သတင်းကျွတ်လပြည့်နေ..

ဗုဒ္ဓဘာသာဝင်ကော…မ၀င်တာတွေကော..ပါသလားမသိ..

ဒီနေ့ ..

ဘုရားတွေ.ကျောင်းတွေ..ပန်းခြံတွေ..ကစားကွင်းတွေမှာ..လူတွေ ကျက်ပျံမကျပဲ

စည်ကားနေလိုက်တာ…

တွေ့ မြင်ရတာ.တော်တော်လေးကြည်နူးစရာ ကောင်းလှတယ်ဗျာ

ရွှေတိဂုံ ဘုရား အရှေ့ ဘက်မုခ် မှာ..လူတွေများ..ပုရွက်ဆိတ်အုံအလားပဲ..ကျိတ်ကျိတ်တိုး..

ကန်တော်ကြီးပတ်လမ်းလဲ..တဖွဲဖွဲ..သွားလာနေကြတယ်….တိရစ္ဆာန်ရုံထဲလဲ လူတွေအပြည်..

ပြည်သူ့ ရင်ပြင်..လူတွေအပြည့်၊အင်းယားကန်ဘောင်..လူရောင်စုံပဲ…..

မိသားစုတွေ…ပျော်ပျော်ရွှင်ရွှင်..စုံတွဲတွေ..လက်ချင်းချိတ်….လန်းလန်းဆန်းဆန်း..ဖလန်းဖလန်းပဲ…..

ကိုယ့်မှာတော့..သူတို့ လန်းသလို..မလန်းနိုင်..

ညက ဆွဲထားတဲ့..ဘီယာနဲ့ .၀ီစကီ..တန်ခိုးတွေကြောင့်….ငိုက်စိုက်ငိုက်စိုက်….

 

ခုတော့..မထနိုင်ထနိုင်နဲ့ ..ယိုင်တိုင်ယိုင်တိုင်ပဲ…

သူများတွေလန်းတာကြည့်ပြီး..ကိုယ်ကတော့ ငေါင်တောင်တောင်နဲ့ ..မလန်းနိုင်..ဘူး

*************************************************************

ဒီလို..ဒီလို..

မနေ့ ကညကို ရေလည်တင်းတယ်

တစ်ယောက်ထဲဆို..အပျင်းပြေသဘောနဲ့ ….ပါးပါးပဲ ပုတ်နေကျ

အပေါင်းအသင်းတွေနဲ့ ဆွဲရင်..စ လိုက်နောက်လိုက်.နဲ့ ..ပေါက်ကရပြောရင်း သောက်တဲ့အခါ

ပိုသောက်ဖြစ်မိသလို..…ရှိတဲ့..ဖွတ်ကလိင်္ဒါးလဲ….ပြောင်သလောက်ရှိမှ..အားရကျေနပ်တတ်လို့ ..

အပေါင်းအသင်း ရှောင်ပြီး..ဂျောင်ထဲ ခိုးခိုးပြီး ခွက်ပုန်းကစ်တာ

ဒါကို မရရအောင် တိုင်ပတ်သေးတယ်….

 

ကိုယ့်ဘာသာ..နောက်ဆုံး လက်ကျန်ဗူးလေးဆွဲပြီးရင် ကျိုးတော့မယ်

မနက်ဖြည် လပြည့်နေ့ အတွက် ဖလန်းဖလန်း မထနိုင်ပဲ နေပါဦးမယ်

ဆိုပြီးအေးဆေးယူနေတာ..

အော်ဂရီနဲ့ ..မေပေါင် ရောက်ချလာပါကောဗျာ

 

“ဟေ့..ရို့ ..မတွေ့ တာကြာဘီ..ခင်ဗျားအတွက်လဲ ဘီယာတွေဝယ်လာတယ်..

ဆွဲကြရအောင်.ထွက်ခဲ့..”ဟု ဘီယာဗူးတွေမြှောက်ပြရင်း..အော်ဂရီမှ  ဦးဆောင် မြှူဆွယ်ပါရော

မေပေါင်ကလဲ

“တစ်ခါတလေ ဗျာ..ခွက်ပုန်းပဲ ကစ်မနေနဲ့ ..အိမ်ရှေ့ ပလက်ဖောင်းပေါ်သွားချကြမယ်လာ”

နဂိုထဲက သမာဓိအားကလဲ မကောင်း၊နဲနဲထည့်ပြီးရင်..ဘာလာလာ ဒလဟော သောက်တတ်တော့..လမ်းဘေး ပလက်ဖောင်းပေါ် လေတဖြူးဖြူးနဲ့ ..ရွာအတင်းတုပ်ကြရင်း သုံးယောက်သား ချကြပါကော..

 

ရေချိန်လဲ တော်တော်ကိုက်..ပါဆယ်ဗူးတွေလဲ ဖင်ကပ်..ပဲ ကျန်တော့တာမို့ ..ပြန်အိပ်ယုံသာရှိတော့တယ်..အေးဆေးပဲဆိုပြီး..အေးဆေးပဲ လုပ်နေတာ..

