သူတို့ပြောတဲ့ အင်္ဂလိပ် စကား

ကူမားရ္October 11, 20111min52442

အင်္ဂလိပ်စာကားးပြောတဲ့ အကြောင်း ပိုစ့်ဖတ် ရတော့ ကိုယ့်ထက်တော်ကြ တတ်ကြတဲ့ ရွာထဲကလူတွေကို အားကျမိတယ်
သူတို့လိုတတ်ချင်ပေမယ့် ဦးနှောက်က မသွားတော့ဘူး မစုပ်ယူနိုင်တော့ဘူး။
ဝင်ဆွေးနွေးရလောက်အောင် လည်းမတတ်တော့ ကိုယ်လက်ရှိ နေ့ တဓူဝ ကြုံတွေ့နေရတဲ့
England ကလူတွေ ပြောနေကြတဲ့ အသုံး အနှုန်း လေသံလေးတွေ ကိုသာ မှတ်မိ သလောက် ပြန်ပြီးဖောက်သည် ချပါရစေ
England, Wales, Scotland နဲ့ Northern Iraland လေးခုပေါင်းမှ United Kingdom( UK)ဖြစ်တာ ဆိုတော့ အားလုံးက အင်္ဂလိပ် စကားပြောကြပေမယ့် လေသံမတူကြ ပါဘူး။
Scottish, Welsh, Irish and English ဘာသာတွေ သပ်သပ်စီ ရှိပါတယ်။
နေရာဒေ သ အလိုက် အင်္ဂလိပ် စကားကိုပဲ လေသံ ဝဲပြီးပြောကြ ပေမယ့် England ဘက်မှာ လူဦးရေ ပိုများပြီး လူစုံတဲ့ အတွက်
ဒီမှာလည်း လေသံ အဝဲတွေ ပိုများပါတယ် .. မြို့ မတူတာနဲ့တင် အသံထွက် မတူတော့ပြန်ဘူး။
Liverpool, Birmingham, Manchester, Yorkshire စတဲ့ မြို့တွေ မှာ တစ်မြို့နဲ့ တစ်မြို့ ဝဲတာ မတူသလို London မှာတင် တစ်မြို့ထဲ ကို Southerner , Eastender ဆိုပြီးလေသံကွဲပါတယ်..
ကျွန်တော်နေတဲ့မြို့ က အဆိုးဆုံးလို့ပြောရမလားပဲ..
အရင်က ကျောက်မီးသွေး မိုင်းတွေရှိတော့ ယူကေ တခွင်က လာပြီး မိုင်းတူးကြတယ်
နောက် မိုင်းတွေ ပိတ်သွားတော့ မူရင်းနေရပ် မပြန်ကြတော့ ပဲ ဒီတစ်ဝိုက် မှာ စိုက်ပျိုးရေး မွေးမြူရေး လုပ်ပြီး ဆက်နေကြရင်း သူတို့ရဲ့မျိုးဆက်တွေ ကျန်ခဲ့ပြီး လအော့ လအယ်တွေ ဖြစ်ကုန်ရော…
Yorkshire ခရိုင်မှာတင် South, north, east and west လေးခုလေသံမတူဘူး။
စကားလုံးအသုံးတွေ ကလည်း အရမ်း ရှေး ကျပြီး ခရစ်ယာန် ကျမ်းစာ ထဲက အသုံး မျိုးတွေ သုံးတယ်..
ဥပမာ.
How are you? လို့မပြောဘူး Thou alright? လို့ပြောတယ်
I hate you လို့မပြောပဲ Me hate thee လို့ပြောတယ်။
Owner လို့မပြောပဲ landlord လို့ပြောတယ်
Pound လို့မပြောကြပဲ quid လို့ ပြောတယ်
I will come and see you tomorrow အစား I will call in tomorrow
Two weeks ကို forth night
၅ ကျပ်တန် ၁ဝ တန်ကို fiver , tenner စသည်ဖြင့် ခေါ်ဝေါ် သုံးစွဲကြတယ်

This man အစား This bloke
Nice boy အစား Nice lad
Our girl (our daughter ) အစား Our less
What are you looking for (what are you searching for) အစား What you are after လို့သုံးတယ်။
I am feeling unwell (or) I am ill, I am sick အစား I am poorly လို့ သုံးတယ်။

အသံထွက်တွေဆို တော်တော် ကြိုးစားနားထောင် ပါမှ နားလည်တယ်
တချို့ အသံထွက်တွေ ဆို အင်္ဂလိပ်မှ ဟုတ်ပါလေစ ဆိုပြီး ဇဝေဇဝါ ဖြစ်တယ်.
ဥပမာပေါ့
duck = ဒွခ်
school = စကောလ်
pork = ပွက်
boots = ဘွိတ်စ်
coat = ကွိတ်
but = ဘွတ် ( အင်္ဂလန်မှာ တစ်ကယ် ဘွတ်ပါတယ် မဘတ်ပါဘူး)
tonight is the night = တူနိ အက်စ် သ နိ
potatoes =တေးတိုး
puma = ပြူးမား
Burma = ဗူးရ်မား
စသည်ဖြင့် ဘယ်လိုမှ နားမလည်အောင်နှိုင်အောင် ပြောကြတယ်..

Liverpool ဆိုရင် နီးနီးလေး မြို့ချင်းကပ်နေတာ ဒါပေမယ့် Liverpool သားတွေနဲ့စကားပြောရင် လှိုင်းစီးနေရသလိုပဲ။
ဝေ့လိုက် ဝဲလိုက် တက်လိုက်မြင့်လိုက်နဲ့ ဪဇီ လေသံမျိုး ( ဖောရင်းကြီးတို့ ပြောနေတဲ့လေသံပေါ့)
ကျောင်းတက်တုန်းက အသံထွက်မှားရင် ရှက်စရာပါ ဆိုပြီးအတင်း အသံ ထွက်ခဲ့ရတဲ့ ဟာတွေ ဆို
There (သဲ) ကို သဲယား
Here (ဟီးရ်) ကို ဟီးယား
Where (ဝှဲ) ကို ဝှဲယား
Again (အဂန်း) ကို အဂိန်း
Flour (ဖလော) ကို ဖလားဝါး
စတာတွေကို အားလုံး ငပိသံပဲထွက်ကြတယ် ။

အဲ ဒါပေမယ့် တီသံထွက်ဖို့ကြတော့ ပျင်းမှပျင်း
My daughter = မိုင်ဒေါ့အား
Computer = ကွန်ပြူအာ
Later = လိတ်အား
Bottle = ဘော့အယ်
Pattern = ပက်အန်
Isn’t it = အင့်အစ်
Western Park =ဝက်စ်အန်းပါက်

အဲဒီလိုထွက်တယ်
စမ်းရွတ်ကြည့် ပါ ဘယ်လောက် အချောင်ခိုထားလဲ ဆိုတာ
တစ်ယောက်နဲ့တစ် ယောက် ဝင်တိုက်မိရင် sorry flower, sorry my love ဆို ပြီးယောင်္ကျားမိန်းမ အကုန်ပြောတယ်။

အဲဒါအကျင့်ပါပြီး စင်္ကာပူ မှာ တုန်းက တရုပ်မလေး တစ်ယောက်နဲ့ဝင်တိုက် မိတာ က်ို ဆောရီး မိုင်လဗ် လို့ ပြောမိလို့ ချာတိတ်မက မိုက်ကြည့် ကြည့်သွားတာခံလိုက်ရဘူးတယ်။

