လက်တမ်း ချရေးတဲ့ စာတို

မောင် ပေOctober 11, 20111min19216

ယခုရက်ပိုင်းအတွင်း ဂေဇက်ရှိ blackchaw နှင့် etone တို ့၏ ဖုန်းအကြောင်း ဇါတ်လမ်းများကို ဖတ်ပြီးသကာလ

ကျွန်တော် ကြုံခဲ့ဖူးသော ဖုန်းဇါတ်လမ်းလေး တစ်ပုဒ်အကြောင်း ပြန်ရေးပြချင်လာပါသည် ။ အဖြစ်မှန်ဟု ထင်ချင်လည်း ထင်နိုင်ပါသည် ။

ယခုပို ့စ်အတွက် မြင်ဆရာများမှာ blackchaw နှင့် etone တို ့ဖြစ်ပါသည် ။

Ok ! Let’s start the show !

တူ…တူ….တူ..

ဟူး….

ကျွန်တော် ခေါ်ဆိုလိုက်သော ဖုန်းနံပါတ်မှာ ဝင်သွားပြီ ဖြစ်သော်လည်း တစ်ဘက်က မကိုင်သေးသောကြောင့် သက်ပြင်းရှည်ကြီး ချမိသည် ။

ကျွန်တော် ခေါ်နေသော ဖုန်းနံပါတ်မှာ ၊ ကျွန်တော့် မိန်းမ ၏ ဗိုက် ( ကိုယ်ဝန် ) ကို အပ်ထားသည့် အိုဂျီဒေါက်တာမ ၏ ဖုန်းဖြစ်သည် ။

ကျွန်တော့် မိန်းမ ဗိုက် ( ကိုယ်ဝန် ) မှာ သက်ဦး ၊ သားဦး ၊ ကျွန်တော် ကိုယ်တိုင် စိတ်အရမ်း လှုပ်ရှားနေသည် ။

( ကျွန်တော့် မိန်းမ မှာ ခင်ဗျား တို ့သိပြီးသား ဖြစ်ပါလိမ့်မည် ။ ကျွန်တော် က သူ ့ ဒုတိယ ယောက်ျားဖြစ်သည် ။ သူ၏ ပထမ ယောက်ျားမှာ အင်္ဂလန်ရှိ နာမည်ကြီး ဘောလုံးအသင်းမှ နာမည်ကြီး နောက်တန်း ဘယ်စွယ် ကစားသမား ဖြစ်သည် ။ )

မနေ ့ညကတဲက ဗိုက်ကနာနေပြီ ဆိုသဖြင့် မြန်မာနိုင်ငံ ရှိ အကောင်းစား ဟု ဆိုနိုင်သော အထူးကု ဆေးရုံကြီးတွင် အိုဂျီဒေါက်တာမ နှင့် တိုင်ပင်ပြီး တင်ထားခဲ့ပြီး ဖြစ်သည် ။

မနေ ့ည က ဆေးရုံ သို ့ရောက်နေစဉ် US မှ မန်းဂေဇက်ကုမ္ပဏီပိုင်ရှင် အန်ကယ်ခိုင် ၏ အရေးတကြီး ခေါ်ဆိုသော ဖုန်းဝင်လာသဖြင့် လက်ခံ ဖြေရာမှ ..

အန်ကယ်ခိုင် က အလွန် ့အင်မတန် အရေးကြီး ကိစ္စတစ်ခု ဖြေရှင်းရန် အကြောင်းပေါ်လာသောကြောင့် ချက်ချင်း US ကို လာပါရန် အထူးမေတ္တာရပ်ခံလာသည် ။

( စကားချပ် ။ မန်းဂေဇက် ကုမ္ပဏီ မှာ အမြဲလို ကျွန်တော့်အကြံဉာဏ်လေး များ တောင်းယူနေကြဖြစ်သည် ။ ထို ့အတွက် အကြံတစ်ခါပေးရလျှင် မြန်မာငွေ သုံးဆယ်ကျပ် မှ အများဆုံး ခြောက်ဆယ်ကျပ် ၊ ခုနှစ်ဆယ်ကျပ် ခန် ့အထိ ပူဇော် လေ့ ရှိပါသည် ။ ပိုက်ဆံမှာ အဓိကမဟုတ် ၊ ကျွန်တော်၏ အကြံဉာဏ် များ ကို တစ်လေးတစ်စား ယူသဖြင့် ပေးနေရခြင်း ဖြစ်သည် )

