ရွှတ်.ဖတ်…နှပ်ချေးထွက်..

ဂ်စ္စူOctober 12, 20111min13313

သတင်းကျွတ်လပြည့်နေ..

ဗုဒ္ဓဘာသာဝင်ကော…မဝင်တာတွေကော..ပါသလားမသိ..

ဒီနေ ့..

ဘုရားတွေ.ကျောင်းတွေ..ပန်းခြံတွေ..ကစားကွင်းတွေမှာ..လူတွေ ကျက်ပျံမကျပဲ

စည်ကားနေလိုက်တာ…

တွေ ့မြင်ရတာ.တော်တော်လေးကြည်နူးစရာ ကောင်းလှတယ်ဗျာ

ရွှေတိဂုံ ဘုရား အရှေ ့ဘက်မုခ် မှာ..လူတွေများ..ပုရွက်ဆိတ်အုံအလားပဲ..ကျိတ်ကျိတ်တိုး..

ကန်တော်ကြီးပတ်လမ်းလဲ..တဖွဲဖွဲ..သွားလာနေကြတယ်….တိရစ ္ဆာန်ရုံထဲလဲ လူတွေအပြည်..

ပြည်သူ ့ရင်ပြင်..လူတွေအပြည့်၊အင်းယားကန်ဘောင်..လူရောင်စုံပဲ…..

မိသားစုတွေ…ပျော်ပျော်ရွှင်ရွှင်..စုံတွဲတွေ..လက်ချင်းချိတ်….လန်းလန်းဆန်းဆန်း..ဖလန်းဖလန်းပဲ…..

ကိုယ့်မှာတော့..သူတို ့လန်းသလို..မလန်းနိုင်..

ညက ဆွဲထားတဲ့..ဘီယာနဲ ့.ဝီစကီ..တန်ခိုးတွေကြောင့်….ငိုက်စို်က်ငိုက်စိုက်….

 

ခုတော့..မထနိုင်ထနိုင်နဲ ့..ယိုင်တိုင်ယိုင်တိုင်ပဲ…

သူများတွေလန်းတာကြည့်ပြီး..ကိုယ်ကတော့ ငေါင်တောင်တောင်နဲ ့..မလန်းနိုင်..ဘူး

*************************************************************

ဒီလို..ဒီလို..

မနေ ့ကညကို ရေလည်တင်းတယ်

တစ်ယောက်ထဲဆို..အပျင်းပြေသဘောနဲ ့….ပါးပါးပဲ ပုတ်နေကျ

အပေါင်းအသင်းတွေနဲ ့ဆွဲရင်..စ လိုက်နောက်လိုက်.နဲ ့..ပေါက်ကရပြောရင်း သောက်တဲ့အခါ

ပိုသောက်ဖြစ်မိသလို..…ရှိတဲ့..ဖွတ်ကလိင်္ဒါးလဲ….ပြောင်သလောက်ရှိမှ..အားရကျေနပ်တတ်လို ့..

အပေါင်းအသင်း ရှောင်ပြီး..ဂျောင်ထဲ ခိုးခိုးပြီး ခွက်ပုန်းကစ်တာ

ဒါကို မရရအောင် တိုင်ပတ်သေးတယ်….

 

ကိုယ့်ဘာသာ..နောက်ဆုံး လက်ကျန်ဗူးလေးဆွဲပြီးရင် ကျိုးတော့မယ်

မနက်ဖြည် လပြည့်နေ ့အတွက် ဖလန်းဖလန်း မထနိုင်ပဲ နေပါဦးမယ်

ဆိုပြီးအေးဆေးယူနေတာ..

အော်ဂရီနဲ ့..မေပေါင် ရောက်ချလာပါကောဗျာ

 

“ဟေ့..ရို ့..မတွေ ့တာကြာဘီ..ခင်ဗျားအတွက်လဲ ဘီယာတွေဝယ်လာတယ်..

