လွတ်ကုန်ပြီဗျို့

VictoryOctober 12, 20111min25014

စည်းကမ်းနဲ့ညိလို့ပွိုင်ရှော့ပါ။ဝမ်းသာလွန်းလို့တင်တာပါ၊လေးစားပါတယ်။

မြစ်ကြီးနား အကျဉ်းထောင်မှ ကိုသူရ(ခ) ဇာဂနာ ပြန်လည် လွတ်မြောက်လာကြောင်း
ကိုဇဂနာက ခယ်မဖြစ်သူ မငြိမ်းက Eleven Media Group သို့ အတည်ပြု
ပြောကြားခဲ့ပါသည်။

“လွတ်လာတာတော့ သေချာပါပြီ။ ကိုသူရနဲ့ တိုက်ရိုက်  အဆက်အသွယ်တော့
မရသေးပါဘူး။ အဆက်အသွယ်ရဖို့ လုပ်နေပါတယ်။ ထောင်က  တာဝန်ရှိသူတွေနဲ့
စကားပြောပြီးပါပြီ။ အခုပဲ ထောင်ဗူးဝ ရောက်နေပြီလို့  ပြောပါတယ်” ဟု
ယနေ့နံနက် ၈ နာရီ အချိန်တွင် မငြိမ်းက ပြောကြားခဲ့ပါသည်။

မြစ်ကြီးနားတွင်ရှိနေသော  ဒေသခံတစ်ဦးကလည်း ဇာဂနာ လွတ်မြောက်လာသည့် အဆိုပါ
သတင်းကို အတည်ပြု  ပြောကြားပေးခဲ့ပါသည်။ မြစ်ကြီးနား အကျဉ်းထောင် အကျဉ်းသား
၈ဝကျော် ပြန်လည်  လွတ်မြောက်လာခြင်းဖြစ်ကြောင်း အဆိုပါဒေသခံက ပြောပြပါသည်။

“မြစ်ကြီးနားကနေ  စုစုပေါင်း ၈ရ ဦးလွတ်တယ်လို့ ကြားထားတယ်။ ကိုဇာဂနာကတော့
အထင်ရှားဆုံးပါပဲ”ဟု မြစ်ကြီးနားဒေသခံက နံနက်၈နာရီ ၁ဝမိနစ်အချိန်တွင်
Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

Credit to maynmar cupid

from The Voice Weekly’s Facebook Wall by The Voice Weekly

ဒုတိယအကြိမ်  လွတ်ငြိမ်းချမ်းသာခွင့်အရ ယနေ့တွင် ဘူးသီးတောင် အကျဉ်းထောင်
အကျဉ်းကျခံနေရသူများ အနက်မှ ကိုသန်းထွန်းဇင်၊ ကိုကိုကြီး (စမ်းချောင်း)
နှင့် အခြား တစ်ဦး စုစုပေါင်း သုံးဦး ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း
အဆိုပါ အကျဉ်းထောင်မှ သိရသည်။

ယနေ့နံနက် ၈ နာရီ ၃ဝ မိနစ်အထိ စုံစမ်းရရှိသော သတင်းများအရ ဒုတိယအကြိမ်
လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့
လွတ်မြောက်လာသူများတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသော
ကိုဌေးကြွယ်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး (တောင်ဥက္ကလာ) တို့
မပါဝင်သေးကြောင်း၊ လွတ်ပေးသည့်စနစ်ကိုလည်း မသိရှိရသေးဘဲ အသုတ်လိုက်
ခွဲလွှတ်သည့် စနစ်ဖြစ်ပါက နောက်ပိုင်းရက်များတွင် လွတ်မြောက်လာနိုင်ဖွယ်
ရှိကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းမှ လေ့လာစောင့်ကြည့်သူများက
ခန့်မှန်းကြသည်။

