အသိပေး ကြေငြာချက်….

alinsettOctober 12, 20111min13610

ရေးသော စာ နှင့် ထို စာကိုရေးသူ တစ်ထပ်တည်း ကျရမည်…ဆိုသော လေသံများ…
တွေ ့လာရသောကြောင့် ယခု ဆောင်းပါ့းကို ရေးပါသည်။

**********

ကျွန်တော် စာတွေ..ရေးပါသည်။ စာ…ဘာကြောင့် ရေး သလဲ ဟု ကျွန်တော့်ကို မေးလာလျှင်….

တွေးမိသော အတွေး ကို ချ မရေးပဲ…မနေနိုင်လို ့ ဟု ဖြေရပါမည်။
****************************************

တွေးမိသော အတွေးသည် ဖျက်ခနဲ..ပေါ်လာသော အတွေးစ များ ဖြစ်ဖြစ်သည်။ တချို ့အတွေးများ သည် ကျွန်တော် ကိုယ်တိုင်

လက်ခံ ကျင့်သုံးသော အယူ အဆ များ ဖြစ်သည် ။

တချို ့ကတော့ တခြားသူ တစ်ယောက်ယောက်၏ ခံစားချက် အယူအဆ များ..စသည်ဖြင့် အမျိုးမျိုး ရှိပါသည်။

အတွေး အမျိုးမျိုးကို ပုံစံ အမျိုးမျိုး ဖြင့် စာပေအနုပညာ ပစ္စည်း ဖြစ်အောင်..ဖန်တီး ခဲ့ပါသည်။

ကျွန်တော်ရေးသမျှကိ်ု ကျွန်တော် ့ အယူအဆ ဟု ပုံသေ ယူဆ လို ့ မရ နိုင်ပါ။

တနည်းပြောရလျှင် ကျွန်တော်ရေး သော စာတွေထဲမှ ကျွန်တော် …ကို …. အလင်းဆက် ပဲ…ဟု ပုံသေ ယူဆ လို ့မရပါ။
*******************************************************************************

ကျွန်တော်သည် စာပေအနုပညာကို ချစ်မြတ်နိုးသော…လူငယ်သာဖြစ်ပါသည်။

စာများကို ရေးသား ဖန်တီးပါသည်။

သို ့သော် ကျွန်တော်ရေးသော စာများသည် သတင်းများ..မဟုတ်ပါ။ ကျွန်တော်က သတင်းရေးသူလည်း မဟုတ်ပါ ။

ဝတ္ထု ၊ ကဗျာ နှင့် ရသ အနုပညာ ဆိုင်ရာ ဆောင်းပါး များ ၊ အခြား စာညွန့် စာတမ်းများ ..ရေးသူသာ ဖြစ်ပါသည်။

********************************

ကျွန်တော်ရေးသော စာများထဲ..တွင်..ကျွန်တော် ဆိုသော နာမ်စား.. (သို ့မဟုတ် ) Narrator ပါဝင်ပါသည်။

ထို ကျွန်တော်သည်…ကျွန်တော် ..အလင်းဆက် ဟုတ်ချင်မှ ဟုတ်မည် ၊ ဟုတ်ချင်လည်း ဟုတ်မည်။

( ဟုတ် မဟုတ်ကိုတော့ ရေးသော စာ အမျိုးအစားကို ကြည့်လျှင် သိနိုင်ပါလိမ် ့မည်။)

ထို စာထဲမှ ကျွန်တော်..ပြောသမျှှ အယူအဆ များကို စာရေးသူ ကျွန်တော်အလင်းဆက်
လက်ခံ ကျင့်သုံ့းနေတာတော့မဟုတ်ပါ။

( Narrator နေရာတွင် ကျွန်မ ဟု သုံးချင်လည်း သုံ့းမည် ။ ကြောင် တစ်ကောင်နေရာမှ ခံစားပြီး..

ပြောချင်လည်းပြောမည် ။ခွေးတစ်ကောင်..နေရာမှ ခံစားပြိး ရေး ဖွဲ ့လျှင် ထို ကျွန်တော် သည်..

ခွေးတစ်ကောင်သာ ဖြစ်ပြီး…အလင်းဆက် မဟုတ်ပါ။ )

*********************************************

ရသ စာပေ ရေးသူ တစ်ယောက် အနေနှင့် အခင်း ၊ အခက် ၊ အဖြေ..ဆိုသော သမားရိုးကျ နည်းများကို သုံးရပါမည်။

ဒါမှမဟုတ်…အခြား နည်း စနစ် သစ်များ ဖြင့် ရေးချင်လည်း ရေးနိုင်ပါသည်။

ဇာတ်လမ်း (သို ့မဟုတ် ) အဖြစ်အပျက် တစ်စုံ တစ်ရာ ပါဝင်သော ( ထို ့အပြင်..ဘာဇာတ်လမ်းမှ မပါဝင်သော )