 

“ကျွီ  ”ဆိုပြီး..ကားထိုးရပ်ပြီး.မှိုရတဲ့ မျက်နှာနဲ့ ..ဦးကြောင်ရီးဆင်းလာပါကော…

ပုံစံကြည့်ရတာ..ကလပ်ကပြန်လာတာလား မသိ..

“နိုင်ငံဂျားက ပြန်လာပြီးကတည်းက မင်းတို့ နဲ့  ချီးယား မလုပ်ရတာကြာဘီ.

ဘီယာ ဆိုင်တွေလဲ ပိတ်ကုန်ဘီဆိုတော့..ငါ့အိမ်သွားပြီး ချီးယား ကြမယ်..

ဘလူးလေဘယ်တစ်လုံး အိမ်မှာ..ရှိတယ်..

ကမ်းအွန်..ကမ်းအွန်.”

 

လက်ရှိသောက်နေတဲ့..ဗူးကလဲ လက်ကျန်..သမာဓိအားကလဲ.မကောင်းပြန်ဆိုတော့လဲ….

မေပေါင်က..

ဒါဆိုလဲ သွားယား ကြတာပ ပေါက်ဖော် ဘယ်လိုတဘောရတုံး.အေ့.

ချဗျာ..မထူးတော့ပါဘူး…တစ်ခါတလေဘဲ ဟာကို ..အေ့.

ဘီလူးအော်ဂီကော..ဘယ်လိုလဲ ဆွဲဦးမလား..အေ့.

မဆွဲတော့ဘူး.အေ့..မွေးသဖခင် ပွမ်လိမ့်မယ်..မနက်လဲ စက်ရုံဖွင့်ရဦးမယ်ဆိုတော့

ခင်ဗျားတို့ ပဲ ဆက်ယားကြတော့..အေ့..ကျုပ်တော့ လစ်တော့မယ်..အေ့

ဆိုပြီး ဗိုက်ကြီးရှေ့ ပစ်ပြီး သိုင်းကွက်နင်းပြန်သွားပါရော..

 

မင်းတို့ လိုက်ခဲ့…ငါရေပြန်ချိုးလိုက်ဦးမယ်..

ခြံတံခါးဖွင့်ထားမယ်..၀င်လာခဲ့လိုက်..ဆိုပြီး ကြောင်ကြီးလဲ အရင် လစ်နှင့်ပါရော

 

မေပေါင်နဲ့ ကျုပ်လဲ..လက်ကျန်ဖွတ်ကလိင်္ဒါးလေးစုပြီး..အမြည်းနဲ့ .ဘီယာ ထပ်ကြံကြပါရော

၂ နာရီကျော်ပြီဆိုတော့..ဆိုင်တွေပိတ်ကုန်ဘီ.

ဝယ်နေကျဆိုင်နှိုးပြီးဝယ်တော့..ဘီယာကုန်ပတဲ့…

အဲတာနဲ့ .အမြည်းအတွက် ကြက်ဥနဲ့ ..လက်ဘက်ကြော်သုပ်တွေ ၀ယ်ချလာပြီး ကြောင်ကြီးအိမ် ချီတက်ကြပါရော..

အဲမှာ.အမြည်းလုပ်ပေးမဲ့လူမရှိလို့ ဆိုပြီး..ချာတိတ်တစ်ကောင်ကို မေပေါင်က..၀င်နှိုးပြီး ခေါ်လာကော..

ကြောင်ကြီးအိမ်ရောက်တော့

ဟေ့ရောင်..ဟိုချာတိတ်ဘာလို့ ခေါ်လာတာတုံး ဆိုပြီ ကြောင်ကြီးမှ ကပ်တိုးလေးမေးတယ်

ဟိုလူ..မေပေါင်ခေါ်လာတာ..အမြည်းကြော်ခိုင်းမို့ ဆိုဘဲ..

အာကွာ..

နောက်ခါ ခေါ်မလာနဲ့ .အိမ်ကို..

အေးပါဗျာ..ခုတော့ထားလိုက်တော့..မထူးတော့ဘူး..

 

အဲတာနဲ့ ..

မေပေါင်ခေါ်လာတဲ့ ချာတိတ်ကလဲ သူ့ ဘာသာ..လက်ဘက်သုပ်..ကြက်ဥကြော်..စီမံနေလေရဲ့

အမြည်းမရခင်..ဘလူးလေဘယ်..ခွက်ထဲ တန်းစီထည့်…သုံးယောက်သား တော်ကီဖုတ်နေကြပေါ့

ကြက်ဥကြော်ရလာတော့.သောက်ကြ…မြည်းကြ..အရသာတော့ တော်တော်ရှိလေရဲ့….

 

နဂိုထဲက ရေချိန်ကိုက်ပြီးသား..

