NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သို့ CLD အဖွဲ့၏ အိပ်ဖွင့်ပေးစာ

ထောင်ချောက်ဟဲ့ ယောင်မကောက်နဲ့ မောင်ပျောက်သွားမယ်။

အကြောင်းအရာ – အောက်တိုဘာ၁၂ရက်၊ ၂၀၁၁ခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ဦးသိန်းစိန် စစ်အစိုးရ မှလွှတ်ပေးမည်ဆိုသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများနှင့် စပ်လျဉ်း၍ ကြောင်အဖွဲ့ချုပ်၏ သဘောထား။

အထက်ပါ အကြောင်းအရာနှင့် စပ်လျဉ်း၍ ကြောင်အဖွဲ့ချုပ်၏ စိုးရိမ်ပူပန်ချက်ကို မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တိုက်ရိုက်အသိပေး တင်ပြလိုပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများနှင့် စပ်လျဉ်း၍ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းလိုကြောင်း၊ သဘောထား မတူသူများနှင့် စေ့စပ်ညှိနှိုင်း သွားလိုကြောင်း၊ အစိုးရ အပြောင်းအလဲ (Regime Change) မဟုတ်ဘဲ စနစ်အပြောင်းအလဲ (System Change) လုပ်ဆောင်နေကြောင်း အစဉ်တစိုက် ဒေါ်စုပြောဆိုခဲ့တာ သတိပြုမိပါသည်။

ကြောင်များသည် ဆရာကောင်းတပည့် ပန်းကောင်းပန်သကဲ့သို့ ဒေါ်စုလိုလားသည့် အရပ်သားနိုင်ငံရေးစနစ် ကို ယုံကြည်သူများ ဖြစ်ကြပါသည်။ နိုင်ငံရေးတွင် ထာဝရ ရန်သူမရှိ၊ အပြောင်းအလဲကို ဖြစ်နိုင်ခြေမှ စရမည် ဟူသော နိုင်ငံရေးဂုရုကြီးများ၏ မိန့်မှာချက်များအရ အပေးအယူပြုလုပ်ခြင်း၊ နည်းဗျူဟာ အပြောင်းအလဲများ ထားရှိခြင်း၊ တဖက်သားအပေါ် သဘောထားကြီးခြင်း၊ ရေရှည်အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ခြင်းများဖြင့် နိုင်ငံတော်သစ် တည်ဆောက်ခြင်းကို မူအားဖြင့် လက်ခံထားပါသည်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုအပေါ် ကြိုဆိုသောလည်း ယမန်နေ့က ထုတ်ပြန်လိုက်သည့် စစ်အစိုးရ၏ အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒေါ်စုနှင့်အဖွဲ့ချုပ် ချမှတ်ထားသော စနစ်အပြောင်းအလဲ မူဝါဒနှင့် ဖီလာ ဆန့်ကျင်နေသည်။ ဥပဒေချိုးဖောက်သူများအား ထိုက်သင့်ပြစ်ဒဏ်ပေးခဲ့ပြီး အကျင့်စာရိတ္တ ကောင်းမွန်လာ၍ သနားကြင်နာစွာလွှတ်လိုက်ပါသည်ဟူသော ရွေးကောက်ပွဲလိမ် အစိုးရ၏လုပ်ဆောင်ချက်သည် ခွေးမြီးကောက် ဝါးကျည်တောက်စွပ် စကားကဲ့သို့ ဖြစ်နေမည်ကို စိုးရိမ်မိပါသည်။

စစ်အစိုးရအနေဖြင့် အခွင့်အာဏာမရှိဘဲ အခြေခံဥပဒေကို ရေးဆွဲခဲ့သည်၊ ရွေးကောက်ပွဲလုပ် လိမ်ညာအာဏာ ရယူခဲ့သည်။ ထိုကဲ့သို့ လုပ်ဆောင်ချက်များတွင် တရားမျှတမှု ရှိပါလိမ့်မည်ဟု မစားရဝခမန်း အာမခံချက်များ ပေးခဲ့ကြသော စစ်အုစုပ်လိုသူများ၊ အာဆီယံနှင့် အီးယူနိုင်ငံအချို့၏ ကိုယ်ကျိုးစီးပွားရှာ ခြေလှမ်းများကြောင့် စစ်အစိုးရအနေဖြင့် လိုက်လျောမှု ပြုလုပ်ရသည်ဟုပါ တွဲဖက်ရှုမြင်စေလိုပါသည်။

စစ်အစိုးရ သမိုင်းကြောင်းတွင် နိုင်ငံရေးပြုပြင်ပြောင်လဲမှုများ ပြုလုပ်ရာတွင် စစ်မှန်ရိုးသားသည်ဟူ၍ တခါမျှ မရှိသေးပါ။ မဆလ တပါတီအစိုးရလက်ထက်တွင်၎င်း၊ နဝတ နအဖ စစ်အစိုးရလက်ထက်တွင်၎င်း ဖိနှိပ်မှု၊ သပ်လျှိုသွေးခွဲမှု၊ လိမ်ညာမှုများဖြင့် အချိန်ကုန်လွန်စေခဲ့ပြီး ၎င်းတို့အစီအစဉ်အတိုင်းသာ ဆောင်ရွက်သည်ကို သတိမလွတ်စေရန် အရေးကြီးပါသည်။

