သူတို့တွေ ဘယ်ရောက်ကုန်ပြီလဲ??

BurmaOctober 11, 20111min18712

သူတို့တွေ မြန်မာပြည်ကို နှစ်ပေါင်း 22 နှစ်ကျော်ကြာ ကြီးစိုးခဲ့ကြတယ် ၊

သူတို့တွေ ဒီမြန်မာပြည်မြေကြီးရဲ့ အောက်က သဘာဝ ဓာတ်ငွေ့တွေ ၊ ပုလဲ တွေ ၊ ရွှေတွေ ၊ ကျောက်စိမ်း ၊ သယံဇာတတွေကို ဒီ 22 နှစ်အတွင်း ရသမျှ အကုန်ထုတ်ရောင်းခဲ့ကြတယ်။ သူတို့တွေ မြန်မာပြည်ကြီးကို သူတို့စိတ်ကြိုက် ဖန်တီးခဲ့ကြတယ်။

သူတို့တွေ မြန်မာ့သမိုင်းရဲ့ သမိုင်းဝင် ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းတော်တွေကို လုပ်ချင်တိုင်းလုပ်ခဲ့ကြတယ် ၊

သူတို့သည် သူတို့ နှစ်သက်တဲ့ သူတို့ စိတ်ကြိုက်သူကို တင်မြှောက်ခဲ့ပြီး ၊ ရွေးကောက်ပွဲကို ဂိမ်းကစားသလို ကစားခဲ့ကြတယ်

သူတို့ကို မေ့နေကြပြီလား ??

သူတို့ ဘယ်ရောက်သွားလဲ??

သူတို့ဘယ်မှာလဲ??

သူတို့ ဘယ်သွားနေကြလဲ??

သူတို့ ဘာလုပ်နေကြလဲ??

သူတို့ ဘယ်ကို သွားကြရမှာလဲ??

12 comments

  • hello everybody

    October 11, 2011 at 7:57 pm

    နဝမတန်းကျောင်းသားလေးပါလို့ပြောနေပေမဲ့…………………….
    ပြောပုံဆိုပုံတွေခပ်ငယ်ငယ်ထဲကမဟုတ်နိုင်ဘူးဆိုတာသေခြာတယ်။
    ဖြစ်နိုင်တာကတော့ လွန်ခဲ့တဲ့ အနှစ်၂ဝ လောက်ကနဝမတန်းကျောင်းသားပဲဖြစ်မှာပါ။
    မေးခွန်းတွေမေးမေးနေတာ တစုံတရာကိုဆွပေးပြီး သဘောထားတခုခု ကိုယူနေသလိုပါပဲလား??????
    အင်း…………………….ကာယကံရှင်ကတော့အသိဆုံးဖြစ်မှာဘဲ။
    တခြားသူတွေလဲသိမှာပါ။
    MG ကလူတွေကလဲဆရာတွေဘဲဟာအရေးမကြီးလို့မသိချင်ယောင်ဆောင်နေတာဖြစ်မှာ။

    • Burma

      October 11, 2011 at 8:23 pm

      ♦ ကြိုက်တာနဲ့ စမ်းသပ်ပါ ၊ http://www.facebook.com/meetlj အဲဒါ ကျွန်တော့ Facebook ပါ ဝင်လည်လိုက်ပါ. ကျွန်တော်ဘယ်သူလဲဆိုတာ မကျေနပ်သေးရင် art.min10@gmail.com ကို အဒ်လိုက်ပါ။ ကျွန်တော့ အရေးအသားကို မကျေနပ်လို့ ဆိုရင် ကျွန်တော်ခံနိုင်ပါတယ်။ ကျွန်တော် အသုံးမကျရင် ကျွန်တော် ခံနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့ အသက် ကို သံသယရှိတာ ကတော့ တကယ်ကို မကျေနပ်စရာပါပဲ။ ကိုးတန်းကျောင်းသားတစ်ယောက်ကို ဒီလောက်တောင် အထင်သေးတတ်တဲ့သူရှိသေးလားဆိုပြီး အံ့ဩမိပါတယ်။ 🙂