ဘလူးလေဘယ်နဲ့  ထပ်ပိတ်လိုက်တော့..လူတွေလဲ..ဒေါင်ချာဆိုင်းနေပြီ

ဘယ်ချိန်တွေရှိမှန်းလဲ မသိတော့..ဘာတွေပြောကြပြီး..ဘယ်လိုတွေဖြစ်ကုန်သည်မသိ..

ဘာမှမသိတော့..

 

တစ်ရေးနိုးတော့ မျက်လုံးမပွင့်တပွင့် ဖွင့်ကြည့်မိရာ

ငါ့အိပ်ယာလဲ မဟုတ်ပါလား

…နာရီကြည့်လိုက်တာ ကိုးနာရီ ငါးမိနစ်…

စဉ်းစားရင်း

ညက ကြောင်ရီး အိမ်လာသောက်ကြတာကိုး..မှတ်မိပြီ

မေပေါင်လဲ ပါတာပဲ

အင်း..ထသွားပြီလား မသိဘူး

ခေါင်းတွေလဲခဲ..အိပ်ရေးလဲ မ၀…

အိမ်ပြန်အိပ်မယ်ဆိုပြီး..ထ မယ်အပြု

 

ဟေ့ရောင် နိုးပလား.ဆိုပြီး အခန်းတံခါးဖွင့် ကြောင်ရီးထွက်လာကော..

ဟိုကောင် မင်းကို ဘာလုပ်သွားသေးလဲ..

အန်..ဘယ်ကောင်တုန်း..

မေပေါင်ခေါ်လာတဲ့ ချာတိတ်..လေ

အန်..ဘာဖြစ်လို့ တုန်းဟ

ဟ..ဘာဖြစ်ရမတုန်း..အဲကောင်ကစိတ်ချရတာမဟုတ်ဘူး..နွဲ့ တဲ့ နွဲ့ တဲ့နဲ့  မင်းမသိဘူးလား

သြော်..

အေး..နောက်ခေါ်မလာနဲ့ ငါပြောသားပဲ

မေပေါင် တစ်ကောင်ကော..ဗျ

အဲကောင် ညကတည်းက ငါမတွေ့ တာ…ပြန်သွားတယ်ထင်တယ်..

အဲတာ..မင်းဘေးမှာ..ဟိုချာတိတ်..လာ အိပ်နေတွေ့ လို့ ….

ငါမကြာမကြာ..ထ.ထ. ကြည့်ပေးနေရတယ်..

ငါလဲ တစ်ညလုံး မကြည့်နိုင်တော့.ကျန်တာတော့ မသိတော့ဘူး..

အဲတာ..မင်း..သေချစစ်ကြည့်ဦး..

ဆိုပြီး ကြောင်ရီးလဲ ကော်ဖီသွားဖျော်သောက်နေပါရော..

 

အဲတာနဲ့ ..မျက်နှာသစ်ဖို့ အထ..

ပေါင်ကိုတုပ် ထားသလိုဖြစ်လို့ .ကြည့်တော့..ဘောင်းဘီ.ကျွတ်နေပါရော..

ဟိုက်ရှားပါ..ခါးပတ်လဲ ပြုတ်..ဘောင်းဘီကျယ်သီတွေလဲ ပြုတ်နေပါကလား..

ရှူးပေါက်ပြီး..ပြန်မတပ်မိတာလား..ဒါလဲ မဖြစ်နိုင်ဘူးထင်တာပဲ

ဘောင်းဘီကျယ်သီးက တစ်လုံး မကျန်ဖြုတ်ထားတာ..ဘယ်လောက်မူးမူး အဲလို မဖြစ်ဖူးပါဘူး

အရမ်းမူးရင် ဘောင်းဘီတောင် မလဲနိုင်တာကြီးကို..

 

ဟေ့လူ..ကြောင်ရီး..

ညက.ကျုပ်ဘေးမှာ မေပေါင် အိပ်တာ ဟုတ်ဘူးလားဗျ….

 

မဟုတ်ဘူး..မေပေါင်ခေါ်လာတဲ့ကောင် အိပ်တာတွေ့ တာပဲ.

 

ဟင်..တစ်ဂယ်ကြီးလား..

 

အေး.ဟေ.

ငါလဲ တစ်ညလုံး ကင်းစောင့်ပြီး မကြည့်ပေးနိုင်လို့ ….သေချာမသိတော့ဘူး..

အဲတာကြောင့် မင်းကို သေချာစစ်ပါလို့ …ပြောတာ..

 

အန်..ဂယ်ကြီးလား..

ခင်ညား ရက်စက်ဒယ်ဂျာ..….အဲကောင်ကို မေပေါင်နဲ့ တစ်ခါထည်း ပြန်ထည့်ပေးလိုက်ပါရား..ဗျာ.

ဟာဗျာ..ဟားဗျာ..အီး..ရွှတ်..ခေါင်းကိုက်လာဘီဗျာ….ရွှတ်..ဖတ်…

 

********************The End********************

 

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး