“ကိုပေါက်လမ်းသလားနေသည် အပိုင်း(12-A)” (မြို့အဝင်ရူ့ခင်း)

“ကိုပေါက်လမ်းသလားနေသည် အပိုင်း(12-A)”
(မြို့အဝင်ရူ့ခင်း)

နောက်နေ့နေ့လည်ခင်းမှာ အေးသာယာဘက်ကို အလုပ်ကိစ္စနဲ့သွားခဲ့ပါတယ်။
လိုင်းကားနဲ့လိုက်သွားတယ်ဆိုတော့ ဓါတ်ပုံရိုက်ဘို့ အခွင့်မသာပါဘူး။

မတ်တတ်ရပ်လိုက်ရတော့ပြူတင်းပေါက်ကနေခေါင်းပြူကြည့်ရတာလောက်နဲ့ဘဲကျေနပ်ရပါတယ်။
အဆင်းလမ်းအလယ်လောက်ရောက်တော့ ရေကျသံတွေကြားရပါတယ်။

မိုးတွင်းဆိုတော့ ချောင်းကရေစီးသန်တော့ တောင်အောက်ကိုဆင်းတဲ့ရေသံတွေကိုကြားရတာပါ။

ရေကျသံကြားရတဲ့နေရာလေးပါ အပေါ်ရေတံခွန်ကရေတွေက ဒီကိုရောက်လာပါတယ်တဲ့

တောင်အဆင်းလမ်းကတော့ စိမ်းစိမ်းစိုစို နဲ့သာယာလှပါတယ်။
သဘာဝ ပန်းဆိုင်း တွဲ စိမ်းစိမ်းလေး

လှပစိမ်းစိုတဲ့ အပင်လေးတွေကိုမြင်ရတာ ရင်ထဲမှာအေးမြ
တွဲလွဲဆွဲထားတဲ့ တောင်အဆင်းလမ်းက နွယ်ပင်လေးတွေ

တစ်ခါတစ်လေခေါင်းလေးငုံ့ကြည့်တဲ့အခါ ဟိုးအဝေးမှာ အိမ်ကလေးတွေကိုမြင်နေရပါတယ်။

ဒါနဲ့ဘဲ မိတ်ဆွေစောင့်နေတယ်ဆိုတဲ့အေးသာယာ ကလက်ဖက်ရည်ဆိုင်ရောက်တော့ သူနဲ့တွေ့။
သူ့အိမ်မလိုက်တော့ဘဲအလုပ်ကိစ္စကို လက်ဖက်ရည်ဆိုင်မှာတင်ပြီးပြတ်အောင်ပြောပြီး လိုင်းကားစီးလို့ပြန်လာခဲ့ပါတယ်။
တောင်ကြီးမြို့အဝင် မုဒ်ဦး

မြို့အဝင်နုတ်ခွန်းဆက်တဲ့ဆို်င်းဘုတ်ကြီးကိုလွန်လာတော့ လမ်းရှေ့မှာတောင်အမြင့်ကြီးရယ်
တောင်ပေါ်မှာအိမ်တွေရယ်တွေ့နေရပါတယ်။
ဒါကတော့ တောင်ကြီးမြို့ပေါ့။
အေးသာယာက မြင်ရတဲ့တောင်ကြီးမြို့