ဆွဲကြရအောင်.ထွက်ခဲ့..”ဟု ဘီယာဗူးတွေမြှောက်ပြရင်း..အော်ဂရီမှ  ဦးဆောင် မြှူဆွယ်ပါရော

မေပေါင်ကလဲ

“တစ်ခါတလေ ဗျာ..ခွက်ပုန်းပဲ ကစ်မနေနဲ ့..အိမ်ရှေ ့ပလက်ဖောင်းပေါ်သွားချကြမယ်လာ”

နဂိုထဲက သမာဓိအားကလဲ မကောင်း၊နဲနဲထည့်ပြီးရင်..ဘာလာလာ ဒလဟော သောက်တတ်တော့..လမ်းဘေး ပလက်ဖောင်းပေါ် လေတဖြူးဖြူးနဲ ့..ရွာအတင်းတုပ်ကြရင်း သုံးယောက်သား ချကြပါကော..

 

ရေချိန်လဲ တော်တော်ကိုက်..ပါဆယ်ဗူးတွေလဲ ဖင်ကပ်..ပဲ ကျန်တော့တာမို ့..ပြန်အိပ်ယုံသာရှိတော့တယ်..အေးဆေးပဲဆိုပြီး..အေးဆေးပဲ လုပ်နေတာ..

 

“ကျွီ  ”ဆိုပြီး..ကားထိုးရပ်ပြီး.မှိုရတဲ့ မျက်နှာနဲ ့..ဦးကြောင်ရီးဆင်းလာပါကော…

ပုံစံကြည့်ရတာ..ကလပ်ကပြန်လာတာလား မသိ..

“နိုင်ငံဂျားက ပြန်လာပြီးကတည်းက မင်းတို ့နဲ ့ ချီးယား မလုပ်ရတာကြာဘီ.

ဘီယာ ဆိုင်တွေလဲ ပိတ်ကုန်ဘီဆိုတော့..ငါ့အိမ်သွားပြီး ချီးယား ကြမယ်..

ဘလူးလေဘယ်တစ်လုံး အိမ်မှာ..ရှိတယ်..

ကမ်းအွန်..ကမ်းအွန်.”

 

လက်ရှိသောက်နေတဲ့..ဗူးကလဲ လက်ကျန်..သမာဓိအားကလဲ.မကောင်းပြန်ဆိုတော့လဲ….

မေပေါင်က..

ဒါဆိုလဲ သွားယား ကြတာပ ပေါက်ဖော် ဘယ်လိုတဘောရတုံး.အေ့.

ချဗျာ..မထူးတော့ပါဘူး…တစ်ခါတလေဘဲ ဟာကို ..အေ့.

ဘီလူးအော်ဂီကော..ဘယ်လိုလဲ ဆွဲဦးမလား..အေ့.

မဆွဲတော့ဘူး.အေ့..မွေးသဖခင် ပွမ်လိမ့်မယ်..မနက်လဲ စက်ရုံဖွင့်ရဦးမယ်ဆိုတော့

ခင်ဗျားတို ့ပဲ ဆက်ယားကြတော့..အေ့..ကျုပ်တော့ လစ်တော့မယ်..အေ့

ဆိုပြီး ဗိုက်ကြီးရှေ ့ပစ်ပြီး သိုင်းကွက်နင်းပြန်သွားပါရော..

 

မင်းတို ့လိုက်ခဲ့…ငါရေပြန်ချိုးလိုက်ဦးမယ်..

ခြံတံခါးဖွင့်ထားမယ်..ဝင်လာခဲ့လိုက်..ဆိုပြီး ကြောင်ကြီးလဲ အရင် လစ်နှင့်ပါရော

 

မေပေါင်နဲ ့ကျုပ်လဲ..လက်ကျန်ဖွတ်ကလိင်္ဒ ါးလေးစုပြီး..အမြည်းနဲ ့.ဘီယာ ထပ်ကြံကြပါရော

၂ နာရီကျော်ပြီဆိုတော့..ဆိုင်တွေပိတ်ကုန်ဘီ.

ဝယ်နေကျဆိုင်နှိုးပြီးဝယ်တော့..ဘီယာကုန်ပတဲ့…

အဲတာနဲ ့.အမြည်းအတွက် ကြက်ဥနဲ ့..လက်ဘက်ကြော်သုပ်တွေ ဝယ်ချလာပြီး ကြောင်ကြီးအိမ် ချီတက်ကြပါရော..

