ထိခြင်းငါးပါးဖြင့် ရှိခိုးကန်တော့ခြင်း၊

annonymousOctober 11, 20111min33028

သီတင်းကျွတ်အခါ သမရကို ရောက်လာပြီဆိုတော့ သက်ကြီးဝါကြီးများကို ကန်တော့ကြရတော့ မယ်နော်။ အရင်တုန်းက ပြုလုပ်ခဲ့တဲ့အမှားတွေ ကို ဝန်ချတောင်းပန်ရင်းနဲ့ ပျော်ရွှင်ချမ်းမြေ့ဖွယ် သီတင်းကျွတ်လလေး ဖြစ်ပါစေ ဟု ရည်ရွယ်ရင် း ….

 

ဘုရားရှိခိုးရင်ပဲဖြစ်ဖြစ် ကိုယ်ထက်အသက်ကြီးသူတွေ၊ ရဟန်း၊ သံဃာတွေ၊ မိဘ၊ ဆရာတွေပဲ ဖြစ်ဖြစ် ရှိခိုးကန်တော့ရင် ထိခြင်းငါးပါဖြင့် ရှိခိုးသင့်ကြောင်းဆရာတော်၊ သံဃာတော်တွေ တရားဟောကြား သင်ပြဆုံးမ ထားပါတယ်။ ဆရာ၊ မိဘတွေလည်းသင်ပေးလို ့သိရပါတယ်။ ဒါပေမဲ့ ယနေ ့ ခေတ်လူတော်တော် များများက ဒီလို ထိခြင်းငါးပါးဖြင့်ရှိခိုးတာကို သိပ်မတွေ ့ရတောပါဘူး ။ အထူးသဖြင့်ပေါက်ဆိန်ပေါက် ရှိခိုးနည်းတွေကို မကြာခန ဆိုသလိုတွေ ့ မြင်နေရလို ့ ပြုပြင်စေချင်တဲ့စိတ်ဆန္ဒလေးတစ်ခုနဲ့ ဒီပိုစ့်လေးကို ရေးဖြစ်လိုက်ပါတယ်။ ကုသိုလ်ရစေချင်လို ့ ဒီပိုစ့်လေးကို ရေးပြီးတင်ပြလိုက်ရတာပါ။ သိတဲ့သူတွေ ရှိသလို မသိသေးတဲ့သူတွေလည်း ရှိမယ်ထင်လို ့ပါ။

အပြစ်သဘောနဲ ့ပြောတာမဟုတ်ပဲ အပြုသဘောနဲ ့ပြောချင်တာဖြစ်လို ့ဆရာလုပ်တယ်လို ့ မထင်ပဲ၊ သိစေလို၊ ဖြစ်စေချင်လိုတဲ့ဆန္ဒနဲ ့ရေးတင်လိုက်တယ်လိုပဲ နားလည်းပေးစေချင်ပါတယ်။ ဗုဒ္ဓဘာသာပီပီ လူအများအပေါ်မှာ စေတနာထားပြီး ကိုယ်သိသလို သူများလည်း သိ်ပါစေဆိုတဲ့ စိတ်ဆန္ဒလေးနဲ့ပါ။ တစ်ကယ်လိုက်လုပ်ရင်လည်း ခက်ခဲပင်ပမ်းသောအရာများမဟုတ်ဘူးလို ထင်မြင်မိပါတယ်။ ဒီအတိုင်းလုပ်ရင်လည်း လုပ်တဲ့သူက အကျိုးဖြစ် ထွန်းမှာမို ့ကိုယ့်အတွက်လို ့သဘောထားပြီး ထိခြင်းငါးပါဖြင့် ရှိခိုးကန်တော့ကြရအောင်နော်။

ရှိခိုးတဲ့နေရာမှာ ကဗျာလေလိုမျိုး အတိုချုန်းပြီး မှတ်ထားကြမယ်နော်။

ဒါကတော့ ခြေ၊ လက် ၊ နဖူး၊ တံတောင်၊ ဒူး ငါးဦးညီညွတ်စေတဲ့ ငယ်ငယ်က သင်ဘူးထားတာလေး ပြန်ပြောပြတာပါ။

ပြီးတော့ …လက်ချ၊ ဒူးချ၊ တံတောင်ချ၊ နဖူးချစေ ဦးချလေလို ့လည်း ဆိုထားပါတယ်။မိန်းကလေးများ က ဒူးချထားပြီးသော်လည်း ယောက်ျားလေးများက ချရန်လိုအပ်သောကြောင့် လက်ကို အရင်ချ မယ် ၊ ပြီးတော့ ဒူချပါရခြင်းဖြစ်ပါသည်။ တံတောင်ချ ပြီးရင် နဖူးချမယ်။ ခြေကတော့ နဂိုကတည်းကတိုင်မြေကြီးနှင့် ထိထား ပြီးသား ဖြစ်သည့်အတွက် ထည့်မထားပါ။ ပြီးတော့ လက်အုပ်ချီတဲ့နေရာမှာ လက်အုပ်ကို ငှက်ပျောဖူးလိုမျိုး ဖူးဖူး လေးဖြစ်အောင်ထားပြီး လက်မထိပ်လေးတွေက မျက်ခုံးနှစ်ခုအကြားမှာထိပြီးထားရမယ်လို့လည်း ဆုံးမထား ပါတယ်။

ထိခြင်းငါးပါးနှင့်ကန်တော့မှသာ ကန်တော့မှုအရာရောက်သည်ဟု ဆရာတော်များ တရားဟောသော အခါများ တွင်နာကြားရပါတယ်။ ကိုယ့်ကိုကိုယ် မာန်မာနတွေ ချပြီး ရှိခိုးထိုက်သူကို ရှိခိုးခြင်းအရာမြောက်ပါ သည်ဟု ဟောထားပါတယ်။မခဲယဉ်းဘူးမို ့လား ရွာသူ၊ရွာသားအားလုံးနဲ့ ဒီပိုစ့်လေးကို အားပေးကြတဲ့ သူငယ်ချင်း တွေ လည်း လိုက်လုပ်နိုင်လိမ့်မယ်လို ့ထင်ပါတယ်။

ရွာသူ၊ ရွာသားအားလုံး နှင့် ဒီပိုစ်လေးကို လာရောက်စာဖတ်ကြသော စာဖတ်ပရိတ်သတ်အားလုံး စိတ္တသုခ၊ ကာယသုခ နှစ်ဖြာပြည့်စုံစွာဖြင့် ကျန်းမား ချမ်းသာကြပါစေလို ့ ဒီပို ့စ်လေး ထဲကနေပဲ ဆုတောင်းမေတ္တာ ပို့ပေးလိုက်ပါတယ်နော်။