ပုပု ပြောသလို
(မြန်မာလူမျိုးတော်တော်များများသည် အင်္ဂလိပ်စာကို ထမင်းစားရေသောက်လောက်တော့
ပြောတတ်ကြသည်က များလေသည်။
သတိထားဘို့က အဲ့သည် ထမင်းစားရေသောက်တဲ့အဆင့်ကနေမကျော်တာကိုပါ
နောက်ပြီး မြန်မာနိုင်ငံသားတွဟာ ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ဘိ်ု့
ဒီစကားကို ထမင်းစားရေသောက်တော့ အသည်းအသန်သင်ကြရပါတယ်
သူတို့တတ်တဲ့စကားဟာလဲ ထမင်းစားရေသောက်ကလွဲရင်
လုပ်ငန်းဆောင်တာတစ်ခုကို ရပ်တည်နိုင်တဲ့အဆင့်မှီအနေထားမှာမရှိပါဘူး
မြန်မာနိုင်ငံသားတွေ အင်္ဂစကားတော်တော်ပြောတတ်ကြတယ်လို့
လူတွေမှတ်ချက်ချတာကြားခဲ့မိဘူးပါတယ်
မိမိအနေနှင့် သုံးသပ်မိသည်ကတော့
မေးရင်ဖြေ ခိုင်းရင်လုပ်တတ်တဲ့အဆင့်ကနေကျော်နေမကျော်ဘဲ
ဂွတီးဂွကျ လောက်သာရှိတယ်လို့ထင်ပါတယ်)
ဆိုတာ အတော် များများ ဟုတ်ပါတယ် (ကိုယ်တိုင်လည်း အဲဒီ အစားထဲက ပါ)
ဆက်ပြီးမလေ့လာကြတော့ တာ ပျင်းသွားကြတာ လုပ်စားလို့ ရရင်တော်ပြီ ဆိုပြီးနေ လိုက်ကြတာကြောင့် ပါ တစ်ကယ်တော်ပြီးတတ်တဲ့သူတွေလည်း အများကြီးတွေ့ ဘူးပါတယ် ရှိပါတယ်။
အမှန်က အင်္ဂလိပ်စကား (Qeeen’s English ) ကို အမှန်ဆုံး အနီးစပ် ဆုံး တူအောင် ပြောနိုင်တာ အသံထွက် နိုင်တာ အာရှမှာ မြန်မာ ပဲရှိတာပါ။
(အင်ဒီးယန်းတွေ ကအပြောနိုင်ဆုံးပေမယ့် သူတို့နေးတစ် လေသံကို မဖျောကိနိုင်ပါဘူး)
England နဲ့ နီးနေတဲ့ အိမ်နီးချင်း နိုင် ငံက European တွေ တောင် မြန်မာ လောက် မှန်အောင် အသံထွက်မကောင်းကြပါဘူး။
မြန်မာက ရ အောင် ထွက်နိုင်တယ် အတုခိုးလွယ် သင်ရင် အတတ်လွယ်တဲ့ လူးမျိုးပါ။
ကျွန်တော်တို့ အမှန် တစ်ကယ် လိုအပ်နေ တာ က တတ်သလောက်နဲ့ ဘဝင်မမြင့် ရှိသလောက်နဲ့မတင်းတိမ် သိသလောက်နဲ့ ရပ်မနေ မှတ်မိသလောက်နဲ့ ကျေနပ်မနေပဲ ဒီ့ထက် ထို့ထက် ပိုပြီး လေ့လာ ဖတ်မှတ် ကြိူးစားဖို့ သာ လို အပ်ပါ ကြောင်း…….

စာရှည်ရှည် တစ်ခါမှ ဒီလောက် မရေးဘူး တော့ မောပြီး အင်နာဂျီ ကုန်သွားပြီ….အဲဒီ အတွက်
ရေ ချမ်းချမ်းလေး တစ်ခွက်နှင့် ဘဲဥ မှည့်မှည့် တပြူးလောက် ဝမ်းတွင်းသို့ သွင်းပါရစေ
ကျေးဇူးပြု၍ လိမ္မော်သီး ဖွင့် ပေးနိုင်ကြပါ မည်လား
သွင်းထားသော ဘောင်းဘီတစ်တွဲ ကို ဖယ်ထုတ် ပြီး ပုဆိုးတစ် လုံးရလျှင် ထည့်ပါမည်
အကယ်၍ ကြင်နာစွာဖြင့် သင်ဖျာခင်းပေးပါလျင် ကျွန်ုပ် ဖင်ထား ချင်ပါသည်။
သစ်ပင်ပေါ်တွင် ငှက် လင်မယား ထိုင်နေကြသည် ကောင်းကင်တွင် ဖုန်မရှိပါ
ပျံလွှားငှက် များ ကို ကြည့် ပါဟု အင်္ဂလိပ်လို ပြောမိသည် တွင် ဘာကြောင့်မှန်းမသိရပါပဲ ဆီသည် များ ဒရော သော ပါး ထွက်ပြေးကြသည်။ (မှတ်မိသလောက် မြန်မာလို ပြောကြည့်တာ)

42 comments

  • windtalker

    October 11, 2011 at 8:45 pm

    မှန်လိုက်လေ အဘဆွေ ရယ်
    မောင်ပေ တစ်ယောက်ဆိုလျှင် လဲ
    ထမင်းစားရေသောက်လောက်ပဲ
    ပြောတတ်တာကိုး
    ကိုယ့်ဟာကိုယ် ဟုတ်လှပြီ မှတ်နေခဲ့တာ
    အဘဆွေ ပြောမှ ပဲ
    အများကြီးကြိုးစားဖို ့လိုသေးကြောင်း
    ပြန်သတိဝင်မိတယ် ဗျ
    ကျူးဇေး ကျူးဇေး

  • pooch

    October 11, 2011 at 9:08 pm

    ကျမရွာထဲရောက်မှ အဘဆွေရေးတဲ့စာကို မှတ်မှတ်ရရ ဒီတခါပဲတွေ့ဖူးတယ်..
    အဘဆွေပြောတဲ့ ဘာသာစကားဗဟုသုတတွေအတွက်ကျေးဇူးပါပဲ..
    အဘဆွေပြောတာ အမှန်တွေပါ.. ကျမတို့တွေလည်း ဒီထက်မက ပိုလေ့လာရအုန်းမှာပါ.. အများကြီးလည်းကြိုးစားရအုန်းမှာပါ..
    သီတင်းကျွတ်အခါသမယမှာ လူကြီးသူမတယောက်ဆီက ဒီလို အဆုံးအမမျိုးခံယူရတဲ့အတွက် ဝမ်းသာပါတယ်..
    အဘဆွေကိုလည်း ဒီကနေပဲ ရွာရဲ့ ရပ်မိရပ်ဖတယောက်အနေနဲ့ ဂါရဝပြုကန်တော့လိုက်တယ်နော်..
    ကျန်းမာပါစေ..

  • naywoonni

    October 11, 2011 at 9:16 pm

    ကျွန်တော်က ABCD လေးလုံးပဲတတ်ပါတယ်..။ ဒါကြောင့် အားလုံးကိုကိုယ့်ထက်တတ်တဲ့သူတွေဆိုပြီး သတ်မှတ်ထားပါတယ်.. ။ ဒီထက်ပိုတတ်ဖို့ မလိုလို့လားမသိဘူး..။ ဘယ်သူက ဘယ်လောက်သင်ပေးပေး အချိန်တန် ဒုံရင်း ဒုံရင်းပဲ ပြန်ပြန်ရောက်သွားတယ်..။ အဲဒိတော့ ကိုယ်ဖတ်ချင်တာကို စာရိုက်ပြိး ရွာထဲ ဘာသာပြန်ခိုင်းရရင်ကောင်းမလားစဉ်းစားမိသေးတယ်..။ ဆမ္မားဆက်မွန်ရဲ့ အက်ဆေးစာအုပ်သေးသေးလေး ဖတ်နေတာ ဆယ့်ငါးနှစ်လောက်ရှိပြီ..။ ခုထိ တစ်ပုဒ်မပြီးသေးဘူး …။

  • amatmin

    October 11, 2011 at 9:18 pm

    ကျေးဇူးတင်လိုက်တာဗျာ..နဲနဲလေ့လာလိုက်..
    .မေ့လိုက်နဲ့သောကများနေရတာ
    ဒီပို့စ်ဖတ်ပြီးမှပဲ..အားရှိရတယ်..
    သူတို့မှာတောင်မှ မတူတာတွေများနေတာကို..
    ရပ်မနေဖို့သတိပေးထားတာကို.လည်း
    သဘောတကျ..အလေးထားမှတ်သွားပါတယ်ဗျာ…

  • akswe

    October 12, 2011 at 3:46 am

    တခုတ် တရ ဖတ်ပေးတဲ့ မောင်ပေ ကို ကျူးဇေး ပါ တော်။

    ဂါရဝပြုတဲ့ pooch ရေ သာဓုသုံးကြိမ် ခေါ် ပြီး မေတ္တာ ကိုခံယူပါတယ်
    သမီးလည်း ကျမ္မာ ချမ်းသာပါစေ ရန် ဆုတောင်း လိုက်ပါတယ် အဘပို့သသောသန့်ရှင်း သည့် မေတ္တာကို လည်းခံယူပါ။