စာ…သည်..ကျွန်တော် အလင်းဆက် ၏ ဘဝ အကြောင်း (အတ္ထုပတ္တိ )ဟု မသေချာနိုင်ပါ။

အလင်းဆက်၏ ဘဝ ဖြစ်စဉ်ပဲ..ဟု တစ်သမတ်တည်း မှတ်ချက် မချသင့်ပါ။

*************************************

ကျွန်တော်ရေးသော စာထဲမှ… နာမ်စား..ကျွန်တော်..က

၁ ။ ကျွန်တော် ဘုရင် ဖြစ်ချင်တယ် ။

၂ ။ ကျွန်တော့်မှာ မိန်းမ နှစ်ယောက်ရှိပါတယ်…။

ဟု ပြောသည် ဆိုပါစို ့ ။

ထို နာမ်စား..ကျွန်တော်.ပြောသော စကားအတိုင်း…

ရေးသူ အလင်းဆက်က ဘုရင် မဖြစ်ချင်ပါ။ စာပေအနုပညာသမား သာ ဖြစ်ချင်ပါသည်။

မိန်းမ နှစ်ယောက်လည်း..အလင်းဆက်မှာ မရှိပါ / တစ်ယောက်မျှပင် မရှိသေးပါ ။

****************************************************************************

စာရေးသူသည်…စာရေးခြင်း..ဟူသော တာဝန်ရှိပါသည်။ (သူ ရေးသောစာကိုတော့ သူ တာဝန်ယူရန် တာဝန်ရှိပါသည်။)

သူရေးသော စာထဲက အတိုင်း…လိုက်နာ ကျင့်သုံး နေထိုင်ဖို ့တော့.တာဝန်မရှိပါ ။

(မရှိပါ..ဟု ကျွန်တော်..ယူဆပါသည်။ )

အရက်သမားက အရက် မကောင်းကြောင်း…ရေးလျှင်…အရက်သမားရေးသော စာမို ့ လက်မခံလျှင် မှားပါလိမ့်မည်။

ဆရာကြီး..ပီမိုးနင်းရေးသော စာများနှင့် ဆရာကြီး၏ ဘဝ ဖြစ်စဉ်..တစ်ထပ်တည်း ကျပါသလား..။

နာမည်ကျော် ..မေ ဝတ္ထုကိုရေးခဲ ့သူ ဒဂုန်တာရာသည် မိန်းမ တစ်ဦး ဖြစ်ပါသလား….။

……………………………………………………….။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

ရေးသောစာ နှင် ့ရေးသူ တစ်ထပ်တည်း ကျနေလျှင် ပိုကောင်းပါသည် ။ သို ့သော် မကျလျှင်လည်း

အပြစ်မရှိပါ။ ကွဲလွဲ ခွင့်ရှိပါသည်။ ထပ်တုူ မကျခွင့်ရှိသင့်ပါသည်။

ထပ်ပြောပါဦးမည်။
စာရေးဆရာ ၏ အလုပ်သည်..စာရေးခြင်း ဖြစ်ပါသည် ။ ရေးသောစာကိုတော့ တာဝန်ယူနိုင်ရပါမည်။

*************************************************************

ယခုရေးသားခဲ့သော ဆောင်းပါး ထဲမှ နာမ်စား ကျွန်တော် သည်..အလင်းဆက် ၏ နာမ်စား ကျွန်တော် ဖြစ်ပါသည်။

ယခု တင်ပြသော အယူအဆများသည် အလင်းဆက် ၏ အယူအဆ များဖြစ်ပါသည် ။

ယခုလိုဆောင်းပါးမျိုးကို ဆရာဇော်ဇော်အောင်..တို့ ၊ ဆရာ သစ္စာနီ..တို ့လည်း ရေးကြ ပြောနေကြပါသေးသည်။

ယခု ဆောင်းပါးသည်..ရသ ဝတ္ထု..မဟုတ်ပါ။

&&&&&&&&&&&&&&&&&&&&&&&

လေးစား ခင်မင်စွာ..ဖြင့်

အလင်းဆက် ။

10 comments

  • blackchaw

    October 12, 2011 at 3:30 pm

    အပြည့်အဝ ထောက်ခံပါတယ်ဗျာ။

  • ပုံပြောသူ

    October 12, 2011 at 3:43 pm

    တစ်စုံတစ်ခုကို နားလည်သွား သလို ခံစားမိတယ်…
    စာဖတ်သမား ကျနော်ကတော့ အရေးအသားကောင်းတဲ့
    အလင်းဆက်ရဲ့ အရေးအသားကို စောင့်နေပါ့မယ် ..။

  • windtalker

    October 12, 2011 at 7:22 pm

    တစ်ဖြည်းဖြည်းနဲ ့မြင့်တက်လာသော
    အလင်းစက်ရဲ ့ သဘော ဟူ

  • alinsett

    October 12, 2011 at 7:51 pm

    အင်း…မြင့်တက်လာတယ်ရယ်တော့မဟုတ်ပါဘူး။ ဒီလိုပဲ..အနုပညာန ဲ့ ့ပက်သက်ရင်…အမြဲတမ်းတွေးခေါ်.နေပါတယ် ။