အလုပ်ကိစ္စက အရေးကြီးလာပြီ ဖြစ်သဖြင့် ၊ သားဦးလေး မွေးပေးမည့် မိန်းမ ကို နားလည်အောင် ပြောခဲ့ပြီး ၊ ကိုယ်ပိုင် ဂျက်လေယာဉ် ဖြင့် US သို ့လာခဲ့ရသည် ။

US မန်းဂေဇက်ကုမ္ပဏီ ရှိ အစည်းအဝေးခန်းမ တွင် ထိုင်ပြီးသည့် နောက် မှ ၊ အန်ကယ်ခိုင် ဦး(အုန်း)စားနေသည့် ကိစ္စများကို ဖြေရှင်းပေးပြီး နောက် …

နာရီကို ကြည့်လိုက်ရာ ၊ ကျွန်တော့် မိန်းမ နားမှ ထွက်ခွါလာခဲ့သည် မှာ ၈နာရီ ကျော်ခဲ့ပြီ ။ သေချာပြီ ၊ ဒီအချိန်လောက်ဆို သူ မွေးပြီးလောက်ပြီ ။ ဒီအချိန်ဆို မြန်မာ မှာ မနက်..

“ ဘာလေး မွေးတာပါလိမ့်  ၊ သားသား လေး လား ၊ မီးမီး လေးများလား ” အရမ်းသိချင်ဇောဖြင့် ကိုယ်ပိုင်လေယာဉ်ပေါ် ပြန်မတက်ခင် ဖုန်းခေါ်မိသည် ။

ဪ…ဘာလို ့သားလား သမီးလား ကြိုမသိတာလဲ ၊ အာထရာဆောင်း မရိုက်ထားဘူးလား ဟု စာဖတ်သူအနေဖြင့် ၊ စောဒက တက်ချင်စိတ်  ဖြစ်မိပေလိမ့်မည် ။

ကျွန်တော် ကော ၊ ကျွန်တော့် မိန်းမ  ပါ ၊ ဘာလေးမွေးမွေး ချစ်ကြမည် မှာ အသေအချာ ဖြစ်သောကြောင့် အာထရာဆောင်း မရိုက်ခဲ့ကြခြင်း ဖြစ်ပါသည် ။

ဖုန်းဝင်သွားအပြီး တော်တော်ကြာမှ အိုဂျီဒေါက်တာမ က ဖုန်းကိုင်သည် ။

“ ဟယ်လို ”

“ ဟယ်လို…ဒေါက်တာ..ကျွန်တော်ပါ ၊ ချယ်ရီ  ့ယောက်ျားပါ ၊ ကျွန်တော့်မိန်းမ ချယ်ရီ ဘာလေးမွေးတာလဲ ဟင် ”

“ ရှင်…ဘယ်လို…x@$##%#%@&@^! ”

တစ်ဘက်မှ အိပ်ချင်မူးတူး အသံဖြင့် ဘာတွေ ပြောလိုက်မှန်း ကျွန်တော် သဲကွဲစွာ မကြားလိုက်ရ ၊ ကျွန်တော့်မှာ ကျွန်တော့် ကလေး ဘာလေးလဲ ဆိုတာ သိချင်စိတ် လွန်စွာကြီးမားနေခဲ့သည် မလား ။

“ ဟယ်လို ၊ ဒေါက်တာရေ ၊ ကျွန်တော် မကြားရလို ့ပါ ခင်ဗျ ၊ ကျေးဇူးပြုပြီး ကျယ်ကျယ်လေး ပြောပေးပါခင်ဗျ ၊ ကျွန်တော် ချယ်ရီ  ရဲ  ့ယောက်ျား ပါ ”

“ ရှင်က ချယ်ရီတွီ ရဲ  ့ယောက်ျားလား ၊ အဟင့် ”

လေသံမှာ စသံနောက်သံ ပါလာသော်လည်း ၊ ကျွန်တော် ဂရုမစိုက်အားတော့…

“ ဟုတ်ပါတယ် ခင်ဗျ ၊ ကျွန်တော် ့မိန်းမ ချယ်ရီ ယောက်ျားလေး မွေးတာလား ၊ မိန်းခလေး မွေးတာလား ခင်ဗျ  ”

