သီတင်းကျွတ်ပြီဆိုတာနဲ. ဗျောက်အိုးသံ တစ်ဒိုင်းဒိုင်း ကြာနေရတော. နှလုံးရောဂါတောင် ရသွားနိုင်ရဲ.။ သီတင်းကျွတ်နဲ. ဗျောက်အိုး၊ မီးပန်း ကခွဲမရတဲ. ယဉ်ကျေးမှုလိုဖြစ်နေတာပါ။ ဗမာတွေ အပျော်အပါးမက်လွန်းလို. ဆယ့်နှစ်လရာသီ ပွဲတော်များဆိုပြီး လတိုင်းပွဲတော်တွေရှိနေတာ ကျုပ်တို့တိုင်းပြည်ပဲ ရှိတယ်နော။ ဒါပေမယ့်ဗမာဆိုတဲ့စိတ်နဲ့ ရိုး၇ာပွဲတော်တွေရောက်ရင် မနေနိုင်မထိုင်နိုင် ပျော်မိတာပါပဲ (သင်္ကြန် ဆိုပိုဆိုးပေါ.)။ ခုလိုသီတင်းကျွတ်ဆိုရင်လဲ ဆီမီးပူဇော်၊ အလှူအတန်းတွေလုပ်၊ လူကြီးသူမ ဆရာသမားတွေကို ကန်တော. (ပြီးရင်မုန့်ဖိုးတောင်း)။ ငယ်ငယ်ကဘ၀ကတော. ပျော်စရာအတိပဲ။ အဲ..ပြီးတော. ငရဲမီးလွှတ်တာ၊ ဗျောက်အိုးဖောက်တာ ငယ်ငယ်ကသောင်းကျန်းခဲ့တာတွေ..။
ငရဲမီးလွှတ်တာကတော. မြေကျင်းသေးသေးလေးတူး အပေါ်က သတ္တုလိုခွက်လေးထဲမှာ ဖယောင်းတွေဖျော်ထည့် အောက်ကမီးပေးပေါ့ဗျာ။ ခွက်ထဲက ဖယောင်းတွေ ဆူပွက်လာတာနဲ့ ကြိုးစလေးတစ်ခုကို မီးတို.ပြီး ခွက်ထဲကိုထည့် (အပေါ်မီးပေးတာပေါ့)။ ပြီးရင် ခွက်ထဲရေလှမ်းတောက်လိုက်တာနဲ. ရှဲခနဲပဲ မီးတွေထတောက်ရော…သိပ်သဘောကျခဲ့တာ…။ ဒီလိုအဆော.ကောင်းလို့ မီးဟတ်ပြီး မျက်ခုံးတစ်ဖက် ကုန်ခဲ.ဖူးတယ်။
ဗျောက်အိုးဖောက်တာကျတော. ကျုပ်တို ငယ်ငယ်က ဒီလို ရယ်ဒီမိတ်တွေ မရှိခဲ့ဘူးဗျ..။ ဒါပေမယ် ကြံဖန်ပြီး သောင်းကျန်းရတာပေါ့။ သစ်သားမီးခြစ်ဗူးဝယ်။ သစ်သားပေါ်မှာ သံနဲ့အပေါက်လေးဖောက်။ ပြီးရင် မီးခြစ်ဆံခေါင်းလေးတွေကို သစ်သားအပေါက်ထဲကို ချွေထည့်၊ အပေါ်ကနေ မီးခြစ်ဗူးဘေးက ယမ်းစက္ကူသားလေးတွေ အပေါ်ကအုပ်။ ရယ်ဒီဖြစ်ပြီဆိုတာနဲ့ သံနဲ့တည်ပြီး တူနဲ့သာထုလိုက်။ ဗြောင်းကနဲ ပဲ။
မီးရှူးမီးပန်းလဲ ဒီလိုဗျ ကြံဖန်လုပ်ရတာပဲ။ မီးခြစ်ကျောက်တွေဝယ် ကျောက်ကို နန်းကြိုးလေးနဲ. ချည်ပြီး မီးသာ၇ှို.လိုက် ။ ကျောက်လေးရဲလာပြီဆိုရင် လက်နဲ့တောက်လိုက်တာနဲ့ မီးတွေဖွားကနဲပဲ။ ဒီလိုနဲ့နည်မျိုးစုံ ကြံဖန်ပြီး hand made ပစ္စည်းတွေနဲ့ ငယ်ငယ်က သောင်းကျန်းခဲ့ရတာ။ သီတင်းကျွတ် နဲ့ ဗျောက်အိုးဖောက်တယ်ဆိုတာ ခွဲမရတဲ. ယဉ်ကျေးမှုလိုဖြစ်နေတာပါ။ ဒီနှစ်သီတင်းကျွတ်တော. ပိုထူးခြားတယ်လို. ကျုပ်ထင်တယ်… ဘာကြောင့်လဲဆိုတော. တီဗီမှာ ဗျောက်အိုးဖောက်ရင် အရေးယူမယ်ဆိုတဲ. ကြေငြာချက်တွေ မတွေ.ရတော.တဲ့အပြင် ဧရာဝတီမြစ်ဆုံ စီမံကိန်းလဲရပ်္စ၊ အကျဉ်းသားတွေလဲ လွှတ်ပေးတဲ. ဒီသီတင်းကျွတ်ဟာ ကျက်သရေ မင်္ဂလာ ပိုရှိသွားတာပေါ့ဗျာ..။ ဒီလို ၀မ်းသာစရာ ဖြစ်ရပ်တွေနဲ. ဖြတ်သန်း၇မယ် ဒီလို သီတင်းကျွတ်မျိုးကို ကျုပ်တို့ရွာကလဲ ဗျောက်အိုးတွေဖောက်ပြီး သီတင်းကျွတ် လပြည့်ညကို အသက်သွင်းလိုက်ရအောင်… ကဲ ပြောနေကြာတယ်….
…..ရွှီး..ရွှီး..ဒိုင်း ဒိုင်း…..ဖောင်းဖာင်း….
…..ရွှီး..ရွှီး..ဒိုင်း ဒိုင်း…..ဖောင်းဖာင်း….
“အောင်မငှီး…မွေးမေလေ့..သေပါပြီတော့”…
(လပြည်.နေ့တစ်ရက် အရက်ရှောင်ထားသောကြောင်. ရေသောက်မူးနေသော မိုက်ကယ်ဂျော်နီအောင်ပု၏ အသံ)

“ ကိုကို ကယ်ပါ..ကိုကို ကယ်ပါ”
(လပြည့်နေတွင် လျှောက်လည်ပြီး ပြန်လာသော ရွာထဲမှ အပျိုကြီး မမ များ၏ အားကိုတကြီးအော်သံ)

ထိုအချိန်တွင် ရွာထဲမှာ ကိုကို ကာလသားများ၏ သီချင်းသံသဲ့သဲအာ့း ကြားလိုက်ရပါတော.၏….
“ဒို.ကတော့..ဒို.ကတော့ ….ဒို.ကတော့ မိန်းမ မရရင် ဘုန်းကြီးဝတ်မယ်…….”

(ရွာသူရွာသားအားလုံး ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ပါစေလို. ဆုတောင်းရင်း )

About ရာဇ၀င်လူဆိုး

yar za win lu soe has written 16 post in this Website..

ရုပ်ချောတယ်၊ သဘောကောင်းတယ်၊ အသဲနုတယ်၊ လက်သီးပြင်းတယ်၊ အပျင်းပြေ လူသတ်တယ်….