ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်မည့်ရက် အကန့်အသတ်မရှိ ထပ်မံရွှေ့ဆိုင်းထားကြောင်းသိရ

klnMay 18, 20101min616

ရန်ကုန်မြို့ရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းများကို ယခင်က မေလ ၁၅ရက်နေ့တွင် တစ်ပြေးညီစတင် ဖွင့်လှစ်ရန် လျာထားသော်လည်း ယခုအခါ မေလ ၁၅ရက်နေ့တွင် ဖွင့်လှစ်မည်မဟုတ်ကြောင်းနှင့် ဖွင့်လှစ်မည့်ရက်အား အကန့်အသတ်မရှိ ထပ်မံရွှေ့ဆိုင်းထားကြောင်း ပုဂ္ဂလိကဒီဇယ်ဆီ တင်သွင်းဖြန့်ဖြူးရောင်းချသူများထံမှ စုံစမ်းသိရှိရပါသည်။ “ ပထမဆုံး မေလ ၁၅ရက်နေ့မှာ တစ်ပြေးညီဖွင့်လှစ်နိုင်ရင် ဖွင့်လှစ်ဖို့ လျာထားတယ်။ ဒါပေမယ့် အခု မေလ၁၅ရက်နေ့ မဖွင့်လှစ်နိုင်သေးဘူး။ ဖွင့်လှစ်ရမယ့်ရက်ကို ထပ်ပြီးရွှေ့ထားတယ်လို့ သိရတယ်။ ဘယ်တော့ဖွင့်မယ်ဆိုပြီး တိတိကျကျ မသိရသေးဘူး။ ရက်အကန့်အသတ်မရှိဘူးပေါ့ဗျာ ” ဟု ပုဂ္ဂလိက ဒီဇယ်ဆီတင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့ပါသည်။ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များ ပေါ်ပေါက်လာပါက တစ်ဆိုင်နှင့်တစ်ဆိုင် ယှဉ်ပြိုင်လုပ်ကိုင်ရောင်းချမည့် ဈေးကွက်စီးပွားရေးစနစ်ပုံစံဖြစ်၍ ဈေးနှုန်းထိန်းညှိပေးသည့်စနစ်အား ထားရှိမည်မဟုတ်ကြောင်းလည်း သိရှိရသည်။ လက်ရှိတွင် စတင်ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင် အချို့မှာမူ တစ်ဂါလံကျပ် ၃၂၀၀၊ ၃၃၀၀၊ ၃၃၅ဝ စသည်ဖြင့် နေရာ ဒေသကိုလိုက်၍ ဈေးသတ်မှတ်ရောင်းချလျက် ရှိသည်ဟု သိရသည်။ နိုင်ငံတော် စက်သုံးဆီဆိုင်များ၏ ရောင်းချပေးသည့်ဈေးမှာမူ တစ်ဂါလံကျပ် ၃၀၀ဝ ဖြစ်၍ ကွာဟချက် ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။

6 comments

  • Shwemannmay

    May 18, 2010 at 7:04 am

    အဲဒါပြသနာပဲ ဆီဈေးတွေတက်ရင် အကုန်တက်မှာ

  • banban

    May 18, 2010 at 7:16 am

    အင်း..ကျန်းမာရေးလေးနဲ့လည်း ညီညွတ်… ဆီဖိုးကုန်တာလည်း သက်သာအောင် စက်ဘီးလေးပဲကောင်းပါတယ်။

  • susunosuki

    May 18, 2010 at 8:10 am

    ဆရာမ ဂျူးရေးတဲ့စာ အတိုင်း လောင်စာဆီလျှော့ချသုံးစွဲရေး စီမံချက်နဲ့ ဘတ်စ်ကား ကိုပဲစီးတော့မယ်
    အကုန်အကျလည်းနဲတယ်

  • susunosuki

    May 18, 2010 at 8:20 am

    ဆရာမ ဂျူးရေးတဲ့စာ အတိုင်း လောင်စာဆီလျှော့ချသုံးစွဲရေး စီမံချက်နဲ့ ဘတ်စ်ကား ကိုပဲစီးတော့မယ်
    အကုန်အကျလည်းနဲတယ်
    ဆီဈေးတတ်တော့ ဆင်းရဲသားပဲ ဘာအရေးလဲ

  • darkoosky

    May 18, 2010 at 10:57 am

    where is HEN BOILED plants and Fruit?

  • intro

    May 18, 2010 at 2:52 pm

    မီးတွေကလဲ အရမ်းပျက်တယ်ဗျာ… နေရာတကာလဲ မီးစက်သံတွေပဲ ကြားနေရတယ်… ဒီတော့ ဆီဈေးတက်တော့ မှာပေါ့ဗျာ…

Leave a Reply