Visiting Miramar Entertainment Park

zoeOctober 12, 20118min1537

အင်္ဂါနေ့ က မရောက်တာ အတော်ကြာ သွားပြီဖြစ်  တဲ့ Miramar Entertainment Park   ကိုသွားခဲ့ပါတယ် ။

Miramar Entertainment Park (美麗華百樂園) ဟာ ZhongShan နယ်မြေ Dazhi ရပ်ကွက် မှာရှိပါတယ် ။  ဒီနေရာ မှာ shopping center  ၊ ရုပ်ရှင်ရုံ ၊ စားသောက်ဆိုင် ၊ ဟိုတယ် နဲ့ ချားရဟတ်ကြီး ရှိပါတယ် ။Shopping Mall ဟာ အထပ် ၄ထပ်ရှိပြီး ပဉ္စမ ထပ် မှာ ချားရဟတ် ကြီး  ရှိပါတယ် ။  ဆဌမထပ်က IMAX 3D   ရုပ်ရှင်ရုံ  ဖြစ်ပါတယ် ။ ရုပ်ရှင်ရုံ ပိတ်ကား က 28m × 21m ရှိ လို့ အာရှမှာ အကြီးဆုံးလို့ဆိုပါတယ် ။

ချားရဟတ် ကြီး ဟာ မီတာ ၇ဝ အမြင့် (ပေ ၂၃ဝ ) ရှိပါတယ် ။Cabinet အလုံးပေါင်း ၄၈ ခုရှိ ပြီး တခုကို လူ၆ယောက် စီး နိုင်ပါတယ် ။ အလုံပိတ်ဖြစ်ပေမဲ့အထဲမှာ air-con   ရှိလို့ပိတ်လှောင် မနေ ပါ ။ ၃၆ဝ ဖောက်ထွင်း မြင် နိုင်တဲ့  cabinet ကိုရွေးစီး ခဲ့ ပါတယ် ။ cabinet နံပါတ် ၉ ဖြစ်ပါ တယ် ။  ချားရဟတ် တပါတ် ကို ၁ရမိနစ် ကြာပါတယ် ။ ချားရဟတ် ကြီး ကို ညအချိန် မှာ မီးရောင်စုံ ၃ မျိုး နဲ့ ထွန်းညှိ ထားပါ တယ် ။  ပုံ (၂၅)

ဒီ Park ဟာ  ထိုင်ပေမြို့ရဲ့  မြောက်ပိုင်းအစွန် အဖျားမှာ ရှိပေမဲ့ ချားရဟတ် ဟာ ၅ထပ်ပေါ်မှာမှထပ်ဆင့် ဆောက်ထားတဲ့ အတွက် တော်တော်မြင့်တဲ့  အပေါ်ကနေ ထိုင်ပေ ရဲ့ ၃၆ဝပါတ်ဝန်းကျင် ကို အပေါ်ဗျူးကမြင်ရ တာ အတော်လှပါတယ် ။ လန်ဒန်၊ ဂျပန်၊US ရှန်ဟိုင်းနဲ့ စင်ကာပူမှာ လည်းရှိပါတယ်   ထိုင်ဝမ်မှာတင် နောက်  ၂ခုရှိပါတယ် ။ Janfusun Fancy world amusement Park  နဲ့  Dream Mall Ferris wheel (Kaohsiung Eye) in Kaohsiung ဆိုပြီးရှိပါသေးတယ် ။

နောက်ပိုင်း ဆောက်တဲ့ ချားရဟတ်  တွေဟာ သူ့ထက်သူ ပိုပြီး မြင့်အောင်   ဆောက်ကြလို့  ဒီရဟတ် ကတော့ အမြင့်ဆုံး စံချိန်မှာ မရှိတော့ ပါ ဘူး ။ ချားရဟတ်  ဆောက်တာ ရနှစ် တင်းတင်း ပြည့်ခဲ့ ပါပြီ ။ ဘာပဲဖြစ်ဖြစ် မြို့ကို  bird’s -eye -view  ကကြည့်ရတဲ့ ဖီလင် ကတော်တော် ကောင်းပါတယ် ။

ရွာသူ/သား တွေ လဲ ဓာတ်ပုံ ထဲကနေ ခံစားကြည့် နိုင်ပါတယ် ။    🙂  🙂

 

 

ချားရဟတ် စီးနိုင် ချိန် က

တနင်္လာနေ့- ကြာသပတေး  : 12:30-23:00
သောကြာ :12:30-24:00
စနေ : 11:00-24:00
တနင်္ဂနွေနေ့: 11:00-23:00

