မှတ်သားဖွယ်ရာအဆိုအမိန့်အချို့-၂

ကြောင်လတ်October 13, 20113min1044

 (ဒ)

(၅၁) ဒုက္ခကိုမကြုံဘူးသူဟာ တခြားသူရဲ့ဒုက္ခကို ပျက်ရယ်ပြုတတ်တယ်။

He jests at scars that never felt a wound.

(၅၂) ဒီနေ့ပြီးရမည့်အလုပ်ကို မနက်ဖြန်မရွှေ့ပါနှင့်။

Don’t put off till tomorrow what should be done today.

(၅၃) ဒုစရိုက်မှာ ကိရိယာတွေအများကြီးရှိတယ်၊သို့သော် မုသားသည် ထိုကိရိယာအားလုံးကို

အသုံးတည့်အောင်နေရာချထားပေးသောလက်ကိုင်ဖြစ်တယ်။

Sin has many tools, but a lie is the handle which fits them all.

(၅၄) ဒုက္ခရောက်ချိန်မှာ ပျော်ရွှင်ခဲ့ရသောအချိန်များကိုပြန်လည်တွေးတောမိခြင်းထက်

ပို၍ကြီးမားသောဝမ်းနည်းစရာသည်မရှိ။

There is no greater sorrow than to recall, in misery, the time when we were happy.

(၅၅) ဒုက္ခဆိုတာကလေးလေးလို ယုယုယယ လုပ်ပေးရင်တဖြည်းဖြည်းကြီးမားလာတယ်။

Trouble likes babies grow larger by nursing.

(န)

(၅၆) နှလုံးသားတံခါးဝမှာ “ဒါလူတကာသွားရာလမ်းမဟုတ်” လို့ရေးထားတယ်။

Across the gateway of my heart, I wrote “No Throughfare.”

(၅၇) နောင်တဆိုတာနောင်မှရစမြဲ။

Repentance comes too late.

(၅၈) နာမည်ကောင်းဟာရွှေထက်တန်ဘိုးရှိတယ်။

A good name is better than gold.

(၅၉) နူးညံ့တဲ့စကားလုံးတွေဟာ အရိုးကိုခွဲမပြစ်နိုင်။

Soft words break no bone.

 

(ပ)

(၆၀) ပြဿနာတိုင်းမှာ ဘက်နှစ်ဘက်ရှိတယ်။

There are two sides to every question.

(၆၁) ပေကောင်းတစ်ခုဟာတူကိုမကြောက်။

A good anvil does not fear the hammer.

(၆၂) ပျားရှိရာမှာပျားရည်ရှိတယ်။

Where bees are, there is honey.

(၆၃) ပျော်ရွှင်ခြင်းနှင့် လိမ္မာခြင်းသည်ကောင်း၏၊ရိုးသားခြင်းနှင့်ဖြောင့်မတ်ခြင်းသည်လည်းကောင်း၏။

It is good to be merry and be wise, it is good to be honest and true.

(၆၄) ပစ္စည်းတစ်ခုအလွန်ကောင်းတယ်ဆိုတာကို မြည်းကြည့် တွေ့ထိကြည့်ပြီးမှကောက်ချက်ချနိုင်မယ်။

The proof of the pudding is in the eating.

(၆၅) ပိုက်ဆံအိတ်ထဲငွေနည်းနည်းရှိသူဟာ စိတ်အားငယ်တတ်တယ်။

A light purse makes heavy heart.

(၆၆) ပါးစပ်ဆိုတာယောကျားရဲ့ဝိညဏ် တံခါးဝဖြစ်တယ်။မိန်းမရဲ့နှလုံးသားထွက်ပေါက်ဖြစ်တယ်။

Mouth in man, the gate way to the soul, in woman the outlet of the heart.

(၆၇) ပညာရှိပဲဖြစ်ဖြစ် လူမိုက်ပဲဖြစ်ဖြစ် ကြိယာတန်ဆာမပါပဲအလုပ်မလုပ်နိုင်ဘူး။

Neither  wise man nor fools can work without tools.

(၆၈) ပျော်ပျော်တွေ့ပျော်ပျော်ခွဲ။

Merry meet merry part.

(၆၉) ပူးပေါင်းဆောင်ရွက်ခြင်းဟာအကျိုးရှိတယ်။

Two heads are better than one.

(ဗ)

(၇၀) ဗဟုသုတဟာ ရတနာဖြစ်တယ်၊အလေ့အကျင့်က ဗဟုသုတရဲ့သော့ချက်ပဲ။

Knowledge is a treasure, but practice is a key to it.

