ဂျာနယ်ဖတ်ခြင်း

မောင် ပေOctober 11, 20111min17413

မင်္ဂလာပါ ခင်ဗျား

ဂေဇက်လာ မိတ်သဟာများနဲ ့ဂေဇက်ဝင်များ အတွက် အပျင်းပြေစေဖို ့ ၊ ကျွန်တော် မောင်ပေ ရဲ  ့တစ်ပါတ်အတွင်း ဖတ်ဖြစ်ခဲ့တဲ့ သတင်းများကို ပြန်ပြောပြချင်ပါတယ် ။

ကျွန်တော့် သတင်းလေးတွေ ဟာ ဆိုရင် သတိထားစရာလေးတွေ ပါသလို ခိုးလိုးခုလု ဖြစ်စရာ လည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ် ။

ဦးစွာပြောချင်တာကတော့ ၊ ကျွန်တော့် ရဲ  ့တစ်နေ ့တာ လုပ်ငန်းဆောင်တာများထဲမှာ ဟိုပြေး ဒီပြေး ခရီးစဉ်လေးတွေ လဲ ပါပါတယ် ။

တစ်ခါတစ်လေကြတော့ အချိန်တော်တော်ကြာအောင် ထိုင်စောင့်ရတဲ့ အလုပ်မျိုးလည်း ရှိပါတယ် ။

ထိုအခါ မျိုးဆိုလျှင် ဟိုဒီပြေးလွှားရင်း လမ်းက ဝယ်လာတဲ့ ၅၀ဝကျပ်၊၆၀ဝကျပ်၊၇၀ဝကျပ် အသီးသီးတန်ဘိုးရှိ ဂျာနယ် များ ကို ၊ ထိုစောင့်ရတဲ့ အလုပ်နှင့် တိုးလျှင် အချိန်အလကား မဖြစ်ရလေအောင် အေးအေးလူလူ ထိုင်ဖတ်ဖြစ်ပါတယ် ။ ပုံမှန် အတိုင်းဆိုရင်တော့ အချိန်သီးသန် ့ပေးဖတ်ဖို ့အဆင်မပြေပါဘူး ။

ဒီတစ်ပါတ် ကျွန်တော် ဖတ်ခဲ့တဲ့ ဂျာနယ်တွေထဲ က ထူးထူးဆန်းဆန်းလေး တွေ ၊ တွေးစရာ လေး တွေ ၊ ခိုးလိုးခုလု ဖြစ်စရာ လေးအချို  ့ကို ပြန်ပြောခွင့်ပြုပါနော် ။

(၁) “ အနှိပ်ခန်း သွား မြို  ့လား ”

ကျွန်တော် တို ့ဆီက ညီညီ၊ကိုကို၊ဦးဦး၊ဘိုးဘိုး များ ဟာ အမျိုးသမီးတွေ နှိပ်ပေးတဲ့ အနှိပ်ခန်းတွေ ကို သွားတော့မယ် ဆိုရင် ၊ ဒီလိုမျိုးတွေ ရှိပါတယ်လို ့ဆေးပညာလေ့လာတွေ ့ရှိချက် က ဆိုထားပါတယ် ။

အနှိပ်ခန်းမှ အမျိုးသမီး တွေဟာ ဆီးပူညောင်းကျ ရောဂါ ဖြစ်နေတဲ့ လူတစ်ယောက်ရဲ  ့ပေါင်ရင်းကို နှိပ်နယ်ပေးပြီး လက်မဆေးဘဲ ၊ နောက်လူတစ်ယောက်ရဲ  ့ပေါင်ရင်းကို ထပ်မံ နှိပ်နယ်ပေးလိုက်မယ် ဆိုရင် ၊ နောက်လူ ဟာ လိင်မဆက်ဆံလိုက်ရဘဲ ဂနိုရောဂါ ကူးစက်ခံရလိုက်ရတာ မျိုး ရှိလာနိုင်ပါတယ် တဲ့ဗျာ ။

ဒါကြောင့်  အနှိပ်ခန်း ကို များ ရောက်ခဲ့လို ့ရှိရင် ၊ သတိထား ဆင်ခြင်ပြီး အနှိပ်ခံကြပါစို ့ နော် ။

(၂)  “ သတိ !  ရန်ကုန်မြို  ့မှာ အင်တာနက်လိုင်းတွေ မမြန်ရ ”

ဒီဇင်ဘာ ၁ ရက်နေ ့က စပြီး မြန်မာ ဗီဒီယိုများကို ဒီဗွီဒီ ဖြင့်သာ ကူးရတော့မယ် လို ့သိရပါတယ် ။

အဆိုပါသတင်းနဲ ့ပတ်သက်ပြီး ကြာသပတေးနံ နဲ ့နာမည်စတဲ့ ဒါရိုက်တာ တစ်ယောက် ရဲ  ့အမြင်လေး ကို ပြောပြချင်ပါတယ် ။