အပြန်လမ်းမှာတော့ ထိုင်စရာနေရာ ရပါတယ်။
အဲတေ့ာ လမ်းတစ်လျှောက်လုံးကို ငေးလာလို့ရသလို လှပတဲ့မြင်ကွင်းတွေကပေးတဲ့ကြည်နူးခြင်းရသကိုလဲ
အပြည့်အဝခံစားလို့ရပါတယ်။အေးသာယာက စပျစ်ခြံကိုလွန်လာတဲ့အခါ ရေကျသံတွေကြားလို့ လမ်းညာဘက်ကို
ကြည့်လိုက်တော့ ဟိုတောင်ပေါ်က နေဆင်းလာတဲ့ရေတံခွန်ကြီးတစ်ခုကိုတွေ့ရပါတယ်။
ဒါပေမယ့် ဓါတ်ပုံရိုက်ဘို့လဲအခွင့်မသာ။
ရေတံခွန်က လမ်းညာဘက်ခြမ်းကျနော်ထိုင်က ကားရဲ့ဘယ်ဘက်ခြမ်းဆိုတော့ ရေတံခွန်ကို အသေအချာမမြင်ခဲ့ရပါဘူး။
စိမ်းစိုနေတဲ့မြင်ကွင်းကိုငေးမောနေရင်းနဲ့ဘဲ ကားလေးက တောင်တက်လမ်းကို တအိအိနဲ့တက်နေပါတယ်။
လမ်းဘယ်ဘက်ခြမ်းကတော့ အဆင်းလမ်းနဲ့သစ်ပင်တွေ ညာဘက်ခြမ်းမှာတော့ စိမ်းစိုနေတဲ့သစ်ပင်တွေရယ်
သစ်ပင်မှာမီးဆိုင်းဆွဲထားသလိုတွဲလွဲကျနေတဲ့နွယ်ပင်တွေရယ်တွေ့ရပါတယ်။
ခဏနေတော့ တောင်ကြီးမြို့ထဲကိုဝင်လာပါတယ်။
သိပ်မကြာခင်မှာ ပန်းခြံလိုလို ဝင်းကြီးမြင်ရပြီး သူ့ဘေးမှာတော့ နုတ်ခွန်းဆက်သပါ၏ဆိုင်းဘုတ်။
မြို့အဝင်

အနောက်မြိုပါတ်လမ်းမှာကားရပ်တော့ မိုးဖွဲဖွဲလေးကျနေပါတယ်။
ဒါနဲ့ဘဲ တည်းတဲ့နေရာပြန်ရောက်လာပါတယ်။
ပြန်လာကတည်းက စိတ်ထဲမှာရေတံခွန်ကို ဓါတ်ပုံရိုက်ချင်စိတ်က လွှမ်းနေပါတယ်။
တည်းတဲ့နေရာက ကလေးတွေကိုမေးကြည့်တော့ မိုးတွင်းမှာမှ တွေ့ရတယ်လို့သိရတဲ့အပြင် တောင်ကြီးမြို့ကရေတွေက
အဲဒီဘက်ကိုဆင်းသွားတာလို့လဲသိရပါတယ်။
နောက်နေ့အလုပ်ကိစ္စပြိးတော့ ညနေလေးနာရီလောက်ရှိပါပြီ။
ရေတံခွန်ကိုသွားဓါတ်ပုံရို်က်ချင်တာ ကိုယ်မှာစီးစရာယာဉ်ကမရှိ။
ခက်တာက တောင်ကြီးမှာက ဆိုင်ကယ် ကယ်ရီလဲမရှိ။
အငှားကားမေးတော့ အသွားအပြန်တစ်သောင်းခွဲလို့ပြောတော့ဝါသနာအတွက်ငွေအဲဒီလောက်လဲမသုံးနိုင်ပါဘူး။
ကလေးတွေကတော့ လိုင်းကားနဲ့သွားကားပေါတယ်လို့ပြောပါတယ်။
ဒါပေမယ့်သွားမှာပြန်မှာနဲ့မိုးချုပ်သွားလို့အပြန်ကားမရှိရင်ဆိုတဲ့ပူပန်စိတ်ကြောင့် သွားဘို့စိတ်မရဲ။
အဲတော့လဲ မချင့်မရဲနဲ့ဘဲ နေလိုက်ရပါတယ်။
ညရောက်တော့ ကောင်လေးတွေကို လိုင်းကားဘယ်အချိန်ထွက်လဲလို့မေးတော့ မနက်ငါးနာရီဆို ဆယ့်ငါးမိနစ်တစ်ကားထွက်တယ်လို့ပြောပါတယ်.။
နောက်နေ့မနက်ငါးနာရီထိုးတော့ အိပ်ယာထ အနောက်မြို့ပါတ်လမ်းမှာရှိတဲ့လိုင်းကားဂိတ်ကိုသွားပါတယ်.။
ငါးနာရီဆယ့်ငါးလောက်မှာကားစထွက်ပါတယ်။
ဒါနဲ့ကားပေါ်ရောက်တော့ “ဘယ်ဆင်းမှာလဲ”လို့ မေးတော့ အလွယ်တကူဘဲ စပျစ်ခြံလို့ပြောပြီး 200တန်ပေးလိုက်ပါတယ်။
မြို့အထွက်ရောက်တော့ မိုးဖွဲဖွဲလေးကျနေတော့ မပီမသ သက်တန့်ကို မြင်လိုက်ရပါတယ်။
အဲဒီလိုနဲ့ ကားပေါ်မှာငေးမောလိုက်နေရင်းရေကျသံလဲကြားရော “ဆင်းမယ်”လို့အော်လိုက်တော့ စပယ်ယာက
ကျနော်ကို ဒီကလူမဟုတ်မှန်းသိလိုနဲ့တူပါတယ် “စပျစ်ခြံမရောက်သေးဘူး”လို့ပြောပါတယ်။ကျနော်က “ဆင်းမှာနော်”လို့ထပ်ပြောတော့ မှ”လမ်းလျှောက်မလို့လား”လို့ထပ်မေးပြီး”လူပြတ်တယ်နော်”လို့လဲပြောပါတယ်။
“ကျနော်ကဓါတ်ပုံရိုက်ချင်လို့ပါ”လို့ပြောရင်းဆင်းတော့ကားပေါ်ကလူတစ်ချို့ရဲ့ အထူးအဆန်းသတ္တဝါလိုသဘောထားပြီး
ကြည့်လိုက်တဲ့အကြည့်လေးတွေကိုလက်ဆောင်ရလိုက်ပါတယ်။

