ညိုမှောင် တောတောင်အေးရိပ်

အေးငြိမ်းစိမ်းမောင် တောတောင်သဘာဝ

မပီတပီနေမင်းနဲ့တောင်တန်း

မိုင်းညို့ရီမှောင်

(

တောင်အောက်မှာအိမ်ကလေးတွေ

လှပသောမြင်ကွင်းအစုံ)

တောင်ကြီးအောက်က မြင်ကွင်း

ဟိုးအဝေးမှာလမ်းကလေး

 

လှပသော စိမ်းစိုသော

ရင်ပြင်တော်အရှေ့မြောက်ဒေါင့်

မြောက်ဘက်ခြမ်းရင်ပြင်ရဲ့ဘေးမှာရှိနေတဲ့သစ်ပင်ပေါ်မှာတော့ ချစ်ခွန်းဖွဲ့သီနေတဲ့ငှက်မောင်နှံ
(စောစောစီးစီး ချစ်တေးသီတဲ့လူမောင်နှံကိုတွေ့ပေမယ့် အဆော်ခံရမှာစိုးလို့ လက်မဆောာ့ရဲပါဘူး)
အနောက်ဘက်ခြမ်းမှာ တော့ နေပူစာဘဲလှုံနေတာလား ချစ်ခွန်းဖွဲ့သီဘို့ဘဲဂွင်တွေဆင်နေသလားမသိတဲ့
ငှက်ကလေးကစုစုပေါင်း လေးကောင်။
နောက်တော့ နှစ်ကောင်တစ်တွဲစီဖြစ်လို့သွားပါတယ်။
ဒါတောင်အဖော်ကွဲနေတဲ့ငှက်ကလေးတစ်ကောင်ဘေးမှာတော့ ဘယ်ဆီကိုမသိပျံနေတဲ့ငှက်ကလေးကတစ်ကောင်

သစ်ပင်ပေါ်ကငှက်ကလေး

သစ်ပင်ပေါ်က ငှက်မောင်နှံ

ငှက်ကလေးတစ်ကောင်ကတော့ အဖော်မဲ့နေသလို

အဖော်ကွဲနေတဲ့ငှက်ကေးလး

ငှက်ကလေး ကလေးသုံးကောင် နားနေတဲ့ပုံပါ

သံတိုင်ပေါ်နားတဲ့ငှက်ကလေးတွေ

ငှက်ကလေးတွေကလဲ နေပူစာလှုံတယ်ထင်ပါရဲ့

နေပူစာလှူံနေတာတောင်ကောင်းကောင်းမလှုံရဘူး လာချောင်းပြီးဓါတ်ပုံရိုက်နေတယ် တဲ့

အခုတော့လေးကောင်အားလုံး စုံသွားပြီ

အခုတော့အဖော်စုံပြီ

အရေးထဲတစ်ကောင်ဘယ်ပျောက်သွားလဲမသိဘူးနော်

တစ်ကောင်ပျောက်သွားသလိုဘဲ

ရင်ပြင်တော်ကနေအနောက်ဖက်ခြမ်းကိုကြည့်လိုက်တော့ မိုးပြာရောင်လွင်ပြင်ကြီးအောက်
ဟိုးဝေးဝေးမှာရှိနေတဲ့ တောင်တန်းပေါ်ကအိမ်တွေက တသီတတန်းကြီး။
လှမ်းမြင်ရတာ တိမ်ပင်လယ်ထဲမှာအိမ်တွေလွင့်နေသလိုပါဘဲ။
မြင်ရတဲ့မြင်ကွင်းက စိတ်ကို တကယ်ကြည်နူးစေပါတယ်။