    ကိုယ်က စာပေအနုပညာရှင်တွေ ရဲ ့ဘဝကို တကယ် ခံစား နေမိလို ့ပါ ။

    သူတို ့ အရမ်း…..ကြိုးစားနေရတယ် ။

    ကိုယ် လည်း ကြိုးစားနေပါတယ်။ စာပေအနုပညာနဲ ့ လောက ကို အလှ ဆင်ချင် လို ့ပါ။

    အားပေးတာ ကို ကျေးဇူးတင်ပါတယ်။
    ကိုယ် ့အယူအဆ နဲ ့တူ ညီသူတွေကိုရော…မတူညီသူတွေကိုပါ ..ကျေးဇူးတင်ပါတယ် ။

    • windtalker

      October 13, 2011 at 12:54 pm

      ကိုအလင်းစက် ရဲ ့ပို ့စ်တွေ ကို
      အမြဲလို ဖတ်ဖြစ်ခဲ့ပါတယ်
      အရင်ပို ့စ်တွေ တုန်းက
      သိပ်မစဉ်းစားရဘူး
      ဒီအတိုင်း ပဲ ဖတ်သွားတယ်
      အခုပို ့စ်ကျ တော်တော်လေး ကို စဉ်းစားရတယ် ဗျ
      တစ်ကြောင်းဖတ်လိုက် တစ်ခါ စဉ်းစားလိုက်နဲ ့မို ့
      သဘောတရားတွေ က မောင်ပေ့အတွက် အရမ်းမြင့်လာပြီ လို ့
      ဆိုလိုလိုက်တာပါနော်

  • youngcat

    October 12, 2011 at 10:41 pm

    ရသစာပေသည် အနှစ်သာရကင်းမဲ့သောစကားလုံးများကို
    သံစုံတီးခတ်ထားခြင်းသာဖြစ်သည်။
    Literature is the orchestration of platitudes.
    (ကျွန်တော်ပြောတာမဟုတ်ဘူး၊တွေ့ဘူးတာကိုကူးချလိုက်တာ။)

  • thit min

    October 13, 2011 at 8:57 am

    ဆရာဇော်ဇော်အောင်.ဆိုလို့၊
    စိုးအောင် မြတ်သစ် ဘချုပ် ကိုကြီးကျွဲ၊မောင်ခြိမ့် သမုနွယ်၊ တို့နဲ့ဆရာကိုကြိုက်ခဲ့ရတာ။
    နောက်တော့ ယုဇနမခင်ပျို၏ ထမီအနားခတ်လိုက်တာ(“က”နေတဲ့မင်းသမီးကိုပြောတာ)က
    သူ့ရင်ထဲလှပ်ကနဲ့ဖြစ်သွားသည် တွေဘာတွေရေးနေတဲ့ အချိန်ရောက်တော့မှ ပထမနှစ်တက်
    ရတော့ ဆရာဇော်ဇော်အောင် (ဆရာဦးဇော်မြင့်)ကမြန်မာစာဋ္ဌာနမှူး၊ သူ့ဇာတ်လိုက်ကျော်
    စုံထောက်စိုးအောင် ရဲ့ရီးစား သမုနွယ်ကိုတဘက်သပ်ချစ်နေသူလို့ရေးလေ့ရှိတဲ့
    မြန်မာစာဋ္ဌာနကဆရာလေး မောင်ထွန်းသန်းဆိုတာကအပြင်မှာတကယ်ရှိတဲ့ မြန်မာစာလက်ထောက်ဋ္ဌာနမှူး။

  • “ဘီလူးကြီး”ogre

    October 13, 2011 at 10:09 am

    ဘာပဲပြောပြော စာရေး၏
    ကျွန်တော် ရေးတာမဟုတ် အတွေးကရေးတာဖြစ်၏
    ပြည့် ပြည့် စုံစုံ ပြောရသော် ဦးနှောက်ကတွေးတာကို လက်ကရေး၏
    အတွေးတွင် ..
    လူနေရာကခံစားပြီးတွေးချင်တွေး
    ကြွက်နေရာက ခံစားပြီး တွေးချင်တွေးမည်
    ကြောင်နေရာက ခံစားပြီးတွေးချင်တွေးမည်
    ရေးတာကကျွန်တော်ဖြစ်သော်လည်း
    တွေးတာတွေကတော့ ကျွန်တော်မဟုတ်ပါ ..ထိုကြောင့် စာရေးသူနှင့်အတွေးထပ်တူမကျနိုင်။။

  • etone

    October 13, 2011 at 2:41 pm

    စာရေးသူက ဇာတ်ကောင်အမျိုးမျိုး ဖန်တီးခွင့်ရှိပြီး … သူ့ရဲ့ အနုပညာခံစားမှုရသအပေါ် စာဖတ်သူတွေ စီးမျောသွားတာ…. တစ်ခါတစ်လေ … ရေးတဲ့လူဘယ်သူမှန်းမသိလိုက်ဘူး ..စာသာဆုံးသွားတယ် … နောက်မှ ဘယ်သူရေးပါလိမ့်ပြန်ဖတ်ရတော့တယ် 🙂

Leave a Reply