အမှန်အတိုင်းဆိုပါက အန်အယ်ဒီသည် ၁၉၉ဝ ရွေးကောက်ပွဲရလဒ်အတိုင်း အစိုးရဖွဲ့ရမည်၊ ၁၉၈၈ခုနှစ် စစ်အာဏာသိမ်းမှုကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး စစ်တပ်သည် စစ်တန်းလျားသို့ ပြန်ရမည်။ သို့သော် စစ်တပ်ခေါင်းဆောင်များက ၁၉၉၃တွင် အတုအယောင် အမျိုးသားညီလာခံကို ကျင်းပခြင်းဖြင့် ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ၎င်းတို့စိတ်ကြိုက် စစ်ဗိုလ်တမတ်သား အခြေခံဥပဒေနှင့် အလဲအလှယ်ပြုရေးဆီသို့ အဆင့်နှိမ့်ချခဲ့သည်။

၂၀၀၃ခုနှစ်တွင် ဒီပဲရင်းသတ်ဖြတ်မှု ဖန်တီးကာ မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံးသော နိုင်ငံရေး လုပ်ကြံမှုကို ကျူးလွန်ခဲ့သည်။ ၂၀၀ရခုနှစ် ရွှေဝါရောင်သံဃာလှုပ်ရှားမှုကိုလည်း အကြမ်းဖက် နှိမ်နင်းခဲ့သည်။ ထို့နောက် ၂၀၀၈အခြေခံဥပဒေကို နာဂစ်လေမုန်တိုင်းအပြီး တပတ်အကြာတွင်အဓမ္မ အတည်ပြုခဲ့သည်။ ၂၀၁ဝတွင် ရွေးကောက်ပွဲအတု ဖန်တီးကာ စစ်ဗိုလ်ဟောင်းများဖြစ် အစိုးရအသစ်ဖွဲ့စည်းခဲ့သည်။ ယနေ့အချိန်တွင် အန်အယ်ဒီသည် မူလ တန်းတူရည်တူ အာဏာလွှဲပြောင်းရယူရေးဆီမှ ၎င်းတို့ချမှတ်သော ဘောင်အတွင်းရှိ အစိတ်အပိုင်းတခုအဖြစ် ရပ်တည်နိုင်ရေးဆီသို့ ယုတ်လျော့ကျဆင်း နေရသည်။

ထို့ကြောင့် အန်အယ်ဒီအဖွဲ့ချုပ်အနေဖြင့် စစ်မှန်သည့် နိုင်ငံရေးပြောင်းလဲမှုများ ဖြစ်ပေါ်မလာမခြင်း ၂၀၁ဝ ရွှေဂုံတိုင်ကြေငြာချက်များမှ မျက်ခြေပြတ်မသွားစေရန်နှင့် ကိုမင်းကိုနိုင်ဦးဆာင်သော ၈၈မျိုးဆက် ကျောင်းသား အဖွဲ့အစည်းများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုအဖွဲ့ CRPP တို့နှင့် လက်တွဲပြီး စနစ်အပြောင်းအလဲဆီသို့ ဦးဆောင်သွားရန် လေးစားစွာ အကြံပြုတင်ပြ လိုက်ပါသည်။

 

 

ကြောင်ကြီး

(ကြောင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ)

 

27 comments

  • youngcat

    October 12, 2011 at 9:38 am

    CLD ဥက္ကဌကြီးအား အကြွင်းမဲ့ထောက်ခံပါသည်။
    (ကြောင်ဖြစ်နေတော့ ဖော်လိုလိုက်ပေးရတာပ။)

    • small cat

      October 12, 2011 at 10:25 am

      ကျွန်တော်လည်းထောက်ခံပါတယ်။
      ဦးကြောင်ကြီးက တပ်ချုပ်ကြီးလုပ်လိုက်၊
      CLD ဥက္ကဌလုပ်လိုက်နဲ့ ဆိုတော့
      ကျွန်တော်တို့ ကြောင်အဖွဲ့သားတွေက
      နောက်က အကုန်လိုက်ထောက်ခံရတော့မပေါ့။

  • Burma

    October 12, 2011 at 9:40 am

    ♦ ကောင်းပါတယ် ကိုကြောင်ကြီးရေ… ဒါမျိုးတွေ များများရေးသင့်ပါတယ်. . . 😀 အားပေးပါတယ်ဗျိူ့!!!!!

  • amatmin

    October 12, 2011 at 10:07 am

    ကောင်းလိုက်တဲ့.အကြံပြုစာပါလား.ဦးကြောင်ကြီးရယ်..
    ဂလောက်တောင်တော်နေလို့လဲ.CLD ဥက္ကဌကြီးဖြစ်နေတာပေါ့နော်..
    ဦးကြောင်ရှင်းပြမှပဲ.သူတို့လုပ်ပုံတွေက.
    ကြောင်ကြီးက.ကြွက်ကလေးကိုမစားခင်ကစားနေတဲ့ပုံလေးကိုမြင်လာသလိုပဲ…:D

  • Foreign Resident

    October 12, 2011 at 10:35 am

    ဦးကြောင်ကြီး
    ကျွန်တော်လည်းထောက်ခံပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 12, 2011 at 12:17 pm

    ဟုတ်တယ် သားသားလည်းထောက်ခံတယ်
    တစ်ကယ်ဆို သူ့ဘာသာ အကြံအဖန်နဲ့ဘဲတက်တက်
    အမှန်အကန်ဘဲတက်တက်
    ဒီချိန်ထိ အစိုးရအဖွဲ့တစ်ခုရဲ့လုပ်ရပ်တွေ အမှန်အကန် ဘာမှမလုပ်ရသေးဘူးလို့ မြင်တယ်
    တကယ်ဆိုရင် သူ့မှာမူမှန်ရင်
    နိုင်ငံရေးအကျဉ်းသားနဲ့ မြစ်ဆုံဆယ်ကိစ္စဆိုတာ နိုင်ငံရေးအကျဉ်းသားလွှတ်တာက
    ပိုတောင် တာဝန်ပေါ့သေးတယ် ခုတော့ အဲ့လိုမဟုတ်ဘူး
    မြစ်ဆုံဆယ်ကို ခေါင်းစားခံပြီးသူအရင်လုပ်တယ်
    ဒီနေ့ထိ လွှတ်ပေးတဲ့စာရင်းဇယားက မရှင်းသေးဘူး
    သေခြာတာ သူတို့တွေ
    ထောင်ထည်းကလူတွေနဲ့ အပြင်ကလူတွေပူးပေါင်းမိမှာ စိုးရိမ်ကြီးပုံရနေသေးတယ်

  • Thanlwinoo

    October 12, 2011 at 1:12 pm

    ထောက်ခံပါတယ် ဦးကြောင်ခင်ဗျား..။
    မြန်မာ့နိုင်ငံရေးမှာ အုပ်စုတစ်စုက အာဏာကို လက်ဝါးကြီးအုပ်ထိန်းချုပ်ထားတဲ့ စနစ်မျိုးကို အလိုမရှိပါ..။
    တိုင်းပြည်အကျိုးအတွက် လူတော်လူကောင်းတွေ (စစ်သား/အရပ်သားမည်သူမဆို) ပါဝင်ဆောင်ရွက်နိုင်တဲ့နိုင်ငံရေးစနစ်မျိုး၊ သန့်ရှင်းစွာပြိုင်ဆိုင်နိုင်တဲ့ ရွေးကောက်ပွဲစနစ်မျိုး၊ အာဏာရတဲ့ မည်သူမဆို မဟုတ်တာမလုပ်နိုင်အောင် ထိန်းကျောင်းနိုင်တဲ့စနစ်မျိုး၊ တကယ်လို့ မတော်မတရားပြုလုပ်ခဲ့ရင် ချက်ချင်းဖယ်ရှားပစ်နိုင်တဲ့စနစ်မျိုး အလိုရှိပါတယ်..။
    (စစ်သားများ နိုင်ငံရေးမှာပါဝင်ရင်တော့ သေနတ်မကိုင်ဖို့၊ ယူနီဖောင်းချွတ်ဖို့လိုပါတယ်..)၊
    ဘောလုံးပွဲကောင်းတစ်ခုဖြစ်ဖို့ အသင်းတွေကောင်းဖို့လိုသလို ကွင်းကောင်း၊ ပရိတ်သတ်ကောင်း၊ ဒိုင်လူကြီးကောင်းကောင်းနဲ့ မျှတတဲ့ပြိုင်ပွဲစည်းမျဉ်းတွေရှိဖို့လိုပါတယ်…။
    ဟိုကစားသမားတော့မပါရဘူးလို့ ကန့်သတ်ထားမယ်…၊ ဒိုင်ကဘက်လိုက်ပြီး တစ်သင်းကို ဘောလုံးလက်ထိရင်အပြစ်ပေး… နောက်တစ်သင်းကို ခြေထောက်ကော လက်ကော ကန်ခွင့်ပေးရင်၊ ကြိုတင်ဂိုးတွေပေးထားရင်၊ ကိုယ့်အသင်းရှုံးရင် တစ်ဖက်အသင်းကို အနိုင်မပေးပဲ အသစ်ပြန်ကန်ခိုင်းရင်…. အဲဒီလိုပြိုင်ပွဲမျိုးကို ဝင်မပြိုင်တာက ပိုကောင်းပါလိမ့်မယ်…။

  • akswe

    October 12, 2011 at 2:59 pm

    ကြောင်ရှင် နယ် လိဂ်ဖော် ဒီမိုကရေစီ ကို ထောက်ခံပါတယ်..

  • blackchaw

    October 12, 2011 at 3:39 pm

    ရဲရဲတောက် ကြောင် ခေါင်းဆောင်ကြီး၏ အဆိုအား
    ရဲရဲတောက် ထောက်ခံပါကြောင်း။

  • ရာဇဝင်လူဆိုး

    October 12, 2011 at 4:06 pm

    ကိုကြောင်..
    ဂျိုကောင်မဟုတ်ဘူး…
    ဗိုလ်တစ်ထောင်မှာ
    အပျိုတစ်ထောင်နဲ.
    စာရင်းရှင်းလာတာ…

  • okermg

    October 12, 2011 at 4:16 pm

    ရွှေတိဂုံ ဘုရား မှအပြန် အပူလွန် အမောဆို့ ရင်းတန်းလန်းဖြင့်..
    ကိုကြောင်ကြီး Group ၏ idea ကို လှိုက်လှဲစွာ ထောက်ခံပါကြောင်း…။

  • htoosan

    October 12, 2011 at 10:03 pm

    ကျွန်တော်မရေးခင်မှာ NLD မှတ်ပုံတင် ပြုသင့် မပြု သင့် မှာ ပြုသင့် က ၅၂ရ ၊ မပြုသင့် က ၁၅၉ လို့ တွေ့ပါတယ်….. ဆိုတော့ .. အများစု က ဘာ လိုလားသလဲဆို တာ စဉ်းစားသင့်ပါသလား ဆိုတာ မေးချင်ပါတယ် ..