(၇၁) ဗဟုသုတလိုချင်ရင်နှံ့စပ်အောင်ရှာရမယ်။

If you want knowledge, you must toil for it.

(ဘ)

(၇၂) ဘဝသည် အခင်းအကျင်းတစ်ခုမဟုတ်၊ပွဲခင်းတစ်ခုလည်းမဟုတ်၊

လွတ်မြောက်ရန်မလွယ်သော ဆင်းရဲကြပ်တည်းမှုတစ်ခုသာဖြစ်တယ်။

Life is not a spectacle or a feast; it is a predicament.

(၇၃) ဘဝသည်တစ်ခုပြီးတစ်ခု အပစ်တင်စရာသာဖြစ်တယ်။

Life is just one damned thin after another.

(၇၄) ဘဝသည် အစစ်အမှန်ဖြစ်၏၊အဟုတ်အမှန်ဖြစ်၏၊သင်္ချိင်းသည်ဘဝ၏ပန်းတိုင်မဟုတ်သေး။

Life is real! Life is earnest! And the grave is not It’s goal.

(၇၅) ဘဝသည်ပျော်ရွှင်ဖွယ်ရှိသည်ဆိုပါစို့။၎င်းသည်နေထိုင်သူအပေါ်မှာမူတည်သည်။

If life worth living? That depends on the liver.

(၇၆) ဘဝကိုရှိုက်သံ၊ညည်းညူသံနှင့်အပြုံးများဖြင့်ဖန်တီးထားသော်လည်းညည်း

ညူသံများကသာအားသာနေသည်။

Life is made up of sobs, sniffle, and smile with sniffles predominating.

(၇၇) ဘဝဆိုတာရယ်မောခြင်းနဲ့မျက်ရည်တွေကြားမျာဖြစ်ပျက်နေတာပဲ။

Life lies between laughter and tears.

(၇၈) ဘာမှမရှာရင် ဘာမှမတွေ့ဘူး။

Nothing seek nothing find.

(၇၉) ဘုရားကနေရာတကာမှာမရှိနိုင်လု့ိမိခင်တွေကိုဖန်ဆင်းထားတာ။

God could not be everywhere and therefore he made mother.

(၈၀) ဘယ်တော့မှမလုပ်တာထက်စာရင် နောက်ကျတာကတော်သေးတယ်။

Better late than never.

(၈၁) ဘယ်တော့မှတဝက်တပျက်မလုပ်ပါနှင့်။

Never do thing halves.

(မ)

(၈၂) မာနဆိုတာလျှောကျရစမြဲ။

Pride will have a fall.

(၈၃) မီးခိုးရှိရင်မီးရှိတယ်

Where there is smoke, there is fire.

(၈၄) မျက်ကမ်းဟာအရောင်ကိုခွဲခြားမသိနိုင်။

Blind man can judge no colors.

(၈၅) မျက်စေ့နှစ်လုံးကတစ်လုံးထက်ပိုမြင်တယ်။

Two eyes see more than one.

(၈၆) မျက်ကမ်းကမျက်ကမ်းကိုဦးဆောင်ရင် နှစ်ယောက်လုံးမြောင်းထဲကိုကျမှာပဲ။

If the bind leads the blind, both shell fall into the ditch.

(၈၇) မျက်စေ့က ပသာဒ မဖြစ်တာကို နှလုံးသားကမနှစ်မျို့ဘူး။

What the eyes do not admire the heart doesn’t desire.

(၈၈)   မျက်စေ့ကမမြင်တဲ့အရာကိုနှလုံးသားကမတောင့်တဘူး။

What the eyes don’t see the heart doesn’t grieve for.

(၈၉)   မိမိကိုယ်ကို ကာကွယ်ခြင်းဟာ သဘာဝတရားရဲ့ပထမဆုံးဥပဒေသပဲ။

Self preservation is first law of nature.

(၉၀) မဖြစ်စလောက်ငွေကို ချွေတာပြီး အမြောက်အများကိုဖြုန်းတီးကြတယ်။

Penny wise and pond foolish.

(၉၁) မိခင်မရှိရင်အိမ်ဟာဘာဖြစ်သွားမလဲ။

What is home without a mother.

(၉၂) မလိုလားအပ်တဲ့ကိစ္စတွေမှာ ဝင်စွက်ဖက်သူဟာ ကိုယ်တိုင်ဒုက္ခရောက်တတ်တယ်။

He that blow in the dust, fill his eyes with it.

(၉၃) မျှော်လင့်ချက်ဟာကျွန်ုပ်တို့နောက်ဆုံးမှဆုံးရှုံးရတဲ့အရာဖြစ်တယ်။

Hope is the last thing that we lost.