ဗီစီဒီ ကနေ ဒီဗွီဒီ ပြောင်းတာဟာ ဖြစ်သင့်ပါတယ် တဲ့ ။ နိုင်ငံတကာမှာ ဗီစီဒီ က မရှိသလောက် ဖြစ်နေပါပြီ ။

Blue Ray( ဘလူးတွင် အီးပါမပါ မသေချာသဖြင့် အီးထည့်ရေးလိုက်ပါသည် )  ခေတ်ကို ရောက်နေပါပြီ ။ ဒီဗွီဒီ ဆိုရင် ခိုးကူးပပျောက်ဖို ့အထိုက်အလျောက် တားနိုင်မှာ ဖြစ်ပါတယ် ။

လုံးဝ ခိုးမရအောင်တော့ လုပ်ဖို ့ခက်ပါတယ် ။ ဗီစီဒီ လို အလွယ်ခိုးကူးနေတာကိုတော့ တားလို ့ရပါတယ် ။

ယနေ ့ဗီဒီယို ဈေးကွက် အနေအထား အရ ကျေးလက် ဈေးကွက် ဟာ လက်လှမ်းမမှီတော့ပါဘူး ။ မြို  ့ပေါ်လောက်ပဲ ကျန်ပါတော့တယ် ။

ဗီဒီယို သမားတွေရဲ  ့အဓိက ဈေးကွက်ဟာ ရန်ကုန် ဖြစ်ပါတယ် ။ ဒါတောင် ရန်ကုန်က ခွေဆိုင်အားလုံးက မဝယ်ကြပါဘူး ။

တချို  ့ဆိုင်တွေ ဆိုရင် မြန်မာကား လုံးဝ မတင်ကြတာကို တွေ ့ရပါတယ် ။ ခိုးကူးသမားတွေ များလာတာကြောင့် ရန်ကုန်ကိုသာ အခြေခံနေရပါတယ် ။

ဒါတောင် မှ အင်တာနက် က နှေးနေသေးလို ့ပါ ။ နယ်ကို ပေးလိုက်ရင် နောက်နေ ့အင်တာနက် ပေါ် တန်းရောက်သွားပါပြီ ။ ဒီတော့ အင်တာနက် ဆီ ပြေးကြည့်ရုံပါပဲ ။

နိုင်ငံခြားကား ကြည့်တဲ့ ပရိသတ် ဆိုရင် အရင်လို ခွေမဝယ်တော့ပါဘူး ။ အင်တာနက် က ပဲ ကြည့်ပါတယ် ။

ရန်ကုန်မြို  ့ရဲ  ့အင်တာနက်တွေသာ ပိုမြန်လာမယ် ဆိုရင် ရန်ကုန်မြို  ့ရဲ  ့ဗီဒီယို ဈေးကွက် ဟာ ထပ်ကျ သွားဖို ့ပဲ ရှိပါတယ် လို ့ပြောသွားပါတယ် ။

( စကားချပ် ။ ဗီ ရေးလိုက် ဗွီ ရေးလိုက်  ကို သည်းခံတော်မူကြပါ  )

(၃) “ ဒီတစ်ပါတ် ဂျာနယ် ထဲက Biography  (သို ့မဟုတ်)  အတ္ထုပ္ပတ္တိ ဖတ်တော့မယ် ဆိုရင် ”

အခု ဒီတစ်ပါတ် လူတစ်ယောက် ၊ ဆယ်လီဘရီတီ ပေါ့ဗျာ ၊ သူ  ့ရဲ  ့အတ္ထုပ္ပတ္တိ ကို စာရေးဆရာ တစ်ယောက် က ရေးထားတာကို ဖတ်ရပါတယ် ။

အတ္ထုပ္ပတ္တိ လို ့ခေါင်းစဉ်တပ်မထားပေမယ့် ငယ်ဘဝကတည်းက ဘယ်လို ဘာညာ ရေးပြထားလို ့အတ္ထုပ္ပတ္တိ ဆိုပြီး နားလည်မိပါတယ် ။

နားမလည်မိတာကတော့ ၊ သူ ့စာ ကို ဗမာလို ခေါင်းစဉ်တပ် ပြီး ဗမာလို အစချီကာ ရေးလာပေမယ့် တစ်ဝက်ကျော်လောက် လဲ ရောက်ရော အင်းဂလိရှ် တွေ ညှပ်ပါလာတာ ပါပဲ ။

ဥပမာ ။ “သူကတော့ fool နေတယ် ဗျ ၊ သူဖြစ်ချင်တာ က stupid ပေါ့လေ ၊ ဆရာမ က understand အောင်မှ မလုပ်တာ ။  အစရှိသဖြင့် ”