    • ကြောင်ကြီး

      October 13, 2011 at 10:39 am

      သဂျီးဖော်တဲ့ အရူးကွက် လာနင်းမပြနဲ့ ထူးဆန်းရေ။ Poll မှာမေးထားတာကိုက တမင်မရှင်းအောင် လုပ်ထားတာ။ နင်မသိတာတော့ စစ်သားညဏ်မိုလို့ ခွင့်လွှတ်တယ်။ နိုင်ငံရေးပါတီတခု မှတ်ပုံတင်ရမှာကို လူတိုင်းသိတယ်။ အန်အယ်ဒီကို အဲသလို မေးမှတော့ မှတ်ပုံတင်သင့်ပါတယ်လို့ ရိုးရိုးဖြေမှာပေါ့။ မတင်သင့်ဆိုသူတွေက ကွက်ကျော်တွေးပြီး လက်ရှိ၂၀၀၈ခုနှစ် အချိန်မရွေး စစ်တပ်က အာဏာသိမ်းနိုင်ခွင့်ပေးထားတဲ့ စစ်ဗိုလ်တမတ်သား အခြေခံဥပဒေအောက်မှာ၊ ဒေါ်စုဝင်အရွေးမခံနိုင်အောင် စီမံထားတဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ရွေးကောက်ပွဲမှာ မဲခိုးမဲလိမ်တက်လာတဲ့ ကြံ့ဖွတ်အများစု အုပ်စီးထားတဲ့ အတုအယောင် လွှတ်တော်အတွက် အန်အယ်ဒီ မှတ်ပုံမတင်သင့်လို့ ပြောတာ။ အကယ်၍ မေးခွန်းသည် ရွေးကောက်ပွဲ မဝင်ဘဲနေလို့ရရင်၊ စစ်အစိုးရ အခြေခံဥပဒေကို လက်မခံနေလို့ရရင်၊ ပါတီမူဝါဒကို လွတ်လပ်စွာ အကောင်အထည် ဖေါ်လို့ရရင် မှတ်ပုံတင်သင့်သလားလို့ ပြောင်းမေးကြည့်ပါလား။ ဒါမှမဟုတ် အဲဒီအခြေအနေအောက်မှာ မှတ်ပုံမတင်သင့်သလားလို့ မေးကြည့်ပါလား။
      အခုဟာက လူတယောက်ကို ထမင်းစားသင့်သလားမေးတော့ အားလုံးအတွက် မထူးဆန်းဘူး၊ အရူးအနှမ်းမှ မဟုတ်တာ။ သာမန်တွေးပြီး စားသင့်တယ်လို့ ဖြေမှာပေါ့။ နောက်ဆက်တွဲ ထမင်းစားဖို့ ကားယားခွထားတဲ့ခြေကြားထဲ လေးဖက်ထောက်ဝင်ရမယ်၊၊ သားသမီးကိုလည်း ပန်းကန်းဆေး သန့်ရှင်းရေးလုပ်ခိုင်းမယ်ဆို စားချင်ပါအုံးမလား။

      • good

        October 13, 2011 at 5:30 pm

        ဟုတ် တယ်ဗျ ကိုကြောင်ကြီးရေ။ အဲဒီ မေးခွန်း က ဝေ့လည် ချောင်ပတ် လုပ်ထားတယ်။
        သဂျီး၊ မယုံ ရင် မေးခွန်း လေး ပြောင်းကြည့် လိုက်။ ပြောင်းပြန် ဖြစ်သွားမှာ။

      • htoosan

        October 13, 2011 at 6:34 pm

        ဟုတ်ကဲံ့ ဦးကြောင်ကြီးခင်ဗျား .. တစ်ခါမှအစိုးရဝန်ထမ်းမဖြစ်ခဲ့ဘူးသော်လည်း ..ဦးကြောင်ကြီးခိုင်းနိူင်းသလို စစ်သားဉာဏ်သာ ရှိကောင်းရှိမည်ဖြစ်သော ကျွန်တော်နှင့် အများစုကတော့ဘယ်လိုအခြေအနေမှာ ဆိုသည်ကို သဘောပေါက်ကြသည်ဟု ထင်မြင်ယူဆမိပါသည်။
        ထမင်းငတ်ရျ်ယဲ့ယဲ့သာရှိသော အချိန်အခါတွင်…
        မာနကြောင့် လေးဖက်ထောက်ဝင်ရမှာစိုးလို့ အသေခံမလား..
        မာန ချရျ်လေးဖက်ထောက်ဝင်ပြီး ရှင်သန်မူ့ယူမလား … အဲ့ဒီကမှ တဆင့် တက်ရျ်ပြန်ရပ်မလား ဆိုတာ….. မာန အာဃာတ ဖယ်ရ်ျ စဉ်းစား ဆုံးဖြတ် လုပ်ဆောင်ကာ အကျိုးဆက် ကို ရင်ဆိုင်ရမည်ဟု ထင်မြင်ယူဆမိကြောင်းပါ။

        • htoosan

          October 13, 2011 at 6:46 pm

          NLD အား ယဲ့ယဲ့သာ ရှိတော့သည်ဟုဆိုလိုခြင်းမဟုတ်ကြောင်း .. ထမင်းကိုသာဦးတည်ဆိုလိုခြင်းဖြစ်ကြောင်း ကြိုတင်ရှင်းထားပါရစေ။

        • Foreign Resident

          October 14, 2011 at 2:18 am

          ” မာနချ လေးဖက်ထောက်ဝင်ပြီး ရှင်သန်မူ့ယူမလား ”