28 comments

  • kai

    October 11, 2011 at 2:35 pm

    လူသားတယောက်က.. လူသားတယောက်ကို.. အဲဒီလောက်ကြီး လုပ်နေစရာမလိုလောက်ဘူးလို့ တွေးနေမိပါတယ်..။
    ကျုပ်သာ ဘုန်းကြီး/မိဘ/အကန်တော့ခံ ဖြစ်နေရင်တော့.. ထပြောမှာပဲ.။
    “ထိုက်သင့်တဲ့.. အပြန်အလှန်လေးစားမှုပေးရင် ရပါပြီလို့..။ မင်းတို့.. အလကား..လူညွှန့်ကျိုးတယ်လို့..။ 😆
    ========
    စကားမစပ်..
    အောက်က.. အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကစာတွေပါ..။
    ဟိုဖက်ပို့စ်က ကူးလာတာ…။ သေသေချာချာ သဘောပေါက်ကြရဲ့လား…မသိ…။

    အပိုဒ် (၁) – လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။
    အပိုဒ် (၂) – မည်သူ ့ကိုမှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။
    အပိုဒ် (၃) – လူတိုင်း အသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ရှိသည်။
    အပိုဒ် (၄) – မည်သူ့ ့ကို့မှ ကျွန်အဖြစ်စေခိုင်းခြင်း၊ ရောင်းဝယ်ခြင်းမပြုရ။
    အပိုဒ် (၅) – မည်သူ ့ကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာ ဆက်ဆံခြင်း အပြစ်ပေးခြင်း မပြုရ။
    အပိုဒ် (၆) – တရားဥပဒေရှေ ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြု ခံပို်င်ခွင့်၊
    အပိုဒ် (၇) – တရားဥပဒေရှေ ့တွင် တန်းတူညီခွင့်၊
    အပိုဒ် (၈) – မိမိပိုင်အခွင့်အရေး ချိုးဖောက်ခံရပါက ဥပဒေအကူအညီ ရယူခွင့်၊
    အပိုဒ် (၉) – မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှု ရရှိခွင့်၊
    အပိုဒ် (၁၀) – လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်၊
    အပိုဒ် (၁၁) – ခိုင်လုံသော အထာက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်၊
    အပိုဒ် (၁၂) – ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာများအား ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း၊
    အပိုဒ် (၁၃) – လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊
    အပိုဒ် (၁၄) – မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့် တောင်းခံပိုင်ခွင့်၊
    အပိုဒ် (၁၅) – နို်င်ငံသား ဖြစ်ခွင့်၊
    အပိုဒ် (၁၆) – အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်၊
    အပိုဒ် (၁၇) – ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊
    အပိုဒ် (၁၈) – လွတ်လပ်စွာ တွေးခေါ် ယုံကြည် ကိုးကွယ်ခွင့်၊
    အပိုဒ် (၁၉) – လွတ်လပ်စွာ ထုတ်ဖော်တင်ပြ ပြောဆိုခွင့်၊ သတင်းရယူခွင့်၊
    အပိုဒ် (၂၀) – ငြိမ်းချမ်းစွာ ဖွဲ ့စည်းထားသော အဖွဲ ့များအား လွတ်လပ်စွာ ဝင်ရောက်ခွင့်၊ စုဝေးခွင့်၊
    အပိုဒ် (၂၁) – အစိုးရတွင် ပါဝင်ခွင့်၊
    အပိုဒ် (၂၂) – လူမှုဖူလုံရေး ခံစားခွင့်၊
    အပိုဒ် (၂၃) – အလုပ်လုပ်ခွင့်၊ အလုပ်သမား သမဂ္ဂများဝင်ရောက်ခွင့်၊
    အပိုဒ် (၂၄) – အပန်းဖြေအနားယူခွင့်၊
    အပိုဒ် (၂၅) – လုံလောက်သော လူမှုအဆင့်အတန်း ခံစားခွင့်နှင့် ဆေးကုသခံပိုင်ခွင့်၊
    အပိုဒ် (၂၆) – ပညာသင်ကြားပိုင်ခွင့်၊
    အပိုဒ် (၂၇) – ယဉ်ကျးမှုဘဝတွင် ပါဝင်ပိုင်ခွင့်နှင့် မိမိတီထွင်မှုအကျိုးကို မိမိခံစားပိုင်ခွင့်၊
    အပိုဒ် (၂၈) – ထိုအခွင့်အရေးများကို လေးစားရန်တာဝန်၊
    အပိုဒ် (၂၉) – အခြားသူများ၏ အခွင့်အရေးကို လေးစားလိုက်နာရန်၊
    အပိုဒ် (၃၀) – မည်သူမှ ဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်၊
    ကမ္ဘာ့ကုလသမဂ္ဂအ ထွေထွေညီလာခံက ၁၉၄၈ ခုနှစ်တွင် ပြဌာန်းလိုက်သော အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းသည် လက်မှတ်ရေးထိုးစရာ လိုအပ်သော သဘောတူစာချုပ် မဟုတ်သော်လည်း မည်သည့်နိုင်ငံမဆို ကုလသမဂ္ဂပဋိညာဉ် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ကုလသမဂ္ဂ အဖွဲ ့ဝင်နိုင်ငံ ဖြစ်သွားသည်နှင့် တပြိုင်နက် အပြည်ပြည်ဆိုင်ရာ လူ ့အခွင့်အရေး ကြေညာစာတမ်းပါ
    အချက်များကို လေးစား လိုက်နာရန် တာဝန်ရှိသွားပြီ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လူ ့အခွင့်အရေး ကြေညာ စာတမ်းကို ကုလသမဂ္ဂ ပဋိညာဉ်မှ လွဲ၍ မည်သည့်စာချုပ်၊ မည်သည့် ဥပဒေကမှ မလွှမ်းမိုးနိုင်။

  • MaMa

    October 11, 2011 at 3:15 pm

    ကိုယ်ကိုယ်တိုင်တော့ ဇဝေဇဝါ ဖြစ်နေပြီ။
    ငယ်ငယ်လေးကတည်းက ယဉ်ပါးလာရတဲ့ ဆရာသမား မိဘတွေကို ဦးချကန်တော့ရတာကို လူညွှန့်ကျိုးတယ်လို့ မထင်မိပါဘူး။
    ဒါပေမယ့် ကိုယ်ကိုယ်တိုင်တော့ ကန်တော့မခံချင်ဘူး။ လာကန်တော့တဲ့လူကို အားနာနေမိတယ်။

    • kai

      October 11, 2011 at 3:26 pm

      ငယ်သေးလို့ပေါ့ကွယ်..။ လက်မောင်းကြည့်ပြီး..ငါမအိုသေးလို့..မှတ်ပေါ့..။
      တကယ်တော့..အကန်တော့ခံရဖူးရင်.. ဘယ်လိုဖြစ်သွားတတ်သလည်း.. ခုံပေါ်ထိုင်နေရင်.. သိပ်သိသာတယ်..။
      အာဏာရှင်စံနစ်ကို မွေးမြူဖြစ်စေတာပဲလို့.. ခုအတွေ့အကြုံတွေအရ.. သုံးသပ်မိတယ်..။