ယုံကြည်ချက်ကြောင့်  အကျဉ်းကျခံနေရသော ရှမ်းတိုင်းရင်းသားခေါင်းဆောင်
ဗိုလ်ချုပ်ဆေထင် (SNLD)  သည် စစ်တွေထောင်တွင် ထောင်ဒဏ် ၁၀၅ နှစ် ကျခံနေရာမှ
လွတ်ငြိမ်းချမ်းသာခွင့်ကြောင် ့လွတ်မြောက်လာခဲ့ပြီး ယနေ့ညနေ ၄
နာရီခန့်တွင်  စစ်တွေမှ ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း
သိရှိရသည်။

တောင်ကြီးအကျဉ်းထောင်မှ   ဦးရွှေထူး ၊စစ်တွေ
အကျဉ်းထောင်မှ  ကိုဝင်းမော် ၊ ဘူးသီးတောင်  အကျဉ်းထောင်မှ ကိုကိုကြီး
(စမ်းချောင်း) ၊ ရွှေဘို အကျဉ်းထောင်မှ  မလင်းလင်းမော် တို့
ဆက်လက်လွတ်မြောက်လာကြောင်း သိရှိရပါသည်။

စက်တင်ဘာအရေးအခင်းတွင် ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သူ အရှင် ဂမ္ဘီရ ကလေးအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း သိရ။

အင်းစိန်ထောင်ရှေ့တွင်  နံနက် (၄)နာရီ အချိန်မှစတင်ပြီး
လာရောက်စောင့်ကြိုနေသူ (၇၀၀) ခန့်  ရှိနေပြီး ထူးခြားချက် မရှိသေးကြောင်း
သိရပါသည်။ သိရှိရသော သတင်းများအရ  အင်စိန်ထောင်တွင် ယုံကြည်ချက်ကြောင့်
အကျဉ်းကျ ခံနေရသူ အမျိုးသား (၂၅၀)  ကျော် အမျိုသမီ (၁၀) ဦးကျော်
စုစုပေါင်း (၂၆၀) ကျော်  ရှိနေကြောင်းသိရှိရပါသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရပြီး ယနေ့နံနက် ပြန်လည်လွတ်မြောက်လာသူများထဲတွင် NLD ပါတီဝင် (၆) ဦးလည်း ပါဝင်ကြောင်းသိရသည်။ 

credit to EMG and Credit to maynmar cupid

14 comments

  • chitmg

    October 12, 2011 at 10:33 am

    8:00 AM
    မြစ်ကြီးနား အကျဉ်းထောင်မှ ကိုသူရ(ခ) ဇာဂနာ ပြန်လည် လွတ်မြောက်လာကြောင်း ကိုဇာဂနာက ခယ်မဖြစ်သူ မငြိမ်းက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။

    “လွတ်လာတာတော့ သေချာပါပြီ။ ကိုသူရနဲ့ တိုက်ရိုက် အဆက်အသွယ်တော့ မရသေးပါဘူး။ အဆက်အသွယ်ရဖို့ လုပ်နေပါတယ်။ ထောင်က တာဝန်ရှိသူတွေနဲ့ စကားပြောပြီးပါပြီ။ အခုပဲ ထောင်ဗူးဝ ရောက်နေပြီလို့ ပြောပါတယ်” ဟု ယနေ့နံနက် ၈ နာရီ အချိန်တွင် မငြိမ်းက ပြောကြားခဲ့ပါသည်။

    မြစ်ကြီးနားတွင်ရှိနေသော ဒေသခံတစ်ဦးကလည်း ဇာဂနာ လွတ်မြောက်လာသည့် အဆိုပါ သတင်းကို အတည်ပြု ပြောကြားပေးခဲ့ပါသည်။ မြစ်ကြီးနား အကျဉ်းထောင် အကျဉ်းသား ၈ဝကျော် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်း အဆိုပါဒေသခံက ပြောပြပါသည်။

