မပြီးဆုံးသေးသောမြစ်ဆုံဟောပြောပွဲကျင်းပ

pitiOctober 11, 20111min500

ဧရာဝတီနှင့် သဘာဝပတ်ဝန်းကျင်ရေးရာများကို အဓိကထားဆွးနွေးဟောပြောတဲ့ မပြီးဆုံးသေးသောမြစ်ဆုံ ဟောပြောပွဲလေးကို မန္တလေးမြို့၊ 56 လမ်း၊ ကန်တက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ အောက်တိုဘာလ (၉) ရက်နေ့က ကျင်းပသွားခဲ့ပါတယ်။ Eco dev နဲ့ စိမ်းရောင်စို Activities တို့ ပူးပေါင်းစီစဉ်တဲ့ဒီပွဲလေးမှာ ဦးဝင်းမျိုးသူနဲ့ စာရေးဆရာ ကိုတာ တို့မှ ဟောပြောဆွေးနွေးခဲ့ကြပါတယ်။

အခမ်းအနားမှူးအဖြစ် စိမ်းရောင်စိုအဖွဲ့မှ ဦးမင်းထက်ငြိမ်းချမ်းမှ ပြုလုပ်သွားခဲ့ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ဧရာဝတီကိုချစ်ခင်တဲ့သူတွေ တော်တော်များများတက်ရောက်ခဲ့ပါတယ်။ အဓိကထားဆွေးနွေးခဲ့တာကတော့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းရပ်နားမယ့် သဝင်လွှာဟာ အဆုံးသတ်ပျော်စရာ မဟုတ်ပဲ ပြသနာတွေရဲ့ အစသာဖြစ်တဲ့အကြောင်းပါ။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ မြစ်ဆုံစီမံကိန်း ရပ်နားဖို့ပြောတဲ့အကြောင်းကို ထောက်ခံသလို တရုတ်နဲ့ဖြစ်လာနိုင့်မယ့် ပြသနာတွေကို ဘယ်လိုဖြေရှင်းကြမလဲလို့ ဝိုင်းဝန်းအဖြေရှာ ဆွေးနွေးကြတာဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီဖြစ်တဲ့ CPI ဥက္ကဌဖြစ်သူနဲ့ နိုင်ငံခြားသတင်းဌာနတစ်ခုရဲ့ အင်တာဗျူးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်ကတော့ ရပ်နားမယ့်သတင်းကြောင့် ခပ်တင်းတင်းပဲ ပြောသွားတာလေ။ အဲဒီအထဲက သဘာဝမကျတဲ့ အချက်တွေကို ဆွေးနွေးပြီး နှစ်နိုင်ငံ မျက်နှာမပျက်စေပဲ ဖြေရှင်းဖို့ အကောင်းဆုံးမျှော်လင့်အဖြေရှာဆွေးနွေး ခဲ့ကြပါတယ်။

တက်ရောက်လာတဲ့အထဲမှာ မြန်မာပြည်ကိုချစ်တဲ့၊ ဧရာဝတီကိုချစ်တဲ့ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေနဲ့ အိန္ဒိယလူမျိုးတွေကိုလည်း တွေ့ရပါတယ်။ ဆရာနှစ်ယောက် ဟောပြောအပြီးမှာတော့ တက်ရောက်နားထောင် ကြတဲ့ ဧည့်ပရိတ်သတ်တွေက သိလိုသည်များကို မေးမြန်းကြပြီး ဆရာနှစ်ဦးမှာ ပြန်လည်ဆွေးနွေးသွားပါတယ်။