          ကောင်းလိုက်တဲ့ အတွေးအခေါ် ၊
          တိုင်းပြည် ဂုဏ်ကို ဆောင်အုံးမှာပဲ ။

          ရှေးမြန်မာလူမျိုးတွေ —–

          ” သခင်မျိုးဟေ့ ဒို့ဗမာ ၊ သပိတ် သပိတ် မှောက် မှောက် ”
          ဆိုတဲ့ ရဲရဲတောက် ကြွေးကြော်သံ တွေ အစား

          ” မာန မရှိတဲ့ ဒို့ဗမာ ၊ လေးဖက် လေးဖက် ထောက် ထောက် ”
          ဆိုတဲ့ ပန်းနုရောင် ကြွေးကြော်သံနုနု လေးတွေ ပြောင်းဆိုခဲ့ကြမယ်ဆိုရင်
          အခုအချိန်မှာ မြန်မာပြည် ဘယ်ဘဝ ရောက်နေမလဲ သိချင်သား ???

          ကျွန်တော်တို့အားလုံးရဲ့ “အမျိုးသား ခေါင်းဆောင်” ဗိုလ်ချုပ်
          မကြာခဏ ကိုးကားလေ့ရှိတဲ့ စကားပုံလေး တစ်ခုကို အမှတ်ရမိပါတယ် ။

          “လောကဓံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့်
          ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲ နီနေ၏။
          သို့သော် . . . ညွှတ်ကား မညွတ်”။

          (ဗိုလ်ချုပ်အောင်ဆန်း )

        • htoosan

          October 14, 2011 at 7:47 am

          ဦးForeign Resident ခင်ဗျား ..“လောကဓံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့်
          ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲ နီနေ၏။
          သို့သော် . . . ညွှတ်ကား မညွတ်”။
          ကျေးဇူးတင်ပါတယ်. ငယ်ငယ်ကတည်းက ကျွန်တော် အရမ်းကြိုက်တဲ့ စကားပါ။
          အဲ့ဒီလိုဖြစ်နိုင်အောင် ကြိုးစားတဲ့ ကျွန်တော၊် နိုင်ငံ့ခြားမှာ ပြန်အလုပ်လုပ်ဖို့ စဉ်းစားလိုက်တိုင်း ပြန်ရွတ်မိတဲ့ စာသားပါ။
          တစ်ဦးထဲ အတွက် အရမ်းကောင်းတဲ့ စကားပါ။

          ဗိုလ်ချုပ်သည်လည်း သူဂျပန်နဲ့ ပေါင်းပြီးတိုက်ထုတ်ခဲ့တဲ့ အင်္ဂလိပ်ကို၊ ဂျပန်ကိုပြန်တိုက်ထုတ်ခြင်တော့ အင်္ဂလိပ်နဲ့ ပြန်ပူးပေါင်းခဲ့ရပါတယ်.. တိုင်းပြည်ကောင်းစားဖို့ အတွက် လက်ရှိ အခြေအနေ အရ မလုပ်ချင်သော်လည်း လုပ်ခဲ့တယ်လို့ တွေးထင်မိပါတယ်။

          (ပန်းနုရောင် ကြွေးကြော်သံနုနု..ဆိုလို့ ..ဒါကတော့ နောက်တဲ့စကားနော်… လူကြီးများ ..အဖွားတို့ မကျေနပ်ရင်ပြောလေ့ရှိတဲ့စကား.. “အမလေးလေး.. အင်္ဂလိပ်ခောတ်ကမှ ပိုကောင်းသေး..နင်တို့ဆိုရှယ်လစ်ကြီးကျမှ “.. ဆိုတာလေး သတိရမိတယ်…)

        • ကြောင်ကြီး

          October 14, 2011 at 9:54 am

          ထူးဆန်းကို အစိုးရဝန်ထမ်းလို့ မပြောသလို အောင်ကြူးလည်း အန်အယ်ဒီပါတီဝင် မဟုတ်ပါဘူး။ စစ်သားညဏ်ဆိုတာ စစ်သားမှမဟုတ် ကြံ့ဖွတ်၊ စွမ်းအားရှင်ကစလို့ ငါ့ဖို့ ကိုယ်ကျိုးရှာ စီးပွားရေးသမားအဆုံး စစ်အုစုပ်စာနယ်ဇင်းသမားများပါမကျန်ကို ဆိုလိုပါတယ်။ အန်အယ်ဒီ ထမင်းမငတ်နေပါဘူးကွယ်။ သူတို့ အခြေအနေမျိုးစုံကို ဖြတ်သန်းရှင်သန်နိုင်ခဲ့တယ်။ အန်အယ်ဒီ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်ပြီး အိပ်ယာထဲလဲ အသက်ငင်နေစဉ်မှာတောင် ထမင်းမငတ်ခဲ့ပါဘူး။ ပြည်သူတွေက ကျွေးထားလို့ပါ။ ပြည်သူသာ မထောက်ခံခဲ့ရင် ငတ်ပြတ်သေတာကြာပါပြီကွယ်။
          အန်အယ်ဒီဟာ မာန၊ အာဃာတကြောင့် တင်းခံနေတာလဲ မဟုတ်ဘူး၊ ယုံကြည်ချက်အတွက် မဆုတ်မနစ် ဇွဲလုံ့လ သတ္တိတို့နဲ့ လျောက်လှမ်းနေတာပါ။ သူတို့သာ ကိုထူးဆန်းပြောသလို မာနနဲ့ဆိုရင် ၁၉၉ဝရွေးကောက်ပွဲရလဒ်အတိုင်း အာဏာယူဖို့ကလွဲလို့ တပြားဖိုးမှ လျော့ခွင့်မရှိပါဘူး။ ဒါပေမဲ့ အဲဒီအချိန်ကထဲက တွေ့ဆုံညှိနှိုင်းဖို့ အစဉ်တစိုက် တောင်းဆိုနေခဲ့တာကို တန်းတူရည်တူ နိုင်ငံရေးစားပွဲထိုင်ဖို့ သတ္တိမရှိတဲ့ စစ်အစိုးရက ဆင်ခြေမျိုးစုံနဲ့ ငြင်းဆန်လာခဲ့တာပါ။