အဲမှာ.အမြည်းလုပ်ပေးမဲ့လူမရှိလို ့ဆိုပြီး..ချာတိတ်တစ်ကောင်ကို မေပေါင်က..ဝင်နှိုးပြီး ခေါ်လာကော..

ကြောင်ကြီးအိမ်ရောက်တော့

ဟေ့ရောင်..ဟိုချာတိတ်ဘာလို ့ခေါ်လာတာတုံး ဆိုပြီ ကြောင်ကြီးမှ ကပ်တိုးလေးမေးတယ်

ဟိုလူ..မေပေါင်ခေါ်လာတာ..အမြည်းကြော်ခိုင်းမို ့ဆိုဘဲ..

အာကွာ..

နောက်ခါ ခေါ်မလာနဲ ့.အိမ်ကို..

အေးပါဗျာ..ခုတော့ထားလိုက်တော့..မထူးတော့ဘူး..

 

အဲတာနဲ ့..

မေပေါင်ခေါ်လာတဲ့ ချာတိတ်ကလဲ သူ ့ဘာသာ..လက်ဘက်သုပ်..ကြက်ဥကြော်..စီမံနေလေရဲ့

အမြည်းမရခင်..ဘလူးလေဘယ်..ခွက်ထဲ တန်းစီထည့်…သုံးယောက်သား တော်ကီဖုတ်နေကြပေါ့

ကြက်ဥကြော်ရလာတော့.သောက်ကြ…မြည်းကြ..အရသာတော့ တော်တော်ရှိလေရဲ့….

 

နဂိုထဲက ရေချိန်ကိုက်ပြီးသား..

ဘလူးလေဘယ်နဲ ့ ထပ်ပိတ်လိုက်တော့..လူတွေလဲ..ဒေါင်ချာဆိုင်းနေပြီ

ဘယ်ချိန်တွေရှိမှန်းလဲ မသိတော့..ဘာတွေပြောကြပြီး..ဘယ်လိုတွေဖြစ်ကုန်သည်မသိ..

ဘာမှမသိတော့..

 

တစ်ရေးနိုးတော့ မျက်လုံးမပွင့်တပွင့် ဖွင့်ကြည့်မိရာ

ငါ့အိပ်ယာလဲ မဟုတ်ပါလား

…နာရီကြည့်လိုက်တာ ကိုးနာရီ ငါးမိနစ်…

စဉ်းစားရင်း

ညက ကြောင်ရီး အိမ်လာသောက်ကြတာကိုး..မှတ်မိပြီ

မေပေါင်လဲ ပါတာပဲ

အင်း..ထသွားပြီလား မသိဘူး

ခေါင်းတွေလဲခဲ..အိပ်ရေးလဲ မဝ…

အိမ်ပြန်အိပ်မယ်ဆိုပြီး..ထ မယ်အပြု

 

ဟေ့ရောင် နိုးပလား.ဆိုပြီး အခန်းတံခါးဖွင့် ကြောင်ရီးထွက်လာကော..

ဟိုကောင် မင်းကို ဘာလုပ်သွားသေးလဲ..

အန်..ဘယ်ကောင်တုန်း..

မေပေါင်ခေါ်လာတဲ့ ချာတိတ်..လေ

အန်..ဘာဖြစ်လို ့တုန်းဟ

ဟ..ဘာဖြစ်ရမတုန်း..အဲကောင်ကစိတ်ချရတာမဟုတ်ဘူး..နွဲ ့တဲ့ နွဲ ့တဲ့နဲ ့ မင်းမသိဘူးလား

ဪ..

အေး..နောက်ခေါ်မလာနဲ ့ငါပြောသားပဲ

မေပေါင် တစ်ကောင်ကော..ဗျ

အဲကောင် ညကတည်းက ငါမတွေ ့တာ…ပြန်သွားတယ်ထင်တယ်..

အဲတာ..မင်းဘေးမှာ..ဟိုချာတိတ်..လာ အိပ်နေတွေ ့လို ့….

ငါမကြာမကြာ..ထ.ထ. ကြည့်ပေးနေရတယ်..

ငါလဲ တစ်ညလုံး မကြည့်နိုင်တော့.ကျန်တာတော့ မသိတော့ဘူး..

အဲတာ..မင်း..သေချစစ်ကြည့်ဦး..

