သီတင်းကျွတ် အတွက် lone မှ သူကြီးနှင့်တကွ ရွာမှလူကြီးအားလုံးကို ကန်တော့ခြင်း…..

loneOctober 11, 20111min24822

သီတင်းကျွတ်ဆိုတော့ Lone တို့ ဓလေ့ ထုံးစံအရ သူကြီးကို လေးစားစွာနဲ့

ကန်တော့လိုက်ပါတယ်….ရွာထဲမှသူကြီးနှင့်တကွ lone ထက်အသက်ကြီးသူ

အစ်ကို အစ်မ အားလုံးကို lone က ဒီကနေပဲ…ကာယကံတော့ပါမယ်မထင်ပါဘူး… ဝစီကံ မနောကံ  နဲ့ တစ်ပါးပါးသောကံဖြင့် ပြစ်မှားမိသည်ရှိသော် ထိုအပြစ်တို့မှ ခွင့်လွှတ်ပေးပါ

လို့ ပြောပါရစေနော်…….. 🙂 …

သူကြီးအတွက် ကန်တော့ ပစ္စည်း….

ဒါကတော့ သူကြီးကတော်အတွက် အသည်းပုံလေးနဲ့….

ဒါကတော့ အစ်ကိုတွေအစ်မတွေအတွက် ……

lone တို့ စိန်တိုက်က လေ….lone ကကန်တော့ ပြီးပြီဆိုတော့ ထုံးစံအတိုင်း….

မုန့်ဖိုး….ဟဲဟဲ….. 🙂

22 comments

  • lone

    October 11, 2011 at 4:53 pm

    သူကြီးနော် မုန့်ဖိုးများများ ပေးရမယ်နော်…မုန့်ဖိုးကို ပွိုင့်ထဲမှာထည့် ထားလိုက်နော်…ဟဲဟဲ…. အပြင်မှာ
    တကူးတက မယူတော့ပါဘူး…. lone ကလည်း gazette ကကန်တော့တာဆိုတော့ … gazette က lone
    ရဲ့ ပွိုင့်ထဲမှာပဲ…ထည့်လိုက်တော့ နော်… 🙂 ….

  • villager

    October 11, 2011 at 5:01 pm

    အနော် လဲ ရောပြီး အနော့်ထက် အသက်ကြီးပါသော ကိုကို မမ များကို ကန်တော့ပါ၏ ။
    Mr.lone မုန့်ဖိုးရရင် မုန့်ကျွေးပေါ့နော် ။
    အနော့်မှာက ကန်တော့လက်ဆောင် မပါလေတော့ မုန့်ဖိုးက ဝေးပြီ ။

  • GreeNSheeP

    October 11, 2011 at 6:35 pm

    တယ်ပြီး သိတတ်လိမ္မာလှသော…
    နှမငယ်ပါကလား
    သူကြီးတော့ ဘယ်လိုနေမယ် မသိဘူး
    ဒီကမောင်ကြီးကတော့
    မင်းလေးကိုတော်ကောက်ဖို ့
    စိတ်ဝင်စားသွားပြီကွယ်

  • windtalker

    October 11, 2011 at 7:06 pm

    ခွင့်လွှတ်တယ် ။ ခွင့်ပြုတယ်
    လုံးလေး ရေ
    ပုံပါပစ္စည်းလေးတွေကိုသာ
    ပါဆယ်ပို ့ပေး
    ဟီဟိ

  • naywoonni

    October 11, 2011 at 7:43 pm

    မောင်ပေ……အနတ်…. ဟိုက ပို့ပေးဘူးတဲ့…….

  • akswe

    October 11, 2011 at 9:12 pm

    ဪ …တယ်လည်း လိမ္မာရေးခြားရှိတဲ့ ကလေးပါလားနော် ကြီးပွားဦးမှာ…လူကြီးတွေကိုသိတတ်တာ….
    လုံးကလေး ယခုလို ကန်တော့ ရတဲ့ အကျိုးအားကြောင့် …

    ဣိစိတံ
    ပတ္တိတံ
    တုံ ချမ်
    ဗေ တိုး ပ တပ်..
    ဒုံး ဂျမ်း အုန်း ဂွမ်း
    ဝုန်း ဒိုင်း ဗျန်း ဖြစ်စေ…

    • akswe

      October 13, 2011 at 2:25 am

      အဟင့် တူညားကို ဘာမှလည်း အကျောရပဲနဲ့ လာနီ တွားတယ်…လုံးကို အထော် ဒေါ့ဘူး
      ဗေ တိုး ပ တပ်..
      ဒုံး ဂျမ်း အုန်း ဂွမ်း
      ဝုန်း ဒိုင်း ဗျန်း ဖြစ်စေ… ဆိုတာ အရာရာ မှာ အောင်မြင် မှတ်မိ တတ်သိ ထင်ရှား ကျော်စော ပွင့်လင်း သတင်းကောင်းဝေ လူသိပါစေလို့ ကျောတာ ပါ ဂျာ… အထုတော့ ..အဟင့်ရွှတ်..နိုချရိုက်ပြီ…
      စိတ်ဆိုးသွားရင် ဆောတီးပါ လုံးရေ …အဘ ကနောက်တာ ပါနော်….

  • ကြောင်ကြီး

    October 12, 2011 at 9:46 am

    လိမ္မာလိုက်တဲ့ လုံးကလေးရယ်။ ဂါရဝေါစ နိဝတောစ ဘယ်လိုစစ စဖို့အရေးကြီးတာမို့ ဦးကြောင် လုံးလေးစတာကို ရင်ခုန်စွာနဲ့ လက်ခံပါတယ်ကွယ်။ 😳
    ဦးကြောင်ဆိုပေမဲ့ အသက်က လုံးလေးနဲ့ တနှစ်ပဲကွာတယ်။ လုံးလေးမမွေးခင် အရင်နှစ်က ဦးကြောင်ကို မွေးခဲ့တာလေ။
    ဒါနဲ့ လုံးလေးတင်ထားတဲ့ ဓာတ်ပုံကို ဦးကြောင်တခုလောက် ဝေဖန်ချင်တယ်။ ကိုယ့်အဖေ၊ ဘကြီးတို့နဲ့ တွဲရိုက်ထားတဲ့ပုံဆိုတာ ပက်ဗလစ်ဆိုက်တွေမှာ မတင်သင့်ဘူး။ အထင်အမြင်မှားသူတွေမှာ အပြစ်ဖြစ်နိုင်တယ်။ ဦးကြောင်တို့ကတော့ ပုံမြင်တာနဲ့ အဲဒီလူက အဖိုးကြီးပုံပေါက်နေလို့ ဘယ်သူဆိုတာ တန်းသဘောပေါက်တယ်။ ဒါပေမဲ့ လုံးလေးရယ် လူတိုင်းကို ဦးကြောင်လို ညဏ်ရည်ထက်မြက်သူလို့ မထင်လိုက်နဲ့..။ ကြုံလို့ကြွားရရင် ဦးကြောင်ရဲ့ အိုင်ကြူက အိုင်းစတိုင်းထက် ၂ဆမြင့်တယ်။ 🙂

    • lone

      October 18, 2011 at 2:25 pm

      ကြီးရင်မှီငယ်ရင်ချီတဲ့… lone ကိုကို ကlone ထက် ၅နှစ်ပဲ ကြီးတာပါနော်…အဖိုးကြီးလို့မပြောပါနဲ့…

      • ကြောင်ကြီး

        October 19, 2011 at 10:24 am

        ဒီကောင့်အကြောင်း မပြောစမ်းပါနဲ့ လုံးလေးရယ်၊ နားခါးလွန်းလို့..။ လုံးလေး ထမင်းစားပြီး သွားပြီလား၊ ဘာဟင်းနဲ့စားလဲ….။

  • ကဲ သိပ်သိတတ်တဲ့လုံးလေးကို
    ကော်မင်းပေးလို့သူကြီးကပေးတဲ့ပွိုင့်တွေကို မုန့်ဘိုးအဖြစ်ပေးလိုက်ပါသဗျာ။

    ကြောင်ကြီးနဲ့ GreeNSheeP (ဒီကောင့်ကိုငါအသံမထွက်တတ်ဘူး)တို့လက်ရည်စမ်းပွဲကျင်းပပေးမယ်။
    နိုင်တဲ့သူကတော့
    ဒိန် ဒိန့် ဒိန်ပေါ့နော်

  • kai

    October 12, 2011 at 11:44 pm

    (အရောင်)နီလာပါတော့…လို့.. လူတွေပြောတဲ့. (ပတ္တမြားမဟုတ်တဲ့). နီလာလက်စွတ်ယူရင်း.. မုန့်ဖိုး ၁ဝပေးလိုက်ပါကြောင်း…။ 😆

  • weiwei

    October 12, 2011 at 11:52 pm

    မုန့်ဖိုး ၁ဝ ပေးရင်း ၁ဝ ယူလိုက်ပါတယ် … 😛
    အကန်တော့ခံလိုက်ပြီဆိုတော့ ခွင့်လွှတ်ကျေအေးပြီးသားဖြစ်ပြီပေါ့နော် …
    ကျန်းမာပါစေ .. ချမ်းသာပါစေ … မုန့်ဖိုး ပွိုင့်များများရပါစေ …

