ဆင် နှင့်ပတ်သက်၍

ကြောင်လတ်October 13, 20111min26010

ရွှေအိမ်စည်ပြောတဲ့ မြန်မာစကားပုံဆိုက်ထဲသွားကြည့်ဖြစ်လိုက်ပါတယ်။ကျွန်တော်မသိသေးတဲ့

စကားပုံတော်တော်များများတွေ့ရတယ်။ ဒါတောင်အကုန်မကြည့်ရသေးဘူး။

မသိသေးတဲ့ဆင်စကားပုံ(၂)ခုတွေ့ရပေမဲ့ ဆင်စကားပုံတော်တော်များများမရှိသေးပါဘူး။

မြန်မာတွေဟာဆင်ကိုတော်တော်အလေးထားပါတယ်။ရာဇဝင်မှာ ငါးစီးရှင် ကျော်စွာတို့၊ တစ်စီးရှင်

ကျော်စွာတို့ကို ကြားဖူးပါတယ်၊ဆင်ဖြူတော်ပိုင်တဲ့အရေအတွက်ကိုဖော်ညွှန်းတာပါ။

ဆင်ကိုအလေးထားသလို တိရိစ ္ဆာန်တွေနဲ့ခိုင်းနှိုင်းတဲ့စကားပုံတွေထဲမှာ ဆင်စကားပုံဟာ

အများဆုံးလို့ထင်ပါတယ်။ ကျွန်တော်သိသလောက်မှတ်မိသလောက်ဆင်စကားပုံတွေပါ။

လိုတာလေးတွေ ထပ်ဖြည့်ထည့်ပေးကြပါ။

(၁)    ဆင်လဲဆင်အထွာနဲ့၊ဆိတ်လည်းဆိတ်အထွာနဲ့၊

(၂)    ဆင်ပြောင်ကြီးအမြီးကျမှတစ်၊

(၃)    ဆင်ပြောင်ကြီးသွားရာဆင်မယဉ်သာနောက်ကပါ၊

(၄)    ဆင်မယဉ်သာလမ်းလျှောက်သလို

(၅)    ဆင်ကန်းတောတိုး

(၆)    ဆင်ဝေ့ရန်ရှောင်

(၇)    ဆင်ပါးစပ်နှမ်းပက်

(၈)    ဆင်ကြည်စားရာ၊ ဆိတ်မခံသာ

(၉)    ဆင်သေကိုဆိတ်ရေနဲ့ဖုံး

(၁၀) ဆင်ဖြူတော်မှီပြီးကြံစုပ်

(၁၁) ဆင်ခေါင်းခွေးမချီနိုင်

(၁၂) ဆင်–ခွေးမျှော်

(၁၃) အမြင်မတော်ဆင်တော်နဲ့ခလောက်

(၁၄) ဆင်သွားတော့လမ်းဖြစ်

(၁၅) ဆင်စီးပြီးမြင်းရံ

(၁၆) ဆင်ကြံမကြံနဲ့

(၁၇) ဆင်ကြည့်မကြည့်နဲ့

(၁၈) မုန်ယိုနေတဲ့ဆင်လို

(၁၉) ဆင်ပိန်လျှင်ကျွဲလောက်

(၂၀) ဆင်မှာတော့ကျင်ငယ်၊ ယင်မှာတော့ပင်လယ်

(၂၁) ဆင်ဆယ်စီးစားပြီးမြင်းတစ်စီးလွတ်ယုံနဲ့ဒေါသထွက်  *

(၂၂) ဆင်လိုက်ရာဝါးကြီးဝါးငယ်မရွေးသာ  *

(၂၃) ဆင်စီး၍ စမန်ထ မောင်ဗလ  *

 

10 comments

  • thit min

    October 13, 2011 at 10:08 am

    နှစ်ခုကျန်သေးတယ် ကိုရန်းကက်ရေ၊ ဒီမှာရေးလို့မသင့်လို့၊ ပီအမ်နဲ့ရေးပို့ပေး မယ်နော်။
    အိုကေ လား??

  • ကြောင်ကြီး

    October 13, 2011 at 10:23 am

    ဗိုလ်ဆင်ပေါက်လို ခြင်မကြောက်နဲ့။
    ငါက စင်ပေါ်မှာပါကွာ။ I am on the elephant.