ဆိုပြီး ကြောင်ရီးလဲ ကော်ဖီသွားဖျော်သောက်နေပါရော..

 

အဲတာနဲ ့..မျက်နှာသစ်ဖို ့အထ..

ပေါင်ကိုတုပ် ထားသလိုဖြစ်လို ့.ကြည့်တော့..ဘောင်းဘီ.ကျွတ်နေပါရော..

ဟိုက်ရှားပါ..ခါးပတ်လဲ ပြုတ်..ဘောင်းဘီကျယ်သီတွေလဲ ပြုတ်နေပါကလား..

ရှူးပေါက်ပြီး..ပြန်မတပ်မိတာလား..ဒါလဲ မဖြစ်နိုင်ဘူးထင်တာပဲ

ဘောင်းဘီကျယ်သီးက တစ်လုံး မကျန်ဖြုတ်ထားတာ..ဘယ်လောက်မူးမူး အဲလို မဖြစ်ဖူးပါဘူး

အရမ်းမူးရင် ဘောင်းဘီတောင် မလဲနိုင်တာကြီးကို..

 

ဟေ့လူ..ကြောင်ရီး..

ညက.ကျုပ်ဘေးမှာ မေပေါင် အိပ်တာ ဟုတ်ဘူးလားဗျ….

 

မဟုတ်ဘူး..မေပေါင်ခေါ်လာတဲ့ကောင် အိပ်တာတွေ ့တာပဲ.

 

ဟင်..တစ်ဂယ်ကြီးလား..

 

အေး.ဟေ.

ငါလဲ တစ်ညလုံး ကင်းစောင့်ပြီး မကြည့်ပေးနိုင်လို ့….သေချာမသိတော့ဘူး..

အဲတာကြောင့် မင်းကို သေချာစစ်ပါလို ့…ပြောတာ..

 

အန်..ဂယ်ကြီးလား..

ခင်ညား ရက်စက်ဒယ်ဂျာ..….အဲကောင်ကို မေပေါင်နဲ ့တစ်ခါထည်း ပြန်ထည့်ပေးလိုက်ပါရား..ဗျာ.

ဟာဗျာ..ဟားဗျာ..အီး..ရွှတ်..ခေါင်းကိုက်လာဘီဗျာ….ရွှတ်..ဖတ်…

 

********************The End********************

 

13 comments

  • blackchaw

    October 12, 2011 at 9:28 pm

    အဲဒါကြောင့် ပြောတာ။
    အရက်က မကောင်းပါဘူး ဆိုတာကို
    သောက်ကြတာကိုး။ အခုတော့ ဘောင်းဘီကျွတ်နေတယ်ဆိုတော့
    အင်း မဟုတ်မှလွဲရော အတွင်းခံဘောင်းဘီ ခိုးတဲ့
    သူခိုးပဲ ဖြစ်ရမယ်။

  • akswe

    October 12, 2011 at 10:53 pm

    ပေါက်ဖော် ရယ် ….သရုပ်ဖော်တာ လည်းတော်တာ ပါပဲလား
    “ဗိုက်ကြီးရှေ ့ပစ်ပြီး သိုင်းကွက်နင်းပြန်သွားပါရော..”
    ရီရတာ အုတောင် နာတယ် ပေါက်ဖော်ရေ….
    .မေပေါင်ခေါ်လာတဲ့ကောင်လေး ဆိုတာ ဘယ်သူများ လဲမသိဘူး ဟို စမူဆာ ကောင်လေးဆိုရင်တော.စေပြီ

  • hmee

    October 13, 2011 at 12:55 am

    ရွှတ်..ဖတ် ဆိုတာနဲ့ ကိုပေါက်ဖော် ဘာကြောင့်ငိုပါလိမ့်လို့ စိတ်ဝင်စားပြီး ဖတ်ကြည့်တော့ အော်…ငိုထိုက်တာပဲနော်။ သူ့ခမျာ ရေတိမ်မှာ နစ်ရှာတာကိုး။ 🙂

  • “ဘီလူးကြီး”ogre

    October 13, 2011 at 7:26 am

    ပေါက်ဖော် မငိုနဲတိတ်တိတ်
    အဲဒီညက ငါအစအဆုံးမြင်တယ် ဘဝပြောင်းဘို့သာစဉ်းစားပါလေ
    ကူညီပေးပါမယ်..။။။