ချားရဟတ် စီး ခ

Weekdays: TWD150 (Adults), TWD120 (Discount Tickets)
Weekends: TWD200 (Adults), TWD150(Discount Tickets)
၁၁ဝ စင်တာမီတာ အောက် ကလေး အခ မဲ့စီး ခွင့်ရှိ တယ် ။

 

အိမ်က နေဘတ်စ သုံးမှတ်တိုင် စီးပြီး Nanshijiao ဂိတ်  ကနေ MRT စီးပါတယ် ။ ပုံ (၁)

Nanshijiao—-> Taipei Station—–> ZhongXiao  Fushing Station —–> Jiannan  Rd. Station ပုံ (၂)ဆိုပြီး အဆင့်ဆင့် ပြောင်းစီး သွားရပါတယ် ။

MRT ဂိတ်က ထွက်တာနဲ့ ချားရဟတ် ကြီးနဲ့ ဘယ်ဖက် Miramar shopping mall က ကို မြင်နိုင် ပါတယ် ။ ပုံ (၃)

MRTဂိတ် ဖက် ကနေ ချားရဟတ်ကြီး  နောက်ခံ ထား ဓာတ်ပုံရိုက် ဖို့အလွန်အဆင်ပြေပါတယ် ။ Shopping Center  ရှေ့ဖက်ကွက်လပ် မှာတော့ ချစ်စရာ ရေပန်း ကလေးရှိပါတယ် ။ ပုံ (၄) TGI Friday’s , Starbuck , Haagen Dass,အပြင်အခြားစားသောက် ဆိုင် တွေရှိပါတယ်။ အများအား ဖြင့်တော့ B1 နဲ့ ၅ထပ် မှာရှိပါ တယ် ။ စားသောက် ဆိုင် တည်နေရာကို နီရွန် ဆိုင်းဘုတ် နဲ့ပြထားပါတယ် ။၅ထပ် ချားရဟတ် တက်ရောက်ဖို့က  shopping center ထဲကနေ တဆင့်ရောက်နိုင်သလို  ဒီနီရွန် ဆိုင်းဘုတ်ဘေး က escalator နဲ့လည်း ဒါရိုက်ရောက်နိုင်ပါတယ် ။  ရုပ်ရှင် လက်မှတ်ရောင်း တဲ့ရုံ ကလည်း shopping center ဝင်ပေါက် ဘေးမှာရှိပါတယ် ။  Shopping center ကိုပတ်ကြည့်ခဲ့ပါတယ် ။ ဝယ်နေကျကမြို့လယ် က SOGO Department store ဖြစ်လို့ဘာမှ မဝယ်ခဲ့ပါ ။ ၅ထပ်ရောက်တော့ ချားရဟတ်စီးပါတယ် ။ စီးပြီးဆင်းလာတော့ ရေခဲမုန့် စားပြီးပြန်ပါတယ် ။ ရုပ်ရှင်လဲ အချိန်မရလို့မကြည့်ခဲ့ပါ ။

 

NanShiJiao MRT ဂိတ် ပုံ (၁)

 

Jiannan Rd. Station ဂိတ် နံပါတ် (၃) Miramar ရောက်ပါပြီ ။ ပုံ (၂)
MRT ဂိတ်က ထွက်တာနဲ့ ချားရဟတ် ကြီးနဲ့ ဘယ်ဖက် Miramar shopping mall က ကို မြင်နိုင် ပါတယ် ။ ပုံ (၃)

 

shopping mall အရှေ့မြင်ကွင်း ပုံ (၄)
shopping mall အတွင်းမြင်ကွင်း ပုံ (၅)
ချားရဟတ်ကြီး မစီးခင် ပုံ (၆)
cabinet အတွင်း မှအောက်တည့်တည့် view (ချေထောက်ပါသွားတယ် 😛 ) ပုံ (၇)
cabinet ပေါ်မှအောက်တည့်တည့် ကိုမြင်ရပုံ ပုံ (၈)
Taipei 101 Tower view ပုံ( ၉)
Carrefour Super market view ပုံ (၁၀) ဆိုက်ကယ်ရပ်ထား ပုံ နဲ့ car parking နေရာ
Carrefour Super Market and car parking lot view ပုံ (၁၁)
Miramar shopping mall ကိုချားရဟတ် ပေါ်မှ မြင်ရ ပုံ ပုံ(၁၂)
shopping mall ခေါင်မိုးပေါ်မှာ ပုံ (၁၃)

 

အဝေးမှာ Grand Hotel ပုံ (၁၄)
အဝေးမှာ Shin Kong Mitsukoshi Tower ပုံ (၁၅)

MRT ရထားလမ်း နဲ့ Jiannan Rd, Station ကို အပေါ်စီးမှ မြင်ရပုံ  ပုံ (၁၆)