  • Diamond Key

    October 13, 2011 at 10:41 am

    ကြောင်ဆိုပြီး ဆင်အကြောင်း ပိုင်ချက်ကတော့ဗျာ။
    ဆင့် စကားပုံ ဗဟုသုတ အတွက် ဆင်ကောင်လုံးလောက် ကျေးဇူးပါ။

  • small cat

    October 13, 2011 at 10:48 am

    ဆင်နှာမောင်း၊ ကြွက်ဝင်ကိုက်သလို။
    ထွက်ပြီးသားဆင်စွယ် ပြန်ဝင်တယ်မရှိ။

    ကိုသစ်မင်းရေထူးထူးဆန်းဆန်းဆို ကျွန်တော်လည်းသိချင်တယ်ဗျ။
    ကျွန်တော်မှာလဲ တစ်ခုရှိသေးတယ်။ဘယ်ကိုပို့ပေးလိုက်ရမလဲ။

    ဆင်အော်လို့မနိုး၊ဆင်…………………….။

    • thit min

      October 13, 2011 at 10:54 am

      ကိုစမောပြောတာကျနော်သိတယ်ဗျ။
      ကျနော် စကားပုံက ဒေသသုံး ဆိုတော့ လူသိနဲတယ်ဗျ(ကျနော် ထင်တာပေါ့နော်)
      ပီအမ်ပို့ပေးမယ်

      • small cat

        October 15, 2011 at 8:59 am

        ကိုသစ် စကားပုံအသစ်နှစ်ခုကို smallcat.mg@gmail.com ကိုပို့ပေးပါ။

        ရွာထဲမှမိတ်ဆွေများအားလုံးအခြားထူးထူးခြားခြားတွေရရင်
        လည်းပို့ပေးကြပါ၊ကြောင်လေးစိတ်ဆိုးမည်မဟုတ်ပါကြောင်း။

  • youngcat

    October 15, 2011 at 11:40 am

    (၂၄) ဆင်နှာမောင်း၊ ကြွက်ဝင်ကိုက်သလို။
    (၂၅) ထွက်ပြီးသားဆင်စွယ် ပြန်ဝင်တယ်မရှိ။
    (၂၆) ဆင်ဖြူမျက်နှာ ဆင်မဲကြည့်ဝံ့သလို
    (၂၇) ကျားနဲ့ဆင်လယ်ပြင်မှာတွေ့သလို

  • windtalker

    October 15, 2011 at 12:50 pm

    “ ဆင်စီး၍ စမန်ထ မောင်ဗလ ” ဆိုတာလေး ကို
    အသေးစိတ် ရေးပြပေးစေချင်ပါတယ်

    • youngcat

      October 15, 2011 at 9:55 pm

      ကိုပေရေ အဲဒီစကားပုံက ရွှေအိမ်စည်ပြောတဲ့ဆိုက်ထဲမှာမန်းထားတာတွေ့လို့ရေးပေးလိုက်တာ။
      ကျွန်တော်လဲသေချာမသိဘူးဗျ။ နံပါတ် (၂၂) ဆင်လိုက်ရာ ဝါကြီးဝါငယ် မရွေးသာ ဖြစ်ပါတယ်၊
      ကျွန်တော်မှားရေးလိုက်တာပါ။နောက်ထပ်ခေါင်းထဲပေါ်လာတာလေးထပ်ဖြည့်လိုက်ဦးမယ်။

      (၂၇) ထိုးမည့်ဆင်နောက်တလှမ်းဆုတ်
      (၂၈) အိပ်လို့မပျော် ဆင်အော်လို့မနိုး
      (၂၉) လယ်ပြင်မှာဆင်သွားသလို

      ကိုသစ်မင်းရဲ့စကားပုံအထူးအဆန်းနှစ်ခုလည်းသိချင်ပါသေးတယ်။

      • thit min

        October 15, 2011 at 10:08 pm

        ကိုရန်းကက် နဲ့ ကိုစမာကက်လေး တို့ ၂ယောက်လုံးကို ပီအမ် ပို့ထားတာ ကြာပါပြီ။
        ခု ပေ့ချ် ရဲ့ အပေါ်ဆုံးက အပြာရောင် အတန်းကြီး မှာ ” FORUM ” ဆိုတာတွေ့မှာပါ။
        အဲဒါကို “click” ပီးတော့ ဖိုရမ် ပေ့ချ် မှာ “Log out ” ဆိုတဲ့ စာလုံးလေးရဲ့ အောက်နားမှာ စာအိပ်ပုံလေး
        တွေ့ရင် ” click ” လိုက်။ အဲဒီဟာ ဘရာသာ တို့ ရဲ့ ပီအမ် “စာအဝင်”ဘဲ။ အဲဒီမှာ ပို့ထားပြီးသားပါ။

Leave a Reply