        • pooch

          October 14, 2011 at 6:06 pm

          ဦးဖောကြီးရဲ့ အတွေးအရေးကို အရမ်းသဘောကျတယ်..
          ယုံကြည်ချက်ကြောင့် ရှင်သန်နေကြသူများ၊ ပေးဆပ်နေကြသူများအားလုံး ကို အပြည့်အဝထောက်ခံပါတယ်…

  • kai

    October 13, 2011 at 11:16 pm

    NLDမှာလည်း သိပ်တော့မချောင်ဘူး..။
    လုပ်တော့ သေအောင်အနစ်နာခံလုပ်ရတယ်..။
    NLDကထောင်ကျဖူးတဲ့ သူတွေရဲ့ထောင်ကျနှစ်တွေပေါင်းလိုက်ရင်.. နှစ်ရာချီနေမှာတော့ သေချာတယ်..။
    ဆုံးရှုံးခဲ့တဲ့ အသက်တွေလည်း.. မနည်းပဲ..။ 😥

    တောင့်ထား.. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်..
    တင်းထား… ဒေါ်အောင်ဆန်းစုကြည်…။ :mrgreen:

  • kocho

    October 14, 2011 at 3:38 am

    ထမင်းတလုဎ် ဒုက်တချက် ဥပဒေနဲ့ မျက်လှဲ့ပြနေသည် ဟုထင်မိပါသည်

  • kai

    October 14, 2011 at 5:59 am

    မင်းကိုနိင်ရဲ ့မက်ဆေ့ချ်
    (သဂျီးတင်လိုက်တဲ့သတင်း မှန်ကန်ပုံမရလို့ အောက်မှာကပ်လျက် မင်းကိုနိုင်ပြောကြားချက်များကို ဖြည့်ပေးထားသည်။ ကြောင်ကြီး)

    ကျိုင်းတုံအကျဉ်းထောင်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် က သူ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ပြောသည့် တိုင်းပြည်ကောင်းစားရေး အတွက် မည်သူနှင့် မဆို ပူးပေါင်းဆောင်ရွက်မည် ဆိုသည့် သဘောထားကို အလေးအနက်အပြည့်အဝထောက် ခံကြောင်း၊ NLD ပါတီ တရားဝင်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်မည်ဆိုလျှင် လည်းထောက် ခံကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် ယခုသွားနေသော လမ်းကြောင်းကို ထောက်ခံကြောင်း ကိုမင်းကိုနိုင်နှင့်အတူ ကျိုင်းတုံ အကျဉ်းထောင်တွင် အတူအကျဉ်းကျခံခဲ့ရပြီး ယမန်နေ့ နံနက်ကပြန်လွတ် လာသူနိုင်ငံရေးသမားတစ်ဦးက The Messenger ဂျာနယ်မှသတင်းထောက်ကို ၁၂.၁၀.၂၀၁၁ နေ့ ည ဒေသစံတော်ချိန် ၈ း ၂ဝ နာရီခန့်တွင် တရားဝင်တွေ့ဆုံပြောကြားခဲ့သည်။ သတင်း..Messenger Journal

    http://komoethee.blogspot.com/2011/10/blog-post_884.html

    • ကြောင်ကြီး

      October 15, 2011 at 9:55 pm

      ဦးစိန်ဝင်းမောင်လိမ်ပြောတယ်တဲ့ (ကိုမိုးသီးဘလော့ဂ်မှ)
      မနေ ့ညက(Oct 13.2011) အာအက်ဖ်အေမြန်မာပိုင်းမှာ မြန်မာနေရှင်းသတင်းဂျာနယ် အယ်ဒီတာ ဦးစိန်ဝင်းမောင် ပြောသွားတဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်တာပဲ ဖြစ်ဖြစ် ၊ ပါတီထောင်တာပဲ ဖြစ်ဖြစ် သူ ့အနေနဲ ့ သဘောတူတယ်လို ့ ထောင်ထဲမှာ ကိုမင်းကိုနိုင် ပြောခဲ့တယ်လို ့ ပြန်ပြောသွားပါတယ်။

      ကိုမင်းကိုနိုင် အမနဲ ့ညီမ ကိုမင်းကိုနိုင်ဆီကို ထောင်ဝင်စာသွားတွေ ့တော့ ( အဲဒီလို သတင်းတွေထွက်နေတယ်။ ထောင်ထဲကနေ အဲဒီလိုပြောလိုက်လား )လို ့ ကိုမင်းကိုနိုု်င်ကို သူ ့အမတွေက တွေ ့တွေ ့ခြင်းမေးတော့ ချက်ခြင်း သူငိုင်သွားတယ် သွေးတက်သွားတယ်လို ့ပြောပါတယ်။ သူဒီလို လုံးဝ မပြောလိုက်ဘူးလို ့ ပြန်ပြောလိုက်ပါတယ်တဲ့။