MRTရထားလမ်း နဲ့     Jiannan Rd. Station  ကို အပေါ်စီးမှ မြင်ရပုံ  ပုံ (၁၆)

နောက် Super Market တခု A- Mart ပုံ(၁၇)
ပြန်ဆင်းလာ ပြီး ပုံ (၁၈)
Hua Yang Hotel ်( ပဉ္စမ ထပ် ) ပုံ (၁၉)
စားသောက်ဆိုင် ပုံ(၂၀)
Haagen- Das ရေခဲမုန့် ဟိုက်ဂန်ဒက် ပုံ(၂၁)
ရေခဲမုန့် Bananna Heaven က TWD ၂၆၅ ချားရဟတ် စီးတာထက်ဈေးများတယ် 😀 ပုံ (၂၂)
ရုပ်ရှင်ပိုစတာ ပုံ (၂၃)
သောကြာနေ့ရုံတင် မဲ့ရုပ်ရှင် ပိုစတာ ပုံ(၂၄)

[caption id=”attachment_72875″ align=”alignnone” width=”375″ caption=”ချားရဟတ် ည ပုံ (%

7 comments

  • ကြောင်ကြီး

    October 12, 2011 at 11:33 am

    ဇို်းလေးရယ် ဘာကြောင့်ချားစီးတာလဲ။ ရေခဲမုန့်က နှစ်ခွက်ဆိုတော့ ဦးကြောင်စိတ်မောရတယ်ကွယ်။ အိတ်ထဲမှာ တွယ်ချိတ်ဆောင်ထားနော်၊ အနားကပ်လာရင် ထိုးပစ်လိုက်၊ ဖြစ်လာရင် ဦးကြောင်ရှင်းပေးမယ်၊ ဘယ်လောက်ကုန်ကုန်၊ ဦးကြောင်အသဲမတုန်ုဖို့ အရေးကြီးတယ်။ 😎

  • thit min

    October 13, 2011 at 8:13 am

    မြင်ရသလောက်တော့ တိုင်ပေလဲ Concrete Forest ပဲနော်။
    ဘာဘဲဖြစ်ဖြစ် မြို့ပြကလှတယ်ဆိုတာလက်ခံပါတယ်။
    ဒါပေမဲ့ သဘာဝတရား နဲ့ အလှမ်းဝေးတော့ အေးချမ်းမှုကတော့ …………

  • zoe

    October 13, 2011 at 9:37 am

    မြို့ လယ် မှာတော့Da’An Forest Park နဲ့ Maokong Gondola နဲ့တက်ပြီးတောင်ပေါ်ရှုခင်းခံစား လို့ရတဲ့ နေရာ ရှိပါတယ် ။ ဒီ park ရဲ့အရှေ့ ဖက်ခတ် ကျကျ မှာတော့ Yangminshan National Park ဆိုတာ ရှိပါ တယ်။ နောက်ကြုံရင် ပို့စတင်ပါမယ် ။ အဲ့ ဒီနေရာတွေမှာ တော့ သဘာဝ အလှကို ပိုခံစားနိုင်ပါတယ် ။

  • kai

    October 13, 2011 at 10:02 am

    ထင်သလောက် ကားတွေလူတွေ မတွေ့ရဘူး..။
    ဆိုင်ကယ်လေးတွေ တန်းစီရပ်ထားပေမဲ့.. ကားတစင်းမှမတွေ့ရဘူး..။
    ထိုင်ဝမ်စီးပွားရေး ဘယ်လိုများဖြစ်နေသလည်းလို့..
    အကုန်တရုတ်ပြည်မထဲ.. ရွေ့ကုန်သလား..။

    Miramar ဆိုတဲ့နာမယ်က.. တော်တော်ဆန်းတယ်..။
    ရုတ်တရက် မြန်မာလိုလို ဘာလိုလိုနဲ့..။ အဲဒီနာမယ်နဲ့ မြို့.. ယူအက်စ်မှာလည်း ရှိတယ်..။ 😆