တစ်ဘက် မှ ခဏ တိတ်ဆိတ်သွားသည် ။

“ ဟယ်လို…ဟယ်လို…ဒေါက်တာ ရေ ကြားရလား ခင်ဗျ ၊ ဟယ်လို ”

“ ရှင့်မိန်းမ သုံးမွှာပူးလေး မွေးတယ် ရှင့်  ”  တူတူတူ……ဖုန်းက ကျသွားခဲ့ချေပြီ ။

“ ဟိုက်ရော…သုံးမွှာပူးတောင်မှ တဲ့ ၊ လေပြီဟေ့ ၊ တောက်..ချယ်ရီမ မီးနေခန်းက ထွက်လာမှ တွေ ့မယ် ၊ ငါ အတန်တန် ပြောခဲ့ပါတယ် ၊  ဒီငှက်ပျော အမွှာတွေ မစားပါနဲ ့၊ ဒူးရင်းအမွှာတွေ မစားပါနဲ ့ဆိုတာကို ဇွတ်ငတ်ကြီးကျ ခဲ့တာ ၊ အခုတော့ သုံးယောက်တောင် ၊ ဟင်း… ”

ကျွန်တော်လည်း စိတ်ပင်ပန်း ကြီးစွာဖြင့် ကျွန်တော့် ကိုယ်ပိုင် ဂျက်လေယာဉ်ပေါ် တက်ကာ မြန်မာနိုင်ငံသို ့ပြန်လာခဲ့သည် ။

ဆေးရုံကို ရောက်တော့ ကျွန်တော့် မိန်းမ ရှိရာ အခန်း ဆီသို ့အပြေးလေး ဝင်လိုက်သည် ။

အခန်းထဲ သို ့အရောက် စိတ်လှုပ်ရှားခြင်း ကြီးစွာဖြင့် ကြည့်လိုက်သော အခါ ၊ ခုတင်ပေါ်တွင် ကျွန်တော့် မိန်းမ ချယ်ရီ မောပန်းစွာဖြင့် အိပ်ပျော်နေသည် ။

အိုဂျီဒေါက်တာမ က ကလေးလေး ကို ပွေ  ့ချီထားသည် ။ ကျွန်တော် လည်း ပြူးတူး ပြဲတဲဖြင့် အခန်းထဲ လှည့်ပတ်ကြည့်လိုက်ပြီးနောက်….

“ ဒေါက်တာ…ကျန်တဲ့ ကလေး နှစ်ယောက်ရော ဟင် ”

“ ရှင်…ဘယ်က ကလေးနှစ်ယောက် ကို မေးတာလဲ ဟင် ၊ ကျွန်မ လက်ထဲက ကလေးက ရှင့်ကလေး လေ ၊ ယောက်ျားလေး ရှင့် ၊ ကြည့်ပါဦး ၊ ချစ်စရာ အရမ်းကောင်းလိုက်တာ ၊ အဖေ ကော အမေ ပါ အချောအလှတွေ ချည်း ဆိုတော့ ကလေး က အရမ်းချစ်စရာကောင်းတာပဲ…ဟင်းဟင်း ”

ကျွန်တော် လည်း ဦးဏှောက်ခြောက်သွားပြီး….

“ ဟိုလေ…စောန က ဖုန်းထဲမှာ ဒေါက်တာ ပြောတော့ သုံးမွှာပူး မွေးတယ် ဆိုလား လို ့ ”

“ ရှန်…မပြောရပါဘူး တော် ၊ ဒါနဲ ့ရှင်က ဘယ်တုန်းက ကျွန်မ ဆီ ဖုန်းဆက်လို ့လဲ ”

“ ဟောဗျာ….ဒီမှာလေဗျာ ၊ ဒီမှာ ကြည့် ”     ပြောပြောဆိုဆိုဖြင့် ၊ ကျွန်တော့် ဖုန်းကို ထုတ်လိုက်ပြီး ၊ ခေါ်ထားသော ဖုန်းနံပါတ်အား ထုတ်ပြလိုက်တော့

“ ဒီမယ် ၊ ရှင့်ဟာ က နောက်ဆုံး တစ်လုံး လွဲနေတာကြီး ၊ ရှင် စနောက် ခံ လိုက်ရပြီ ပေါ့ ”

“ ဗျာ…. ”