  • tharaye

    October 11, 2011 at 8:41 pm

    ဖြစ်နေတာတွေရှိပါတယ် ဖြစ်နိုင်တာတွေလဲ အများကြီးပါ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာတွေဟာလည်း
    အမြဲဖြစ်လျှက်ရှိနေပါတယ်
    hello everybody ပြောချင်တဲ့သဘော က အတွေးအခေါ်ရင့်ကျက်တဲ့ အပိုင်းကို ဆိုလိုတာထင်ပါတယ် ။

  • youngcat

    October 12, 2011 at 7:16 am

    သူတို့ရှိနေတယ်လေ။
    ကလေး မင်းမတွေ့ဘူးလား?

    • Burma

      October 12, 2011 at 8:50 am

      ♦ ကျွန်တော်တို့ကျောင်းမှာရှိတယ်.. သူ့ပုံကြီး မဖြုတ်ရသေးဘူး 😛

  • chitmg

    October 12, 2011 at 8:50 am

    လိုက်သွားချင်လို့လား၊နီးပါတယ်။လမ်းလဲကောင်းတယ်။

    • Burma

      October 12, 2011 at 8:53 am

      ♦ ဆိုလိုချင်တာက ဒီလိုပါ အကိုရဲ့။ လူတွေက အခု မြစ်ဆုံစီမံကိန်းတွေ ၊ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွေ ၊ အခုလက်ရှိ ပြသနာတွေကို စိတ်ထဲထားနေကြပြီး ၊ သူတို့တွေကို မေ့နေကြဘီလား ၊ 2010 ရွေးကောက်ပွဲ ကို မေ့နေကြပြီလား ၊ ဟိုနေ့က Olympic အားကစားဂျာနယ်မှာဖတ်မိပါတယ် ၊ မန်ယူနဲ့ ဘယ်အသင်းနဲ့လဲမသိဘူး 92 Champion League ဖလားမှာထင်တယ် လုပ်ပွဲကစားခဲ့တယ်ဆိုတဲ့ သတင်းပြန်ထွက်နေလို့ ပြန်လည် စစ်ဆေးဖို့ လုပ်နေတယ်လို့ ဖတ်ရပါတယ်။ ဒီမှာက သူတို့ တွေပျောက်သွားတာ တစ်နှစ်မပြည့်သေးဘူး လူတွေကို လုံးဝကိုတော်တော်လေး မေ့ကုန်ကြဘီ။ သူတို့အပြစ်တွေကို ဒီတိုင်းပဲ ထားကြတော့မှာလား။ အဲဒိဟာကို Messageပို့ချင်တာပါ။ 🙂

  • ကြောင်ကြီး

    October 12, 2011 at 11:01 am

    မိန်းမအငယ်ယူပြီး နှပ်သူကနှပ်၊ ကလပ်ကဇိမ်မယ်လေးတွေခေါ်ပြီး အပန်းဖြေသူကဖြေ၊ ဘလူးလေဘယ်လ် သောက်ပြီး ဆက်ရက်မင်း စည်းစိမ်ခံစားသူကခံစား၊ ယတြာချေရင်း တရုတ်သိုင်းကား ကြည့်သူက ကြည့်နဲ့ပေါ့ကွယ်…။ မပူပါနဲ့ မကြာခင် သူတို့ပြန်လာကြလိမ့်မယ်…. 👿

  • kai

    October 12, 2011 at 11:51 am

    .. ၂၀၀၁ စက်တင်ဘာ ၉ ကစခဲ့တာပေါ့..
    အမေရိက တိုက်ခိုက်ခံနေရတယ်ဆိုပြိး.. အမေရိကန်တွေ ဒေါသတွေထွက်..။ ကားတွေ..လေယဉ်တွေ..သင်္ဘောတွေ..အိမ်တွေမှာ.. အလံတွေလွှင့်..
    ယူ..အက်စ်..အေ..။ယူ..အက်စ်..အေ..။ နဲ့.. ဇာတိမာန်တွေဆွဲတင်.. အညံ့မခံတဲ့စိတ်တွေ..ထိုးတက်…