    • zoe

      October 13, 2011 at 10:36 pm

      ဒီနေရာ က ထိုင်ပေရဲ့ မြောက်ပိုင်း အစွန်းကျတယ် ။ Taipei Train Stationနဲ့ 101 Tower မြို့လယ်မှာ တော့ လူကော ကားကောရှုတ် ပါတယ် ။
      Super Market လာတဲ့ ကားတွေကတော့ under ground parking lot ရပ်ပါလိမ့်မယ်ထင်ပါတယ် ် ။ အခုမြင် ရတဲ့ parking lot မှာ ဈေးဝယ် trolley ကိုမတွေ့ရလို့ ပဲ ။ အရင်က Four Asian Tigers မှာပါခဲ့ တဲ့ထိုင်ဝမ် ဟာ လည်း 2007-2010 Global Financial Crisis မှာတော်တော် အထိ နာခဲ့ပါ တယ် ။ ပြည်မ မှာသွား ဖွင့်ထား တဲ့ iphone ipad ထုတ်တဲ့ Foxconn ့ထိုင်ဝမ် သူဌေး Terry Guo ဟာ အဲ့ဒီ အချိန် လောက် မှာ သွားဖွင့် ခဲ့တာ ပါ ။ အလတ် စား စက်ရုံ အများ လဲ ပြည်မ နဲ့အခြား ဈေးသက်သာ တဲ့တိုင်း ပြည်တွေ သွား ဖွင့်ပါတယ် ။ အခု ကိုမင်တန် အစိုးရ ပြန်တက်လာ တော့ တရုတ်ပြည် က Tourism နဲ့ ရင်းနှီးမြှုပ်နှံ မှူကိုခွင့်ပြု တာနဲ့် စီးပွါးရေး ကိုပြန်ကျားကန် နေပါတယ် ။ ။ တဖြည်းဖြည်း ပြန်ကောင်း လာတဲ့ အခြေအနေ ကိုမြင်ရ ပါတယ် ။ စကားမစပ် HTC phone CEO က မြန်မာ ပြည်ဖွား Peter Chou ဖြစ်ပါတယ် ။
      http://en.wikipedia.org/wiki/Taiwan_economy
      …….
      Taiwan now faces many of the same economic issues as other developed economies. With the prospect of continued relocation of labor-intensive industries to economies with cheaper work forces, such as in China and Vietnam, Taiwan’s future development will have to rely on further transformation to a high technology and service-oriented economy.[12] In recent years, Taiwan has successfully diversified its trade markets, cutting its share of exports to the United States from 49% in 1984 to 20% in 2002. Taiwan’s dependence on the United States should continue to decrease as its exports to Southeast Asia and China grow and its efforts to develop European markets produce results.[13] Taiwan’s accession to the WTO and its desire to become an Asia-Pacific “regional operations center” are spurring further economic liberalization.
      [edit] Global financial crisis

      Taiwan has recovered quickly from the global financial crisis of 2007-2010, and its economy has been growing steadily. Its economy faced a downturn in 2009 due to a heavy reliance on exports which in turn made it vulnerable to world markets.[13] Unemployment reached levels not seen since 2003, and the economy fell 8.36% in the fourth quarter of 2008.[12] In response, the government launched a US$5.6 billion economic stimulus package (3% of its GDP), provided financial incentives for businesses, and introduced tax breaks.[12] The stimulus package focused on infrastructure development, small and medium-sized businesses, tax breaks for new investments, and low-income households.[12] Boosting shipments to new overseas markets, such as Russia, Brazil, and the Middle East was also a main goal of the stimulus.[12] The economy has since slowly recovered; by November 2010, Taiwan’s unemployment rate had fallen to a two-year low of 4.73% and is expected to continue to drop through the first half of 2011.[14] The average salary has also been rising steadily for each month in 2010, up 1.92% from the same period in 2009.[15] Industrial output for November 2010 reached another high, up 19.37% from a year earlier, indicating strong exports and a growing local economy.[16] Private consumption is also increasing, with retail sales up 6.4% compared to 2009.[17] After 10.5% economic growth in 2010, the World Bank expects growth to continue and reach 5% for 2011.[18]

  • ဆူး

    October 13, 2011 at 2:14 pm

    Haagen- Das ရေခဲမုန့် ဆို ဆူး ကြိုက်တယ်.. အပြင်ရောက်ရင် အဲဒါလေးတော့ ဝယ်စားတယ်။ ဒီမှာ အဲဒီ တံဆိပ်မရှိဘူး။
    ဒီတခါကော ချားစီးဖို့ လက်မှတ်ဝေ အုန်းမလား.. ဟိဟိ..

    • zoe

      October 13, 2011 at 10:46 pm

      ဒါဆိုရင် ဆူးနဲ့အကြိုက်ချင်းတူ တယ် ။ Super Market ကဝယ်ရင် တဘူး ၂၀ဝ ကျော်တာပဲ ဆိုင်စားသလို flavor အမျိုးမျိုးတော့မဟုတ် ဖူးပေါ့ ။ ကဲ buffetရယ် ice-cream ရယ် ferris wheel ရယ် ရွေး ရ ခက် နေအုန်း မယ် ဟိဟိ ။ 😀 😀

Leave a Reply