    ကို နေ ရေ ကျွန်တော် လည်း အဲ့ဒီလို ဖြစ်နေတာ ဘယ်လောက် လုပ်လုပ် ရှေ့ဆက်မတက်တော့ ဘူး။
    ကိုနေ ကမှ ဆမ်းမားဆက်မွန် ဖတ် ဖူးသေးတယ် ကျွန်တော် ကိုင်တောင် မကြည့် ဖူးဘူး အင်္ဂလိပ် ဝတ္တု ကို ပယ်ပယ် နယ်နယ် ဖတ်ဖူးတာဆိုလို့ Henry Carrier ရဲ့ Papillon ဆိုတာ တစ်အုပ်ပဲ ရှိတယ်။

    အမတ်ကြီး ရေ မေ့တော့ မေ့တာပေါ့ ဒါပေမယ့် မေ့တာ ပေါ့ သို့သော် ဆက်သွားနေရမှာပဲ သွားပါ
    မေ့သွားရင် အစက ပြန်စ။ အရေးကြီးတာ က ပေါက်အောင် ပြော နားလည် အောင် ရှင်းနိုင်ရင် ရပြီ ပေါ့။

    • Foreign Resident

      October 12, 2011 at 10:22 am

      အဘဆွေ,
      ကျွန်တော် လည်း English စာ မကောင်းပါဘူး။
      ဒါပေမယ့် ကြားဘူးတာလေးတစ်ခုတော့ ဝင်ပြောပါရစေ။
      English စာ စဖတ်ရင် ကိုယ်စိတ်ဝင်စားမယ့် Subject ကနေစဖတ်ရတယ်။
      နို့မို့ဆို English စာဖတ်တာ ပျင်းသွားလိမ့်မယ်။
      ကျွန်တော်ဆို စစချင်းမှာ Play Boy, Penthouse ကနေစဖတ်တာပဲ။ 😛
      Story လေးတွေဆိုတာ အရမ်းကောင်းပေါ့။ 🙂
      ( PS ; အခုထိလဲ အဲဒီက မတက်တော့ဘူး ) 🙁

      • akswe

        October 12, 2011 at 1:16 pm

        ကိုဖောရင်းကြီးရေ ဒွတ်ခပါပဲဗျာ အဲဒါ စီးကရက်တွေ လေ မကောင်းတာတွေ ပေါ်ကုန်တော့မယ်…..
        ဖောရင်းကြီးပြောတာ အမှန်ပါပဲ…..စာရေးဆရာ ကြီးမင်းသိင်္ခ ကလည်း အဲဒီလိုပြောဘူးပါတယ်။
        ” English စာ စဖတ်ရင် ကိုယ်စိတ်ဝင်စားမယ့် Subject ကနေစဖတ်ရတယ်။
        နို့မို့ဆို English စာဖတ်တာ ပျင်းသွားလိမ့်မယ်။”
        ကျွန်တော် လည်း Harold Robins တို့ Barnes and mills တို့ကနေ စဖတ်တာ ဟီးဟီး..
        နောက် မှ Jack Higgins, James Hadley chase တို့ပြောင်းဖတ် ပြီး စာဖတ်တိုး သွားတယ်။
        သူတို့ ဝတ္တု မြန်မာ ပြန်တွေ မောင်ထွန်းသူ ရေး ထားတာရှိတယ်။ နှိုက်နှိုက် ချွတ်ချွတ်တွေ ဆို
        ဘာရေးထား လဲဆိုတာ သေချာသိချင်တော့ dictionary လှန်ရရော အဲဒီတော့ စာလုံး အသစ်တိုးလာတယ် အဲဒီ စာလုံးတွေ ပဲ နောက် အခန်းတွေ မှာ ခပ်ဆင်ဆင် လေးတွေပြန်ပါ လာတော့ မှတ်မိ သွားတယ် နောက် ဒါမျိုး တစ်အုပ် လည်း တွေ့ရော သွက်သွက်ကြီး ဖတ်လို့ရသွားပြီ။

      • windtalker

        October 13, 2011 at 11:46 am

        အားကျလိုက်ပါဘိ နော်
        ဘိုဖောကြီးကို
        ခင်ဗျားတို ့ဆီမှာက
        လစဉ်ထွက်သမျှ
        လွယ်လွယ်ကူကူ
        ဝယ်ယူ လေ့လာ လို ့ရပေသကိုး

        • Foreign Resident

          October 13, 2011 at 12:47 pm

          ကိုပေတို့လဲ အဲဒီစာအုပ်တွေ
          Internet ကနေ အလွယ်တကူ Download လုပ်လို့ရတယ် မဟုတ်လား

  • youngcat

    October 12, 2011 at 7:02 am

    အဘဆွေရေ(သူများခေါ်လို့လိုက်ခေါ်တာ) ကျွန်တော်ငယ်ငယ်က မှတ်ထားတဲ့မှတ်စုလေးတွေ့
    လို့ကူးရေးနေတာ၊အငယ်က ရေးထားတာစာလုံးပေါင်းအမှားတွေအများကြီးဗျ၊ ကွန်ပျူတာပေါ်မှာ
    မျဉ်းနီတားထားတာတွေ့မှ အဘိဓန်လှန်ပြီးပြင်နေရတယ်။ အမှားတွေကိုပြင်ပေးပါ၊ကျေးဇူးတင်စွာနဲ့
    လက်ခံနေပါတယ်။
    ကျွန်တော်က အင်္ဂလိပ် ကိုသိပ်မကျွမ်းကျင်ပါဘူး။
    ချောင်းကလိပ်ကိုပဲသေချာသိပါတယ်။

  • kai

    October 12, 2011 at 7:12 am

    အမောင်သည်တွင် မေးလိုပါ၏
    ဂရိတ်ဗြိတိန် ဘယ်ရပ်ဌာနီ
    ဘယ်ဆီဌာနေ ဘယ်သို့မည်ပုံ
    ခေါ်တွင်သည်ကို…

    • akswe

      October 12, 2011 at 1:38 pm

      ကိုခိုင်ရေ (ခေါ်ရတာ အားမရလိုက်တာ သဂျီးဆိုတာ ပို အာတွေ့တယ် ခိုင်ချင်းတူနေလို့)
      ကျွန်တော် နေတာ က
      တောင်ပိုင်း ယော့က်ရှိုင်းယား မှာပါ..မြို့က ဘန်စလီ လို့ခေါ်ပါတယ်..မြို့ဆိုပေမယ့်ရွာသာသာ ပါ..
      အနားတစ်ဝိုက် မှာလည်း တောင်ကုန်းတွေ ချိုင့်ဝှမ်းတွေ တောင်ကြားတွေ ကြားထဲမှာ မြို့သေးသေးလေးတွေ အများကြီး ကို ပွနေ အောင် တည်ထားနေထိုင်ကြတယ်။
      wuthering Height ရေးတဲ့ Emile Bronte တို့ ညီအစ်မတွေ နေတဲ့ နေရာန Bronte’s country နဲ့ ၁၅ မိနစ်လောက်ပဲဝေးတယ်။
      အရင် ပထမကမ္ဘာ စစ်အပြီး အဂ်လန် ပြန်ပြီးထူထောင် တဲ့ အချိန် မှာ ကျောက်မီးသွေး အထွက်ဆုံးနေရာ ပေါ့ နောက်တော့ စိုက်ပျိုးရေး လုပ်ကြပြီး လယ်တွေ ယာတွေနဲ့ အပြည့် ဖြစ်သွားတယ်။ လူစုံနေ ထိုင်ကြတယ် ဘာသာစကား မျိုးစုံ ပြောတယ် ဂျစ်ပဆီ နဲ့ ပိုလန်တွေ အယ်လ် ဘေးနီးယန်းတွေ လဲရှိတယ်။ ရှေးကျပြီး ရိုးသားတောဆန်တဲ့ နေရာလေးပါ။

