တရားခံ

MariposaOctober 11, 20111min1014

အိပ်ရေးပျက်နေတဲ့

စကားလုံးတွေနဲ့

ပုပ်သိုးနေတဲ့ စိတ်ကူးတွေကို

ပေါင်းစပ်ထားတဲ့

လျော့ရဲရဲ ကဗျာတစ်ပုဒ်လို မင်း . . .

 

မဖြစ်နိုင်တဲ့

အချစ်တစ်ခုကို

မာယာလက်နက်တွေ သုံးပြီး

သိမ်းပိုက်ခဲ့တဲ့ မင်း . . .

 

လူတစ်ယောက်ရဲ့

မျှော်လင့်ချက်တွေကို

မျက်ဝန်းက ပုလဲဥများစွာနဲ့

ဖျက်ဆီးခဲ့တဲ့ မင်း . . .

 

မင်း   မှ   မင်း . . .   ။       ။

4 comments

  • youngcat

    October 12, 2011 at 7:24 am

    ရင်ခွင်ထဲ မင်းမှမင်း ပဲ မိန်းကလေးရေ………………

  • chitmg

    October 12, 2011 at 9:30 am

    ချစ်သူကိုရန် မတွေ့ရဘူးလေ၊
    တ မင်း မင်း နဲ့
    (ဟဲဟဲ စ တာနော်

    • Mariposa

      October 20, 2011 at 4:33 pm

      ကဗျာကိုလည်း ပြန်ဖတ်ကြည့်ဦးလေ။
      ချစ်သူက ဟုတ်မှ မဟုတ်တာ။

  • windtalker

    October 25, 2011 at 2:43 pm

    ချစ်သူရေ မင်းတော့ နာဦးမယ်
    ငါ့ နှမလေး မာရီ ့ကို
    ပိုးစိုးပက်စက်
    တောက်..
    မင်းကွာ
    မညှာမတာ..
    စိတ်ဆင်းရဲအောင် လုပ်တယ်

Leave a Reply