မနေ့က တစ်နေ့လုံးအလုပ်တွေများနေတာနဲ့ နေ့လည်ဘက် အလုပ်မှာဘာမှမစားဖြစ်လိုက်တော့ နွယ်ပင်တစ်ယောက် အိမ်ပြန်ခရီးမှာ
ဗိုက်ဆာတာ ဟပ်ထိုးကိုလိုက်နေတာပဲ ။ အိမ်ပြန်ရောက်တော့ အမေ့ကဟင်းချက်နေတော့ ပိုဆိုးတာပေါ့ အနံလေးတစ်ရှူရှူနဲ့ ဗိုက်ဆာနေတာ
အရမ်းအရမ်း အဲတာနဲ့ အဝတ်အစားတောင်မလဲတော့ဘဲ ထမင်းစားဖို့ ပြင်တော့ အမေက ရေချိုးပြီးမှ ထမင်းစားရမယ်တဲ့
ဟင်းရည်မကျက်သေးတော့ ရေချိုးပြီးတဲ့အချိန်နဲ့ ဟင်းရည်ကျက်ချိန်အတော်ပဲဆိုတာနဲ့ ရေကို မချိုးချင်ချိုးချင် တစ်ဗွန်းဗွန်းလောင်းချ
အကျီအမြန်လဲပြီး ထမင်းစားဖို့ပြင်တော့တာပေါ့ ။ ချက်ထားတာကလည်း တကယ့်ကိုစားချင်စရာ ငါးကြင်းဆီပြန်ဟင်း ချဉ်ပေါင်ရွက်ဟင်းချို
ကန်စွန်းရွက်ကြော်နဲ့ ငါးပီရည်တို့စရာဆိုတော့ ဗိုက်ဆာနေတဲ့ နွယ်ပင်တစ်ယောက် ခေါင်းတောင် မဖော်နိုင်တော့ဘူး ။
အားပါးတရစားလို့ တစ်လုပ်နှစ်လုပ်ပဲရှိသေးတယ် အမေက စကားလာပြောနေရော ဗိုက်ကဆာလို့ ထမင်းပဲဖိစားနေတာကို
အမေကလဲ မရဘူးစကားအတင်းလိုက်ပြော အဲတော့အမေပြောတာ မကြားလဲ အင်းလိုက်ပေးနေရတာပေါ့
(မဟုတ်ရင် မာသားကြီးက သူပြောတာ နားမထောင်ရင်လဲ စိတ်ကတိုသေးတယ် ) အဲ့မှာ
အင်းအလိုက်ပေးကောင်းတော့ ငါးရိုးဆူးပါလေ ရော ။ ထမင်းတောင် တစ်ပန်းကန်မကုန်သေးဘူး ငါးရိုးကဆူးတော့
ထမင်းကဆက်စားလို့မ၇တော့ဘူး အဲတာနဲ့ ရေတွေသောက်ချ ထမင်းအဖြူကြီးပဲ ဒီအတိုင်းမျိုချ မရဘူး ငါးရိုးကလည်း မကျတော့
လည်ချောင်းကနာလာရော ။ အမေက ငှက်ပျောသီးကို ဝါးမချပဲမြိုချလို့ပြောလို့ ငှက်ပျော်သီး (2) လုံးကို မျိုချနေတုန်း အမေကထပ်လာပြီး
ငှက်ပျောသီးမျိုချနေတုန်း ကိုယ်လမ်းမှာ ဆူးညောင့်တွေ ဖယ်ခဲ့တာရှိရင် အဲတာကိုတွေးပြီးမျိုချဆိုလို့ မျက်စိဆုံမှိတ်ပြီး
ငှက်ပျောသီးကို မရမကမျိုချနေတုန်း လမ်းမှာဖယ်ခဲ့ဘူးတဲ့ ဆူးညောင့်ဆိုတာကို စဉ်းစားပြီး မျိုချတော့လဲ မရပြန်ဘူး
နောက် အစ်မက လာပြီး ရေနွေးပူပူကို မက်ခွက်ထဲပြီးမော့သောက် ရေနွေးက အရိုးကို ပျော့ပြီးကျသွားလိမ့်မယ်ဆိုလို့
မတ်ခွက်ကြီးနဲ့ ရေနွေးတွေသောက်တော့လဲ မသက်တာ အဲတာနဲ့ ဆေးခန်းသွားရတော့မယ်ဆိုပြီး နာလို့ ငိုယိုပြီးအဝတ်စားလဲနေတဲ့
နွယ်ပင့်ကို အညာကရောက်နေတဲ့ အဒေါ်က ဘုရားရှိခိုးနေရာက မနေနိုင်တော့ပဲ ထလာပြီး သူတို့ဆီမှာတော့
အရိုးဆူးရင် ဆူးတဲ့နေရာအပေါ်လေးကနေ ကျောက်ချဉ်ကို ခပ်ပြစ်ပြစ်လေးသွေးပြီးလိမ်းပေးတယ် နောက် (10) မိနစ်လောက်နေရင်
တစ်ခါထပ်လိမ်း (3/4) ခါလောက်လိမ်းတဲ့ မြန်မြန်ပျောက်ချင်ရင်တော့ အာခေါင်ထဲထိနှိုက်ပြီးလိမ်းလို့ပြောလာတဲ့ ။
အဲတာနဲ့ နွယ်ပင်လဲ အာခေါင်ထဲထိတော့ မလိမ်းချင်ဘူး အပြင်ကနေပဲ လိမ်းမယ် တစ်နာရီလောက်စောင့်ကြည်မယ်
မသက်သာရင်တော့ ဆေးခန်းသွားပြမယ်လို့ စဉ်းစားပြီး ငါးရိုးဆူးနေတဲ့ နေရာလေးကိုမှန်းပြီး ကျောက်ချဉ်ကို လိမ်းနေတာ
ဘယ်နှစ်ခေါက်မှန်းတောင်မသိဘူး ။ကျောက်ချဉ်လိမ်းပြီးလို့ နာ၇ီဝက် (45) မိနစ်လောက်လဲ ကြာတော့ လည်ချောင်းထဲက
မျက်သက်သက်နဲ့ ဆူးနေတာက မဆူးတော့ဘူး သက်သာသွားတယ် ။အဲတာနဲ့ ကျောက်ချဉ်ကို နောက်တစ်ခေါက်ထိမ်းလိမ်းပြီး
အိပ်ပျော်သွားတာ 9း00 ထိုးလောက်နိုးလာတော့ လည်ချောင်းထဲက ဆူးလည်းကျသွားပြီး နာကျင်တာလဲ သက်သာသွားခဲ့တယ် ။

ဒါကြောင့် ရွာသူရွာသားတွေအတွက် ငါးရိုးဆူးလို့ ဒုက္ခရောက်နေမယ်ဆို ကျောက်ချဉ်သွေးလိမ်းဖို့ကို ဆေးမြှီးတိုလေး တစ်ခုအနေနဲ့
တင်ပြပေးလိုက်ပါတယ်နော်

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..