    “မြစ်ကြီးနားကနေ စုစုပေါင်း ၈ရ ဦးလွတ်တယ်လို့ ကြားထားတယ်။ ကိုဇာဂနာကတော့ အထင်ရှားဆုံးပါပဲ”ဟု မြစ်ကြီးနားဒေသခံက နံနက်၈နာရီ ၁ဝမိနစ်အချိန်တွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
    ကိုဇာဂနာသည် ၂၀၀၈ခုနှစ် ဇွန်လဆန်းပိုင်းက စမ်းချောင်းရှိနေအိမ်၌ အဖမ်းခံခဲ့ရခြင်း ဖြစ်ပြီး ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပါသည်။ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလတွင် အမှုသုံးမှုအတွက် တစ်မှုလျှင် ၈နှစ်စီဖြင့် ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့ရာ ထောင်ဒဏ် ၃၅နှစ် အဖြစ်သို့ ပြောင်းလဲခဲ့ပြီးနောက် ယခု ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်ပါသည်။
    ထပ်မံရရှိသော သတင်းများကို ဆက်လက်ဖော်ပြသွားပါမည်။
    9:00 AM
    စစ်တွေထောင်မှ ဗိုလ်ချုပ်ဆေထင် (SSPC ဥက္ကဌ ) လွတ်မြောက်လာကြောင်း သိရှိရပါသည်။

    9:36 AM
    ကိုမင်းကိုနိုင်နှင့် ကိုဌေးကြွယ်တို့မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရပြီး ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများထဲတွင် မပါဝင်သေးကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ယနေ့နံနက် ၉ နာရီတွင် ပြောကြားသည်။

    9:40 AM
    အင်းစိန်ထောင်ရှေ့တွင် နံနက် (၄)နာရီ အချိန်မှစတင်ပြီး လာရောက်စောင့်ကြိုနေသူ (၇၀၀) ခန့် ရှိနေပြီး ထူးခြားချက် မရှိသေးကြောင်း သိရပါသည်။ သိရှိရသော သတင်းများအရ အင်စိန်ထောင်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူ အမျိုးသား (၂၅၀) ကျော် အမျိုသမီ (၁၀) ဦးကျော် စုစုပေါင်း (၂၆၀) ကျော် ရှိနေကြောင်းသိရှိရပါသည်။ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရပြီး ယနေ့နံနက် ပြန်လည် လွတ်မြောက်လာသူများထဲတွင် NLD ပါတီဝင် (၆) ဦးလည်း ပါဝင်ကြောင်းသိရသည်။
    9:50 AM
    စက်တင်ဘာအရေးအခင်း ဦးဆောင်မှုတွင် ပါဝင်သည့် အရှင်ဂမ္ဘီရ(ဦးညီညီလွင်) ကလေးထောင်မှ လွတ်မြောက်လာကြောင်း သိရှိပါသည်။ ၎င်းသည် ထောင်ဒဏ် ၆၃ နှစ် ကျခံခဲ့ရသူဖြစ်သည်။
    9:55 AM
    တောင်ကြီးအကျဉ်းထောင်မှ ဦးရွှေထူး ၊စစ်တွေအကျဉ်းထောင်မှ ကိုဝင်းမော် ၊ ဘူးသီးတောင်အကျဉ်းထောင်မှ ကိုကိုကြီး (စမ်းချောင်း) ၊ ရွှေဘိုအကျဉ်းထောင်မှ မလင်းလင်းမော် တို့ ဆက်လက် လွတ်မြောက်လာကြောင်း သိရှိရပါသည်။
    10:00 AM
    ဘူးသီးတောင်ထောင်မှ ကိုကိုကြီး(စမ်းချောင်း)၊ ကိုသန်းထွန်းဇေ ၊ ဦးအောင်စိုး တို့လွတ်မြောက်လာကြောင်း သိရှိရပါသည်။
    10:08 AM
    အင်းစိန်အကျဉ်းထောင်မှ ယနေ့တွင်(12.10.2011) ကျား ၅၆၄ ဦး၊ မ ၇၈ ဦး စုစုပေါင်း ၆၄၂ ဦး ကို အသုတ်လိုက်ခွဲ၍ လွှတ်ပေးမည်ဖြစ်ကြောင်းသိရသည်။

    Credit to EMG

  • chitmg

    October 12, 2011 at 10:34 am

    Credit to Myit Makha Mediagroup
    ယနေ့နံနက် ၉ နာရီခန့်က သာယာဝတီထောင်မှ ကိုဇော်သက်ထွေး၊ မော်လမြိုင် မှ မဖြိုးဖြိုးမောင်၊ ဘူးသီးတောင် မောင်းတောမှကိုဌေးကြွယ်၊ ခန်းတီးမှ မစုစု နွေး၊ ကိုကိုကြီး (၈၈ ) ရွေဝါရောင်တော်လှန်ရေးမှ အရှင်နန္ဒဝန်သတို့ လွတ်မြောက်လာပြီဖြစ်ကြောင်းနှင့် သာယာဝတီ ထောင်မှ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၉ ယောက်နှင့် အင်းစိန်မှ ၂၉ယောက်လွတ်မြောက်လာကြောင်းသိရှိရသည်။

  • chitmg

    October 12, 2011 at 10:59 am

    from The Voice Weekly’s Facebook Wall by The Voice Weekly
    ကိုယ်ယုံကြည်ရာကို ဆက်လက် လုပ်ဆောင်သွားမည် ဆိုသော စွယ်စုံရ ဟာသ အနုပညာရှင် (ဦး) ဇာဂနာ (ခေါ်) မောင်သူရသည် ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မြန်မာ့လေကြောင်းလိုင်းဖြင့် ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း ကာယကံရှင်၏ အဆိုအရ သိရသည်။

    ” ကျွန်တော် အခု မြစ်ကြီးနား လေယာဉ်ကွင်းနား ရောက်နေပြီ၊ နေ့လည် တစ်နာရီလောက်တော့ ရန်ကုန် ပြန်ရောက်မယ် ” ဟု အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁ဝ နာရီ မိနစ် ၃ဝ တွင် (ဦး) ဇာဂနာက The Voice Weekly ၏ မေးမြန်းမှုကို ဖုန်းဖြင့် ဖြေကြားသည်။

    (ဦး) ဇာဂနာက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ အားလုံး လွတ်မြောက်ခြင်း မရှိသည့်အတွက် ၎င်း၏ လွတ်မြောက်မှုကိုပင် ကျေနပ်ခြင်း မရှိကြောင်း၊ သမ္မတကြီး ဦးသိန်းစိန်၏ အစိုးရအဖွဲ့နှင့် တွေ့ဆုံကာ ယင်းကိစ္စကို တောင်းဆိုသွားမည် ဖြစ်ကြောင်း The Voice Weekly က တယ်လီဖုန်းဖြင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားသည်။

  • မင်္ဂလာရှိပါတယ်ဗျာ။နိုင်ငံရဲ ့ လူတော်၊လူကောင်းတွေ ကိုခုလို လွတ်ပေးသင့်တာကြာပါပီ။စစ်အာဏာရှင် လူတစ်စုရဲ ့ရူးသွပ်မှုတွေကြောင့် အပြစ်မရှိသူတွေရဲ ့
    မိတကွဲ၊ဖတကွဲ တွေဖြစ်ခဲ့ရတာတွေကို ကိုယ်ချင်းစာသင့် ပီထင်ပါတယ်။