  • စုံ စုံ

    October 13, 2011 at 8:53 am

    စိတ်မကောင်းပါဘူး ကိုပေါက်ဖော်ရယ် 🙂
    ဘဝပြောင်းဖို့ကိုဘီလူးကြီးကကူညီမယ်ဆိုတော့အားတော့မငယ်လိုက်ပါနဲ့နော်
    နောက်ဆိုရင် ကိုပေါက်ဖော်လို့မခေါ်ရဘဲနဲ့ ကိုဖြတ်ဖောက်လို့ခေါ်ရတော့မလားတိဘူးနော် အဟီး
    စတာ စိတ်ဆိုးနဲ့ 😛 😛

  • thit min

    October 13, 2011 at 9:01 am

    အင်း ဒီအမှုကတော့ ကိုအောင်ပု လိုက်ရမဲ့အမှုပေပဲ အိုင်ပီရေ့။

  • နွယ်ပင်

    October 13, 2011 at 9:27 am

    မေပေါင်ခေါ်လာတဲ့ တစ်ယောက်တဲ့ ကိုပေါက်ဖော်ရေ ဘယ်သူဖြစ်နိုင်မလဲ
    ရွာထဲက ဖြိုးး များလား အဲတာဆိုရင်တော့ သေချာပြီ မငိုနဲ့တော့
    ပြောင်းဖို့တာ စဉ်းစားလိုက်တော့နော် ဟီး 😀

  • ကြောင်ကြီး

    October 13, 2011 at 10:04 am

    စားပြီးနားမလည်၊ ဝါးပြီးထွေးထုတ် မလုပ်နဲ့ ဗိုလ်ပေါက်ဖော်ရေ့။ ကိုယ့်တာဝန်ကိုယ်ယူ၊ ဝါလည်းကျွတ်ပြီဆိုတော့ …..

  • windtalker

    October 13, 2011 at 1:00 pm

    မောင်ပေ ခေါ်လာတဲ့ တစ်ယောက် က
    မောင်ပေ ကိုယ်တိုင် ကို ဘူမှန်းကို မသိဘူး
    သိဒယ်မို ့လား ၊ လူကလည်း မူတူးစိန် ဖြစ်နေချိန်ဆိုတာ့
    ဒါပေမယ့် ပေါက်ဖော်တစ်ယောက် တော့
    ညဖက်အိပ်စရာ ဖြစ်ခဲ့ရတယ်ဆိုတော့ကာ
    ဝမ်းသာပါဒယ် ဘိုပေါက်ဖော် ရေ
    ဟဲဟဲ

  • etone

    October 13, 2011 at 1:01 pm

    ရေးလည်း ရေးတတ်တဲ့လူ .. ဖတ်ပြီး အတော်ရယ်ရတယ် … အူတွေတောင် နာတယ် .. ။ 😛

  • ဆူး

    October 13, 2011 at 2:12 pm

    ပေါက်ဖော် ညက မူးပြီး လက်ဖက်သုတ် နဲ့ စမူဆာ မှားစားမိတာ ဖြစ်မယ်။
    မေပေါင် ခေါ်လာတဲ့ ကောင်လေးကတော့ ကြက်ဥကြော်စားတာ မဟုတ်ပဲ ဘဲဥပြုတ်စားသွားတာဖြစ်မယ်။
    ဟိဟိ..
    ဝါကျွှတ်ပြီ.. လက်ဖွဲ့ရတော့မလား.. အခု လက်ဖွဲ့ အနေနဲ့ စရံ ၅ပွိုင့်.. ယူစေရော့… လဟယ်….

  • MaMa

    October 13, 2011 at 2:26 pm

    ဒါတောင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာမို့………… 😀

  • meelay

    October 14, 2011 at 11:11 am

    ပေါက်ပေါက်ရေ ငိုမနေနဲ့တော့ …. ခေါင်းကိုက်ပျောက်ဆေးနဲ့ လက်ဖွဲ့ ပို့ပေးလိုက်မယ် …….. 😀 😀

Leave a Reply