ဆင်းလဲဆင်းရော ငှက်သံရယ်ရေကျသံရယ် ကလွဲလို့ တိတ်ဆိတ်ငြိမ်သက်နေတဲ့ သဘာဝအလှကို အားရပါးရခံစား
ရပါတော့တယ်။

တိတ်ဆိပ် ငြိမ်သက် အေးချမ်း စိန်းလန်း

အဆင်းလမ်းအထက်မှာတော့ စီးမိုးနေတဲ့တောင်။
တောင်ပေါ်မှာတော့ စိမ်းစိုနေတဲ့သစ်ပင်တွေ တွဲလောင်းခိုးစီးနေတဲ့နွယ်ပင်စိမ်းစိမ်းတွေ၊
သူကျောပေါ်မှာတော့ အတက်လမ်းဖောက်ထားပါတယ်။
အဆင်းလမ်းက နွယ်ပင်ဆွဲလဲ

အဆင်းလမ်းအထက်မှာ အတက်လမ်းရှိတယ်လေ။
အဆင်းလမ်း သာသာယာယာ

အောက်ဖက်မှာတော့ သစ်ပင်အုပ်စိမ်းစိမ်းတွေ ဟိုအဝေးမှာတောရေကန်ကြီးတစ်ခု၊
အဝေးမှာရေကန်လေး

သူ့ရှေ့မှာတော့ နီနီရဲရဲကျောက်ဆောင်ကြီးတစ်ခုကလဲ ခန့်ခန့်ထည်ထည်၊
အဝေးက မြင်ကွင်း အိမ်ကလေးတွေက တောင်အောက်မှာ

မြင်သမျှကို ကင်မရာခလုတ် တချက်ချက်နှိပ်ရင်းနဲ့ လူမအားစိတ်မအား။
လှတယ်လို့ စိတ်ထဲမှာထင်တဲ့ တစ်ပုံရိုက်လိုက်၊
နောက်နည်းနည်းလေးသွားရင် မြင်ရတဲ့မြင်ကွင်းက ပိုလှတယ်ထင်မိပြန်ရော။
အတောမသတ်နိုင်တဲ့လောဘဆိုတာ ဒါမျိုုးထင်ပါရဲ့။

အောက်ဖက်မှာကတော့ စိမ်းမှောင်နေတဲ့ သစ်တော

တစ်ခါတစ်ရံဖြတ်သွားတဲ့ကားပေါ်ကလူများကတော့ ထီးတစ်လက် ကင်မရာတစ်လုံးနဲ့
လူဝဝကြီးတစ်ယောက်ကို အထူးအဆန်းသဖွယ်ငေးမောလို့သွားကြ။
ကျနော်မှာတော့ လှပလွန်းတဲ့သဘာဝလောက ကြီးကိုဓါတ်ပုံရိုက်လို့မဝ။
စိမ်းစိုမြမိုင်း

အဆင်းလမ်းကိုစီးမိုုးထားတဲ့ဘယ်ဘက်ခြမ်းကတောင်ကမ္ဘားယံမှာလဲစိမ်းစိုနေတဲ့အပင်တွေက လမ်းတစ်လျောက်လုံးအပြည့်၊။
ပိုပြီးလှပစေတာက အစိမ်းနုရောင်နွယ်ပင်ရှည်တွေက သစ်ပင်တွေကနေအရှည်ကြီးတန်းလန်းကျနေတာပါဘဲ။
သာသာယာယာ တောင်ကြီးအဆင်းလမ်း

အဲဒါနဲ့ဘဲတောင်အဆင်းလမ်းရဲ့အောက်ဖက်ကိူငုံ့ကြည်မိတော ချောက်ထဲမှာတော့ ုမိုးရေအဝသောက်ထားတဲ့ သစ်ပင်တွေ
ခြုံနွယ်ပင်တွေက ဖက်ဖူးစိမ်းရောင်လက်လက်ထနေပါတယ်။
အောက်မှာတော့ အ်ိမ်ကလေးတွေနဲ့

ဟိုးအဝေးမှာတော့ အိမ်ကလေးတွေအစုစု။
အဝေးမှာ တိမ်ခိုးတွေက လွမ်းမောစရာ

နောက်နည်းနည်းလေးသွားမိတော့ ရေတွေတဝေါဝေါကျနေတဲ့အသံကြားရလို့ ငုံ့ကြည့်လိုက်တော့ တံတားအောက်ကဖြတ်သွားတဲ့ တောင်ပေါ်ကဆင်းလာတဲ့ရေချောင်းကြီးဖြစ်နေပါတယ်။
အတော်လေးသွားတာတောင် တောင်ပေါ်ကိုပြန်တက်တဲ့လမ်းမတွေ့သေးပါဘူး။

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(10-10-2011)
ဆက်လက်ဖော်ပြပါမည်။

11 comments

  • ကော်နက်ရှင်က စိတ်ကောက်နေပါသဖြင့်အများသူငါဖွင့်ရနိုင်အောင်
    အပိုင်းခွဲ၍တင်ပေးလိုက်ပါတယ်နော်။

  • windtalker

    October 14, 2011 at 12:23 am

    အပိုင်းခွဲတင်တင်
    တစ်ခုထဲပဲတင်တင်
    ကမ္ဘာကျော် တွေ ကို မျက်ခုုံး လှုပ်အောင်
    ရိုက်ခဲ့တဲ့ လက်ရာတွေ ကို တော့
    ကြိုက်ရမှာ အမှန်ပေ

  • TTNU

    October 14, 2011 at 12:39 am

    တော တောင်စိမ်းစို သာယာပို၏။
    တောင်ကြီးရှုခင်းကြည့်ရင်း ချက်ချင်းရောက်သွားသလို ခံစားရပါသည်။

  • မလုပ်ပါနဲ့မောင်ပေရယ်။
    ငါတို့လက်ရာက ဝါသနာရှင်အဆင့်ဆိုတာထက် လက်ဆော့တဲ့အဆင့်ပါကွယ်။
    အများသူငါစိတ်ညစ်မယ့် မှတ်ချက်တွေမပေးပါနဲ့နော်။