ရှင်းရှင်းပြောရရင် အခုစာရေးနေသူ မောင်ပေ ဆိုသည်မှာ အင်းဂလိရှ် စာကို ပါဖက်ဆိုသလောက် ကောင်းမွန်စွာ တတ်မြောက်နေသူ တစ်ယောက် မဟုတ်တာပါပဲ ။

ခက်တော့ခက်ချေပြီ တမုံ  ့ ။ စာကလဲ  ကိုယ် သိတဲ့ ဆယ်လီဘရီတီ တစ်ယောက်ရဲ  ့အကြောင်း ဖြစ်နေတာဆိုတော့ ဖတ်ကလဲ ဖတ်ချင် ။

တော်တော် နောက်တဲ့ စာရေးဆရာပဲ လို ့သက်ပြင်းချရင်း  ၊ ဒါနဲ ့ဒစ်ရှင်နရီ Dictionary ကို ပြေးယူပြီး ဆက်ဖတ်ရပါတယ် ။

ထိုအခါမှ အဆင်ပြေ ချောမွေ  ့သွားရပါကြောင်း ၊ ဂေဇက်ဝင်များနဲ ့ဂေဇက်လာ များ ကို ပြန်လည် အသိပေးလိုက်ပါတယ် နော် ။

( ပြီးခဲ့သော တနင်္ဂနွေ နေ ့မှ ယနေ ့အင်္ဂ ါနေ ့အထိ ထွက်သော ဂျာနယ် သုံးစောင်ကို ၁၈၀ဝ ကျပ် ပေးဝယ်ဖတ်ပြီး ၊ ပြန်ပြောခြင်း ဖြစ်ပါသည် ခင်ဗျာ )

———————– အားလုံးကို ကျေးဇူးတင်ပါသည် ———————–

 

13 comments

  • ပေါက်ဖော်

    October 11, 2011 at 10:07 pm

    ♦(၁) ဝတ်လာတာလေးချွတ်ပြီး နှိပ်ခံမှ ကူးတာဟုတ်ဘူးလားဟင်
    မချွတ်လဲ ကူးတာပဲလား..
    ရွာထဲက ဒေါင်တာ.အဲ..ဒေါက်တာတို ့..ရှင်းပြပေးဘာ..

    ♦(၂)အင်တာနက်လိုင်းကတော့..ဘယ်တော့မှ မြန်လာမှာ မဟုတ်ပါဘူး.ပရိုဂျူဆာတွေ စိတ်ချ လက်ချ
    ဒူးနှံ ့နေပါခင်ဗျ..ပြီးတော့ ဘီလူးမှာ အီအီးလဲပါပါတယ်..ရှူရှူးလဲ ပေါက်ပါတယ်.မယုံမေးကြည့်ပါ

    ♦(၃)အိုင်ဆေး မစ်စတာပေ..Now ခေတ်ကြီးမှာ D လိုပဲ ညှပ်ညှပ်ပြီး Say လေ့ရှိပါတယ်..
    ဒါကို စတုပစ်တယ်လို ့.. မ Think စေလိုပါဘူး..စာရေးသူရဲ့ Style ဒါမှမဟုတ် မလိုင်..ဖြစ်နိုင်သလို..
    အင်းဂလိရှ် လိုရေးပြမှ Understand နိုင်တာတွေလဲ ရှိပါတယ်..ခင်ဗျ..

    ♦(၄)မစ်စတာပေရဲ့ Journal ဘိုး ထောင့်800 ကျပ်ကိုတော့ သဂျီးဆီ ကိုယ်ပိုင်ဂျက်Plane နဲ ့သွားတဲ့ခါမှ
    တောင်းလိုက်ပါခင်ဗျ..

    ဟုတ်ကဲ့..ဗဲရီး.များကြီး..ကျေးဇူး..တန်းကျူးပါ..

    😀

    • Foreign Resident

      October 12, 2011 at 8:48 am

      ” Blue Ray( ဘလူးတွင် အီးပါမပါ မသေချာသဖြင့် အီးထည့်ရေးလိုက်ပါသည် ) ”
      ” ဘီလူးမှာ အီအီးလဲပါပါတယ် ”

      Blu-Ray Disc မှာ “e” မပါပါ။

      • windtalker

        October 12, 2011 at 7:19 pm

        ကျေးဇူးပါ အန်ကယ် ဖောကြီး ရေ
        ရှဲရှဲ အညာဆေးရိုး

      • “ဘီလူးကြီး”ogre

        October 13, 2011 at 7:43 pm

        “““ဘီလူးလဲ ..အီးပါပါသည်ခင်ဗျား”””
        မောင်ပေ နောက်ဆိုတို့တွေ မာဆပ် မသွားတော့ဘူးကွာ
        တစ်ခြားနေရာ သွားဘို့ စဉ်းစားရတော့မယ်..။။။

