ဇာဂနာလွတ်မည်။

Ma MaOctober 12, 20111min19213

ဒီဗွီဘီမှ ပြောကြားချက်အရ လူရွှင်တော် ဇာဂနာကို မြစ်ကြီးနားထောင်ပိုင်မှ လေယာဉ်ပေါ်အထိ တင်ပေးမည်ဖြစ်ပြီး ရန်ကုန်လေဆိပ်သို့ ၁၂နာရီကျော်ခန့်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရပါသည်။ တနိုင်ငံလုံးမှာ လူတိုင်းကိုယ်စီ ဝမ်းသာကြည်နူးမှုများဖြင့် မင်္ဂလာအပေါင်းနှင့် ပြည့်ဝနေသလို ခံစားရပါသည်။

13 comments

  • kai

    October 12, 2011 at 10:15 am

    – စစ်တွေထောင်မှ ဗိုလ်ချုပ်ဆေထင် (SSPC ဥက္ကဌ ) လွတ်မြောက်လာကြောင်း သိရှိရပါသည်။
    – အရှင်ဂမ္ဘီရ(ဦးညီညီလွင်) ကလေးထောင်မှ လွတ်မြောက်လာကြောင်း သိရှိပါသည်။
    – တောင်ကြီးအကျဉ်းထောင်မှ ဦးရွှေထူး ၊စစ်တွေအကျဉ်းထောင်မှ ကိုဝင်းမော် ၊ ဘူးသီးတောင်အကျဉ်းထောင်မှ ကိုကိုကြီး (စမ်းချောင်း) ၊ ရွှေဘိုအကျဉ်းထောင်မှ မလင်းလင်းမော် တို့ ဆက်လက် လွတ်မြောက်လာကြောင်း သိရှိရပါသည်။
    – ဘူးသီးတောင်ထောင်မှ ကိုကိုကြီး(စမ်းချောင်း)၊ ကိုသန်းထွန်းဇေ ၊ ဦးအောင်စိုး တို့လွတ်မြောက်လာကြောင်း သိရှိရပါသည်။
    http://www.news-eleven.com/index.php?option=com_content&view=article&id=10486:2011-10-12-02-09-04&catid=42:2009-11-10-07-36-59&Itemid=112

    • windtalker

      October 12, 2011 at 7:18 pm

      တောင်ကြီး အကျဉ်းထောင်မှ ဦးရွှေထူး ဆိုတာ
      မောင်ပေ့ အဒေါ်အရင်းရဲ ့ယောက်ျားပါ
      အခုအထိ တော့ အိမ်ကို ရောက်မလာသေးဘူး ဗျ
      အိမ်မှာလဲ ဘာသံညာသံ မှ မကြားသေးဘူး

      • MaMa

        October 13, 2011 at 2:15 pm

        မောင်ပေရေ- တောင်ကြီး အကျဉ်းထောင်မှ ဦးရွှေထူး ဆိုတာ အမှန်တကယ် လွတ်မလွတ် ဒီနေ့ထိ update သိချင်လို့။ ပြောပြပေးပါဦး။

        • windtalker

          October 13, 2011 at 8:51 pm

          ဟုတ်ကဲ့ မလွတ်ပါဘူး
          သူ ့မိသားစု ပြောစကားအရ
          လွတ်ဖို ့မလွယ်ပါဘူး
          မမ အနေနဲ ့ဦးရွှေထူး အကြောင်းကို အသေးစိတ် ကြားဖူးမယ် ဆိုရင်
          မမ လဲ သိမှာပါ