  • ပေါက်ဖော်

    October 12, 2011 at 11:53 pm

    လုံးလေးရေ.
    ဦးကြောင်က လုံးလေးလဲ အလွတ်မပေး..
    စနိုးလေးလဲ အလွတ်မပေးနဲ ့.
    မီးလေးတစ်ယောက်တော့ ချန်ထားတာတွေ ့တာပဲ
    ဝင်လာသမျှ..ကြောင်ရီး..ရှိတ်နေတာနဲ ့..အို ပါ့ တို ့အတွက် မကျန်ဘူးဖြစ်နေတယ်..
    ဦးကြောင်ပြေသလိုပဲ
    ပုံထဲက ဘိုးတော်က လုံးလေး..အဖိုးပဲ ဖြစ်မယ်ဆိုတာ..အိုပါ့ သိတာပေါ့.
    ဟွင်း..ဟွင်း..ဟွင်း..

    တစ်ဆယ်ပေးတုံးလဲ ရသလောက် အာချောင်ထားရတာကလား..

    • ကြောင်ကြီး

      October 13, 2011 at 11:18 am

      မီးလေးက အသစ်မဟုတ်ဘူးကွ.. ငါနဲ့ဖြစ်နေတာ ကြာပြီ။ ဖိုရမ်ထဲက express yourself ခေါင်းစဉ်အောက်က ကျုပ်ပို့စ်ထဲမှာ သူပေးထားတဲ့ ဓာတ်ပုံနှစ်ပုံတောင်ရှိသေးတယ်။ နော်…မီးလေး..နော်..။

    • windtalker

      October 13, 2011 at 12:15 pm

      ရဲဘော် ပေါက်ဖော်
      ကိုကြောင် က
      “ လေး ” ဆိုတဲ့ နာမည်တွေ ့ရင်ကို
      သူ ့မှာ
      နှလုံးခုန် ရင်တုံ
      ဖလန်းဖလန်း ဖြစ်ရတာ ကလား
      ိထို ့ကြောင့်
      ကျွန်တော် တို ့နာမည် များတွင်လည်း
      ပေါက်ဖော်လေး / မောင်ပေလေး ဟု ပေးခြင်း ခေါ်ခြင်းမှ
      ရှောင်ကြဉ်ရာ၏
      ဂဏာဟိ မှတ်လော့

  • inz@ghi

    October 13, 2011 at 12:06 pm

    တိတ်တိတ်ပီး တိတတ်ပါလား တမီးရယ် …ဒီတော့
    တဂျီးကိုယ်စား ဆုပေးမယ်နော် …
    ကြိတ်ကြိတ်ပီး တောင်းတဲ့ ဆုတွေ ပြည့်ပါစေကွယ် နော်…..ခစ်ခစ်…

    ခင်တဲ့
    inz@ghi

  • etone

    October 13, 2011 at 12:36 pm

    lone လက်စွပ်တော့မလိုချင်ဘူး … အခုဝတ်ထားတဲ့ဆွဲကြိုးကြီးပဲ လိုချင်တယ် … လာဖြုတ်လိုက်မယ်နော် ဟဲဟဲ 😉

  • ဆူး

    October 13, 2011 at 2:40 pm

    ကန်တော့တယ်ဆိုတော့လည်း ဆုပေးရတာပေါ့..
    ကျန်းမာပါစေ ချမ်းသာပါစေ.. ကြောင် ဘေးမှ ကင်းဝေပါစေလို့ ဆုပေးလိုက်မယ်နော်..

  • chitlay

    October 13, 2011 at 2:52 pm

    ကန်တော့လို့ ရတဲ့ မုန့်ဖိုးနဲ့ လျှောက်လည်နေပြီလား လုံးရေ … 😛

  • ရာဇဝင်လူဆိုး

    October 13, 2011 at 3:56 pm

    ကဲ မိလုံးလေး… ဒီလိုဂါရဝတရား လက်ကိုင်ထား ကန်တော.ရခြင်းအကျိုးအားကြောင့် ဣိစိတံ ပတ္တိတံ
    ံတုံ ချမ်…..ဘာညာ ဘာညာ..ချမ်းသာထီပေါက် နိတ်ဘန်ရောက်ပြီး……သားတစ်ရာ မြေးတစ်ကျိတ်နဲ. တစ်ရေးမှ မအိပ်ရပါစေနဲ့ ဗျာ….

  • Endless

    October 19, 2011 at 11:31 am

    ကောင်းပေစွ ကောင်းပေစွ…
    lone တစ်ယောက်… ကြီး မာ ရှည် ပါစေဗျား
    (ဘုန်းကြီးပါစေ၊ ကျန်းမာပါစေ၊ အသက်ရှည်ပါစေ) တစ်မျိုး မတွေးစေလိုပါ… 😛

Leave a Reply