(၉၄) မနက်ဖြန်နေရဦးမည်ဟုအရူးကဆိုသည်။ ယနေ့သည်ပင်နောက်ကျသွားပြီ။

ပညာရှိသည်မနေ့ကနေခဲ့ပြီးပြီ။

Tomorrow will I live the fool does say; Today itself’s  too late; The wise lived yesterday.

(၉၅) မိန်းမတို့၏အချစ်ကစောင့်ရတာကြာလေ ခိုင်မြဲကြီးထွာလေပဲ။

But a woman’s love is long; and grow when it is waiting.

(၉၆) မကြားရတဲ့သူတွေလောက် ဘယ်သူမှနားမထိုင်းကြဘူး။

None so deaf as those who will not hear.

(၉၇) မစဉ်းစားမဆင်ခြင်ပဲပြောဆိုခြင်းဟာ မချိန်ရွယ်ပဲ ပစ်တာနှင့်တူတယ်။

Speaking without thinking is shooting without aim.

(၉၈) မိတ်ဆွေတစ်ယောက်မျက်မှောင်ကုတ်တာဟာ ရန်သူတစ်ယောက်ပြုံးတာထက်ကောင်းပါတယ်။

A friend’s frown is better than fool’s smile.

(၉၉) မိတ်ဆွေ ဆယ်ယောက်ဆောင်ကျဉ်းသောကောင်းကျိုးထက် ပိုပြီး

ရန်သူတစ်ယောက်ကဆိုးကျိုးကိုဖန်တီးနိုင်တယ်။

One enemy can do more hurt then ten friend’s can do good.

(၁၀၀)  မိတ်ဆွေကောင်းတစ်ယောက်ဟာ ငါ့ရဲ့အရင်းဆုံးဆွေမျိုးပဲ။

A good friend’s is my nearest relation.

 

4 comments

  • မမလေး

    October 13, 2011 at 11:14 pm

    အဲ့ဒါမျိုးတွေအရမ်းကြိုက်တယ် .. များများတင်ပေးပါနော် ဦး

    • small cat

      October 14, 2011 at 12:12 pm

      “မမလေးအတွက် ကြောင်လေးရဲ့လက်ဆောင်”

      ဒုက္ခကိုမကြုံဘူးသူဟာ တခြားသူရဲ့ဒုက္ခကို ပျက်ရယ်ပြုတတ်တယ်။
      အရက်မသောက်ဖူးတဲ့သူဟာ၊အရက်သမားကို ပျက်ရယ်ပြုတယ်။

      မိတ်ဆွေကောင်းတစ်ယောက်ဟာ ငါ့ရဲ့အရင်းဆုံးဆွေမျိုးပဲ။
      မိတ်ဆွေကောင်းတစ်ယောက်ဟာ ငါ့ရဲ့အရက်သောက်ဖော်ပဲ။

      မျက်ကမ်းကမျက်ကမ်းကိုဦးဆောင်ရင် နှစ်ယောက်လုံးမြောင်းထဲကိုကျမှာပဲ။
      အမူးသမားကအမူးသမားကိုဦးဆောင်ရင် နှစ်ယောက်လုံးမြောင်းထဲကိုကျမှာပဲ။

      ဒုစရိုက်မှာ ကိရိယာတွေအများကြီးရှိတယ်၊သို့သော် မုသားသည် ထိုကိရိယာအားလုံးကို
      အသုံးတည့်အောင်နေရာချထားပေးသောလက်ကိုင်ဖြစ်တယ်။
      အရက်ဆိုင်မှာအရက်ပုလင်းတွေအများကြီးရှိတယ်၊ သို့သော် စားပွဲထိုးသည် ထိုအရက်ပုလင်း
      များကိုမှာသူ၏ စားပွဲပေါ်သို့လိုက်ချပေးသူဖြစ်တယ်။

      ဒုက္ခရောက်ချိန်မှာ ပျော်ရွှင်ခဲ့ရသောအချိန်များကိုပြန်လည်တွေးတောမိခြင်းထက်
      ပို၍ကြီးမားသောဝမ်းနည်းစရာသည်မရှိ။
      အမူးလွန်ပြီးအန်တဲ့အချိန်မှာ သောက်ပြီးပျော်ရွှင်ခဲ့ရသောအချိန်များကိုပြန်လည်တွေးတောမိခြင်းထက်
      ပို၍ကြီးမားသောဝမ်းနည်းစရာသည်မရှိ။

