ပြည်တွင်းရှိ သွားလာရန်ခက်ခဲသည့် ဒေသများသို့ပြေးဆွဲရန် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတစ်ခုမှ မြန်မာ့လေကြောင်းလိုင်းနှင့် ပူးပေါင်း၍ လေကြောင်းလိုင်းသစ် ထူထောင်မည်ဟုသိရ

BayoteMay 18, 20101min773

ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းစု တစ်ခုမှ လေကြောင်းလိုင်းသစ် တည်ထောင်၍ ပြည်တွင်းရှိသွားလာရန် ခက်ခဲသည့် ဒေသများသို့ မြန်မာ့လေကြောင်းလိုင်းနှင့် ပူးပေါင်း ပျံသန်းပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းစု တစ်ခုမှ တိုင်းရင်းသားပိုင်ပုဂ္ဂလိက လေကြောင်းလိုင်းသစ်တစ်ခုကို တည်ထောင်ကာမြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများ လက်ရှိပြေးဆွဲပေးနေခြင်း မရှိသော သွားလာရန်ခက်ခဲပြီး လေယာဉ်ကွင်းရှိရာမြို့များသို့ ကူးသန်း သွားလာနိုင်သည့် လေကြောင်းခရီးစဉ်များကို မြန်မာ့လေကြောင်းလိုင်း နှင့်ပူးပေါင်းပျံသန်းသွားရန် စီစဉ်နေကြောင်းသိရသည်။မြန်မာ့လေကြောင်း၏ UBA မှ BAC အဖြစ်သို့ ပြောင်းလဲလိုက်ချိန်တွင် ခရီးသည်၂ဝဦးဆန့်သော တွင်း အော်တာလေယာဉ် ၈ စင်းဝယ်ယူကာ သွားလာရန်ခဲသည့်ဒေသများ ဖြစ်ပြီး လေယာဉ်ကွင်းငယ်များရှိသော ကျောက်တု၊ ပလက်ဝ၊ ပေါက်၊ ဖားပွန်၊ ဖားအံ၊ ပုလော၊ ပုလဲကျွန်း၊ မိုင်းတုံ၊ မိုင်းဆတ်၊ တာလေ၊ မိုင်းယောင်း၊ လုံးခင်း၊ တနိုင်း၊ နောင်မွန်း၊ နမ္မတူ၊ မိုးမိတ် စသော ဒေသများသို့ ပြေးဆွဲခြင်းများရှိခဲ့ကြောင်း သိရသည်။  နောက်ပိုင်းတွင် အကြောင်းကြောင်းကြောင့် ရပ်တန့်သွားခဲ့ပြီး ယခုအခါတွင် အဆိုပါ  ခရီးစဉ်များကို ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ် ကြောင်း သိရှိရသည်။

”အရင်က တွင်းအော်တာ လေယာဉ်အသေးလေးတွေနဲ့ လေယာဉ် ကွင်းသေးလေးတွေရှိတဲ့ သွားလာရ ခက်ခဲတဲ့နယ်စပ်မြို့တွေ၊ ပြည်မနဲ့ဝေးတဲ့မြို့တွေကိုပါ ပျံသန်းပေးတာ ရှိခဲ့တယ်။  သွားလာရခက်ခဲတယ်၊ အဲဒီမှာ လေယာဉ်ကွင်းတိုလည်း ရှိမယ်ဆိုရင် ပျံသန်းပေးဖို့ပါ။ ကွင်းတိုဆိုတာကတော့ မြေညီမယ်၊ ကွင်း အနေအထားက ဘောလုံးကွင်း သာသာပဲရှိမယ်ဆိုရင် လေယာဉ်ဆင်းလို့ ရနိုင်ပါတယ်”ဟု လေကြောင်း လိုင်း အသိုင်းအဝိုင်းနှင့်နီးစပ်သူ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လက်ရှိအချိန်တွင်မူ ပြေးဆွဲမည့်ခရီးစဉ်အတိအကျမှာ ထွက်ရှိလာခြင်းမရှိသေးဘဲ ပြေးဆွဲမည့် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ် ကိုလည်း အင်းလေး လေကြောင်း လိုင်းဟု အမည်လျာထားပေးမှုများ ရှိကြောင်းနှင့် ခရီးစဉ်ပြေးဆွဲရန် လေယာဉ်များဝယ်ယူခြင်း စသည့် လိုအပ်မှုများကို ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်လျက်ရှိကြောင်း လေကြောင်းလိုင်း တည်ထောင်မည့် စီးပွားရေး လုပ်ငန်းစုနှင့် နီးစပ်သည့်အသိုင်း အဝိုင်းမှ စုံစမ်းသိရှိရသည်။

Source : Weekly Eleven

3 comments

  • susunosuki

    May 18, 2010 at 7:55 am

    လေယာဉ်တွေ ပျံသန်းပေးတာ ပြည်ပခရီးသည်တွေ အတွက်လည်း အဆင်ပြေနိုင်ပါတယ်
    တိုးတက်လာတဲ့ ပြယုဂ်ပေါ့ ဗျာ
    ဝမ်းသာ ပါတယ်

  • kopauk mandalay

    May 18, 2010 at 4:42 pm

    ခဏလေးနဲ.မကိုက်လို.ဆိုပြီးရပ်ရပ်သွားတာကိုတော.စိတ်ညစ်တယ်

  • bigcat

    July 18, 2010 at 3:47 am

    U.S. is opening a new flight for Burma and the flight schedule is as follow:
    Airliner : U.S. air forces
    Aircraft: B52 bombers and F-111 stealth fighters
    Departure: Air force bases in Thailand and Philippines
    Arrival: Kyat Pyay City (exactly junta’s residences)
    Passenger: 2000 Lbs bombs and cruise missiles
    Air fares: Free

Leave a Reply