      • kai

        October 13, 2011 at 12:07 am

        အေးဗျာ..
        အင်္ဂလန်က..မြန်မာပြည်ရဲ့ ၅ပုံတပုံလောက်အရွယ်နဲ့.. လူဦးရေကျ..သိပ်မကွာဖူးလို့ တွေ့ရတယ်..။
        ဆိုတော့..ကျပ်ပိတ်သိပ်နေမယ်ချည်း.. ထင်မိတာပဲ..။
        အင်္ဂလိပ်တွေကိုလည်း.. အင်မတန်ဟိတ်ဟန်များပြီး.. လူမျိုးခွဲခြားလို့.. တခြားသူတွေ အဝင်မခံတဲ့..အနေနဲ့..ပုံဖေါ်ထားတာ…။

        အဘဆွေစာကိုဖတ်ကြည့်တော့.. ဖယ်ရီတေးလ်တွေထဲက.. သဘာဝအလှပြန်မြင်ယောင်မိသလိုပဲ..။ ငြိမ်းချမ်းစွာအတူနေကြတာကို.. မြင်ရသလိုပဲ..။ 😆

  • chitmg

    October 12, 2011 at 8:02 am

    တော်တော်ဗဟုသုတရပါတယ်။ဖြစ်နိုင်ရင်လက်တွေ့သူတို့သုံးနေတဲ့ (Slang)ခေါ်မလား
    အဲဒါလေးတွေပါပြောပြပေးပါလား။ပြီးတော့အသုံးချလို့ရမဲ့စာကြောင်း၊စကားစုတွဲလေး(clause/phrase)တွေပါ
    ကျေးဇူးပြုစေချင်ပါတယ်။စောင့်မျှော်ဖတ်ပါမယ်။

  • MaMa

    October 12, 2011 at 8:44 am

    ်အဘဆွေရေ- တစ်ပုဒ်ဆို တစ်ပုဒ် ဆိုသလောက် ပေါက်ပါပေတယ်။
    (အယ်ဒီတာ့ ရွေးစာအဖြစ် stick လုပ်ထားတာတွေ့လို့။)

  • ကြောင်ကြီး

    October 12, 2011 at 9:10 am

    အဘဆွေကွ သူများလို မိုးပေါ်ထောင်မပစ်ဘူး၊ ပစ်ရင် တည့်တည့်မှန်အောင်ပစ်တယ်။ 🙂

  • padonmar

    October 12, 2011 at 9:27 am

    အဘဆွေရေ၊
    ငယ်ငယ်က put ပွတ် but ဘွတ် cut ကွတ် လို့နောက်ခဲ့တာတွေ ဒီလိုဆို နောက်မိတာမှားပေါ့လို့ တောင်းပန်ရတော့မှာဘဲ၊
    ဝှဲယား သဲယား အဲယား တွေလည်း ကြိုးစားပန်းစားပြင်စရာမလိုဘူးပေါ့နော်၊
    ဒါကိုကြည့်ရင် ဘယ်နေရာမှာမှ အမှားလို့ တစ်ဖက်သတ်ပြောမရဘူးလို့ သင်ခန်းစာယူမိပါတယ်၊
    ကျွန်မတို့က အသံထွက်မှန်မှ ပြောမယ်စိတ်ကူးပြီး အဲဒီအသံထွက်ကိုဂရုစိုက်နေရတာနဲ့တင် စကားကပြောမထွက်တော့ဘူး၊
    ဒါကြောင့်ကျောင်းတုံးကဆရာဆူသလိုဘဲ ခွေးအကြီးလှည်းကျိုးနင်းတာမှ အိုင်အိုင်နဲ့ ထွက်သေးတယ်၊
    နင်တို့က လှည်းကျိုးကြီး ခွေးအနင်းတာ တဲ့၊ဘာသံမှမထွက်လို့လေ။
    အဘဆွေ ရေ ဉာဏ်အလင်းရောင်ပေးတဲ့အတွက် သိုင့်ခရုပါ။

  • တညင်သား

    October 12, 2011 at 9:30 am

    အသံထွက် မပီလို့ အားမငယ်တော့ဘူး အဘဆွေ……. 😛
    အမောပြေ မုန့်ဟင်းခါး တစ်ခွက်လောက် ယူသောက်လ …

  • kocho

    October 12, 2011 at 2:39 pm

    ကျနော်ကို စာလုံးပေါင်းပြင်ပေးတာ ကျေးဇူးအထူးတင်ပါ၏ အဲဒီနေ့က လူကအလုပ်ကလဲပင်ပန်:, post ကလဲတင်ချင်နဲ့ ဆရာဆွေကပြော သူကြီးက ပြင်ပေးလို့ပါ ကျေးဇူးကဘာ ပါဗျာ အစဉ်လေးစားလျှက်

  • akswe

    October 12, 2011 at 2:47 pm

    ကြောင်လတ် ..ဘလည်းလိပ်တာတွေ ကိတ်တာတွေ သိပ် မသိပါဘူးကွယ်..

    ချစ်မောင်ရေ (ခေါ်ရတာ ရင်ထဲ ဘယ်လို ဖြစ်မှန်းမသိဘူး ဖိုးသိုးဖတ်သပ်နဲ့)
    ဝိုင်းအားပေးကြလို့ အားတက်သွားပြီး နောက် ဆက်ရေးဖို့ ကြိုးစားနေပါတယ် slung တွေ ရေးပါဦးမယ်နော်။

    မြှောက်ပေးတဲ့မမ ကို သိုင်းအကြီးကြီး ကျူးပါတယ် (မုန့်ကြွေးပါမယ်)

    ကိုကြောင် က လေ ကျွန်တော့်ဆို အမြဲ အချွန်နဲ့ မတယ် ဝိုင်းလုပ်ရင်ခံရအောင် ပြောပေးတယ် ပုဇွန်ခြောက်တွေရထားတာ ပို့ပေးမလို့ဟာ ခု ပို့တော့ဘူး ချိတ်နာတွားဘီ (ဒိုင်းညှောင့်)

    မပဒုမ္မာရေ …
    ပွတ်ပါ ဘွတ်ပါ ကွတ်ပါ
    (ပွတ်သာပွတ် ဘွတ်သာဘွတ် ကွတ်သာကွတ်)
    ခြေနှစ်ခြောင်း ကား လက်ကိုတောင်ရမ်းမြောက်ရမ်း လုပ် ကိုယ် ကို ဘယ်ညာရိမ်း၍ ရပ် လေသံဖြင့်ခပ် သွက်သွက် ရွတ်ဆိုပါ..
    ဘာဒ့်- ငှက်
    ကက် -ကြောင်
    တောင်- မောင်းတိန်း
    ပလိန်း- လွင်ပြင်
    အစဉ် – အောလ်ဝေစ့်
    ဂရေး-မီးခိုးရောင်
    အမှောင် – ဒက်ခ (ဒါက အင်္ဂလိပ် ရပ်)
    မပဒုမ္မာ ကမှတော်သေးတယ် ခွေးအ လှည်းနင်းတာ ကျွန်တော် ဆို အ အ အိပ်မက် မက်သလို ဘာပြန် ပြောရမှန်း မသိ ပဲ ခံခဲ့ရတာတွေ အများကြီးပါ အဓိက က ပြောဖို့သာ လိုရင်းပါနော်။

    တညင်သားရေ ..
    သဲယားအစ် ဘဲရီး မုန့် ဟင်းခါးစား တူမောရိုး ယူ ဝယ် သွက်သွက် ချမ်းပီး တဲ့…
    သည် စိမ်း မရမ်းပြား မကျီးဖျော်ရေ ဇောင်းလျားသီး အန် ချဉ်ရေဟင်း သောက် အောလ်ဆိုး ချမ်းပီး ဆိုပဲ….
    တိုက်တိုက် ဆိုင်ဆိုင် ဘ ဒီနေ့ မုန့်ဟင်းခါးချက် တယ် ဆိုတော့ …
    အိုင် အမ် ဂိုး ရင်းတူဘီ …သွပ်သွပ်သွပ်

  • blackchaw

    October 12, 2011 at 3:29 pm

    ကျွန်တော့် ဘဝမှာ လုပ်ရမယ်ဆိုတာ သိနေပြီး မလုပ်ဖြစ်တဲ့ ကိစ္စ နံပတ် (၁) က
    အင်္ဂလိပ်စာ ဖြစ်ပါတယ် ဆရာ akswe ခင်ဗျား။
    ရွာထဲမှာတော့ Foreign Resident ရဲ့ ရေးပုံကလေးတွေကို လေ့လာပြီး
    ဆရာမ TTNU ရဲ့ ပို့စ်လေးတွေကို လေ့လာဖြစ်ပါတယ်။
    လုပ်စားလို့ရလောက်အောင်ကို မတတ်တာပါဗျာ။
    ဆရာ့ပို့စ်တွေ စောင့်ဖတ်နေပါမယ်။ ကျေးဇူးပါ။

  • weiwei

    October 12, 2011 at 9:27 pm

    အခုမှပဲ ဖတ်ဖြစ်လို့ မန်းတာနောက်ကျသွားတယ် အဘဆွေ …
    ကျွန်မလဲ အင်္ဂလိပ်စာကို ၁ဝ တန်းအောင်ပြီးကထဲက ဆက်မလေ့လာတော့တာ ယနေ့အထိပဲ … အခုဆို တရုတ်စကားကို အင်္ဂလိပ်စကားထက် ပိုပြီးပြောတတ်သွားတယ် …
    ကျွန်မရဲ့ ၁ဝ တန်းအထိ အင်္ဂလိပ်စာက မညံ့ခဲ့ဘူး … ဂုဏ်ထူးတောင်ရခဲ့သေးတာဆိုတော့ (ကြုံတုန်းကြွားတာ) … ဆရာကောင်းကောင်းနဲ့သေချာသင်ခဲ့လို့ အသံထွက်လဲ မှန်ပါတယ် … ဒါပေမယ့် တရုတ်ပြည်ရောက်မှ ကျွန်မပရော်ဖက်ဆာက ကျွန်မပြောတာနားမလည်လို့တဲ့ … 🙁 အင်္ဂလိပ်စာ ပြန်လေ့လာပါလို့ပြောလိုက်လို့ ငိုချင်စိတ်တောင်ပေါက်သွားတယ် … ဒါပေမယ့် အင်္ဂလိပ်စာကို မလေ့လာတော့ဘဲ သူတို့နားလည်တဲ့ တရုတ်စာကိုပဲ လေ့လာဖြစ်သွားတယ် …
    အခုကျတော့ တရုတ်စာက အသုံးမတည့်တော့ပဲ အင်္ဂလိပ်စာကို ပြန်သုံးနေရတော့ ဦးနှောက်တွေလဲ ချောင်ကုန်ပြီ … 🙂

    • Foreign Resident

      October 13, 2011 at 1:33 am

      ” တရုတ်ပြည်ရောက်မှ ကျွန်မပရော်ဖက်ဆာက ကျွန်မပြောတာနားမလည်လို့တဲ့ … အင်္ဂလိပ်စာ ပြန်လေ့လာပါလို့ပြောလိုက်လို့ ငိုချင်စိတ်တောင်ပေါက်သွားတယ် … ”

      Ma Wei Wei,
      ကြုံလို့ပြောရဦးမယ်…
      မြန်မာတွေကို English အသံထွက်မှားအောင်လုပ်တဲ့အထဲမှာ မဂ္ဂဇင်း ဂျာနယ် လဲပါတယ်။
      စာအုပ်ထဲမှာ ရေးလေ့ရှိတဲ့ “ကုမ္ပဏီ / ကုမ်ပဏီ” ဆိုတာကိုစွဲနေလို့၊
      တကယ်က “ကမ်ပနီ” ကပိုနီးစပ်မယ်။

  • weiwei

    October 12, 2011 at 9:30 pm

    Wuthering Heights နဲ့ ဆယ်တန်းအောင်ခဲ့တာဆိုတော့ ရုပ်ရှင်ကို ထပ်ခါထပ်ခါ ကြည့်ဖူးတယ် … အဘဆွေနေနေတဲ့ နေရာကို စိတ်ကူးနဲ့ပုံဖော်ကြည့်လို့ရတယ် … တော်တော်လှတဲ့ တောင်တန်းတွေ မြက်ခင်းတွေရှိမှာပေါ့နော် … သိပ်လှတဲ့ ဘိုမတွေလဲ ရှိမှာသေချာတယ် … အဘဆွေ မပြန်နိုင်ဖြစ်နေတယ် မဟုတ်လား … ??

  • akswe

    October 12, 2011 at 10:28 pm

    မဝေ ရေ …..
    အင်္ဂလိပ်စာ ဂုဏ်ထူးတောင်ရခဲ့သေးတာဆိုတော့ အရမ်းတော်လို့ရတာ သေချာတယ်..
    ကျွန်တော်က ဆရာကောင်းတွေ့ခဲ့ပေမယ့် မကြိုးစားခဲ့လို့ ညံ့တယ် အညံ့ဆုံးကတော့ ဂရမ်မာ ပဲ
    ရွာထဲမှာ တီတီနု သင်ပေးတာတွေ လိုက် ပြီးသင်နေ တယ် သူ့လိုမျိုးတတ်ချင်တာ မတတ်ခဲ့ရဘူး
    စကားပြောနဲ့ နားထောင် တာက က ပြောတတ်သူနဲ့အ နေများရင် တတ်လာတာပါ ဘဲ
    မဝေ တို့လိုဉာဏ် ကောင်းတဲ့ သူတွေ လုပ် ချင် ရင် အလွယ်လေးရယ် အခြေခံကောင်းပြီးသားတွေ..
    Wuthering Heights ကတော့ ဒီမှာလည်း ခုထိ တီဗွီမှာ ပြနေ တုန်းပဲ..
    နေရာတွေကတော့ လှတယ် မဝေ ရေ တော်တော်လှတဲ့ တောင်တန်းတွေ မြက်ခင်းတွေ အပြင် ရေကန် အကြီးကြီးတွေ လေရဟတ်တွေ ရှေးဟောင်း ရဲတိုက်တွေ victorian ခေတ် ကက်သရီဒရွယ် တွေ အများကြီး ရှိတယ်.. တစ်ခုကောင်းတာ က သူတို့ က အလေးအမြတ်တားပြီး ထိမ်းသိမ်းကြတယ် စောင့်ရှောက်ကြတယ်
    ဟောဒီ မြင်ကွင်းလေး ကို မျက်စိထဲ မြင်ကြည့် ပုံဖော်ကြည့် ပါနော်…..
    ကွင်းပြင် စိမ်းစိမ်း နောက်ခံ အကျယ် ကြီး မှာ အခင်းလိုက် စိုက်ထားတဲ့ပန်း ခင်း အဖြူ အပြာ အနီ အဝါ ရောင်စုံတွေ ကို ထင်းရှူးတော အုပ် က ဝန်းရံပြီး စမ်းချောင်းလေးနဲ့ အနားသတ်ထားတယ်…..
    ခပ်လှမ်းလှမ်းက ရေကန်ကြီးထဲမှာတော့ ငန်းဖြူ နီနက်တွေကူး ခတ်သွားလာပြီး ကျေးငှက် တွေ ကလည်း ကောင်း ကင်ပြာ နောက်ခံမှာ ပျံဝဲနေတယ်…..
    ခပ်ညိုညို တောင် ကုန်းတွေ ရဲ့ထိပ်မှာတော့ ခရမ်းရောင် လာဗင်ဒါနဲ့ ဝှိုက် အော့ဖ်သည်ဗဲလီ အဖြူရောင် တွေ က အပြိုင် အဆိုင် လုပြီး နေရာယူထားကြတယ် …
    ခပ်ပြေပြေ မြင့်တက်သွားတဲ့ တောင် ကုန်းလေးရဲ့ အပေါ်မှာ တော့ ဟောင်းနွမ်းနေပေမယ့် သန့်ရှင်း တည်ကြည် စွာ ထီးတည်းကြီး ကြံ့ကြံ့ ခိုင် ရပ်တည် နေတဲ့ ခရစ်ယာန် ဘုရားကျောင်း ကနေ တနဂ်နွေ ဝတ်ပြုဖို့ အချက်မှန်မှန် တီးခတ် အသိပေါ်နှိုးဆော် လိုက်တဲ့ ဓမ္မ ခေါင်းလောင်းသံ ကို လည်း ကြားနေရတယ်….