သူမ လက်ထဲ မှ ဖုန်းကို ပြန်ယူကြည့်လိုက်တော့

“ ဟိုက်..ဟုတ်ပဗျာ ၊ ဆောရီး ဒေါက်တာရေ ၊ ကျွန်တော် လည်း ကျွန်တော့်မိန်းမ ဘာလေး မွေးတာလဲ ဆိုတာ အရမ်းသိချင်ဇော နဲ ့ဖုန်းခေါ်လိုက်တာ ၊ နံပါတ်မှားသွားခဲ့တယ် ဗျာ ၊ ဟီးဟီး…အဲဒီဖုန်းကိုင်တဲ့ တစ်ယောက် က လဲ အမျိုးသမီးပဲဗျ ၊ တော်တော် နောက်တဲ့ အမျိုးသမီးဗျာ ၊ ကျွန်တော့် မှာ တစ်ကယ်ကြီး သုံးမွှာပူး မွေးတယ် မှတ်လို ့၊ မိန်းမ အတွက် စိတ်ပူနေခဲ့တာဗျ ၊ ဟားဟား ”

“ ကဲပါ..ဒါမျိုးတွေက ဖြစ်တတ်ပါတယ် ၊ ရော ့ဒီမှာ ရှင့်ကလေး ကို ယူပါဦး ၊ ချစ်စရာ အရမ်းကောင်းတာပဲ ”

သို ့နှင့် ကျွန်တော် နှင့် ကျွန်တော့် မိန်းမ ချယ်ရီ တို ့လည်း ချစ်စရာအရမ်းကောင်းသော သားယောက်ျားလေး ကို အောင်မြင်စွာ ပိုင်ဆိုင်ခဲ့ကြရလေသည် ။

—————————- အားလုံးကို ကျေးဇူးတင်ပါသည် —————————-

 

 

 

 

16 comments

  • ပေါက်ဖော်

    October 11, 2011 at 8:42 pm

    တိန်!
    ရွာစားတို ့ရေ..
    အဖေ ကော အမေ ပါ အချောအလှတွေ ချည်း ဆိုပါကလား..
    😮
    ဖုန်းပြန်ဖြေတဲ့လူ..ဒေါက်တာတုံ ပဲဖြစ်ရမယ်..
    ဟွင်း.ဟွင်း..ဟွင်း..

    🙄

    • “ဘီလူးကြီး”ogre

      October 13, 2011 at 7:40 am

      မနေ့က အလုပ်ပိတ်တာနဲ့
      မောင်ပေ ကလေးမွေးတာဒီင်္နေ့မှသိရတော့တယ် (မှားလို့)မောင်ပေ့ မိန်မမွေးတာလို့
      ဆိုလိုခြင်းဖြစ်ပါကြောင်း….။။။

  • youngcat

    October 12, 2011 at 6:55 am

    ကိုပေ ယောကျားလေးမွေးတယ်ဆိုတော့ အခုအဲ့ဒီကလေး အတက်ဘယ်လောက်ကြီးပလဲဗျ။

    အော်စာရိုက်မှားသွားလို့ အသက်ကိုမေးတာပါ။

    • windtalker

      October 13, 2011 at 12:48 pm

      ကျုပ်သားလေး
      ဟဲဟဲ
      ကျုပ်သားလေး ပေါ့
      သူ ့အသက်ကို
      သေချာတွက်ကြည့်ရင်တော့ ဒီနေ ့နဲ ့ဆို ၃ ရက်
      ဟိုဟာ ကတော့
      ကျုပ်ကြားဖူးတဲ့
      ကျုပ်တို ့စကြဝဠာ ထဲ က
      “ ဘုစုခရု ” ဆိုတဲ့ ဂြိုဟ် မှာ ဆိုရင်တော့
      အသက်တစ်ခု စရှင်သန်လာတာနဲ ့
      တစ်ရက် ကို တစ်စင်တီမီတာ ရှည်ထွက်လာတယ် ဆိုကလားပဲ
      အရပ် ကို ပြောပါတယ်
      ဒါပေမယ့် ကျုပ်သား က တော့
      ကျုပ်လို ပဲ ရှည်မှာ အသေအချာပါပဲ
      အရပ်
      အရပ်

  • ရွှေဘိုသား

    October 12, 2011 at 8:38 am

    ကိုပေရေ ခဗျမိန်းမ ချယ်ရီကိုးလ် ဆေးရုံမှာ ကလေးမွေးတုန်းက ကျနော် ချစ်ချစ်လေး Lady Ga Ga လာပြီး
    သတင်းမေးသေးတယ်မလား
    ကျနော် လိုက်မလာနိုင်တာ ခွင်.လွှတ်ပါဗျာ ကျနော်ကလည်း Shakira နောက်ထွက်မဲ. တေးစီးရီး အတွက်
    လိုက်ပြီး စီစဉ်ပေးနေရလို. မလိုက်ခဲ့တာပါ ကလေး ကင်ပွန်းတပ် နံမည်ပေးမှ Jennifer lopez နဲ့
    လာခဲ့တော့မယ်ဗျာနော် ကိုပေ

  • chitmg

    October 12, 2011 at 8:48 am

    လက်တမ်းရေးလို့သာဘဲ တော်တော်စဉ်းစားရတယ်။နဲနဲရှုပ်တယ်နော်။
    “ကျွန်တော် က သူ ့ ဒုတိယ ယောက်ျားဖြစ်သည် ” ဆိုတာကြီးလဲပါလို့၊
    ကျွန်တော့် မိန်းမ ဗိုက် ( ကိုယ်ဝန် ) မှာ သက်ဦး ၊ သားဦး ၊ ဆိုတာကြီးလဲပါလို့၊

    ——————ဒုတိယ ယောက်ျား နှင့် သားဦး ———————
    ဟုတ်ကဲ့ပါစဉ်းစားမယ်နော်၊လေးစားပါ၏။

    • windtalker

      October 12, 2011 at 7:24 pm

      ဟုတ်ကဲ့ ဆက်လက် စဉ်းစားပါ
      လေးမစားလျှင် သုံးပဲ ရှိတာ သေချာ၏
      ရွှေဘိုသားလေး က တော်လိုက်တာ
      အိမ်မှာ ချယ်ရီ ဖို ့ဝယ်ထားတဲ့
      ရွှေနီငှက်ပျောဖီးထဲ က
      တစ်လုံး ဆုချပါရစေ

  • ရွှေဘိုသား

    October 12, 2011 at 9:02 am

    ကိုချစ်မောင်ရေ အစ်ကို မသိလို့ ဖြစ်မှာပါ
    စာရေးသူ ကိုပေ ပြောတာက မှန်ပါတယ်
    သူပြောတဲ. ချယ်ရီကိုးလ် က အင်္ဂလန်မှာ ယောက်ျားရှိပါတယ် ကလေး မရှိသေးပါဘူး မယူသေးတာပေါ.ဗျာ
    ကိုပေနဲ့ ကျမှ ကလေးယူလို့ ဖြစ်မှာပါ ဒါ့မို. ဒုယောက်ျား သားဦးလို့ ပြောတာလို့ ထင်ပါတယ် လေးစားပါတယ်

  • blackchaw

    October 12, 2011 at 3:43 pm

    ကိုပေရေ။
    မည်သို့ပင် ဆိုစေကာမူ
    ကျွန်တော် ဘလက်ချော မှ ဝင်ရောက်ဖတ်ရှုပြီး
    အားပေးသွားပါကြောင်း။

  • aungnng87

    October 12, 2011 at 4:28 pm

    ကိုပေကြီး …ရန်ကုန်နဲ့ အမေရိကန်နဲ့က ၈နာရီလောက်ဘဲကြာတာဖြစ်နိုင်ပါ့မလားကွယ်…။ တနာရီကိုဘယ်နှစ်မိုင်နှုန်းနဲ့ သွားတဲ့လေယာဉ်နဲ့သွားတာပါလိမ့်….

  • မောင်ပေ တို့များ “အ”ချက်ကတော့ကွာ။
    သူ့မိန်းမကလေးမွေးတာကို ဖုန်းနဲ့လှမ်းမေးရတယ်လို့။
    နောက်တစ်ခါဆိုရင် အဲဒီဆေးရုံနဲ့ မင်းလင့်ချိတ်ထားပြီး မင်းမိန်းမခွဲခန်းထဲမှာ ကလေးမွေးနေတာကို
    မင်း ဟန်းဖုံးကနေတစ်ဆင့် တိုက်ရိုက် လိုက်ဖ်ကြည့်လို့ရတယ်ဟ။
    နောက်ခါဆို ဖုန်းနဲ့မမေးနဲ့ လိုက်ဖ်ကြည့် အဲဒါမှာကိုယ့်လုပ်အားရဲ့ အသီးအပွင့်လေး ထွက်လာတာကို အသေးစိတ်တိုက်ရိုက်ကြည့်ပြီး ခံစားလို့ပိုကောင်းမှာ။
    မှတ်ထားနော်။

  • ——————ဒုတိယ ယောက်ျား နှင့် သားဦး ———————
    ဟုတ်ကဲ့ပါစဉ်းစားမယ်နော်၊လေးစားပါ၏။
    အလွယ်လေးကွာ သူကဒုတိယယောက်ျား မိန်းမက အခုမှ သားဦးဆိုတာသာမှန်ရင်
    အရင်ယောကျာ်းနဲ့ကလေးမမွေးခဲ့ဘူးလို့မှတ်လို်က်ကွာ

  • etone

    October 13, 2011 at 11:15 am

    ဟီးဟီး ..ကိုပေရေ .. တော်သေးတာပေါ့ … ။သုံးမွှာပူးမို့လို့ … ရှင့်မိန်းမ ဘီလူးလေး မွေးတယ်ဆိုလို့ကတော့ … ရွာထဲက ကိုဘီလူးပါ အမှုပတ်ဦးမယ် … ။

    (ဘီးလူးလေးမွေးခြင်း = ရုပ်ဆိုး အကျဉ်းတန် အမွှေးမျှင် ထူထပ်သော ကလေးကို ခေါ်သည် ) 😛

  • ဆူး

    October 13, 2011 at 2:05 pm

    ပြောမယုံ ကြုံဖူးမှ သိမယ်.. လွန်ခဲ့တဲ့ ၁ရနှစ်လောက်က အိမ်ကို ဖုန်းတခု ဝင်လာတယ် နိုင်ငံခြားက ဖုန်းမှားဝင်တာဖြစ်နေတယ်။ အဖေက အင်္ဂလိပ်လို မှားနေကြောင်း ပြောပြလိုက်တယ်။ နောက်တော့ ဖုန်းဆက်တဲ့ လူကသူက လုပ်ငန်း တခု အတွက် ဆက်တာဖြစ်ကြောင်း သိလိုက်ရပြီး ကူညီဖြေရှင်းပေးရင်းနဲ့ နိုင်ငံခြားနဲ့ ဆက်သွယ်တဲ့ လုပ်ငန်းတခုကို မြေစမ်းခရမ်းပျိုးပြီး လုပ်ခဲ့တာ အဖေ ဆုံးပြီးပြီး ၆နှစ်လောက်အထိ အဲဒီ အလုပ်ကောင်းကောင်းလည်ပတ်ခဲ့တယ်။ အဲဒီ အလုပ်က ရတဲ့ ပိုက်ဆံနဲ့တောင် နိုင်ငံခြား ကို လည်လည် ခဏခဏ သွားတယ်။ ယုံမလားတော့ မသိဘူး တကယ့်ဖြစ်ရပ်မှန်ပဲ။ အဲဒီတုန်းက အဲဒီ နိုင်ငံခြားသားကြီး ဖုန်းမမှားဆက်ဘူး ဆိုရင် ဖုန်းမှားဆက်တာကို အကျိုးသင့်အကြောင်းသင့် မရှင်းပြခဲ့ဖူးဆိုရင်… ဒီလို အကျိုးထူး ရှိလိမ့်မယ် မထင်ဘူး။
    ဖုန်းမှားလို့ စီးပွားပျက်တာ ရှိပေမဲ့ စီးပွားဖြစ်တာ မကြားဖူးမှာ စိုးလို့ ပြောပြတာ.. ဟိဟိ..

    • etone

      October 14, 2011 at 9:28 am

      အကျိုးအကြောင်း တိုက်ဆိုက်တဲ့အချိန်ရောက်လျှင်တော့ … ကံကောင်းလာတာပေါ့ အစ်မရေ … ။ ကြားရတာ ဝမ်းသာ စရာပါပဲ 🙂

  • comegyi

    October 13, 2011 at 11:50 pm

    အော် ……..ကိုရင်မောင်ပေတစ်ယောက်တောင် ရပ်ခြားမြေခြားအင်္ဂလိပ်မလေးနဲ့ညားလို့ လူတောင်ဖြစ်ခဲ့ပါပေါ့လား ဘရာဗိုးကွယ် ဘရိုးဗာ……

Leave a Reply