အကျဉ်းသား ၆၃၅၉ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု 11/Oct/2011 နိုင်ငံတော်အစိုးရသည် ပြစ်ဒဏ်စီရင်ခြင်းခံရသည့် အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများ၊ ကိုယ်လက်အင်္ဂါချို့တဲ့သူများ အပါအ၀င် အကျဉ်းသားများအားလုံးအနက်မှ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောက်းမွန်သော အကျဉ်းသား (၆၃၅၉) ဦးအား ယင်းတို့၏ ကျန်ရှိသော ပြစ်ဒဏ်များအပေါ် (သီတင်းကျွတ်လပြည့်နေ့) ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့မှစ၍ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ MRTV-4 နေ့လည် ၁ နာရီသတင်းတွင် ထုတ်ပြန်ကြေညာကြောင်း သတင်းရရှိသည်။ ဒီသတင်းလေးကို အင်တာက်မှာမွှေနောက်ကြည့်နေရင်း ခေတ်လူငယ်မှာတွေ့တာနဲ့ကော်ပီလုပ်ပြီး တင်ပေးလိုက်တာပါ။ ဒါပေမဲ့ဒီလူတွေဟာ နိုင်ငံရေးနဲ့ပါတ်သတ်ပြီးအကျဉ်းကျနေတဲ့သူတွေလား။ ဒါမှမဟုတ် ရာဇ၀တ်အကျဉ်းသားတွေလား။ ၂ခု ရောနေတာလားဆိုတာတော့ မသဲကွဲသေးပါဘူး။ ဒါပေမဲ့လည်း ဘာဘဲပြောပြော အကျဉ်းသားတွေရဲ့မိသားစုတွေအတွက်ကတော့ဝမ်းသာစရာပါဘဲ။ အဲ…ပို့စ်ကိုမတင်တတ် တင်တတ် နဲ့တင်တာ အဆင်မပြေခဲ့ရင် ရွာသားများနားလည်ပေးကြပါ။

About aungnng87

aung naing has written 7 post in this Website..

nothing special to tell about my history.