      သူ ့အမတွေ ညီမတွေက သူ ့မောင်ဒီလိုမပြောခဲ့ဘဲ ဦးစိန်ဝင်းမောင် လိမ်ပြောခဲ့တာတွေအတွက် ဝမ်းနည်းပြီး ငိုကြတယ်လို ့ သတင်းရပါတယ်။
      ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် မင်းကိုနိုင် ထောက်ခံမယ်
      2011-10-15 အာရ်အက်ဖ်အေ မြန်မာပိုင်းအစီအစဉ်

      ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ဆွေးနွေးမှုကို ကြိုဆိုထောက်ခံကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ချမှတ်မယ့် ဆုံးဖြတ်ချက်ကို သူလက်ခံမှာဖြစ် ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောဆိုလိုက်ပါတယ်။

      ဒီမိုကရေစီ အင်အားစုများ၏ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ နှစ်ပတ်လည်နေ့ ဖြစ်သော ၂၀ဝရခုနှစ် မေလ ၂ရရက် တွင် လက်ချင်းချိတ်၍ ပါဝင်ဆင်နွှဲနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ပါသည်။ (ဝဲမှယာ) ကိုမြအေး၊ ကိုကိုကြီး၊ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်။

      အောက်တိုဘာလ ၁၄ ရက်နေ့က ကျိုင်းတုံအကျဉ်းထောင်မှာ ကိုမင်းကိုနိုင်ကို သွားရောက်တွေ့ဆုံခဲ့တဲ့ အမဖြစ်သူ ဒေါ်တင်တင်ညွန့် ကို အာအက်ဖ်အေက ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောဆိုလိုက် တာ ဖြစ်ပါတယ်။

      “သူ မှာလိုက်တာက သူတို့ အစဉ်တစိုက် တောင်းဆိုလာခဲ့တဲ့အတိုင်း တွေ့ဆုံဆွေးနွေးရေး ဖြစ်လာပြီ။ အဲ့ဒီေတော့ အခု အန်တီနဲ့ တဖက် အဖွဲ့အစည်းနဲ့ တွေ့ဆုံဆွေးနွေးနေတာကို ကြိုဆို ထောက်ခံပါတယ်၊ ဒါပေမယ့် Time Frame တော့ ရှိသင့်တယ်လို့ ထင်တယ်တဲ့။ ဒီ ဒိုင်ယာလော့ ကနေပြီးတော့ ရလာမယ့် ရလဒ်အပေါ် အန်တီ ချမှတ်မယ့် Decision ကို သူ လက်ခံပါမယ်တဲ့။ ကျမကို တရားဝင် မှာတာ ဒီစကားလုံးတွေပါပဲ။ ပါတီထောင်ရေးတို့ ရွေးကောက်ပွဲ ဝင်ရေးတို့နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ထောက်ခံတယ်လို့ရော၊ ကန့်ကွက်တယ်လို့ ရော ကြိုပြီးပြောစရာ အကြောင်းမရှိပါဘူးတဲ့။ ကာယကံရှင်တွေ ကိုယ်တိုင်တောင် တိတိကျကျ မပြောသေးတဲ့ ကိစ္စကို သူ့အနေနဲ့ ကြိုပြီး ပြောပိုင်ခွင့်လည်း မရှိဘူးတဲ့။ နောက်ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ လမ်းကြောင်းလည်း မပေးဘူး၊ နှပ်ကြောင်းလည်း မပေးဘူး၊ ဆရာလည်း မလုပ်ပါဘူးတဲ့။ ဘာဖြစ်မယ်မှန်းမှ မသိသေးတဲ့ ကိစ္စကို သူ့အနေနဲ့ ဘာမှ သဘောထား မပေးနိုင်ပါဘူးတဲ့”

      ဒါ့အပြင် ကိုမင်းကိုနိုင်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ လွတ်မြောက်လာကြ သူတွေအတွက် မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းသာမိကြောင်းလည်း ပြောဆိုလိုက်တယ်လို့ ဆိုပါတယ်။

      ကိုမင်းကိုနိုင်ဟာ သွေးတိုးရောဂါ၊ နှလုံးအားနည်းတဲ့ ရောဂါ၊ ဇက်ကျော ကျည်းပေါင်းတက်တဲ့ ရောဂါနဲ့ ခြေထောက် အတက်ထွက်တဲ့ ရောဂါတွေ ခံစားနေရသလို ပြီးခဲ့တဲ့ ၂ လကစလို့ ခေါင်းမူးတဲ့ ဝေဒနာ ခံစားနေရပြီး ကျန်းမာရေး မကောင်းဘူးလို့လည်း ဆက်ပြောပါတယ်။

      ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ပွဲကို မိသားစုနဲ့အတူ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်တွေက လာမယ့် အင်္ဂါနေ့မှာ ကျင်းပဖို့ စီစဉ်ထားပြီး ကျန်းမာရေး အခြေအနေ ကြောင့် အကျဉ်းထောင်အတွင်း မကျင်းပနိုင်တော့ဘူးလို့လည်း ဒေါ်တင်တင်ညွန့်က ဆက်ပြောပါတယ်။

