စံပါယ်မျှားသူ

comegyiOctober 11, 20111min936

တွေးမိတွေးရာ  ငေးမိငေးရာ…

စာကလေးလှောင်အိမ်၊ အခန်းအမှတ်

(၃၀၄)၊ (၃) လွှာ၊ ညာ ရဲ့

တတိယထပ် အသိုက်ထဲကနေ

လမ်းကို လက်ဝါးကြီးအုပ်လိုက်တော့

ခွေးတစ်ကောင်နဲ့ လူဆယ်ယောက်ဖြတ်သွားအပြီး

စံပါယ်ထမ်းသမားလေး လင်းလာပေါ့

ငွေနှစ်ရာနဲ့ မျှားလိုက်တဲ့စံပါယ်တွေ

ညနေတစ်ခင်းလုံး ဖွေးလို့

ညနေတစ်ခင်းလုံး စွေးလို့

ညီလေးရေ့ ကြိုးချလိုက်မယ် . . .။       ။

 

6 comments

  • windtalker

    October 11, 2011 at 8:37 pm

    ကောင်းလိုက်တဲ့ အတွေး အရေး ဗျာ
    ခင်ဗျား လို ရေးတတ်ချင်လိုက်တာ ရဲဘော်
    ရန်ကုန် က တိုက်ခန်းတွေ ဟာ စာလှောင်အိမ် သာသာ
    အဲဒီအခန်းကျဉ်းကျဉ်းလေးထဲက ကဗျာဆရာ ရဲ ့အတွေးစိတ်ကူးကတော့ ကျယ်ကျယ်
    ညနေခင်းရဲ ့ရနံ ့မီနူးထဲမှာ စပါယ်ရနံ ့တွေ နဲ ့ထုံခဲ့တယ်ပေါ့လေ

  • youngcat

    October 12, 2011 at 7:12 am

    စာကလေးအိမ်နဲ့နေရတာတော်တာပေါ့၊
    ကျွန်တော်တို့ တောမှာ မီးခြစ်ဆံဗူးကို ပလပ်စတစ်နဲ့ပတ်ပြီးနေရတဲ့
    နေရာတွေ မှ အများကြီး ကြုံရင် ဓါတ်ပုံလေးတင်ပေးဦးမယ်။

  • chitmg

    October 12, 2011 at 8:30 am

    စံပယ်မျှားခြင်းတဲ့လားဗျာ၊တော်တော်ကောင်းတယ်နော်၊
    စားစရာတွေလဲမျှားရတာဘဲ၊ပြီးတော့ဟိုကြည့်သည်ကြည့်နဲ့ ဟဲဟဲဟဲ လဲကြိုးမပါပဲမျှားရတာလေးပါရေးပါအုန်းဗျ။

  • comegyi

    October 12, 2011 at 10:30 am

    အီကြာကွေးတို့၊ နံပြားတို့၊ ပဲပြုတ်တို့ မျှားလို့ရသလို…ရေဆေးငါးမျိုးစုံလည်းမျှားလို့ ရပါကြောင်း . . . .မီးရထားကက်ပတိန်ကြီးလည်း မျှားကြည့်စေလိုပါကြောင်း…………ခွစ်ခွစ် ………

  • thit min

    October 13, 2011 at 8:06 am

    မျှားရတဲ့နေရာမှာ တပ်ရတဲ့ အစာ စဉ်းစားမိတယ်။
    ဟင်းစားကြီး လိုချင်ရင်တော့ အပိုထွင်တာ အစာတပ် “အကပ်” ဆိုတာလဲလိုတယ်ပေါ့။
    ဟင်းစားငယ် ဆို စဉ်းစားဘွယ် အစာလောက်မှ သူ ကောက်ကာစား ကိုယ်”ငါး” ရမယ်။
    အစာ၊ငါး၊ရေ ပြားပြားထွေရှုပ် အလုပ်လုပ်ရ လူ့ဘဝပါလား။

  • comegyi

    October 13, 2011 at 11:42 pm

    ကိုသစ် အဆိုကိုထောက်ခံပါကြောင်း ဗျားးးးးးးးးးးး

Leave a Reply