    ဒါတွေကြောင့် သိပ်လှပါတယ် ဆိုတဲ့ ဘိုမတွေ ကိုလည်း သတိ မထားမိနိုင်တော့ဘူးပေါ့ နော်…

    • weiwei

      October 12, 2011 at 11:29 pm

      ပုံဖော်ကြည့်လိုက်တာ ရုပ်ရှင်ကားထဲ ရောက်သွားသလိုဖြစ်သွားတယ် … ပန်းနံ့ကလေးတွေတောင် ရသွားတယ် …
      သိပ်ကို သာယာတယ်နော် …
      အဘဆွေ ရန်ကုန်ကို ပြန်လာရင် တော်တော်စိတ်ညစ်သွားလိမ့်မယ် …
      ရန်ကုန်မှာနေရတာ အရမ်းမွမ်းကြပ်တယ် …

  • ပေါက်ဖော်

    October 12, 2011 at 11:33 pm

    အဘဆွေကြီး စာခုမှ ဖတ်မိတော့တယ်..
    Nick name ထပ် နာမည်ပြောင် အဘဆွေဆိုပြီး..လူသိပိုများတာ..
    ခုမှသိတော့တယ်..
    ကိုကြောင်ပြောသလို..တစ်ပုဒ်ဆို..ဆိုသလောက်ပဲ..ဗျာ

    ကျနော်လဲ..အင်္ဂလိပ် ဘာသာ စိတ်ဝင်စားပါတယ်..
    ဒါပေမဲ့..အစဉ်တစိုက်..မလေ့လာဖြစ်လို ့..ထမင်းစား ရေသောက်တောင် မကျွမ်းဘူးဖြစ်နေတယ်..

    တစ်နေ ့က ကုလားတစ်ယောက် အင်္ဂလိပ်လို လာပြောတာ..ဘာတစ်လုံးမှ နားမလည်ခဲ့ဘူး..
    ပတွတ်..ပတွတ်နဲ ့…
    အင်္ဂလိပ်လူမျိုးစစ်စစ် ပြောတာ တစ်လုံးနှစ်လုံး နာလည်ခဲ့သေးတယ်..
    အဲကုလားပုဂ္ဂိုလ်ပြောတာတော့..တစ်လုံးမှကို နားမလည်တာဗျာ..
    ရေလည်စိတ်ပိန်တယ်..

  • hmee

    October 13, 2011 at 1:55 am

    အဘဆွေရေ ကျွန်မကတော့ သူများပြောတာ နားလည်တယ်။ ကိုယ်ကတော့ ချက်ချင်း ပြန်မပြောနိုင်ဘူး။ ခဏနေမှ အော်… ဒီလိုလေး ပြောရင်ရရဲ့နဲ့လို့ အမြဲတွေးဖြစ်တယ်။ ငါမလေ့လာလို့ မဖြစ်ဘူးလို့ အမြဲပြောဖြစ်ပေမဲ့ ဒီနေ့ထိ ဒုံရင်း ဒုံရင်းပါပဲ။

  • စုံ စုံ

    October 13, 2011 at 9:24 am

    ဟုတ်ပါတယ် အဘဆွေရေ
    ကျမလဲ အရင်ကတော်တော်လေ့လာခဲ့တယ်လို့ပြောလို့ရတယ်
    ဒါပေမယ့် ဆက်တိုက်လေ့လာတာမဟုတ်တော့ဘဲ လေ့လာလိုက်နားလိုက်လုပ်နေတော့
    ရှေ့ဆက်ကိုခရီးကမပေါက်တော့ဘူး လေ့လာခဲ့တာတွေတောင်မေ့တေ့တေ့ပြန်ဖြစ်သွားတယ်
    ကိုယ့်အတွက်ဒီဘာသာကအရေးကြီးမှန်းလဲသိတယ် ဒါပေမယ့်လဲထိထိရောက်ရောက်ကိုခရီးပေါက်အောင်
    မလုပ်နိုင်ခဲ့တာခုထိဘဲ (အဓိကကတော့အပျင်းကြီးနေတာပေါ့)
    အဲ့ဒါကြောင့် မမှီပြောသလိုဘဲ ဒီနေ့ထိဒုံရင်းကဒုံရင်းပါဘဲ

  • Shwe Ei

    October 13, 2011 at 2:43 pm

    အဘဆွေနဲ့ သဘောထားချင်းတိုက်ဆိုင်သွားပြီဗျို့။ English ကိုတော့ အမြဲလေ့လာနေရမဲ့ ဘာသာရပ်အဖြစ်ခံယူထားပါတယ်။ အခုနောက်ပိုင်းတော့ အပြောဘက်ကို ပိုပြီး ဌာန်ကရိုဏ်းကျကျ တက်ချင်လို့ သင်တန်းထပ်တက်မလားတောင်စဉ်းစားနေမိတယ်။

  • ဆူး

    October 13, 2011 at 3:14 pm

    ဆူး အခု တလော အင်္ဂလိပ် စာဆို ဖတ်ကို မဖတ်ချင်ဘူး။ ပျင်းပျင်းလာတာ.. အဲဒီ အကျင့်က မကောင်းမှန်း သိပေမဲ့ မလေ့လာပဲ မဖတ်ပဲ နေတော့ မိခင် ဘာသာ စကား မဟုတ်တဲ့ အတွက် သိပြီးသား ရှိပြီးသား အသိပညာတွေက မှိုတက်ကုန်ပြီ။ ခရီးသွားရင်လည်း ဂိုက်တွေက တရုတ်လိုပြောလိုက် အင်္ဂလိပ်လို ပြောလိုက်နဲ့ ဆိုတော့ တရုတ်လို နားမလည်တာ အင်္ဂလိပ်လို သိ.. အင်္ဂလိပ်လို နားမလည်တာ တရုတ်လို သိ အဲဒီလိုနဲ့ လျှောက်သွားနေတာ.. ဘာမှ ရေရေရာရာ ထူးချွန်တာကို မရှိလှဘူး။ ပိုစ် ကနေပြီးတော့ ဆူး မသိသေးတာတွေ အများကြီး သိလိုက်ပါတယ်။ အဲဒီလို ဘိုတွေ လာပြီး ပြောရင်တော့ ဘာမှ သိမှာ ကို မဟုတ်တော့ဘူး။ ဖတ်စာအုပ်ထဲမှာ သင်ထားတဲ့ စာနေလိုမျိုး အစီအငေါ်မတည့် ပြောတယ်လို့ ပြောရမလားပဲ.. ဆူးက စာအုပ်ထဲမှာ သင်တဲ့ အတိုင်းပဲ သိတာ ..ဟိဟိ.. ကျေးဇူးတင်ပါတယ်။

  • etone

    October 13, 2011 at 3:31 pm

    အဘဆွေပြောတာ ဟုတ်တယ် .. ကျွန်မတို့လည်း … Good morning လောက် … ပြောတတ်တာကို တော်အီး လျှော်အီး မှတ်နေကြတာ … ဆက်လက်လေ့လာ ဆည်းပူးသင့်တာတွေကို … အမှုမဲ့ အမှတ်မဲ့နေရင်း … နွားခြေရာခွက်ထဲရောက်နေတော့တာပဲ 🙄

  • thuyazaw21451

    October 13, 2011 at 4:21 pm

    အဘဆွေရေ ကျေးဇူးပါ။ ကိုယ်ပြောတာကို စကားနားမလည်နိုင်လို့ စိတ်ဓါတ်ကျနေတဲ့သူ ဖြစ်ဖြစ်နေတော့ မပြောတော့ဘူးနေတာ။ အင်္ဂလိပ်စာ အရှည်ကြီးတွေဆိုသိပ်မဖတ်ချင်တော့ဘူး။ အခုတော့ကြိုးစားရင် ရနိုင်မှန်းသိသွားပါပြီ။ ကိုယ့်ကိုယ်ကိုယ်လဲ အားမငယ်တော့ပါဘူး။ အဘဆွေရဲ့ စာဖတ်ပြီးအားတက်တယ်။ ကျေးဇူး ကမာ္ဘာဆိုင်ရော (ဘယ်လိုတင်ရမှန်းမသိပဲ ကချင်လိုတက်သလို တင်လိုက်တယ်နော်) :thankyou

  • ရွှေအိမ်စည်

    October 14, 2011 at 1:33 pm

    အဘဆွေရေ..
    ကြုံတုံးဒါလေးမေးချင်တယ်..။ကျနော်တို ့ကစာတွေ ့ဘဲသုံးရတော့Grammar
    British and American Englishသုံးပုံမသိလို ့မေးချင်နေတာအတော်ဘဲ….။
    အဘဆွေစာလာလာဖတ်တာ4ခါမြောက်နော်….သိအောင်ပြောပြတာ..
    သက်ကြီးစကားသက်ငယ်ကလည်းကြားချင်နေတာ…….