  • ကြောင်ကြီး

    October 12, 2011 at 10:41 am

    အလိမ်ခံထားရတဲ့ ပိုက်ဆံပြန်ရသလို၊ ဆုံးနေပြီမှတ်တဲ့ အကြွေးပြန်ရသလို၊ ရစရာရှိတဲ့ကုန်ဖိုး နှစ်ပေါင်းများစွာစောင့်ပြီးမှ ပြန်ရသလို မှတ်ပါတယ်။ လုံးဝဆုံးတာထက်စာရင် (ကိုယ်ကလည်းငွေလိုနေသမို့) ကောင်းပေမဲ့ ဆုံးသွားတဲ့ငွေတိုး၊ ကာယကံရှင်ရဲ့ အချိန်ကုန်လူပန်းဖြစ်မှု၊ အလိမ်ခံရပြီး လုပ်ငန်းထဲငွေပြန်မလည်လို့ ရောင်းသူ (သို့) ကြွေးရှင် နှစ်ရှည်လများ ခံစားခဲ့ရတဲ့ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေး ချွတ်ခြုံကျမှုတွေအတွက် ဘာလုပ်ပေးမှာလည်း။ ပိုက်ဆံပြန်ပေးသူက သူတောင်းစားကိုပေးသလို ပစ်ပေးလိုက်ပြီး မင်းတို့စောက်သုံးကျလို့ ငတ်နေတာ၊ ငါမကြည့်ရက်လို့ သနားလို့ ပေးလိုက်တယ် (ပြန်ပေးတာမဟုတ်ဘူးနော်လို့ ပြောပြီးမှပေးတာ)။ အဲဒါကို တချို့သော စစ်အုစုပ်လိုသူများက ကျေးဇူးရှင်ကြီး၊ တရားမျှတသူကြီး၊ မှန်ကန်သူကြီးရယ်လို့ ကင်ပွန်းတပ်တော့ ကလေးကလား ဇီးသီးနွားစားလို့ ပြောချင်တယ်။ 🙁
    ကြည့်သေးတောပေါ့ဗျာ၊ မင်းကိုနိုင်၊ ကိုကိုကြီး တို့လိုခေါင်းဆောင်တွေ အားလုံးကို လွှတ်မလား၊ သိက္ခာမဲ့စွာ ပြန်ပေးဆွဲတန်းလုပ်ပြီး နိုင်ငံရေးကစားအုံးမလားလို့။ ပြောရရင် ကိုယ့်တိုင်းပြည်အတွင်းမှာ ပြည်သူလုထုကို ပေါ်တာမဆွဲ၊ လုပ်အားပေးမခိုင်း၊ ထောင်သားအခွင့်အရေး၊ လူ့အခွင့်အရေးပေးဖို့ နိုင်ငံခြားသားတွေက တောင်းဆိုပေးနေရတာ အရမ်းရှက်ဖို့သင့်တယ်။ ဒါတွေက သူတို့မပြောဘဲ ကိုယ့်တိုင်းပြည်အတွက် ဘယ်အစိုးရတက်တက် လုပ်ပေးနေရမှာ။ နိုင်ငံရေး ကစားကွက်ဖေါ်ဖို့ မဖြစ်ရဘူး။ ပြောရတာ လေကုန်တယ်။ ရွာထဲမှာ သဂျီးအမျိုးတွေ ဘယ်နှယောက် ရှိနေလဲမသိပါဘူး။ 🙄

  • alinsett

    October 12, 2011 at 1:24 pm

    အဲဒိ သတင်း သာ သေချာရင် ကိုယ် အရမ်း ဝမ်းသာပါတယ် ။

    သတင်းရေးသူ မမကြိုလည်း သိပ်ကျေးဇူးတင်ပါတယ်နော်။

  • alinsett

    October 12, 2011 at 1:26 pm

    အဲဒိ သတင်း သာ သေချာရင် ကိုယ် အရမ်း ဝမ်းသာပါတယ် ။

    သတင်းရေးသူ မမကို လည်း သိပ်ကျေးဇူးတင်ပါတယ်နော်။

    • thit min

      October 12, 2011 at 1:34 pm

      အပေါ်မှာလေဗျာ။
      မဖတ်ရသေးဘူးလား

  • akswe

    October 12, 2011 at 2:52 pm

    သတင်းကောင်း ကြားရ လို့ ကာယကံရှင်တွေ အတွက် ပျော်မိသလို ပိုစ့်တင်သတင်းပေးတဲ့ မမလည်း ပျော်ပါစေ

  • aungnng87

    October 12, 2011 at 4:18 pm

    ဇာဂနာ ရန်ကုန်လေဆိပ်ကိုရောက်လာတာမှာ လူတွေကဝမ်းသာအားရနဲ့ ကြိုဆိုနေလိုက်ကြတာ… ။ သတင်းထောက်တွေကလည်း မေးခွန်းတွေမေးလိုက်ကြတာ.. ဇာဂနာကလည်းအားရဝမ်းသာနဲ့ ပျော်စရာမြင်ကွင်းဘဲ….

  • kocho

    October 12, 2011 at 5:50 pm

    ကြားရတာ ဗဲထီးဂွတ် ဗဲမဂွတ် ဗဲအကုံဂွတ် လွတ်ရင်ပြီးရော အာ့းလုံးလွှတ် (ကိုယ်ချင်းစာကြပါ)ကိုယ်ဆွေကိုယ်မျိုး တွေရဲ့ မတော်လို့နော် စာလုံးပေါင်းမှားရင် ဆောရီးပါ 😀

  • small cat

    October 14, 2011 at 5:15 pm

    ဇာဂနာတော့လွတ်ပြီ။ ပလာယာနဲ့ မေးညှပ်လွတ်ဖို့လိုသေးတယ်။
    ဒါမှ နှုတ်ပစ်သင့်တဲ့ (အမွှေး)တွေကို အကုန်နှုတ်လို့ရမှာ။
    ဇာဂနာတစ်ချောင်းတည်းနဲ့အကုန်နှုတ်လို့မရနိုင်ဘူး။

Leave a Reply