အိပ်ရေးပျက်နေတဲ့

စကားလုံးတွေနဲ့

ပုပ်သိုးနေတဲ့ စိတ်ကူးတွေကို

ပေါင်းစပ်ထားတဲ့

လျော့ရဲရဲ ကဗျာတစ်ပုဒ်လို မင်း . . .

 

မဖြစ်နိုင်တဲ့

အချစ်တစ်ခုကို

မာယာလက်နက်တွေ သုံးပြီး

သိမ်းပိုက်ခဲ့တဲ့ မင်း . . .

 

လူတစ်ယောက်ရဲ့

မျှော်လင့်ချက်တွေကို

မျက်ဝန်းက ပုလဲဥများစွာနဲ့

ဖျက်ဆီးခဲ့တဲ့ မင်း . . .

 

မင်း   မှ   မင်း . . .   ။       ။

About Mariposa

has written 12 post in this Website..