    အမေရိကန်တွေ US ကတချို ့နေရာတွေ မှာ

    Simple Past Tense အသုံးပြုတဲ ့အခါ

    ဗြိတိန်လူမျိုးGBတွေ က Present Perfect ကို အသုံးပြုကြတယ်..တဲ ့။

    US- He just went home

    GB-He’s just gone home.

    နောက်တခုသုံးပုံ have ကိုကြည့်ရအောင်

    US- Do you have a problem?

    GB- Have you got a problem?

    အဲ ့သလိုမျိုးလားစကားပြောမှာသိချင်တာလေးကူညီပေးပါအုံးနော်…..
    ဟုတ်ရင်ဟုတ်တယ်..
    .မဟုတ်ဘူးလောက်ပါဘဲ..ကျနော်အသုံးလေးသိချင်နေတာ….

    လေးစားလျှက်
    အာလူးပူတီ

  • လင်းဝေကျော်

    October 14, 2011 at 3:29 pm

    ဖောရင်းကြီးလည်း ခုမှ မြန်မာလိုရိုက်တော့တယ်။
    ယူအက်စ်၊ယူကေ၊ဩဇီ စုံညီနေကြပါပေါ့လား။
    ကိုအောင်ခိုင်ဆွေ ပြောတဲ့ မပီကလာ လျှာတစ်ဝက်နဲ့ ပြောကြတဲ့ အသံထွက်တွေကတော့
    အင်္ဂလန်မှာ အင်္ဂလိပ်တွေမှ မဟုတ်ပါဘူး။ မြန်မာပြည်မှာလည်း မြန်မာသံတွေကို လေဖြတ်လျှာနဲ့ တီဗွီပေါ်တက် ပြီး ပြောတောင်နေကြပါပြီ။ တစ်ချို့က ပညာမတတ်လို့ စကားသံမပီတာ။
    တစ်ချို့က အမြင်ကတ်ချင်စရာကောင်းအောင် ဟန်လုပ်လွန်းတော့ လေသံမပီတာ။
    ကျနော့်အထင် ဘယ်နိုင်ငံမှာဖြစ်ဖြစ် စာမတတ်တဲ့သူ(လူဖျင်းတွေ)နဲ့ သောက်ပိုဟန်လုပ်တွေရှိတော့ ဘာသာစကားတိုင်းမှာ သူ့မိခင်ဘာသာစကားကို မူလ အသံထွက်အစစ်နဲ့ လွဲပြီး စကားပြောနေတဲ့ လူတန်းစားတွေ ရှိနေကြမယ်ထင်ပါတယ်။ သို့သော် အတုတော့မယူသင့်ပါကြောင်း။
    (စင်းကြွာ၊ ၊ဆီသည်လေးတွေတော့ ချမ်းသာပေးလိုက်ပါ။ )

  • akswe

    October 14, 2011 at 10:36 pm

    ပေါက်ဖော်ကြီးရေ ဘလည်းရောက်စက ဘာမှကိုနားမလည်ဘူး နောက်မှ ဟုတ်သွားတာ ကုလားလေသံကတော့
    ဒူဘိုင်းမှာ ရ နှစ်လောက် အတော် ခံလိုက်ရတယ် အခုတော့ နားရည်ဝသွားပြီ။

    မှီ့လိုပဲ အမြဲဖြစ်ခဲ့ဘူးတယ် ရန်ဖြစ်တဲ့အချိန်ပိုဆိုးသေး ဒေါသကထွက် ပြောစရာစာလုံးက ရှာမရ စာစီဖို့ကမေ့ဆိုတော့ ဗမာလိုပဲဆဲ လိုက်ရတယ်…သူ့ဆီကနားထောင် သူများကိုပြန်ပြောတဲ့ ဒီလိုသင်ရတာပဲ။

    စုံစုံနဲ့ ရွှေအိလေးတို့ ရေ အမြဲ အင်တချ် ဖြစ်နေတော့ ပိုကောင်းတာပေါ့နော် သိချင်းတွေနားထောင်ပြီး လိုက်ဆို သတင်းကြေငြာတာ နောက်က လိုက်ပြော ကြာတော့လျှာသွက်သွားတာပေါ့ အဖော်ရှိရင်ပိုကောင်းတယ်
    ဒီသီချင်းစာသားတွေ သတင်းတွေပဲ စကားပြောတော့ သုံးကြရတာ စကားလူံးတိုးဖို့တော့ စာဖတ် ရင်ရပါပြီ…

    ဆူးရေ တစ်ကယ်ပြောတဲ့အခါကြတော့ အဘတို့သင်ထားရတာတွေ နဲ့ မပြောကြတော့ဘူး ဂရမ္မာပဲ ကျန်တယ်
    ဥပမာ..have you had your breakfast ?လို့မပြောဘူး finished breakfast ? finished your meal? ဆိုပြီး လေသံမှာ အမေးလေးထည့် လိုက်တာပဲ….

    တုံးတုံးရဲ့ အမှန်က ဘတို့တွေ ကိုယ်လိုနေသေးတယ် ဆိုတာသိကြပါတယ် လေ့လာ ရမှာကို ပျင်းတာက ခံနေတော့ ရှေ့မရောက်တာ တစ်ကယ်လို့ ကိုယ့်ဘေးနားမှာ အင်္ဂလိပ်စာအရမ်းကောင်းတဲ့ ပြောနေတဲ့သူရှိနေ ရင် ကိုယ်ပါရောပြီးတော်သွားတယ် မှားနေရင် ချက်ချင်းပြင်ပေးနိုင်တဲ့သူမျိုးပေါ့ နောက် မပြောမဖြစ် အနေအထားရှိရင်လဲပြော နိုင်သွားပါတယ်..

    သူရဇော် ရေ အားတက်သွားတယ်ဆိုလို့ ဘရေးကြိုးနပ် ပါတယ် စာရေးမသွက်တော့ ရေးရ အရမ်းပျင်းတာ
    ဆက်လုပ်ပါ နောက်ရသွားမှာပါ လုပ်ဖို့သာလိုရင်းနော်

    အာလူးပူရီလေး ဘ အမေရိကန်သုံးတော့ မသိပါဘူး ရုပ်ရှင်တွေထဲမှာတော့ ကြားဘူးထားတာဆိုရင် ရွှေအိမ်စည် ပြောတာ ဟုတ်ပါတယ်
    အင်္ဂလိပ်က တော့present perfect သိပ်သုံးတာ အမှန်ပဲ
    ဘတို့ က မပြီးသေးဘူးဆိုရင် not yet လို့ အပြောများပေမယ့်အင်္ဂလိပ်က not just yet တဲ့
    GB- Have you got a problem? ဆိုရင် got တောင်မပါတော့ဘူး have you any problem? ဒီလို..
    I do not have one ဆို I am not having one လို့သုံးတယ် နောက်မှဘ စာကြောင်းလေးတွေ ရေးဦးမယ်

    ကိုလင်းဝေကျော် တော်တော် စာဖတ်စေ့တယ် ဘယ်သူများ ဒီစာကြောင်းကို အင်္ဂလိပ် လိုဘာသာပြန်ပြီး ရီပါ့မလဲလို့ စောင့်နေတာ…အင်္ဂလိပ်စကားပြန် တစ်ယောက်ဈေးထဲမှာ(see the swallow) လို့ အော်မိတာ ဆီသည်တွေ က ငါတို့တော့ အကောက်ကြံခံရပြီ ဆိုပြီး ထွက်ပြေးကြတယ် ဆိုတဲ့ ဟာသလေးပါ..

    ကိုလင်းဝေကျော် ပြောသလိုပါ ပဲ ..
    ” ဘယ်နိုင်ငံမှာဖြစ်ဖြစ် စာမတတ်တဲ့သူ(လူဖျင်းတွေ)နဲ့ သောက်ပိုဟန်လုပ်တွေရှိတော့ ဘာသာစကားတိုင်းမှာ သူ့မိခင်ဘာသာစကားကို မူလ အသံထွက်အစစ်နဲ့ လွဲပြီး စကားပြောနေတဲ့ လူတန်းစားတွေ ရှိနေကြမယ်ထင်ပါတယ်။ ”
    ရှိလည်းရှိနေပါတယ် အမေရိကားမှာ လူမည်းတွေ အင်္ဂလန်မှာလည်း သူတို့ တွေနဲ့ ဂျစ်ပဆီတွေ လူငယ်တွေ ပြောကြတယ်…
    ဟန်လုပ်တယ်ဆိုလို့ ကျွန်တော်လည်း ရန်ကုန်မှာ ဟော်တယ် လို့ အသံမထွက်ပဲ ဟိုထယ်လ် လို့ ထွက်မိလို့သောက်မြင် ကပ်ခံလိုက်ရဘူးတယ် သူ့ကိုယ်သူ ဘဝင်မြင့်နေတယ်တဲ့လေ…

  • Don Juan Ronald

    October 14, 2011 at 11:17 pm

    US မှာနေထိုင်သောတရုတ်လင်မယားနှစ်ယောက်သည်၊တနေ့တွင်ကား accident ဖြစ်သွားသည်၊ကားသည်လမ်းဘေးတိုင်နှင့်တိုက်မိ၍ယေကျာ်း၏ခြေတောက်သည်ကားထဲတွင်ညှပ်မိကာအပြင်ထွက်မရ၊ဘေးမှာရှိတဲ့မိန်းမကတော့ဘာမှမဖြစ်သော်လည်းအရမ်းလှန့်သွားသည်၊ 199 ကိုခေါ်ဖို့အဲဒီတုံးက hand phone လည်းမပေါ်သေး၊ခက်တာကအရေးထဲအဲဒီတရုတ်မ၊ကဗိုလ်လိုသိပ်မပြောတတ်၊ဗိုလ်လိုပြောတတ်တဲ့ယေကျာ်းကမလှုပ်နိုင်၊မတတ်နိုင်တော့မိန်းမလည်းဘာဖြစ်ဖြစ်အနီးနားရှိဗိုလ်အိမ်ကိုအကူညီတောင်းရတော့တာပေါ့၊တံခါးဖွင့်၍ထွက်လာတဲ့ဗိုလ်ကိုတရုတ်မကြီးကခေါင်ညွတ်ကာအရိုအသေပေးပြီးဘယ်ဘက်လက်ကိုညာဘက်ညိုးပြီး “ one car come ” ညာဘက်လက်ကိုဘယ်ဘက်ညိုးပြီး “ one car go ” ပြီးလက်နှစ်ဖက်ကိုရိုက်လိုက်ပြီး “ two car ban ! ban ! ban ! ” ၊ညာဘက်လက်ကိုလက်သီးဆုပ်၍လက်မနှင့်လက်သန်းကိုထောင်ကာနားရွက်နားကိုကပ်၍ “ please အွမ်အီ~~~အွမ်အီ~~~အွမ်အီ~~~” လို့ပြောပြလိုက်သည်၊ဗိုလ်သည်လည်းချက်ချင်းသဘောပေါက်ပြီး 199 နှင် ့ ambulance ကိုခေါ်ပေးလိုက်ပါသည်၊အရေးပေါ်အရေးကြီးရင်အဲဒီ Sino-Englishလည်းသုံးလို့ကောင်းကြောင်းတင်ပြအပ်ပါသည်ခင်ဗျား။

  • Crystalline

    April 14, 2014 at 2:59 pm

    ဒီနှစ်.. နျူးရဲရစလူရှင်းက တစ်နေ့ကို အင်းဂလိရှ်ဘိုင်ဘာ တစ်မျက်နှာဖတ်မယ်ဆိုတာပဲ.. ဒါပေမယ့် အခု မြန်မာနှစ်ကူးတောင်ရောက်တော့မှာပေါ့… :(( စာအုပ်တောင်မရှာရသေးဘူး..နာက်မကျသေးပါဘူးလေ.. မြန်မာနှစ်ကူးမှစလိုက်မယ်… :mrgreenn:

    • ကေဇီ

      April 14, 2014 at 3:03 pm

      ကရင် နှစ်ကူးမှ စရင် ပိုကောင်းမားးးးး :mrgreenn:

      • Crystalline

        April 14, 2014 at 4:01 pm

        စာအုပ်ရှာရင်းနဲ့ အဲ့လောက်တော့ရောက်သွားလောက်တယ်.. 😀

  • ကျော်စွာခေါင်

    April 15, 2014 at 12:46 am

    ဘဆွေ
    ဖတ်ရတာ ဗဟုသုတ ရတယ်ဗျာ..
    ကျနော်က နော်ဝေးမှာနေတာပါ..
    ဒီမှာ လဲ နော်ဝေဂျင်တွေဆိုပေမယ့် လေယူလေသိမ်းတွေ အသုံးအနှုန်းတွေက တော်တော်ကွဲလွဲကြပါတယ်..
    နည်းနည်းမှားတာနဲ ့ ရွာလည်တော့တာပါဘဲ..
    ဒီမှာက ဥပမာ…
    ကျနော် ဘဏ်ကို သွားချင်တယ် လို ့ ပြောမယ်ဆိုရင်
    ဲJeg vil go til banken….* စာစကား…
    တစ်ကယ်ပြောတော့ go ကို ဖျောက်ထားပါတယ်..
    ကျနော်က ဘဏ်ကို ဘန် ့ကဲန် လို ့ ထွက်ရမှာကို…
    ဒီဇိုင်းဌာနမှာ လုပ်တုန်းက
    Jeg vil til banker ယိုင်း ဗီးလ် ထေးလ် ဘန် ့ကဲရ် လို ့ ပြောလိုက်တော့
    မန်နေဂျာက …Til meg ထေးလ် မိုင်း ( ငါ့ကိုလား )လို ့ ပြန်မေးတယ်..ကိုယ်ကလဲံ သူ ့ကို အကြောင်းကြားခွင့်တိုင်တာဆိုတော့
    JA…လို ့ ထပ်ပြောလိုက်တာပေါ့..
    သူက မျက်နှာတွေနီပြီး…. Zaw, Det er ikke bra ဇော် ဒဲ အာ အီကဲ ဘရာ့
    ဇော် အဲဒါတော့ မကောင်းဘူးပေါ့…
    ကိုယ်ကလဲ ဘဏ်မှာ ပိုက်ဆံပေးရမှာဘဲ တွေးပြီး
    ဲJo….det er veldig bra… ယွူ ဒဲ အာရ် ဗယ့်လ်ဒိဘရာ့ အဲဒါကောင်းပါတယ်လို ့ ထပ်ပြောတော့ …
    ဘေးလူပါ ခေါ်ရှင်းမှ အားနာလိုက်တာဗျာ
    ဘန် ့ကင်းန်…. နဲ ့ ….ဘန် ့ကဲရ် နည်းနည်းလေးလွဲတာ..
    ကျနော် မန်နေဂျာကို ပြောလိုက်တာက
    “ ငါ မင်းကို ကန် ချင်တယ်” ဖြစ်နေတာဗျ…
    လေယူလေသိမ်းကတော့ နော်ဝေ စကားလဲ မလွယ်ဘူး….

  • Iris

    April 15, 2014 at 7:52 pm

    ဦးခေါင်ကရီရတယ်…ပြီးခဲ့တဲ့ပရောဂျက်က ဒီပီ ဆော့ဝဲလ် အင်ယာလေးက နော်ဝေးဂျင်းလေး..သူအင်းဂလိရှ်လိုပြောရင်ငေးကြည့်ရလောက်အောင်ကြည်နေတာပဲ. အခုထိနားမလည်တာက အင်းဂလိရှ်တွေ ပြောတာရယ်. အမေရိကန်တွေ ပြောတာရယ်. Perth ဩဇီသားပြောတာရယ်..မီတင်မှာသူတို ့မေးမှာကိုအရမ်းကြောက်တာ.အင်းဂလိရှ်တွေပြောတာအရမ်းမြန်ပြီး. အမေရိကန်တွေက စကားလုံးအဆန်းတွေ သိပ်သုံးသလိုပဲ။

Leave a Reply