    အဲဒီအချိန်ကစပြိး.. အဲဒီအခါက သမ္မတကြီးဘုရှ်က.. ကမ္ဘာတလွှားက.. အကြမ်းဖက်သူများကိုစစ်ကြေငြာပါတယ်..။
    အဲဒီနောက်. ဘာမှန်းမသိ..ညာမှန်းမသိနဲ့.. အီရတ်စစ်ကြီးကို ဖန်တီး..။ ဆက်ဒမ်ဟူစိန်ကို.. ဖမ်းပြီး.. ဆွဲကြိုးချသတ်..။
    ကမ္ဘာ့ရာဇဝင်မှာ.. ကုန်ကျစရိတ်အများဆုံး..စစ်ပွဲကြီး၂ခု.. စခဲ့/တိုက်ခဲ့တယ်..။
    အဲဒီအချိန်တုံးက.. လွှတ်တော်၂ရပ်လုံးကလည်း.. မဲပြတ်ပြတ်နဲ့..အားရပါးရထောက်ခံပေးတာပါပဲ..။.. သွေးတက်နေချိန်မို့.. ချ..ချ..ချသာချပေါ့…။

    အဲဒီကနေ.. ၁ဝနှစ်အကြာ.. အခုမှာ.. အင်မတန်ချမ်းသာတဲ့ အမေရိကခင်ဗျာ.. ဆန့်ငင်ဆန့်ငင်…
    ဘုရှ်..အစိုးရအဖွဲ ့သုံးပစ်လိုက်တဲ့ငွေက.. နည်းနည်းနောနောလား..
    ဒေါ်လာဘီလီယန်ပေါင်း ၃ထောင်..မက..။
    တိုင်းပြည်ကသာ အကြွေးတွေထပ်သွားတာ..။ အဲဒီအစိုးရအဖွဲ ့က..အဓိကပေါ်လစီမိတ်ကာတွေမှာ.. မီလျှံနာ့..မီလျှံနာတွေချည်းဖြစ်ကုန်ပါတယ်။။
    ဘာတွေဖြစ်သွားသလည်း.. အော်စကာရတဲ့.. Fahrenheit 9/11 ဖာရင်ဟိုက် နိုင်အီလဲဗဲင်းဒေါ့ကျူမန့်ထရီမှာပါတယ်..။

    ပြောချင်တာက..
    အဲဒီအချိန်..အဲဒီအစိုးရအဖွဲ့က.. အဲဒီလူထုကရွေးထားတဲ့..အမတ်တွေထောက်ခံချက်နဲ့ပဲ.. စစ်တိုက်တာပဲ..။
    ခုအချိန်မှာ.. ဘယ်သူ့အပြစ်လည်း.. ပြောမရ..။ စစ်ခုံရုံးတင်ခွင့်မရှိ..။
    ဒါက..သမိုင်းပဲ.. ။

    လူထုနဲ့အတူတူ.. ကြိုးပူးချည်လိုက်ပြီးတဲ့အခါမှာ.. အမှားတွေကို.. သမိုင်းမည်းမည်းတွေပဲလုပ်လိုက်ရတတ်ပါတယ်.။ 👿
    သူတို့တတွေ..သမိုင်းမည်းထဲ.. အမှားရဲရဲတွေနဲ့အတူူတူကျန်ရစ်ခဲ့ပြီ…လေ..။

  • blackchaw

    October 12, 2011 at 4:37 pm

    မေ့ နိုင်မယ်လို့ကော မင်းထင်လား ????

  • musicalpunk

    October 12, 2011 at 11:15 pm

    သိပ်နားမလည်ဘူး………ရှင်ပြပေးပါဦး

  • နွယ်ပင်

    October 13, 2011 at 9:22 am

    သူတို့တွေရှိပါတယ် အလုံခြုံဆုံးနေရာတစ်ခုမှာပေါ့ ………….

Leave a Reply