      ပိုတိတိကျကျခံစားလို့ရအောင်… ဒီနေ့တင်.. တင်လိုက်တဲ့..လူထုဦးစိန်ဝင်းစာကို..ကိုးကားပေးလိုက်မယ်..။ 😆
      ခုက နည်းနည်းတိုက်ဆိုင်နေလို့..။
      အနောက်နိုင်ငံက..စိတ်ပညာဆိုင်ရာစာတွေ.. မရှာပေးတော့ပါဘူးနော.. ။
      =============
      http://myanmargazette.net/forum/internet-news-of-netizen/%e1%80%a1%e1%80%ac%e1%80%8f%e1%80%ac%e1%80%9b%e1%82%87%e1%80%84%e1%80%b9%e1%80%a1%e1%80%94%e1%80%b6%e1%82%94%e1%80%a1%e1%80%9e%e1%80%80%e1%80%b9%e1%80%b1%e1%80%90%e1%80%bc-%e1%80%80%e1%80%84%e1%80%b9
      အရိယာမဟုတ်

      ဒေါ်အောင်ဆန်းစုကြည်လည်း ဉာဏ်ပညာကြီးသူ၊ စိတ်နှလုံးဖြူစင် သန့်ရှင်းသူ၊ တရားရှိသူဖြစ်တယ်ဆိုတာ နည်းနည်းလေးမှ ယုံမှား သံသယမရှိပါဘူး။ တိုင်းပြည်နဲ့လူမျိုးအတွက် ကိုယ်ကျိုးစွန့်လွှတ်တဲ့နေရာမှာလည်း အံ့မခန်းလောက်အောင်ကို ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတဦးသိန်းစိန်တို့ ဒေါ်အောင်ဆန်းစုကြည်တို့ဆိုတာ အရိယာတွေမဟုတ်ကြဘူး။ ပုထုဇဉ်တွေသာ ဖြစ်ကြတယ်။ ပုထုဇဉ် လူသားမှန်သမျှ ချီးပင့်မြှောက်စားမှုမှာ သာယာတတ်တယ်။ ကောင်းတဲ့စကားကို ကြားလိုတယ်။ ဂုဏ်ပြုခံရရင် ဝမ်းသာပီတိဖြစ်တတ်တယ်။ ဒါသဘာဝဖြစ်တယ်။

      ငါမှငါ

      ချီးပင့်မြှောက်စားမှုကတစ်ဆင့်တက်ရင် ပုဂ္ဂိုလ်ကိုးကွယ်မှု ဖြစ်သွားတတ်ပါတယ်။ ပုဂ္ဂိုလ်ကိုးကွယ်မှု လွန်ကဲလွန်းရင်၊ ကိုးကွယ်ခံရသူမှာ ငါမှ ငါဆိုတဲ့ အတ္တစိတ် ကြီးထွားလာလေ့ရှိတယ်။ ဒီမိုကရေစီကို ချစ်မြတ်နိုးသူတိုင်း ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို ရှောင်ရှားနိုင်အောင် အထူးသတိထားကြဖို့ လိုအပ်ကြောင်း သတိပေး ရေးသားလိုက်ပါတယ်။

      • မိုက်ကယ်ဂျော်နီအောင်ပု

        October 11, 2011 at 3:38 pm

        သဂျီးမင်းခင်ဗျား
        အပမ်းမကြီးဘူးဆိုရင်ဖြင့်
        လိင်တူချစ်သူ အခွင့်ရေးလေးပါ
        ခပ်ပါးပါးလေးလုပ်ပေးစေခြင်ဘာဒယ်ဂျာ

        • annonymous

          October 13, 2011 at 1:38 pm

          မိုက်ကယ်ဂျော်နီအောင်ပု ရောဂါသည်းနေပြီလားဟင်။ ဟိုစကားပုံကြားဘူးလား စိန်ကောင်းကျောက်ကောင်းရောင်းဝယ်တဲ့ နေရာ ဆေးရိုးသည် က ကန့်လန့်တဲ့။ နည်းမှန်လမ်းမှန်လေး ဝေဖန်ပါကွယ်

  • annonymous

    October 13, 2011 at 10:10 am

    ုKai ပြောတာကို နားမလည်ဘူး။ ဘုရားရှိခိုးတာ မိဘ၊ဆရာသမားကို သီတင်းကျွတ်မှာ ကန်တော့တာ ဒီမိုကရေစီနဲ့ ဘာဆိုင်လဲ လုပ်ချင်တဲ့သူလုပ်မလုပ်ချင်တဲ့သူနေလေ။ kai ကိုလိုက်လုပ်ရမယ်လို့ အတင်းမတိုက်တွန်း ဘူးနော် ။ ရိုသေချင် ရိုသေ၊ မရိုသေချင်လဲ မရိုသေနဲ့ ဒါ ကိုယ့်စိတ်နဲ့ဆိုင်တာလေ ။ ဘာသာတရားယုံကြည့်မှုနဲ့ ဒီမိုကရေစီ ရရှိမှု ဘားမှမဆိုင်ဘူး တစ်လမ်းဆီလို့ မြင်တယ်။ ကိုယ်က ဗုဒ္ဓဘာသာ ကိုယုံကြည်တဲ့သူတွေအတွက် တင်တာပါ ။ လုပ်နိုင်မယ်ဆို လုပ်ပါ ။ မလုပ်နိုင်ဘူးဆိုလဲ မလုပ်ပါနဲ့ ။ ဘုရားတရားမိဘဆရာကို ဒီမိုကရေစီဆိုတဲ့ နိုင်ငံရေးဝါဒနဲ့တော့ မရောထွေးသင့်ဘူး လို့ ထင်ပါတယ်။

    • kai

      October 13, 2011 at 11:54 pm

      အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း…က..
      ဒီမိုကရေစီလည်းမဟုတ်.. နိုင်ငံရေးဝါဒလည်း မဟုတ်ပါဘူး..။
      ဒီကမ္ဘာပေါ်မှာ..မှီတင်းနေထိုင်ကြတဲ့.. လူသားတွေအတွက်… လူသားခေါင်းဆောင်တွေက.. သတ်မှတ်ပေးထားတဲ့.. လူဖြစ်တည်မှုအတွက်.. အရေးအကြီးဆုံး..အခြေခံဥပဒေပါ..။ :mrgreen:

      တကယ်တော့.. ဘာသာရေးဆိုတာ.. နိုင်ငံရေးဝါဒတွေနဲ့.. စံနစ်တကျ ချိတ်ဆက်..ဆက်စပ်နေပါတယ်..။
      အခုကမ္ဘာမှာဖြစ်နေတဲ့.. စစ်ကြီးတွေ.. တွန်းတိုက်လှုပ်ရှားမှုတွေကြည့်ရင်.. ဘာသာရေးက အခြေခံကျကျ ပါနေတာတွေ့ရလိမ့်မယ်..။