  • koyinmaung

    October 12, 2011 at 12:03 pm

    ဝမ်းသာတယ်ဗျို့……

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 12, 2011 at 12:10 pm

    သေချာတိကျတဲ့ စာရင်းထွက်လာမှ ထောက်ခံမယ်
    နိုင်ငံရေးသမားမှန်သမျှ ( ခဲယမ်းမီးကျောက်မှု့ကတော့ ပြောရခက်နေသေးတယ် )
    တစ်ယောက်မကျန် လွှတ်မှ ထောက်ခံမယ်
    အားလုံးကိုချွင်းချက်မရှိမှ
    NLD မှတ်ပုံတင်ဘိ်ု့ကိစ္စချဉ်းကပ်လို့ရမယ်မှတ်ထား
    ဒို့အဖွားကြီးကို ငချဉ်မထင်နဲ့

  • မှော်ဆရာ

    October 12, 2011 at 12:45 pm

    ဘာကြောင့်ပဲ ဖြစ်ဖြစ် ဘယ်လိုအကြောင်းပဲ ကျန်ကျန်
    လွတ်လာတာ ဝမ်းသာပါတယ် ..
    နောင်ကိစ္စ နောက်တစ်ပိုင်း
    အခုလွတ်တာ ဝမ်းသာတယ် ..
    နောင်လဲ ထပ်ဝမ်းသာချင်တယ် …
    နိုင်ငံ အေးချမ်းပါစေ …..

  • kocho

    October 12, 2011 at 2:06 pm

    ကြားရတာ ဗဲထီးဂွတ် ဗဲမဂွတ် ဗဲအကုံဂွတ် လွတ်ရင်ပြီးရော အာ့းလုံးလွှတ် (ကိုယ်ချင်းစာကြပါ)ကိုယ်ဆွေကိုယ်မျိုး တွေရဲ့ မတော်လို့နော် စာလုံးပေါင်းမှားရင် ဆောရီးပါ 😀

  • windtalker

    October 13, 2011 at 1:01 pm

    တောင်ကြီး အကျဉ်းထောင်မှ ဦးရွှေထူး မလွတ်သေးကြောင်းပါ ခင်ဗျာ

    • kai

      October 13, 2011 at 2:56 pm

      အေးဗျာ..
      ဦးဂမ္ဘီရလည်း မလွတ်သေးဘူးတဲ့..။
      လေနဲ့တင်.. ထောင်ကိုဝင်လိုက်ထွက်လိုက်ဖြစ်ကုန်ပြီ..။

      ဒီချုပ်က..မလှုပ်လာရင်.. ဘာမှဆက်ဖြစ်လာမှာမဟုတ်ဘူးလို့ယူဆမိတယ်..။
      အနည်းဆုံးတော့… သဘောတူထားတဲ့အတိုင်းလုပ်ပေးရမှာပဲ..။
      အင်း.. ဒေါ်အောင်ဆန်းစုကြည်အပေါ်.. အကုန်ပုံကျနေဟန်ရှိတာပဲ..။

  • taungpawthar

    October 13, 2011 at 3:48 pm

    ့ခုထိတော့ ၂၀ဝ ကျော် သွားပြီ တဲ ့ နာမည်နဲ ့တကွ ဖော်ပြထားတာ တွေ ့မိပါတယ် လွတ်လာတဲ့သူတွေအတွက် ဝမ်းသာ ပေမယ် ့ ကျန်နေတဲ့သူတွေအတွက် တော့ စိတ်မကောင်းပါဘူး

  • blackchaw

    July 8, 2012 at 8:12 pm

    နောက်ကြောင်းပြန်လိုက်ပြီး အားပေးခဲ့ပါတယ် ကိုဗစ်ထရီရေ့။.

  • Victory

    July 9, 2012 at 3:27 pm

    ရေးထားတဲ့လေးပုဒ်စလုံးကိုမလွတ်တမ်း ကော်မန့်ပြန်ရေးပေးတဲ့ ကိုဘလက်ရဲ့စေတနာကို
    တော့လုံးဝ လုံးဝ အသိအမှတ်ပြုကျေးဇူးပါဗျို့။

Leave a Reply