    • “ဘီလူးကြီး”ogre

      October 14, 2011 at 10:45 am

      ဝါသနာရှင် အဆင့်ဆိုပေမယ့်
      အကိုပေါက်ရဲ့ ပုံတွေ က ဗဟုသုတရစေပါတယ်
      မရောက်ဖူးတဲ့နေရာ မရောက်ဖူးတဲ့ဒေသ တွေအတွက်
      အခုလိုတင်ပြပေးတာ ကျေးဇူးပါဗျား..။။

  • blackchaw

    October 14, 2011 at 8:43 am

    စိမ်းစိမ်းစိုစို ရှုခင်းပုံလေးတွေက ကြည့်သူကို အပန်းပြေစေပါတယ်။
    တကူးတက သွားရိုက်ထားတာ သိသာပါတယ်။
    ရေတံခွန်ပုံတွေရခဲ့မယ်ထင်တယ်နော်။
    (12-B) ကိုစောင့်ကြည့်နေပါတယ်။
    ဒီရက်ပိုင်း ရွာထဲကို ဝင်ရတာတောင် တော်တော်ခက်နေတယ်ဗျာ။
    ကြိုးစားပမ်းစား ရိုက်ရတာထက်
    ကြိုးစားပမ်းစား တင်ရတာ ပိုခက်နေမယ် ထင်တယ်။

  • hmee

    October 14, 2011 at 7:03 pm

    လှလိုက်ပါတဲ့ တို့ပြည်။ မြင်လေရာရာ စိမ်းတမြမြ။ ဘယ်နေရာ ကြည့်ကြည့် စိမ်းစိုနေတာပါပဲနော်။ တလောက ကန္တာရထဲသွား ဖြစ်တယ်။ မြင်လေရာရာ သဲပြင်မို့ ပူပြင်းလိုက်တာ လေးပေါက်ရယ်။ ကျွန်မတို့ ပြည်နဲ့တော့ ကွာပါ့။ ကားသွားနေတုန်း ကားပေါ်က ဓါတ်ပုံရိုက်ရတာမို့ ပုံကောင်းကောင်းမရခဲ့ဘူး။ အကုန်နီးပါး ဝါးနေလို့ ဖျက်ပြစ်ရတယ်။ နှမျောလိုက်တာ။

  • ပေါက်ဖော်

    October 14, 2011 at 8:47 pm

    နေရာစုံကပုံတွေကြည့်ရလို ့
    ကိုယ့်ကိုယ်ကို..ကမ္ဘာပတ်နေရသလား အောက်မေ့တယ်..
    ဟိ..ဟိ..
    လေးပေါက်က ဒီလောက် ဖလန်းဖလန်းသွားနေတာတောင်..ဝိတ်မကျဘူးလား..ဟင်

    🙄

    • windtalker

      October 14, 2011 at 9:24 pm

      ဝိတ်တောင် တက်နေလို ့တဲ့
      ဟိုကာတွန်းလေး ထဲ က လို
      ဝိတ်လျှော့ရမလို ပဲ
      ဟဲဟဲ
      ( မှတ်ချက် ဘယ်ကာတွန်းလဲ ဆိုတာ သိချင်ရင်
      ဘီယာ နှင့် ဘဲကင် ပါမှ ဖွင့်ပြောမည် ဖြစ်ပါကြောင်း )

  • ပေါက်ဖော်ရေ
    ဖလန်းဖလန်းသွားပြီး
    အရမ်းအရမ်းကို စားမိနေတာကြောင့်
    ိစိတ်ပျက်စရာ
    ဝိတ်တက်ခါနေပါတယ်ဗျာ။

  • ရွှေဘိုသား

    October 15, 2011 at 9:34 am

    လေးပေါက် သားသား ကန်တော့ တဲ့ ကင်မရာနဲ့ကျမှ ပိုပြီး မိုက်လာသလိုပဲ ဟဲဟဲ
    ကိုပေကျတော့ မူးနေလို့ ဆုမပေးသေးဘူးဗျ

Leave a Reply