        • windtalker

          October 13, 2011 at 7:49 pm

          ကိုဘီလူး ရေ
          ဒီတစ်ခါ
          “ မာရက် ” သွားမယ် ဗျာ
          မာဆတ်လဲကောင်း
          အရက်လဲကောင်းတဲ့နေရာ
          ဘယ်လိုတုန်းဗျ…..
          မာဆတ်ဆိုလို ့တစ်မျိုးမထင်ကြပါနဲ ့ဦး
          မောင်ပေသည် တစ်နေကုန် ခြေတိုအောင် လမ်းလျှောက်ရသဖြင့်
          ကိုဘီလူး သည် တစ်နေကုန် စက်ရုံတွင် အညောင်းမိသဖြင့်
          ထရေဒီးရှင်းနယ် မာဆတ် ကို ဆိုလိုပါသည် ခင်ဗျား

  • naywoonni

    October 11, 2011 at 10:28 pm

    အဲဒိ 1800 ကို အချောင်ဝင်ပြိးနှမြောနေ ပါကြောင်း မောင်ပေရေ……. အဲဒိလောက်ဆိုရင် လေးဒေါင့် တစ်လုံးလောက်တော့ ရတယ်..။ အမြည်းဖိုးပဲလိုမယ်…. ဒါလည်းရပါတယ်..။ ကိုယ်က ဆေးလိပ်တိုရှိရင် အမြည်းမလိုဘူး…. 😛

    • windtalker

      October 13, 2011 at 7:53 pm

      ဘိုနေရေ ဟိုသီချင်းထဲကလို
      “ သူကြီး မရှိတော့ ရွာဆူပါတယ်
      အမြည်းမရှိတော့ ရင်ပူပါတယ် ” ဖြစ်နေမယ် ဗျ
      အမြည်းလေး တစ်ဖတ် နှစ်ဖတ်လောက်တော့
      ပါမှ ဖြစ်မှာကလား

  • youngcat

    October 12, 2011 at 6:34 am

    အမျိုးသမီးလေးတွေနှိပ်ပေးတဲ့အနှိပ်ခန်းဆိုတာ ဘယ်လိုလဲဟင်၊ဘယ်နားမှာရှိသလဲ
    မသိလို့လမ်းညွှန်ပေးစမ်းပါ။
    သူတို့ပေးတဲ့ယူနီဖောင်းကိုလဲဝတ်ရင် ပိုဆိုးမယ်ထင်တယ်နော်။
    ဒီလိုကူးတတ်တယ်ဆိုရင် အတော်ဆိုးတာပဲ၊မသွားသင့်တဲ့နေရာပေါ့၊
    သွားရမှာတောင်ကြောက်လာပြီ။
    နောက်တစ်ခါသွားရင် အတွင်းခံနှစ်ထပ်ဝတ်သွားမယ် အဟီး၊

  • chitmg

    October 12, 2011 at 8:12 am

    အမှန်ကအများသုံးအိမ်သာ၊ပန်းခြံတွေထဲကထိုင်ခုံတွေမှာတောင်ရောဂါရှိတဲ့သူက
    ထိုင်ပြီးရင်အဲဒီပိုးက၇၂နာရီအသက်ရှင်ပြီးကူးတတ်တယ်လို့ဖတ်ဖူးတယ်။မလိုအပ်ဘဲမသွားနဲ့မသုံးနဲ့ပေါ့ဗျာ။

  • ရွှေဘိုသား

    October 12, 2011 at 8:28 am

    အရေးထဲ အခွေသမားတွေက အင်တာနက် မြန်မှာကြောက်နေကြသေးတယ်
    ကိုယ်တွေကလည်း အင်တာနက် နဲ့အလုပ်လုပ်နေတဲ့ သူဆို မြန်ချင်တယ်
    ဆိုဒ်တစ်ခုတက်ဖို.များ အရိမေတ္တယျ ဘုရား ပေါ်အောင်စောင့်ရတဲ. အင်တာနက်လိုင်း
    နောင်ပွင်.မဲ.ဘုရားကို စာလုံးပေါင်းမှားသွားလားမသိဘူး

  • ကြောင်ကြီး

    October 12, 2011 at 10:22 am

    ပေါင်ရင်းမှာ
    မောင်ကမြင်းတာ
    ပြောင်စင်းမကြာ
    ကြောင်တင်းလာ..။ 😎

  • comegyi

    October 12, 2011 at 10:43 am

    ကိုရင်ပေ၏ တစ်ပတ်အတွင်း သတင်းများ သုံးသပ်ချက် ……..
    ကို အပတ်စဉ်စောင့်မျှော်ပါမည်…….

Leave a Reply