      ငါ၏ ဦးခေါင်းသည် သွေးသံတို ့ဖြင့် ရဲရဲနီ၏ ညွတ်ကားမညွတ်။

      ငါ့ကို..မာန်လျှော့ကန်တော့ဦးညွတ်ကြဖို့ဆိုပြီး. ဗုဒ္ဓကပြောခဲ့သလား.. ကန်တော့ခံတွေက ပြောခဲ့သလား စဉ်းစားတွေးကြည့်စေချင်ပါတယ်..။ကျန်တာကတော့ ဆက်စဉ်းစားစေချင်..။ 😆

      • မှော်ဆရာ

        October 14, 2011 at 12:46 am

        “““““ငါ၏ ဦးခေါင်းသည် သွေးသံတို ့ဖြင့် ရဲရဲနီ၏ ညွတ်ကားမညွတ်။““““
        ဒါ ရန်သူရန်ဘက်နဲ့ ဆုံတွေ့ရရင် ပြောတဲ့စကားလို့ ထင်ပါတယ် ..
        အမိ အဖ အဖိုး အဖွား ဆရာ သမားတွေက ဦးခေါင်းကို သွေးသံနဲ့ ရဲနီအောင် မလုပ်ပါဘူး
        အလှပေါ် အယဉ်ဆင့် မြင့်သည်ထက် မြင့်အောင် ၊ သရဖူပေါ် သရဖူ ဆင့်အောင် လုပ်ပေးကြမယ့် သူတွေပါ …။

  • ကြောင်ကြီး

    October 13, 2011 at 10:25 am

    အနောနစ်မက်စ်ပြောတာ ထောက်ခံတယ်။ ဒါနဲ့ အပျိုလားဟင်..။ ကြောင်ကြီးက လူပျို အသက် ၂ဝ 😳

    • windtalker

      October 13, 2011 at 7:34 pm

      ဘယ်နှယ့်လုပ်
      အပျိုလား ဟင် ဖြစ်လာတာတုန်း
      ဇွတ်…

  • emissary

    October 13, 2011 at 4:04 pm

    အနောနစ်မက်စ်ကို emissary ထောက်ခံပါတယ် ခုခေတ်တော်တော်များများ ထိခြင်းငါးပါးနဲ့ ရှိခိုး ကန်တော့တာဆိုတာ မရှိသလောက်ရှားပါတယ် ဆရာတော်တွေဟောကြားဆုံးမထားတာလည်း ကြားဘူးပါတယ် ကျေးဇူးပဲနော် ဒီလိုရေးတင်ပေးလို့ ကိုယ်လည်းတင်ပေချင်ပေမဲ့ စာဖွဲ ့ပြီးမစီတတ်လို ့အနောနစ်မက်စ်ရ ဲ့ စာလေးဖတ်လိုက်ရတာဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ဒါလည်းကောင်းမှုတစ်ခုလုပ်နေတာပါပဲလို ့ထင်ပါတယ်။

  • သူကြီးရေ
    နိုင်ငံရေးအမြင်၊ဘာသာရေးအမြင်၊ရိုးရာ ဓလေ့ထုံးစံအမြင် ၊လူူမူ့ရေးအမြင်
    မြင်ပုံခြင်းမတူကြပါဘူး။
    ကျနော်တို့ ကလူကြီးမိဘတွေကန့်တော့ တယ်ဆိုတာ အညံ့ခံတာ အရှုံးပေးတာမဟုတ်ပါဘူး။
    ကိုယ့်ထက် အသက်ကြီးသူ ဝါကြိးသူတွေရှေ့မှောက်မှာ ငါဆိုတဲ့ မာန်မာနကို ချိုးနှိမ်လို့ ကန့်တော့ကြတာပါ။
    အဲတော့ဘာသာရေးအရဖြစ်စေ ရိုးရာယဉ်ကျေးမူ့အရဖြစ်စေ ကန့်တော့လိုက်လို့
    ဘာမှနိမ့်ကျသွားစရာမရှိဘူးလို့ ယုံကြည်ပါတယ်။
    ဒါကတော့ သူကြီးနဲ့ဆွေးနွေးကြည့်တာပါ။
    လူတိုင်းလူတိုင်းသည်အခြားတစ်စုံတစ်ယောက်ကို မထိခို်က်သမျှကာလပါတ်လုံး
    ကိုယ်ကြိုက်တာ ကိုယ်ယုံကြည်ခွင့် လုပ်ခွင့်ရှိပါတယ်။
    ကိုယ်လုပ်ချင်တာကိုယ်လုပ်ရရင် စိတ်ချမ်းသာပါတယ်။
    ကျနော်တို့ယုံကြည်တဲ့ကိုးကွယ်တဲ့ဘုရားကဟောထားတာကတော့ ဘယ်နေရာမှာမဆို အလယ်အလတ်လမ်းစဉ်(မဇ္ဈိမပဋိပဋာ)ပါဘဲ။
    အစွန်းရောက်တယ်ဆိုတာ ကောင်းတဲ့အတွေးမဟုတ်ပါဘူး.။
    လာသမျှလုူကို ထိုင်ရှိခိုးနေတာ မှန်ကန်သောအလုပ်မဟုတ်သလို ဘယ်သူမှရှိမခိုးဘူးဆိုတာကလဲ
    အစွန်းရောက်တဲ့ဝါဒပါ။
    အဲတော့ဘာသာရေးအရ ရိုးရာဓလေ့အရလုပ်တာကို နိုင်ငံရေးအရထုတ်ပြန်ထားတဲ့ကုလသမဂ္ဂစာတမ်းကြီးနဲ့လာနိူင်းလို့ကတော့အဖြေမှန် ရလာမယ်မထင်ပါဘူး။
    အဲတာ့ သူကြီးက မကန့်တော့ချင်ရင် မကန့်တော့ နဲ့ ရတယ် အဲဒါသူကြီးလွတ်လပ်ခွင့်။
    ကျနော်တို့ကန့်တော့တာကို လဲ အပြစ်မတင်နဲ့ ဒါကျွန်တော်တို့ရဲ့လွတ်လပ်ခွင့် ။
    ကဲ လွတ်လပ်စွာ ငြိမ်းချမ်းစွာ ကွဲလွဲလိုက်ကြရအောင် သူကြီးရေ
    မာကလာပင်ပါဗျာ။

  • မမလေး

    October 13, 2011 at 11:40 pm

    ကိုယ့်ထက်မြင့်မြတ်တဲ့ပုဂ်ဂိုလ် ( ဘုရား ၊ ဘုန်းကြီး ၊ သီလရှင် ၊ … ) ကန်တော့ရင် ထိခြင်းငါးပါးနဲ့ကန်တော့တာ ပိုပြီးလေးနက်စေတယ်လို့ပြောတာကြားဖူးတယ် …