      “သူ အခု ကောင်းကောင်း နေမကောင်းတော့လေ ထောင်ထဲမှာ မလုပ်တော့ဘူးတဲ့။ သူလည်း နေမကောင်းဘူး၊ ထောင်ပိုင်ကြီးကလည်း ခွင့်နဲ့ ရန်ကုန် သွားနေတယ်။ ဒု-ထောင်ပိုင်လေးကလည်း သင်တန်း တက်နေတယ်၊ သူ ကိုယ်တိုင်လည်း ကျန်းမာရေး မကောင်းတော့ မလုပ်တော့ပါဘူးတဲ့။ သင်္ကန်းပဲ လှူတော့မယ်တဲ့။ သင်္ကန်း ဝယ်ပေးခဲ့ တယ်။ ထောင်က တာဝန်ရှိသူတွေက နေပြီးတော့ လှူပေးမှာပေါ့။ ရန်ကုန်မှာက ကျမတို့ သမိုင်းက မြို့မ ပရိယတ္တိ စာသင်တိုက်မှာ မနက်အစောကြီး အာရုံဆွမ်း၊ သံဃာတွေကို ကပ်မယ်။ နောက်ပြီးတော့ နီးစပ်ရာ ဆွေမျိုး မိတ်သင်္ဂဟတွေကို မနက် ၈ နာရီကနေ ၁ဝ နာရီအထိ ဧည့်ခံပါမယ်”

  • ba gyi

    October 14, 2011 at 1:58 pm

    ပြောင်းလဲခြင်းသဘောတွင်- တစ်ကယ်ပြောင်းမှပြောင်းလဲနိုင်ပါမည်၊ ပြောင်းလဲခြင်း လိုလားသူ တို့ အ ဖို့ပြောင်းလဲမှုတစ်စတွေ့သည်နှင့်ပင် ထိုအစကိုဆွဲထုတ် ဆန့်ကြမှသာ ပြောင်းလဲမှုအစ ရှည်ထွက်နိုင် ပါ မည်၊ အရေးကြီးသည်မှာ နိုင်ငံ နှင့် ပြည်သူပြည် သားများအပေါ်ထားရှိသော ချစ်စိတ် တည်မြဲနေ ဘို့သာ ဖြစ် သည်။ချစ်စရှည်ပြီး မုန်းစသိမ်းနိုင်ကြရန်အတွက်- ချစ်စတွေကိုပဲဆက် ဆွဲထုတ်နိုင်ရန် လို အပ် ပါသည်။
    အစတစ်စလေးမြင်ရုံနဲ့တော့အ ဆုံးထိဆုံးဖြတ်ရန်ခက်ခဲကြသည်မှာ လည်းသဘာဝ ကျပါသည်။ အ ဆုံး မရောက်သေး သောအစကိုတော့ဆက်ဆွဲရန် မှာမလွှဲမရှောင်သာ ဆောင်ရွက် ရမည့်တာ ဝန်ရှိ ပါသည်။
    ပြည်သူ / ပြည်သား အားလုံးချစ်စကို အဆုံးထိဆွဲထုတ်ရန်ဆန္ဒ ရှိနိုင်ကြပါစေ။ ဘယ်တော့မှ သည် အစဆုံးမှာလည်းဆို လျှင်- ကိုယ် ဆွဲထုတ်နိုင်ခြင်းပေါ်တွင်မူတည်ပါသည်။ မြန်မြန်ဆွဲထုတ်နိုင်မှ- မြန် မြန် အ ကဲဖြတ်နိုင်ပါလိပ်မည်။ ကိုယ့်ဘက်ကတော့ မုန်းစ ဖြစ်လို့တော့မဖြစ်ပါ။အားလုံရိုးသားဘို့ /ချစ်တတ် ကြ ဘို့လိုပါမည်။ ဆွေးနွေးကြသူ အပေါင်း တိုင်းပြည်အတွက် ချစ်စိတ်ဖြင့်ဆွေးနွေးကြ သည် ဖြစ် သ ဖြင့် အား လုံးကိုလေးစားလျှက်။

  • ရာဇဝင်လူဆိုး

    October 14, 2011 at 4:55 pm

    ဦးနေဝင်းခေတ်ကမှ အထွေထွေလွတ်ငြိမ်းချမ်းသာနဲ့ နိုင်ငံရေးအကျဉ်းသားအကုန်လွတ်ပါသေးတယ် ၊ ခုက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါတယ်လို့ ပြောရယုံလေးတင်ပါ ၊ ကျောင်းသားတွေနဲ့ ပြည်သူလူထုကြီးရဲ့ သူရဲကောင်း ၈၈မျိုးဆက်ကျောင်းသားတွေ ၊ ဖေါက် ခွဲရေးပုဒ်မ ၊ အီလက်ထရောနစ်ပုဒ်မ ၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုပုဒ်မဆိုတာမျိုး တပ်ချင်တဲ့ပုဒ်မတပ်ဖမ်းတာခံထားရတဲ့သူတွေ အများကြီးကျန်နေသေးတာပါ ။ လွတ်ငြိမ်ချမ်းသာကို တနှစ်ထဲပေးလိုက် ၊ ထိုက်သင့်တဲ့အပြစ်ဒါဏ်ခံပြီး ကောင်းကောင်းမွန်မွန်နေတဲ့သူ တွေကိုပေးတယ်လုပ်လိုက်နဲ့ နိုင်ငံတကာအခြေအနေကိုလိုက်ပြီး မီးစင်ကြည့်ကနေတာမျိုး ၊ သဘောထားမမှန်တာကို သတိထားမိကြဖို့ လိုပါတယ် ။

  • Shwe Ei

    October 14, 2011 at 5:23 pm

    အော်၊ လုပ်ကွက်တွေကဂလိုလား။ ပို့စ်နဲ့ ကွန်မန့်တွေ ဖတ်ပီးမှ ရေးတေးတေး သဘောပေါက်တယ်။ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ အတွေးအခေါ်တွေက သာမာန်ပြည်သူတယောက်
    လိုက်လို့ မမှီနိုင်တာမျိုးဘဲ။ ဒီထက်ပိုပီး သိချင်သေးတယ်။

Leave a Reply