      ပစ္စည်းတစ်ခုအလွန်ကောင်းတယ်ဆိုတာကို မြည်းကြည့် တွေ့ထိကြည့်ပြီးမှကောက်ချက်ချနိုင်မယ်။
      အရက်တစ်ခွက်ဟာ မူး မမူး ဆိုတာသောက်ကြည့်ပြီးမှသိမယ်။

      ဗဟုသုတလိုချင်ရင်နှံ့စပ်အောင်ရှာရမယ်။
      အရက်ကောင်းကောင်းလိုချင်ရင်ပိုက်ဆံများများပေးရမယ်။

      မိခင်မရှိရင်အိမ်ဟာဘာဖြစ်သွားမလဲ။
      အမြီးမရှိရင် အရက်ဆိုင်ဟာ ဘာဖြစ်သွားမလဲ။

      ပျော်ပျော်တွေ့ပျော်ပျော်ခွဲ။
      ပျော်ပျော်သောက် ပျော်ပျော်လဲ။

      ဒီနေ့ပြီးရမည့်အလုပ်ကို မနက်ဖြန်မရွှေ့ပါနှင့်။
      မနက်ဖြန်မှလုပ်လို့ရတဲ့အလုပ်ကိုဒီနေ့မလုပ်ပါနှင့်။

      နှလုံးသားတံခါးဝမှာ “ဒါလူတကာသွားရာလမ်းမဟုတ်” လို့ရေးထားတယ်။
      (ကျွန်တော့) နှလုံသားတံခါးဝမှာ “လာချင်သူမိန်းကလေးအားလုံးကိုကြိုဆိုပါတယ်” လို့ရေးထားတယ်။

      နာမည်ကောင်းဟာရွှေထက်တန်ဘိုးရှိတယ်။
      ရွှေဟာနာမည်ကောင်းထက် ရဖို့ခက်တယ်။

      ပျားရှိရာမှာပျားရည်ရှိတယ်။
      ပျားအုံကိုတုတ်နဲ့ထိုးပြီးရင် ပြေးလို့မလွတ်ဘူး။

      ပိုက်ဆံအိတ်ထဲငွေနည်းနည်းရှိသူဟာ စိတ်အားငယ်တတ်တယ်။
      ပိုက်ဆံအိတ်ထဲငွေများများရှိသူဟာနိုက်ကလပ်ကိုသွားတယ်။

      ဘယ်တော့မှမလုပ်တာထက်စာရင် နောက်ကျတာကတော်သေးတယ်။
      နောက်ကျတာထက်စာရင် မသွားတာက လူသက်သာတယ်။

      မီးခိုးရှိရင်မီးရှိတယ်။
      မီးလောင်ရင်ရေမရှိဘူး။

      မနက်ဖြန်နေရဦးမည်ဟုအရူးကဆိုသည်။ ယနေ့သည်ပင်နောက်ကျသွားပြီ။
      ပညာရှိသည်မနေ့ကနေခဲ့ပြီးပြီ။
      မနက်ဖြန်နေရဦးမည်ဟုေ ကြာင်လတ်ကဆိုသည်။ ယနေ့သည်ပင်နောက်ကျသွားပြီ။
      ကြောင်လေးသည် မနေ့ကနေခဲ့ပြီးပြီ။

      (ရွာသားများမှသိတာလေးတွေ၊ရှိတာလေးတွေကို ထပ်မံဖြည့်စွက်တင်ပေးကြပါရန်တောင်းဆိုပါတယ်။)

    • youngcat

      October 15, 2011 at 1:16 pm

      မမလေးပန်စရာ
      ပျိုတို့မောာင်တောင်ပေါ်ရိုးက၊ ပန်းချိုးလို့လာ။
      အပွင့်ရယ်ဝါ၊ အညှာမှာမြရည်လိမ်းတယ်
      ပန်းနွယ်ကစိမ်း။ ။

      မမလေးမှတ်စရာ
      ပျိုတို့ကြောင် စာအုပ်ထဲက ကူးချလို့လာ
      အကြောင်းရယ်အရာ၊သေသေချာသိပ်ကိုမသိတယ်။
      ရမ်းလို့သာဖြီး။ ။

      မမလေးရေဆက်ရန်ရှိပါသေးတယ်၊ကျွန်တော်ဆက်ပြီးကူးချနေပါတယ်။

  • ရွှေဘိုသား

    October 15, 2011 at 1:43 pm

    ူကူးချတာ မဟုတ်ရပါဘူး
    မမလေး အတွက်ရယ်မို့
    မောင်ကြောင်ငယ် ကြွက်တွင်းထဲက
    တကူးတက နှိုုက်ကာရယ်
    ရွာထဲမှာ တင်လိုက်ပါရဲ့

Leave a Reply