  • မှော်ဆရာ

    October 14, 2011 at 12:40 am

    ကျွန်တော် ခရီးထွက်ရင် ဒါမှ မဟုတ် လုပ်ငန်းကြီးတစ်ခု လုပ်တော့မယ်ဆိုရင်
    အဖေ့ ခြေဖမိုးကို နဖူးနဲ့ထိအောင်ရှိခိုးပြီးမှ သွားတယ် လုပ်တယ်.
    ဒီလိုလုပ်လိုက်မှ အဖေ့မေတ္တာတွေ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတယ်လို့ ထင်မိတယ်
    ဒီလို ကန်တော့လိုက်လို့ ကိုယ့်ကိုကိုယ် သိမ်ငယ်တယ်လို့လဲ မထင်မိပါဘူး ။
    ကျွန်တော်ငယ်ငယ်တုန်းကလဲ ကျွန်တော့်အဖေ ကျွန်တော့ကို သေးကလူ ချေးကလူ နဲ့ ယုယခဲ့တာမလား
    ဒီလိုလုပ်ခဲ့တဲ့ အချိန်တုန်းကလဲ ကျွန်တော့အဖေစိတ်ထဲ မှာ ကျွန်တော့ချေးကျုံးရလို့ ကျွန်တော့အောက်ကျသွားပြီလို့ ထင်ခဲ့ပါ့မလား။သိမ်ငယ်တယ်လို့ ထင်ပါ့မလား
    သူတို့ ကိုယ်အပေါ်ထားခဲ့တဲ့မေတ္တာတွေ ၊ စေတနာတွေက ဒီလို အရိုအသေပေးလို့တောင် ကြေလောက်မယ် မထင်ပါဘူး။
    နောက်ဆုံး ကျွန်တော်ကန်တော့ဖို့ မေ့နေရင်တောင် အဖေနဲ့ အမေက ခေါ်ပြီး သေသေချာချာကို ကန်တော့ခိုင်းတယ် ..
    ဒါသူတို့ အရိုအသေ အပေးခံချင်လို့ မဟုတ်ပါဘူး ။ ကျွန်တော့ကို အဆင်ပြေစေချင်လို့ ၊ လုပ်ငန်း ကိုင်ခန်း ကောင်းစေချင်လို့ပါ ။ အညွန့်ချိုးချင်လို့ဆိုတဲ့ စိတ်နဲ့ လုံးဝမဟုတ်ပါဘူး။
    သူကြီးရယ် ဒါက မေတ္တာနဲ့ ဆိုင်တဲ့ ကိစ္စတွေပါခင်ဗျာ
    လူ့အခွင့်အရေးနဲ့ တစ်ခြားစီပါ …။ အာဏာရှင်မို့လို့ ဒီလို အရိုအသေပေးရတာလဲ မဟုတ်ပါဘူး ဆိုတာ ပြောခြင်ပါတယ် ခင်ဗျာ

    • kai

      October 14, 2011 at 1:43 am

      အင်း..
      ကျုပ်ကမိဘတယောက်မို့.. ကိုယ့်ကလေး.. ခြေဖမိုးနဖူးနဲ့လာထိရင်.. ညစ်ပတ်တယ်.. လာမထိနဲ့လို့ပြောမှာပဲ..။
      ကိုယ့်ကလေး.. ခရီးထွက်ရင် ဒါမှ မဟုတ် လုပ်ငန်းကြီးတစ်ခု လုပ်တော့မယ်ဆိုရင်… လိုမယ်ထင်တာတွေ..သေသေချာချာမှာပြီး.. အတွေ့အကြုံနဲ့ရှင်းပြမှာပဲ..။
      မင်းဘေးမှာ.. ငါအမြဲရှိနေတယ်ပြောမှာပဲ..။

      ဒီအတိုင်းပဲ.. ကိုယ့်ကလေးက … ဘာမှန်းမသိ.. စွတ်စက်.. ထိခြင်းငါးပါးဖြင့်…ရှိခိုးကန်တော့ခြင်း.. မပြုစေချင်ဘူး..။
      ကန်တော့ခံလူဟာ.. ဘုန်းတန်ခိုး.. အရည်အချင်းပြည့်မှီတယ်ထင်ရင်.. ကန်တော့တာထက်.. ချည်းကပ်ပြီးသူ့စကားနာယူ.. သူ့လုပ်ဟန်အတုယူတာမျိုးပဲဖြစ်စေချင်တယ်.။
      မဖြစ်မနေ..အတင်းကာရော.. ထိခြင်းငါးဖြာနဲ့..မာန်လျှော့ကန်တော့ရဖို့ဖြစ်နေရင်..
      အလောင်းစည်သူမင်းလုပ်ခဲ့သလို..ငါ့ရှေ့ကလူ…ခံနိုင်ရင်ခံဟေ့ဆိုပြီး..ကျိန်ပြီးမှ.. ကန်တော့ခိုင်းလိုက်မယ်…။ 👿

      ( ကိုပေါက်ပြောတဲ့.. အစွန်း.. လွတ်လပ်စွာကွဲလွှဲပြီး..သေသေချာချာ နင်းလိုက်ပါကြောင်း…) 😀

      • annonymous

        October 14, 2011 at 9:08 am

        kai ကဘာလူမျိုးပါလိမ့်နော်။ ဟုတ်တယ် kai ကကန်တော့ခံထိုက်တဲ့သူဖြစ်ပုံမရပါဘူး။
        ကိုယ်ကန်တော့တဲ့ သူ က တန်ဖိုးရှိလား ကန်တော့ထိုက်လား kai မဆုံးဖြတ်တက်
        အောင်တော့မညံ့လောက်ပါဘူးနော်
        6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
        မေ့နေမှာစိုးလို့ နော် ။

  • သူကြီးရေ
    လူကြီးမိဘကို ရိုသေစွာကန့်တော့ရမယ်လို့ ဥပဒေနဲ့လဲ ပြဌာန်းမထားပါဘူး။
    မကန့်တော့ တဲ့သူကိုလည်း ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုတာလဲမရှိပါဘူး။
    မိမိစိ်တ်ထဲက ဖြစ်ပေါ်လာတဲ့ ဆန္ဒအလျှောက်ပြုမူလုပ်ဆောင်ကြတာပါ။
    ဒါက ဓလေ့ထုံးစံ လို့ပြောပြော မိရိုးဖလာအရလို့ပြောပြော ဘယ်လိုပြောပြော
    ကန့်တော့ ကြတာကလဲအမှန်ပါဘဲ။

    သူကြီးပြောတဲ့ စီစဉ်တယ်ဆိုတာ ရုပ်ဝတ္တုပိုင်း လက်တွေ့ပိုင်းဆိုင်ရာ ကိစ္စ။
    ကျနော်တို့ ကန့်တော့တယ်ဆိုတာ လက်တွေ့မမြင်ရတဲ့ စိတ်ပိုင်းဆိုင်ရာကိစ္စ။
    အကြောင်းအရာခြင်းးခြားနားပါတယ်။
    လောကမှာ လက်တွေ့မပြနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာအတွက်လုပ်ကြတာလဲအများကြီးရှိပါရဲ့။
    အဲဒါကျနော်တို့ မြန်မာတွေတင်မဟုတ်ပါဘူး။
    ရှိရှိသမျှသောလူမျိုးပေါင်းစုံ ဘာသာပေါင်းစုံမှာလဲရှိပါတယ်။
    အဓိကကတော့ စိတ်ပိုင်းဆိုင်ရာလုံခြုံမူ့ကို ရယူတယ်ဆိုရင်လဲ မမှားဘူးနော်
    သူကြီးရေ
    ခင်ဗျားအမြင်လဲဆက်ပြောဗျာ။

    • emissary

      October 14, 2011 at 11:11 am

      မင်္ဂလာပါ သူကြီးမင်း- emissary က ခုမှmemberဝင်ထားတာပါ ဒီwebsite ကိုဖွင့်ပြီးဖတ်ပေမဲ့ စာရေးခြင်းမရှိပါ(စာမစီတတ်လို့)။ တစ်ခါတစ်လေ comments ရေးချင်လို ့သာ member ဝင်ထားတာပါ။ ကိုပေါက်ပြောတာမှန်ပါတယ်။ ဘယ်သူရယ်ဘယ်ဝါရယ် ကန်တော့ပါလို့မထည့်ထားတဲ့အတွက် သူကြီးမင်းအဲလိုမပြောစေလိုပါ။ မေတ္တာရပ်ခံအပ်ပါတယ်။ ဒီအပေါ်မှာရေးတဲ့သူ ဖတ်တဲ့သူအတော်များများဟာလည်း မြန်မာပြည်ဖြစ်တဲ့အတွက် မြန်မာလူမျိုးတွေချည်းပဲဖြစ်မယ်ထင်လို ့အနောမတ်စ်ကတော့ ကိုယ့်ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်းလာကိုရေးပြီးတင်ပြတာဖြစ်မယ်ထင်ပါတယ်။ emissary ကတော့ မြန်မာပီပီ မှန်တယ်လို ့ထင်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင်တွေကို ခွဲခြားပြီးထိခိုက်အောင်မရေးဘူးဆိုတော့ သူကြီးလိုက်မလုပ်နိုင်ရင်လည်း ဒီတိုင်းဖတ်ပြီ ထားလိုက်လို ့မရဘူးလားဟင်။ ကိုယ်တိုင်လည်း ဒီအဆုံးအမတွေကြားဖူးလို့ပါပဲ။ ကန်တော့တယ်ဆိုတာ ကန်တော့ခံရတဲ့သူက ဘာမှမဖြစ်ပါဘူး ကန်တော့တဲ့သူကသာ အဲဒီကုသိုလ်တွေကိုရသွားခြင်းပါ(စိတ်ထဲကလည်းလိုလိုချင်ချင်ရှိအုံးမှ)(ပိုက်ဆံလိုချင်လို့ကန်တော့တာမပါ)။ တွေ ့ရာလူကိုလည်း ကန်တော့ဖို ့မလိုပါဘူး။ ဘုရား၊ ရဟန်း၊ သံဃာ၊ လူူကြီးမိဘ၊ ဆရာသမားတွေစတဲ့ အပြစ်ရှိရင်ခွင်လွှတ်ဖို့၊ ကျေးဇူးရှိတဲ့သူတွေကိုကျေးဇူးကိုသိတတ်ပြီး ပူဇော်ကန်တော့ဖို ့သာဖြစ်ပြီး အလကားလူညွှန်ကျိုးတယ်လို့ တော့မထင်လိုက်ပါနဲ ့ သူကြီးရယ်။

  • naywoonni

    October 14, 2011 at 10:06 am

    အခုခေတ် ကန့်တော့ခံသူအတော်များများကတော့ ထိခြင်းတွေ မထိခြင်းတွေ သိပ်ဂရုမစိုက်တော့ပါဘူး..။ လာကန့်တော့တဲ့ ပစ္စည်းကို အာရုံထားနေရတာနဲ့…။ အဲဒိ ဓလေ့ ပျောက်ဖို့လိုတယ်…။ ကိုယ့်ကို ရိုသေလို့ လာကန့်တော့တာပဲ.. ဘာမှမပါလည်း ရိုသေလေးစားခြင်းတွေ ပါလာပြီပဲ…။ ခုတော့ မျှော်လင့်ချက်နဲ့ လာကန့်တော့ တဲ့သူတွေကိုပဲ ကောင်းကောင်းမွန်မွန် လက်ခံစကားပြောတယ်..။ အဲဒါကောင်းလား…။ မျှော်လင့်ချက်နဲ့ လာတဲ့သူကတော့ ကောင်းပေ့ ညွှန့်ပေ့ တွေနဲ့ ကန်တော့မှာပေါ့…။ သူ့ဆီက ဘာမှ မလိုချင်ပဲ ရိုးရိုးတန်းတန်း ရိုသေလေးစားလို့ ကန့်တော့ တဲ့ သူတွေကို နေရာ အချိန်မပေးနိုင်ဘူး …။ ဖြစ်နေရတာက ………. မြင်နေရတာတော့ တော်တော် စရိုက်ပျက်နေပြီ…။

  • Foreign Resident

    October 14, 2011 at 1:21 pm

    Dear annonymous & emissary

    ” 6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။ ”
    နှင့် ပါတ်သက်ပြီး နဲနဲရှင်းပြချင်လို့ပါ ။

    ” ဘာသာရေး ခွဲခြားမုန်းတီးမှုဖြစ်စေသော ” ဆိုတာက
    ဘာသာတစ်ခုခုကို နှိမ်ချဆက်ဆံ ပြောဆိုမှုကို ဆိုလိုတာပါ ။

    နှိမ်ချဆက်ဆံ ပြောဆိုမှု မဟုတ်တဲ့
    လူတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ထင်မြင် ယူဆ ပြောဆိုခွင့်ကိုတော့ မတားမြစ်သင့်ပါဘူး ။

    ဥပမာ – သူကြီးက ကန်တော့တာကို လူညွှန့်ကျိုးတယ်လို့ ထင်တယ် ။ သူထင်တဲ့အတိုင်း ဆဲရေးနှိမ်ချမှုမပါပဲ တင်ပြမယ် ။
    ဥပမာ – ကျွန်တော်က အုတ်ပုံတွေကို မကန်တော့ သင့်ဘူးလို့ ထင်တယ် ။ ကျွန်တော်ထင်တဲ့အတိုင်း ဆဲရေးနှိမ်ချမှုမပါပဲ တင်ပြမယ် ။
    ဥပမာ – ခရစ်ယာန်တယောက်က ဗုဒ္ဓဘုရားကို သူ မယုံကြည်ကြောင်း သူထင်တဲ့အတိုင်း ဆဲရေးနှိမ်ချမှုမပါပဲ တင်ပြမယ် ။

    အဲဒီအထိက နှိမ်ချဆက်ဆံ ပြောဆိုမှု မပါသေးတဲ့အတွက်
    လူတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ထင်မြင် ယူဆ ပြောဆိုခွင့် ဘောင်အတွင်းမှာ ရှိနေပါသေးတယ် ။

    ဒါပေမယ့် ၊ အဲဒီဟာကိုပဲ ၊
    လူညွှန့်ကျိုး နေတဲ့ကောင်တွေ ၊
    အုတ်ပုံကန်တော့ နေတဲ့ကောင်တွေ ၊
    မယုံကြည်သင့် တာကိုယုံကြည်နေတဲ့ကောင်တွေ ၊
    လို့ပြောရင်တော့ လွတ်လပ်စွာ ထင်မြင် ယူဆ ပြောဆိုခွင့် ဘောင်ကိုကျော်သွားပါပြီ ။

    တခြား ပုဂ္ဂိုလ် / ဘာသာကို စတင်ထိခိုက်စေပြီဖြစ်တယ် ။
    အဲဒီအခါမှသာ ဘာသာတစ်ခုခုကို နှိမ်ချဆက်ဆံ ပြောဆိုမှု ဖြစ်သွားပါတယ် ။

    ” kai က ကန်တော့ခံထိုက်တဲ့သူ ဖြစ်ပုံမရပါဘူး ”
    ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု ဖြစ်သွားပါပြီ ၊ အဲလိုမရေးသင့်ပါဘူး ။

    ” သူကြီးလိုက်မလုပ်နိုင်ရင်လည်း ၊ ဒီတိုင်းဖတ်ပြီ ထားလိုက်လို ့မရဘူးလားဟင် ”
    သူကြီး မှမက မည်သူမဆို တပါးသူကို မတိုက်ခိုက် သေးသရွေ့
    ဝင်ရောက် သုံးသပ် Comment ပေးခွင့်ရှိပါတယ် ။
    ပေးဖို့လည်း သူကြီးက encourage လုပ်ထားပါတယ် ။

    ကျွန်တော်လဲ ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ ။
    ဒါပေမယ် လူ့အခွင့်အရေး နှင့် တရားမျှတမှုကို “အထူး” ယုံကြည် ပါတယ် ။
    ကျွန်တော် ရှေ့မှာ ဗုဒ္ဓဘာသာဝင်တွေက Christian, Muslim တွေကို မတရားလုပ်နေရင်လည်း လက်မခံပါဘူး ။

    ကျွန်တော့်ရဲ့ Personal ခံယူချက်တွေ ဖြစ်ပါတယ် ။
    ကျေးဇူးတင်ပါတယ် ။

    • kai

      October 14, 2011 at 2:07 pm

      ခုထိ..မြန်မာလိုအများဆုံးရေးလိုက်တာပေါ့.. 🙂
      FR.. ခုလိုရှင်းပြပေးလိုက်တာ.. ကျေးဇူးတင်ပါတယ်နော..။

      ကျုပ်မှာ.. မီဒီယာစည်းကမ်းစာအုပ်တွေ..ပြန်ကိုးကားရမလိုဖြစ်နေတာ..။ :mrgreen:

  • AKKO

    October 14, 2011 at 2:30 pm

    ထိခြင်း ငါးပါးနဲ့ ကန်တော့တယ်လို့ ကြားခဲ့ဖူးပေမယ့် တကယ်တမ်း ကန်တော့ဖြစ်လျှင် ကန်တော့ချင်သလို(လက်အုပ်ချီလျှက် ဘယ်နေရာ ၊ဘယ်လိုကိုယ်ဟန်ရှိမှန်းသတိမထားမိ) ကန်တော့မိတာပဲ နေနေရေ ။ 😀

  • မှော်ဆရာ

    October 14, 2011 at 3:28 pm

    လွယ်လွယ်လေးနဲ့တော့ ခက်နေပြီကော ဦးခိုင်ရေ …
    ဒီကိစ္စက ဥပမာ ပေးရလို့ရှိရင် ကိုယ်ချစ်တဲ့ မိန်းမတစ်ယောက်ကို နမ်းသင့် မနမ်းသင့် ဆိုတာမျိုးလိုပဲ ..
    နမ်းရင် ညစ်ပတ်တာပေါ့ဗျာ …. သူ့အသားနဲ့ ကိုယ့်အသားနဲ့ ထိမိသွားတာကိုး
    “““ မနမ်းပဲနဲ့လဲ ချစ်ခြင်းမေတ္တာကို ပြသလို့ရနှိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ် ။ နမ်းတာက ညစ်ပတ်တယ်။ မနမ်းပဲနေကြ ““ လို့ ပြောသလို ဖြစ်နေပြီထင်တယ်
    ဒါပေမယ့် နမ်းတယ်ဆိုတာ ချစ်ခြင်းမေတ္တာရဲ့ ပြရုပ်ပါ။ နမ်းလိုက်ကာမှပဲ ပြည့်စုံသွားတယ် ထင်မိတယ် ။
    ဒီလိုပါပဲ …
    မကန်တော့ပဲနဲ့ ရိုသေလေးစားမှုတွေကို ပြသနှိုင်တဲ့ နည်းလမ်းအများကြီး ရှိပါတယ် ။
    ဒါပေမယ့် ကျွန်တော့တို့က မြန်မာတွေလေ ..။ မြန်မာထုံးစံ ထိခြင်းငါးပါးနဲ့ကို သေသေချာချာ ကန်တော့လိုက်မှကို ပြီးပြည့်စုံတဲ့ ရိုသေလေးစားမှုလို့ ထင်ပါတယ်။
    ဒါကြောင့် ထိခြင်းငါးပါးနဲ့ သေသေချာချာကို ကန်တော့ပါတယ်။
    ဒီလို ကန်တော့လိုက်မှလဲ ပြည့်စုံတယ် ထင်မိတယ် ။
    ကိုယ်ချစ်တဲ့မိန်းမကို ပြီးပြီးရော ရော့အင့် ရွှတ်ဖတ်ဆို မနမ်းသလို ..
    ကိုယ်လေးစားတဲ့သူကိုလဲ သေသေချာချာကို အရိုအသေပေးတာ အဓိပ္ပါယ် ပြည့်စုံပါတယ်။
    ကျွန်တော် မချစ်တဲ့မိန်းမကို ဘယ်လိုပြောပြော မနမ်းသလို
    ကျွန်တော် မလေးစားတဲ့သူဆိုရင်လဲ သေအောင်လုပ်ပစေ ကျွန်တော် မရှိခိုးပါဘူး ။
    ဒါပေမယ့် ရိုသေလေးစားထိုက်တဲ့ သူတွေကိုတော့ ပေါက်ဆိန်ပေါက်ဦးချတာမျိုး ကျွန်တော် မလုပ်နှိုင်ပါဘူး ။

  • amatmin

    October 14, 2011 at 3:38 pm

    ကျွန်တော်လည်းငယ်ငယ်တုန်းကတော့..လူကြီးတွေက.လိုက်ကန်တော့ခိုင်းလိုက်ရင်စိတ်မပါပဲ.
    .ဦးချလိုက်ရတာပဲ.တခါတလေဒါလူကိုနာမ်နှိမ်စေတာပဲလို့ ရိုးရိုးလေးတွေးလိုက်မိသေး.
    .တခါတလေများပီမိုးနင်းတွေဖတ်ပြီးဘာလူကြီးသူမရှေ့မှခေါင်းမငုံ့သင့်ဘူးဆိုပြီးလည်းခေါင်းမာဖူးတာပဲ..
    ဒါပေမဲ့ဗျာ.ခုများကြီးလာတော့လည်း.ဒါက်ိုယဉ်ကျေးမှု(လုပ်သင့်သောအလုပ်လို့)့မြင်လာ ပြီး.
    အသက်ကြီးသူတိုင်းကိုမကန်တော့ပေမဲ့..
    .မိဘ.ဆရာ.တကယ်ကျေးဇူးရှိသူများတော့ဖြင့်လက်မနှေးတန်းကိုကန်တော့ချင်တော့တာပဲ..
    ဘာသာဝါဒမှိုင်းမိတယ်ပဲဆိုဆို..ဒီလိုကောင်းတယ်လို့ကိုယ့်ဘာသာယုံကြည်.
    ကျင့်သုံးလိုက်နာလို့အကျိုးမယုတ်လောက်ရင်ဖြင့်.ထပ်ကာထပ်ကာကို.မှိုင်းမိချင်နေတော့တာပါပဲဗျာ…
    လက်အုပ်ချီကန်တော့တဲ့လူနဲ့.ကန်တော့ခံလူူကြီးမိဘ.သူတို့နှစ်ဦးနှစ်ဘက်မှာ..
    မှန်ကန်သောစေတနာ.စိတ်ထားလေးကိုယ်စီရှိရင်တော့
    ပြည့်စုံတဲ့ယဉ်ကျေးမှုလုပ်ရပ်ကိုဖော်ဆောင်ပြီးသားဖြစ်နေမယ်ထင်တယ်…

    ဘာတွေပဲပြောပြော..ကန်တော့တာကောင်းတယ်ဗျာ……..

  • annonymous

    October 14, 2011 at 4:14 pm

    မှော်ဆရာပြောတာကိုလက်ခံပါတယ်ဗျို့ ။ သူ့လို အရေးအသားမကောင်းလို့ပါ။ Foreign Resident ပြောသလိုပဲ လုပ်ချင်လုပ်ပါ မလုပ်ချင်လဲ နေပါ။ ကန်တော့တာလေး ကိုအတိုက်အခံပြောရတာ စိတ်ပျက်လာသလိုပဲ အဟဲ ….

  • annonymous

    October 14, 2011 at 4:22 pm

    မှော်ဆရာပြောတာကိုလက်ခံပါတယ်ဗျို့ ။ သူ့လို အရေးအသားမကောင်းလို့ပါ။ ကန်တော့တာလေး ကိုအတိုက်အခံပြောရတာ စိတ်ပျက်လာသလိုပဲ အဟဲ ….စောစောကတည်းက လိုက်လုပ်ချင်တဲ့သူလုပ်ပါလို့ မလုပ်ချင်လဲ ရပါတယ်ပြောပြီးမှ ပိုစ့်တင်လိုက်တာပါ။ FD ပြောသလိုပဲ လွတ်လပ်စွာဝေဖန်ပိုင်ခွင့် ရှိတာမှန်ပါတယ်။ ဒီမိုကရေစီတွေကော လူ့အခွင့်အရေးတွေကော အလောင်းစည်သူမင်းကိစ္စတွေကော ပါလာတော့ ရှုပ်ကုန်သလားလို့ပါ ။ ဒါနဲ့ အဲ့ဒီ့အလောင်းစည်သူမင်းကိစ္စကိုကော သူကြီး မြင်ဘူး ကြားဘူး ကြုံဘူးလိုက်တာလားဟင်။ FD ရှင်းပြတာကိုလည်ကျေးဇူးတင်ပါတယ်။ ကိုယ်တင်ထားတဲ့ အကြောင်းအရာလေးက အဲ့ဒါတွေ ပါလောက် အောင် မကြီးကျယ်ဘူးလို့ ထင်ပါတယ်။

  • annonymous

    October 14, 2011 at 4:26 pm

    မှော်ဆရာပြောတာကိုလက်ခံပါတယ်ဗျို့ ။ သူ့လို အရေးအသားမကောင်းလို့ပါ။ ကန်တော့တာလေး ကိုအတိုက်အခံပြောရတာ စိတ်ပျက်လာသလိုပဲ အဟဲ ….စောစောကတည်းက လိုက်လုပ်ချင်တဲ့သူလုပ်ပါလို့ မလုပ်ချင်လဲ ရပါတယ်ပြောပြီးမှ ပိုစ့်တင်လိုက်တာပါ။ FR ပြောသလိုပဲ လွတ်လပ်စွာဝေဖန်ပိုင်ခွင့် ရှိတာမှန်ပါတယ်။ ဒီမိုကရေစီတွေကော လူ့အခွင့်အရေးတွေကော အလောင်းစည်သူမင်းကိစ္စတွေကော ပါလာတော့ ရှုပ်ကုန်သလားလို့ပါ ။ ဒါနဲ့ အဲ့ဒီ့အလောင်းစည်သူမင်းကိစ္စကိုကော သူကြီး မြင်ဘူး ကြားဘူး ကြုံဘူးလိုက်တာလားဟင်။ ကိုယ်တင်ထားတဲ့ အကြောင်းအရာလေးက အဲ့ဒါတွေ ပါလောက် အောင် မကြီးကျယ်ဘူးလို့ ထင်ပါတယ်။ FR ရှင်းပြတာကိုလည်းအထူးကျေးဇူးတင်ပါတယ်။

  • annonymous

    October 14, 2011 at 4:29 pm

    အင်တာနက်မကောင်းပါသဖြင့် သုံးခါတင်မိသလိုဖြစ်နေပါသည် ခွင့်လွတ်ပေးပါရန်

Leave a Reply