အနောက်ဖက်မြင်ကွင်းလေးပါ

ဘုရားပေါ်ကနေမြင်ရတဲ့ အဝေးကအိမ်ကလေးတွေ

တိမ်ပြာ ဖြူစွက် စိမ်းဖက် တင့်တယ်

လှသောမြင်ကွင်းလေးတွေပါ

အဝေးမှာ ပြာလွင် အနီးမှာမှောင်စိမ်း အိမ်မိုးလေးတွေက ခပ်ရဲရဲ

ကျနော်တို့ကသာ နေပုံထိုင်ပုံ ပုံစံမကျတဲ့လူငယ်တွေကိုဘဲအပြစ်တင်နေကြ၊
“ငါတို့တုံးကလိုကို မဟုတ်ဘူး”ဆိုတဲ့စကားလုံးကြီးနဲ့ဖိနှိပ်လို့ ပြောနေကြတာများပါတယ်။
အခုဒီဘုရားပေါ်မှာသန့်ရှင်းရေးတွေလုပ်တံမျက်စည်းတွေလှည်းနဲ့
ဘယ်သူ့တိုက်တွန်းချက်မှာမပါဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ် ကောင်းတဲ့အမှု့ကိုပြုနေတဲ့
လူငယ်တွေကို မြင်ရတော့ ကင်မရာတစ်လုံးနဲ့လက်ဆော့နေတဲ့ ကျနော်တောင်
စိတ်မလုံသလိုလို ရှက်မိသလိုလို။
ဘယ်သူဘယ်ဝါတွေမှန်းမသိပေမယ့် “လေးစားပါတယ် “လို့ စိတ်ထဲကဘဲ ချီးမွမ်းလိုက်ပါတယ်။

ဘုရားရှေ့မှာတံမျက်စည်းလှည်းနေတဲ့လူငယ် ဘယ်သူလဲတော့ မသိဘူး

ဒါကတော့ အာရုဏ်ခံထဲမှာ

အတွင်းထဲမှာလဲသန့်ရှင်းရေးလုပ်ကြ

ဒါကတော့ရင်ပြင်တော်ပေါ်မှာ တစ်စုတစ်ဝေး

လေးစား အားကျဘွယ်ရာကျောင်းသူကျောင်းသားများပါ

ဘယ်အချိန်ဘယ်ကာလမှာမှ ပြန်ရောက်မယ်ဆိုတာမသိတဲ့စိတ်နဲ့ဘုရားကနေပြန်ဆင်းလာခဲ့ပါတယ်။

စေတီတော် ကို သမင်လည်ပြန်အကြည့်

အပြန်မှာတော့ အငှားကားတစ်စီးကိုလက်ပြ လို့စီးအပြန်၊
လမ်းမှာမြင်သမျှ လှပအေးချမ်းတဲ့ သဘာဝရူ့ခင်းတွေကိုမှတ်တမ်းတင်လို့ ဟိုတယ်ကိုပြန်ခဲ့ပါတယ်။
အပြန်လမ်းက မြင်ကွင်းက လွမ်းမောစရာ

အပြန်လမ်းဆုံ

လမ်းဘေးက သက်ရင်ပင့် ဒီအပင်မျိုးရဘို့နှစ်အများကြီးကြာမယ်နော်

လမ်းဘေးကသစ်ပင်

အပြာရောင်က ရင်ကိုအေးမြစေပါတယ်။

အပြာရောင်လွှမ်းတဲ့ မြင်ကွင်း

ဝိုးတစ်ဝါးမြင်ကွင်းကတော့ ရင်ကို လွမ်းမောစေပါတယ်

မိုင်းမြမူံရီ ခံစားမူ့ကလဲဝေသီသီ

ဒီလမ်းလေးအတိုင်းပြန်လာခဲ့ပါတယ်။

အပြန်လမ်းကလေး ဖြောင့်ဖြောင့်ဖြူးဖြူး

ကားပေါ်ကနေ ငေးမောနေရင်း ဈေးဖွင့်ချိန်ရောက်ရင်တော့အလုပ်တွေလုပ်ရမှာ၊ကုန်သည်တွေနဲ့တွေ့ရမှာ၊
ပြီးရင်အောင်ပန်းကလော လွိုင်ကော်ဘက်ကို သွားရမယ်ဆိုတဲ့ အတွေးတွေ တသီတတန်းနဲ့ဘဲ
………………………………………………………………………………….

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(10-10-2011)
ဆက်လက်ဖော်ပြပါမည်။

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။